ဂိမ္မာေတြအားလုံး ရင္ခုန္စိတ္လႈပ္႐ွားစြာ ေစာင့္ေမွ်ာ္ေနၾကတဲ့ E3 ဂိမ္းပြဲေတာ္ႀကီးကေတာ့ အားလုံးနဲ႔လက္တကမ္းမွာ႐ွိေနပါၿပီ။ ဇြန္လ ၁၁ မွာစတင္က်င္းပမွာျဖစ္တဲ့ ၂၀၁၈ ခုႏွစ္ရဲ႕ E3 ပြဲမွာ ကမာၻ႔နယ္ပယ္အသီးသီးက နာမည္ေက်ာ္ဂိမ္းကုမၸဏီေတြနဲ႔ ဂိမ္းဖန္တီးထုတ္လုပ္သူေတြဟာ ဂိမ္မာေတြအားလုံးေမွ်ာ္လင့္ေနၾကတဲ့ အေျပာင္ေျမာက္ဆုံး ဂိမ္းေကာင္းဂိမ္းသစ္ေတြကုိ ကုိယ့္ရဲ႕အခ်ိန္ဇယားနဲ႔အလုိက္ ထုတ္ေဖာ္ျပသသြားမွာျဖစ္ပါတယ္။ စြဲမက္စရာေကာင္းတဲ့ မွင္သက္ဖြယ္ ဂိမ္းေထြလာေတြ၊ ဂိမ္းအသစ္ရဲ႕သူမတူတဲ့ ကစားဟန္ေတြ၊ အားလုံးမေမွ်ာ္လင့္ထားတဲ့ဂိမ္းအသစ္ ေၾကညာခ်က္ေတြ အစ႐ွိတာေတြဟာ ဂိမ္မာေတြအသည္းထဲစြဲေစတဲ့ E3 ပြဲရဲ႕အခန္းက႑ေတြ ျဖစ္ပါတယ္။ ပြဲမွာ မ်ိဳးဆက္သစ္ဂိမ္းေတြကုိ ထုတ္ေဖာ္ျပသေလ့႐ွိသလုိ အရင္ႏွစ္ E3 ပြဲေတြမွာ အျမည္းခ်ျပခဲ့တဲ့ဂိမ္းသစ္ေတြရဲ႕ ေနာက္ထပ္ေထြလာအသစ္ေတြနဲ႔ တရားဝင္ထြက္႐ွိမယ့္ရက္စြဲေတြကုိ အတိအလင္းေၾကညာခ်က္ေတြ ထုတ္ျပန္ၾကပါတယ္။ ဂိမ္းကိုခ်စ္တဲ့ဂိမ္မာေတြသာမက ဂိမ္းဖန္တီးထုတ္္လုပ္တဲ့ဂိမ္းကုမၸဏီေတြပါ တညီတၫြတ္တည္း တက္ေရာက္ၾကတဲ့ အခုႏွစ္ E3 ပြဲမွာလည္း အားလုံး ပါးစပ္အေဟာင္းသားျဖစ္သြားေစမယ့္ အမုိက္စားဂိမ္းအသစ္ေတြ ႐ွိေနပါတယ္။ အဲဒီလုိ ဂိမ္းသစ္ေတြထဲက တစ္ခုကေတာ့ Ubisoft ဂိမ္းကုမၸဏီရဲ႕အေအာင္ျမင္ဆုံးဂိမ္းစီးရီးတစ္ခုျဖစ္တဲ့ Assassin’s Creed ရဲ႕ ဂိ္မ္းသစ္ပဲျဖစ္ပါတယ္။

