[Zawgyi] 


Asphalt 9: Legends


Fun to play Gameplay


Multiplayer


Koenigsegg Regera




Ref: Gameloft

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Asphalt Fan တွေအတွက် နောက်ထပ် Game အသစ်ကို Gameloft က ထုတ်ပေးလိုက်ပြီ

Asphalt နာမည်နဲ့ Racing Game တွေကို သဘောကျသူတွေအများကြီးပါ။ Racing Game တွေထဲမှာ ဆော့ရတာ ပျော်စရာအပြည့်နဲ့ Graphic ကောင်းကောင်းဆိုရင် Asphalt လို့ပဲပြောကြမှာပါ။ Game တွေကသိပ်ကောင်းသလို သင့်ဆီမှာလည်း Flagship ဖုန်းတစ်လုံး ဒါမှမဟုတ် Tablet ကောင်းကောင်း တစ်လုံးတော့ ရှိနေဖို့လိုပါတယ်။ ဂိမ်းအသစ်ကတော့ Asphalt ပရိသတ် မျှော်လင့်နေတဲ့ Asphalt 9 ဖြစ်ပြီး Gameloft ကအခု နိုင်ငံတော်တော်များများအတွက် ထုတ