ဟုတ္ပါတယ္၊ AC စီးရီးတြဲရဲ႕ေနာက္ဆုံးအေခြျဖစ္တဲ့ Origins အေခြဟာ ယမန္ႏွစ္ ေအာက္တုိဘာလမွာထြက္႐ွိလာခဲ့တာျဖစ္ၿပီး Ubisoft အတြက္ေအာင္ျမင္မႈအတုိင္းအတာတစ္ခုကုိ ဆြတ္ခူးေပးခဲ့တဲ့ဂိမ္းလုိ႔ဆုိရင္လည္း မမွားပါဘူး။ Origins နဲ႔ပတ္သက္တဲ့ ဂိမ္းသတင္းနဲ႔ အေၾကာင္းအရာေတြဟာ အခုအခ်ိန္ထိ ဂိမ္မာေတြၾကားထဲမွာ ေျပာမဆုံးဘဲျဖစ္ေနေပမယ့္ ေျခလွမ္းေတြသြက္တဲ့ Ubisoft အေနနဲ႔ တစ္ႏွစ္ေတာင္မျပည့္ေသးတဲ့အခ်ိန္ကာလအတြင္းမွာ Odyssey လုိ႔အမည္ရတဲ့ ေနာက္ထပ္ AC ဂိမ္းသစ္ကုိ အၿပီးသတ္ဖန္တီးေရးဆြဲႏိုင္ခဲ့ပါတယ္။ ဒီသတင္းကုိသိသိရခ်င္းပဲ ဂိမ္မာေတြအားလုံး မွင္သက္အံ့ၾသသြားရသလုိ ကြၽန္ေတာ္ကုိယ္တုိင္လည္း Ubisoft ရဲ႕ျမန္ဆန္လွတဲ့ ဂိမ္းဖန္တီးမႈအဆင့္ဆင္႔ကုိ ၾကည့္ၿပီး ေဝခြဲရခက္ခဲ့ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ႏႈိင္းယွဥ္ၾကည့္မယ္ဆုိရင္ Capcom အေနနဲ႔ Devil May Cry 5 ဂိမ္းသစ္ကိုထုတ္ေပးဖုိ႔ ဆယ္ႏွစ္နီးပါးအခ်ိန္ယူခဲ့ရၿပီး Ubisoft ကေတာ့ တစ္ႏွစ္မျပည့္တဲ့အခ်ိန္အတြင္းမွာ Odyssey ဆုိတဲ့ AC ဂိမ္းအသစ္ကုိ ခ်ျပႏုိင္ခဲ့လုိ႔ျဖစ္ပါတယ္။ ဒီေတာ့ မၾကာခင္လာေတာ့မယ့္ E3 ပြဲမွာေတြ႔ရမယ့္ Assassin’s Creed: Odyssey ဂိမ္းအသစ္ဟာ ဘယ္လုိျဖစ္မလဲ? ဘယ္လုိမ်ိဳးေျပာင္းလဲမႈေတြနဲ႔ ကစားဟန္အသစ္ေတြကုိ ထည့္သြင္းထားလဲ? ဇာတ္အိမ္တည္ထားတဲ့သမုိင္းေၾကာင္းနဲ႔ ဂိမ္းပတ္ဝန္းက်င္ကေရာ ဘယ္လုိ႐ွိလဲ? အစ႐ွိတာေတြကုိ ဂိမ္မာေတြအားလုံးသိ႐ွိေစဖုိ႔ သိရသမွ်အခ်က္ေတြစုစည္းၿပီး ဒီစာေစာင္မွာ ေဖာ္ျပေပးလုိက္ပါတယ္။

ဂိ္မ္းရဲ႕ဇာတ္အိမ္တည္ရာ ေ႐ွးေခတ္ဂရိၿမိဳ႕နဲ႔ စပါတန္စစ္သူရဲေကာင္းေတြ

Assassin’s Creed: Odyssey

အားလုံးသိၾကတဲ့အတုိင္း AC ဂိမ္းတိုင္းဟာ ကမာၻ႔သမုိင္းတစ္ေလွ်ာက္ျဖစ္ပြားခဲ့တဲ့ နာမည္ေက်ာ္စစ္ပြဲကာလေတြအေပၚမွာ ဇာတ္အိမ္တည္ေလ့႐ွိပါတယ္။ Assassin တစ္ေယာက္အေနနဲ႔ AC ဂိမ္းတုိင္းမွာကုိယ္ရင္ဆုိင္ရတဲ့ ရန္သူေတြဟာ သမုိင္းေၾကာင္းေတြထဲမွာ တကယ္႐ွိခဲ့ၾကသူေတြျဖစ္ပါတယ္။ Ubisoft အေနနဲ႔ AC ဂိမ္းေတြကုိ ေရာမေခတ္၊ ျပင္သစ္၊ လန္ဒန္၊ အေမရိကန္နဲ႔ ကာရီဘီယန္ကြၽန္းစုေတြအထိ ဇာတ္ေၾကာင္းျဖန္႔က်က္ခဲ့ၿပီး အခုတစ္ေခါက္မွာေတာ့ နာမည္ေက်ာ္စပါတန္စစ္သည္ေတြ ေမြးဖြားရာေနရပ္ျဖစ္တဲ့ ေ႐ွးေခတ္ဂရိၿမိဳ႕မွာ ဇာတ္အိမ္တည္ထားပါတယ္။ ကုိယ္ဟာ Assassin တစ္ေယာက္ျဖစ္မလား? စပါတန္စစ္သည္တစ္ေယာက္ျဖစ္မလားဆုိတာကေတာ့ စိတ္ဝင္စားဖြယ္ေစာင့္ၾကည့္ရမွာပါပဲ။

AC စီးရီးရဲ႕ ႐ွိရင္းစြဲဂိမ္းကစားဟန္ထဲကေန ကြဲထြက္မယ့္ ဂိမ္းပုံစံအသစ္

Assassin’s Creed: Odyssey

ေနာက္ဆုံးထြက္႐ွိခဲ့တဲ့ Assassin’s Creed: Origins ေခြမွာ နဂုိမူလ႐ွိခဲ့တဲ့ဂိမ္းကစားဟန္ထဲကေန ကြဲျပားတဲ့ ဂိမ္းတြင္းလုပ္ေဆာင္ခ်က္အသစ္ေတြကုိ ထည့္သြင္းထားပါတယ္။ လက္နက္ဖန္တီးတာေတြ၊ ရန္သူ႔ဆီခ်ဥ္းကပ္မႈပုံစံအသစ္ေတြနဲ႔ အတုိက္အခုိက္လုပ္ေဆာင္ခ်က္ေတြကုိ ပုံစံအသစ္တစ္ခုျဖစ္ေအာင္ ေျပာင္းလဲထားပါတယ္။ AC Rogue အေခြကေနစၿပီး Origins အထိ တစတစေျပာင္းလဲလာခဲ့တဲ့ ဂိမ္းကစားဟန္အေပၚမွာ ဂိမ္မာအခ်ိဳ႕အသားမက်ၾကသလုိ ပုိမုိေကာင္းမြန္လာတယ္လုိ႔ယူဆတဲ့ ဂိမ္မာေတြလည္း႐ွိပါတယ္။ အေသးစိတ္ကုိေတာ့ အေသအခ်ာမသိရေသးေပမယ့္ Origins အေခြမွာလုိအပ္ခဲ့တဲ့ ဂိမ္းတြင္းလုပ္ေဆာင္ခ်က္ေတြကုိ ျပန္လည္ျပင္ဆင္မြန္းမံၿပီး အခုလာမယ့္ Odyssey မွာ ထည့္သြင္းသြားမယ္လုိ႔သိရပါတယ္။

ေၾကးစားလုပ္ၾကံသူဘဝကေန ႀကီးျမတ္တဲ့ စပါတန္စစ္သည္တစ္ေယာက္အျဖစ္သုိ႔

Odyssey ဆုိတဲ့စကားလုံးကုိ အဓိပၸါယ္ဖြင့္ဆုိရမယ္ဆုိရင္ “ျဖတ္သန္းခဲ့တဲ့ခရီး႐ွည္” လုိ႔ဆုိႏုိင္ပါတယ္။ ဂိမ္းရဲ႕အဓိကဇာတ္ေကာင္အေနနဲ႔ ေ႐ွးေခတ္ဂရိၿမိဳ႕မွာ ဘယ္လုိမ်ိဳးၾကမ္းတမ္းခက္ထန္တဲ့ ခရီးလမ္းကုိျဖတ္သန္း ေလွ်ာက္လွမ္းခဲ့ရသလဲဆုိတာကေတာ့ အားလုံးေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။ ဇာတ္လမ္းကုိအက်ဥ္းခ်ဴပ္ေဖာ္ျပထားတဲ့ စာပုိဒ္အရေတာ့ “ကုိယ့္ကံၾကမၼာရဲ႕ ပဲ့ကိုင္႐ွင္က ကုိယ္ကုိယ္တုိင္ပဲျဖစ္တယ္။ ကုိယ္ျဖတ္သန္းခဲ့တဲ့ဘဝခရီးလမ္းတစ္ေလွ်ာက္မွာ ႀကီးျမတ္တဲ့စပါတန္စစ္သည္တစ္ေယာက္ျဖစ္လာဖုိ႔အတြက္ ကုိယ့္သမုိင္းကိုယ္ေရးရမယ္။ စြန္႔စားခန္းေတြနဲ႔ျပည့္ႏွက္ေနတဲ့ ဒီလမ္းခရီးမွာ ကုိယ့္ရဲ႕ဆုံးျဖတ္ခ်က္မွန္သမွ်ဟာ အသက္တမွ်အေရးပါတယ္။ အတိတ္က အမွန္တရားကုိထုတ္ေဖာ္ဖုိ႔အတြက္ မိသားစုရဲ႕ပစ္ပယ္ျခင္းကုိခံခဲ့ရတဲ့ ေၾကးစားလူသတ္သမားဘဝကေန စပါတန္စစ္သားတစ္ေယာက္ျဖစ္လာရမယ္” လုိ႔ဆုိထားတာကုိ ေတြ႔ရမွာျဖစ္ပါတယ္။ ဒီစာပုိဒ္အရဆုိရင္ ဂိမ္းအတြင္းမွာ ကုိယ္ပုိင္ဆုံးျဖတ္ခ်က္ေပးရမယ့္ ဂိမ္းစနစ္ပါဝင္မယ္လုိ႔ ယူဆႏုိင္ၿပီး RPG ပုိဆန္လာေစေအာင္ လြတ္လပ္တဲ့ေရြးခ်ယ္မႈစနစ္ပါဝင္လာတဲ့အျပင္ ကုိယ့္ဆံုးျဖတ္ခ်က္အေပၚမူတည္ၿပီး ဇာတ္အိမ္ေျပာင္းလဲသြားမွာျဖစ္ပါတယ္။ ဒီအခ်က္ေတြအရ ဒီ Odyssey အေခြဟာ AC စီးရီးထဲမွာမွ လုံးဝကုိကြဲထြက္တဲ့ကစားဟန္နဲ႔ အရသာသစ္ကုိေပးစြမ္းမယ့္အေခြျဖစ္တယ္လုိ႔ ေကာက္ခ်က္ခ်ႏုိင္ပါတယ္။

စပါတန္သမုိင္းေၾကာင္းကုိျပန္လည္ထင္ဟပ္မယ့္ ဇာတ္ကြက္ေတြနဲ႔ ရာဇဝင္တြင္မစ္႐ွင္ေတြ

ေရွးေခတ္ဂရိၿမိဳ႕နဲ႔ စပါတန္စစ္သည္ေတြကုိ အေျချပဳၿပီး႐ုိက္ကူးဖန္တီးထားတဲ့ ႐ုပ္႐ွင္ဇာတ္ကားေတြနဲ႔ ဂိမ္းေပါင္းမ်ားစြာ႐ွိပါတယ္။ တုႏိႈင္းမရတဲ့ ရဲစြမ္းသတၱိ၊ တစ္ဖက္ကမ္းခပ္ကြၽမ္းက်င္တဲ့စစ္ပညာ၊ သူ႔ကြၽန္မခံလုိတဲ့မ်ိဳးခ်စ္စိတ္နဲ႔ စည္းလုံးညီၫြတ္မႈတုိ႔ဟာ စပါတန္စစ္သည္ေတြရဲ႕ ေဖ်ာက္ဖ်က္မရတဲ့ဗီဇျဖစ္ပါတယ္။ ဒီ Odyssey အေခြဟာ ကြဲျပားတဲ့ဂိမ္းကစားဟန္ကုိ ထည့္သြင္းထား႐ုံတင္မကဘဲ လုပ္ၾကံသူအျဖစ္ကေန စစ္သည္တစ္ေယာက္ျဖစ္လာမယ့္ ဇာတ္ေၾကာင္းျဖစ္တဲ့အတြက္ အားလံုးနဲ႔မတူ ကြဲထြက္ေနတာေတာ့ အမွန္ပါ။ ရန္သူရဲ႕စစ္စခန္းကုိဝင္ေရာက္စီးနင္းတာေတြ၊ အက်ဥ္းသားသုံ႔ပန္းေတြကုိ သြားေရာက္ကယ္တင္တာေတြ ပါဝင္လာဖုိ႔ ေသခ်ာေနတဲ့အျပင္ ဇာတ္ေၾကာင္းဟာ သမုိင္းေၾကာင္းတစ္ေလွ်ာက္နာမည္ေက်ာ္ၾကားခဲ့တဲ့ စပါတန္ေတြနဲ႔ ဆက္ႏြယ္ေနတဲ့အတြက္ အရင္ဘယ္လုိ AC ေခြနဲ႔မွ မတူႏုိင္ဘူးဆုိတာေတာ့ ႀကိမ္းေသေနပါတယ္။

Odyssey နဲ႔ပတ္သက္ၿပီး သိရသမွ်နဲ႔ အက်ဥ္းခ်ဴပ္

Assassin’s Creed: Odyssey

ဒီအေခြဟာ အရင္ AC ဂိမ္းေတြလုိ Assassin နဲ႔ Templar ၾကားက ျပင္းထန္လွတဲ့ပဋိပကၡေတြကုိ မီးေမာင္းထုိးျပမွာ ဟုတ္ရဲ႕လားလုိ႔ေတာင္ ေမးခြန္းထုတ္ခ်င္စရာပါ။ ယမန္ေန႔ကမွ အင္တာနက္ေပၚမွာ ျပန္႔ႏွ႔ံခဲ့တဲ့ Odyssey အေခြရဲ႕ ဂိမ္းတြင္း screenshot ေတြအရေတာ့ ကုိယ္ဟာ Assassin တစ္ေယာက္ရဲ႕သြင္ျပင္လကၡဏာေတြျဖစ္တဲ့ ေခါင္းေဆာင္းဝတ္စုံနဲ႔ လုပ္ၾကံတဲ့ေနရာမွာအသုံးျပဳတဲ့ လွ်ိဳ႕ဝွက္ဓားေျမာင္တုိ႔ကုိ မဆင္ျမန္းထားတာကုိေတြ႔ျမင္ရမွာျဖစ္ပါတယ္။ အဲဒီအစား စပါတန္စစ္ဝတ္စုံကုိဝတ္ၿပီး Assassin တစ္ေယာက္လုိ အေဆာက္အဦးေတြရဲ႕အေပၚမွာ သြက္လက္စြာ ေျပးလႊားသြားလာေနတာျဖစ္ပါတယ္။ စစ္သည္တစ္ေယာက္ျဖစ္လာမယ့္ လုပ္ၾကံသူတစ္ေယာက္ရဲ႕ျဖတ္သန္းခဲ့တဲ့ဘဝခရီးလမ္း႐ွည္ကေတာ့ စိတ္ဝင္စားစရာအေတာ္ေလးေကာင္းေနပါၿပီ။ Ubisoft ကေနေနာက္ထပ္ၿပီး Odyssey နဲ႕ပတ္သက္တ့ဲ ဘယ္လုိမ်ိဳးအရာေတြခ်ျပဦးမလဲဆုိတာကေတာ့ ေစာင့္ၾကည့္ေနရမွာပါပဲ။ E3 ပြဲၿပီးသြားတဲ့အခ်ိန္က်ရင္ေတာ့ ဒီထက္ပုိၿပီး လက္ဆုပ္လက္ကိုင္ျပစရာ႐ွိလာမယ္လုိ႔ ယူဆရပါတယ္။ ေနာက္တစ္ခ်က္အေနနဲ႔ ဒီ Odyssey အေခြကုိ ၂၀၁၈ ခုႏွစ္ရဲ႕ E3 ပြဲမွာ ပထမဦးဆုံးထုတ္ေဖာ္ျပသမွာျဖစ္ေပမယ့္လည္း ၂၀၁၉ ႏွစ္စပုိင္း ဒါမွမဟုတ္ ႏွစ္လယ္ပုိင္းေလာက္မွာမွ တရားဝင္ထြက္႐ွိလာဖုိ႔ အလားအလာမ်ားပါတယ္။ ဒီေတာ့ AC ပရိသတ္မ်ားအေနနဲ႔ ဒီစာေစာင္ကုိဖတ္ၿပီး Odyssey အေၾကာင္းတေစ့တေစာင္းနဲ႔ သိလုိတာေတြကုိ သိသြားေလာက္ၿပီလုိ႔ ထင္ပါတယ္။ E3 ပြဲႀကီးကုိေရာက္ဖုိ႔က အခ်ိန္ဘယ္ေလာက္မွမက်န္ေတာ့တဲ့အတြက္ ဒီစာေစာင္ေလးဖတ္ၿပီး လာမယ့္ E3 ပြဲကုိေစာင့္ဆုိင္းရင္း ရင္ခုန္စိတ္လႈပ္႐ွားေနလုိက္ၾကပါဦးလုိ႔ ဒီကေနေျပာလုိက္ခ်င္ပါတယ္။ ေနာက္ထပ္ဂိမ္းေဆာင္းပါးေတြမွာလည္း ျပန္လည္ေတြ႔ဆုံရဖုိ႔ ေမွ်ာ္လင့္မိပါတယ္။

Yan
Ref: Gamespot, Kotaku, Forbes

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

ဂိမ်မာတွေအားလုံး ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြတဲ့ E3 ဂိမ်းပွဲတော်ကြီးကတော့ အားလုံးနဲ့လက်တကမ်းမှာရှိနေပါပြီ။ ဇွန်လ ၁၁ မှာစတင်ကျင်းပမှာဖြစ်တဲ့ ၂၀၁၈ ခုနှစ်ရဲ့ E3 ပွဲမှာ ကမ္ဘာ့နယ်ပယ်အသီးသီးက နာမည်ကျော်ဂိမ်းကုမ္ပဏီတွေနဲ့ ဂိမ်းဖန်တီးထုတ်လုပ်သူတွေဟာ ဂိမ်မာတွေအားလုံးမျှော်လင့်နေကြတဲ့ အပြောင်မြောက်ဆုံး ဂိမ်းကောင်းဂိမ်းသစ်တွေကို ကိုယ့်ရဲ့အချိန်ဇယားနဲ့အလိုက် ထုတ်ဖော်ပြသသွားမှာဖြစ်ပါတယ်။ စွဲမက်စရာကောင်းတဲ့ မှင်သက်ဖွယ် ဂိမ်းထွေလာတွေ၊ ဂိမ်းအသစ်ရဲ့သူမတူတဲ့ ကစားဟန်တွေ၊ အားလုံးမမျှော်လင့်ထားတဲ့ဂိမ်းအသစ် ကြေညာချက်တွေ အစရှိတာတွေဟာ ဂိမ်မာတွေအသည်းထဲစွဲစေတဲ့ E3 ပွဲရဲ့အခန်းကဏ္ဍတွေ ဖြစ်ပါတယ်။ ပွဲမှာ မျိုးဆက်သစ်ဂိမ်းတွေကို ထုတ်ဖော်ပြသလေ့ရှိသလို အရင်နှစ် E3 ပွဲတွေမှာ အမြည်းချပြခဲ့တဲ့ဂိမ်းသစ်တွေရဲ့ နောက်ထပ်ထွေလာအသစ်တွေနဲ့ တရားဝင်ထွက်ရှိမယ့်ရက်စွဲတွေကို အတိအလင်းကြေညာချက်တွေ ထုတ်ပြန်ကြပါတယ်။ ဂိမ်းကိုချစ်တဲ့ဂိမ်မာတွေသာမက ဂိမ်းဖန်တီးထုတ်လုပ်တဲ့ဂိမ်းကုမ္ပဏီတွေပါ တညီတညွတ်တည်း တက်ရောက်ကြတဲ့ အခုနှစ် E3 ပွဲမှာလည်း အားလုံး ပါးစပ်အဟောင်းသားဖြစ်သွားစေမယ့် အမိုက်စားဂိမ်းအသစ်တွေ ရှိနေပါတယ်။ အဲဒီလို ဂိမ်းသစ်တွေထဲက တစ်ခုကတော့ Ubisoft ဂိမ်းကုမ္ပဏီရဲ့အအောင်မြင်ဆုံးဂိမ်းစီးရီးတစ်ခုဖြစ်တဲ့ Assassin’s Creed ရဲ့ ဂိမ်းသစ်ပဲဖြစ်ပါတယ်။

ဟုတ်ပါတယ်၊ AC စီးရီးတွဲရဲ့နောက်ဆုံးအခွေဖြစ်တဲ့ Origins အခွေဟာ ယမန်နှစ် အောက်တိုဘာလမှာထွက်ရှိလာခဲ့တာဖြစ်ပြီး Ubisoft အတွက်အောင်မြင်မှုအတိုင်းအတာတစ်ခုကို ဆွတ်ခူးပေးခဲ့တဲ့ဂိမ်းလို့ဆိုရင်လည်း မမှားပါဘူး။ Origins နဲ့ပတ်သက်တဲ့ ဂိမ်းသတင်းနဲ့ အကြောင်းအရာတွေဟာ အခုအချိန်ထိ ဂိမ်မာတွေကြားထဲမှာ ပြောမဆုံးဘဲဖြစ်နေပေမယ့် ခြေလှမ်းတွေသွက်တဲ့ Ubisoft အနေနဲ့ တစ်နှစ်တောင်မပြည့်သေးတဲ့အချိန်ကာလအတွင်းမှာ Odyssey လို့အမည်ရတဲ့ နောက်ထပ် AC ဂိမ်းသစ်ကို အပြီးသတ်ဖန်တီးရေးဆွဲနိုင်ခဲ့ပါတယ်။ ဒီသတင်းကိုသိသိရချင်းပဲ ဂိမ်မာတွေအားလုံး မှင်သက်အံ့သြသွားရသလို ကျွန်တော်ကိုယ်တိုင်လည်း Ubisoft ရဲ့မြန်ဆန်လှတဲ့ ဂိမ်းဖန်တီးမှုအဆင့်ဆင့်ကို ကြည့်ပြီး ဝေခွဲရခက်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် Capcom အနေနဲ့ Devil May Cry 5 ဂိမ်းသစ်ကိုထုတ်ပေးဖို့ ဆယ်နှစ်နီးပါးအချိန်ယူခဲ့ရပြီး Ubisoft ကတော့ တစ်နှစ်မပြည့်တဲ့အချိန်အတွင်းမှာ Odyssey ဆိုတဲ့ AC ဂိမ်းအသစ်ကို ချပြနိုင်ခဲ့လို့ဖြစ်ပါတယ်။ ဒီတော့ မကြာခင်လာတော့မယ့် E3 ပွဲမှာတွေ့ရမယ့် Assassin’s Creed: Odyssey ဂိမ်းအသစ်ဟာ ဘယ်လိုဖြစ်မလဲ? ဘယ်လိုမျိုးပြောင်းလဲမှုတွေနဲ့ ကစားဟန်အသစ်တွေကို ထည့်သွင်းထားလဲ? ဇာတ်အိမ်တည်ထားတဲ့သမိုင်းကြောင်းနဲ့ ဂိမ်းပတ်ဝန်းကျင်ကရော ဘယ်လိုရှိလဲ? အစရှိတာတွေကို ဂိမ်မာတွေအားလုံးသိရှိစေဖို့ သိရသမျှအချက်တွေစုစည်းပြီး ဒီစာစောင်မှာ ဖော်ပြပေးလိုက်ပါတယ်။

ဂိမ်းရဲ့ဇာတ်အိမ်တည်ရာ ရှေးခေတ်ဂရိမြို့နဲ့ စပါတန်စစ်သူရဲကောင်းတွေ

Assassin’s Creed: Odyssey

အားလုံးသိကြတဲ့အတိုင်း AC ဂိမ်းတိုင်းဟာ ကမ္ဘာ့သမိုင်းတစ်လျှောက်ဖြစ်ပွားခဲ့တဲ့ နာမည်ကျော်စစ်ပွဲကာလတွေအပေါ်မှာ ဇာတ်အိမ်တည်လေ့ရှိပါတယ်။ Assassin တစ်ယောက်အနေနဲ့ AC ဂိမ်းတိုင်းမှာကိုယ်ရင်ဆိုင်ရတဲ့ ရန်သူတွေဟာ သမိုင်းကြောင်းတွေထဲမှာ တကယ်ရှိခဲ့ကြသူတွေဖြစ်ပါတယ်။ Ubisoft အနေနဲ့ AC ဂိမ်းတွေကို ရောမခေတ်၊ ပြင်သစ်၊ လန်ဒန်၊ အမေရိကန်နဲ့ ကာရီဘီယန်ကျွန်းစုတွေအထိ ဇာတ်ကြောင်းဖြန့်ကျက်ခဲ့ပြီး အခုတစ်ခေါက်မှာတော့ နာမည်ကျော်စပါတန်စစ်သည်တွေ မွေးဖွားရာနေရပ်ဖြစ်တဲ့ ရှေးခေတ်ဂရိမြို့မှာ ဇာတ်အိမ်တည်ထားပါတယ်။ ကိုယ်ဟာ Assassin တစ်ယောက်ဖြစ်မလား? စပါတန်စစ်သည်တစ်ယောက်ဖြစ်မလားဆိုတာကတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပါပဲ။

AC စီးရီးရဲ့ ရှိရင်းစွဲဂိမ်းကစားဟန်ထဲကနေ ကွဲထွက်မယ့် ဂိမ်းပုံစံအသစ်

Assassin’s Creed: Odyssey

နောက်ဆုံးထွက်ရှိခဲ့တဲ့ Assassin’s Creed: Origins ခွေမှာ နဂိုမူလရှိခဲ့တဲ့ဂိမ်းကစားဟန်ထဲကနေ ကွဲပြားတဲ့ ဂိမ်းတွင်းလုပ်ဆောင်ချက်အသစ်တွေကို ထည့်သွင်းထားပါတယ်။ လက်နက်ဖန်တီးတာတွေ၊ ရန်သူ့ဆီချဉ်းကပ်မှုပုံစံအသစ်တွေနဲ့ အတိုက်အခိုက်လုပ်ဆောင်ချက်တွေကို ပုံစံအသစ်တစ်ခုဖြစ်အောင် ပြောင်းလဲထားပါတယ်။ AC Rogue အခွေကနေစပြီး Origins အထိ တစတစပြောင်းလဲလာခဲ့တဲ့ ဂိမ်းကစားဟန်အပေါ်မှာ ဂိမ်မာအချို့အသားမကျကြသလို ပိုမိုကောင်းမွန်လာတယ်လို့ယူဆတဲ့ ဂိမ်မာတွေလည်းရှိပါတယ်။ အသေးစိတ်ကိုတော့ အသေအချာမသိရသေးပေမယ့် Origins အခွေမှာလိုအပ်ခဲ့တဲ့ ဂိမ်းတွင်းလုပ်ဆောင်ချက်တွေကို ပြန်လည်ပြင်ဆင်မွန်းမံပြီး အခုလာမယ့် Odyssey မှာ ထည့်သွင်းသွားမယ်လို့သိရပါတယ်။

ကြေးစားလုပ်ကြံသူဘဝကနေ ကြီးမြတ်တဲ့ စပါတန်စစ်သည်တစ်ယောက်အဖြစ်သို့

Odyssey ဆိုတဲ့စကားလုံးကို အဓိပ္ပါယ်ဖွင့်ဆိုရမယ်ဆိုရင် “ဖြတ်သန်းခဲ့တဲ့ခရီးရှည်” လို့ဆိုနိုင်ပါတယ်။ ဂိမ်းရဲ့အဓိကဇာတ်ကောင်အနေနဲ့ ရှေးခေတ်ဂရိမြို့မှာ ဘယ်လိုမျိုးကြမ်းတမ်းခက်ထန်တဲ့ ခရီးလမ်းကိုဖြတ်သန်း လျှောက်လှမ်းခဲ့ရသလဲဆိုတာကတော့ အားလုံးစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကိုအကျဉ်းချူပ်ဖော်ပြထားတဲ့ စာပိုဒ်အရတော့ “ကိုယ့်ကံကြမ္မာရဲ့ ပဲ့ကိုင်ရှင်က ကိုယ်ကိုယ်တိုင်ပဲဖြစ်တယ်။ ကိုယ်ဖြတ်သန်းခဲ့တဲ့ဘဝခရီးလမ်းတစ်လျှောက်မှာ ကြီးမြတ်တဲ့စပါတန်စစ်သည်တစ်ယောက်ဖြစ်လာဖို့အတွက် ကိုယ့်သမိုင်းကိုယ်ရေးရမယ်။ စွန့်စားခန်းတွေနဲ့ပြည့်နှက်နေတဲ့ ဒီလမ်းခရီးမှာ ကိုယ့်ရဲ့ဆုံးဖြတ်ချက်မှန်သမျှဟာ အသက်တမျှအရေးပါတယ်။ အတိတ်က အမှန်တရားကိုထုတ်ဖော်ဖို့အတွက် မိသားစုရဲ့ပစ်ပယ်ခြင်းကိုခံခဲ့ရတဲ့ ကြေးစားလူသတ်သမားဘဝကနေ စပါတန်စစ်သားတစ်ယောက်ဖြစ်လာရမယ်” လို့ဆိုထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီစာပိုဒ်အရဆိုရင် ဂိမ်းအတွင်းမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပေးရမယ့် ဂိမ်းစနစ်ပါဝင်မယ်လို့ ယူဆနိုင်ပြီး RPG ပိုဆန်လာစေအောင် လွတ်လပ်တဲ့ရွေးချယ်မှုစနစ်ပါဝင်လာတဲ့အပြင် ကိုယ့်ဆုံးဖြတ်ချက်အပေါ်မူတည်ပြီး ဇာတ်အိမ်ပြောင်းလဲသွားမှာဖြစ်ပါတယ်။ ဒီအချက်တွေအရ ဒီ Odyssey အခွေဟာ AC စီးရီးထဲမှာမှ လုံးဝကိုကွဲထွက်တဲ့ကစားဟန်နဲ့ အရသာသစ်ကိုပေးစွမ်းမယ့်အခွေဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

စပါတန်သမိုင်းကြောင်းကိုပြန်လည်ထင်ဟပ်မယ့် ဇာတ်ကွက်တွေနဲ့ ရာဇဝင်တွင်မစ်ရှင်တွေ

ရှေးခေတ်ဂရိမြို့နဲ့ စပါတန်စစ်သည်တွေကို အခြေပြုပြီးရိုက်ကူးဖန်တီးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ဂိမ်းပေါင်းများစွာရှိပါတယ်။ တုနှိုင်းမရတဲ့ ရဲစွမ်းသတ္တိ၊ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့စစ်ပညာ၊ သူ့ကျွန်မခံလိုတဲ့မျိုးချစ်စိတ်နဲ့ စည်းလုံးညီညွတ်မှုတို့ဟာ စပါတန်စစ်သည်တွေရဲ့ ဖျောက်ဖျက်မရတဲ့ဗီဇဖြစ်ပါတယ်။ ဒီ Odyssey အခွေဟာ ကွဲပြားတဲ့ဂိမ်းကစားဟန်ကို ထည့်သွင်းထားရုံတင်မကဘဲ လုပ်ကြံသူအဖြစ်ကနေ စစ်သည်တစ်ယောက်ဖြစ်လာမယ့် ဇာတ်ကြောင်းဖြစ်တဲ့အတွက် အားလုံးနဲ့မတူ ကွဲထွက်နေတာတော့ အမှန်ပါ။ ရန်သူရဲ့စစ်စခန်းကိုဝင်ရောက်စီးနင်းတာတွေ၊ အကျဉ်းသားသုံ့ပန်းတွေကို သွားရောက်ကယ်တင်တာတွေ ပါဝင်လာဖို့ သေချာနေတဲ့အပြင် ဇာတ်ကြောင်းဟာ သမိုင်းကြောင်းတစ်လျှောက်နာမည်ကျော်ကြားခဲ့တဲ့ စပါတန်တွေနဲ့ ဆက်နွယ်နေတဲ့အတွက် အရင်ဘယ်လို AC ခွေနဲ့မှ မတူနိုင်ဘူးဆိုတာတော့ ကြိမ်းသေနေပါတယ်။

Odyssey နဲ့ပတ်သက်ပြီး သိရသမျှနဲ့ အကျဉ်းချူပ်

Assassin’s Creed: Odyssey

ဒီအခွေဟာ အရင် AC ဂိမ်းတွေလို Assassin နဲ့ Templar ကြားက ပြင်းထန်လှတဲ့ပဋိပက္ခတွေကို မီးမောင်းထိုးပြမှာ ဟုတ်ရဲ့လားလို့တောင် မေးခွန်းထုတ်ချင်စရာပါ။ ယမန်နေ့ကမှ အင်တာနက်ပေါ်မှာ ပြန့်နှံ့ခဲ့တဲ့ Odyssey အခွေရဲ့ ဂိမ်းတွင်း screenshot တွေအရတော့ ကိုယ်ဟာ Assassin တစ်ယောက်ရဲ့သွင်ပြင်လက္ခဏာတွေဖြစ်တဲ့ ခေါင်းဆောင်းဝတ်စုံနဲ့ လုပ်ကြံတဲ့နေရာမှာအသုံးပြုတဲ့ လျှို့ဝှက်ဓားမြောင်တို့ကို မဆင်မြန်းထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ အဲဒီအစား စပါတန်စစ်ဝတ်စုံကိုဝတ်ပြီး Assassin တစ်ယောက်လို အဆောက်အဦးတွေရဲ့အပေါ်မှာ သွက်လက်စွာ ပြေးလွှားသွားလာနေတာဖြစ်ပါတယ်။ စစ်သည်တစ်ယောက်ဖြစ်လာမယ့် လုပ်ကြံသူတစ်ယောက်ရဲ့ဖြတ်သန်းခဲ့တဲ့ဘဝခရီးလမ်းရှည်ကတော့ စိတ်ဝင်စားစရာအတော်လေးကောင်းနေပါပြီ။ Ubisoft ကနေနောက်ထပ်ပြီး Odyssey နဲ့ပတ်သက်တဲ့ ဘယ်လိုမျိုးအရာတွေချပြဦးမလဲဆိုတာကတော့ စောင့်ကြည့်နေရမှာပါပဲ။ E3 ပွဲပြီးသွားတဲ့အချိန်ကျရင်တော့ ဒီထက်ပိုပြီး လက်ဆုပ်လက်ကိုင်ပြစရာရှိလာမယ်လို့ ယူဆရပါတယ်။ နောက်တစ်ချက်အနေနဲ့ ဒီ Odyssey အခွေကို ၂၀၁၈ ခုနှစ်ရဲ့ E3 ပွဲမှာ ပထမဦးဆုံးထုတ်ဖော်ပြသမှာဖြစ်ပေမယ့်လည်း ၂၀၁၉ နှစ်စပိုင်း ဒါမှမဟုတ် နှစ်လယ်ပိုင်းလောက်မှာမှ တရားဝင်ထွက်ရှိလာဖို့ အလားအလာများပါတယ်။ ဒီတော့ AC ပရိသတ်များအနေနဲ့ ဒီစာစောင်ကိုဖတ်ပြီး Odyssey အကြောင်းတစေ့တစောင်းနဲ့ သိလိုတာတွေကို သိသွားလောက်ပြီလို့ ထင်ပါတယ်။ E3 ပွဲကြီးကိုရောက်ဖို့က အချိန်ဘယ်လောက်မှမကျန်တော့တဲ့အတွက် ဒီစာစောင်လေးဖတ်ပြီး လာမယ့် E3 ပွဲကိုစောင့်ဆိုင်းရင်း ရင်ခုန်စိတ်လှုပ်ရှားနေလိုက်ကြပါဦးလို့ ဒီကနေပြောလိုက်ချင်ပါတယ်။ နောက်ထပ်ဂိမ်းဆောင်းပါးတွေမှာလည်း ပြန်လည်တွေ့ဆုံရဖို့ မျှော်လင့်မိပါတယ်။

Yan
Ref: Gamespot, Kotaku, Forbes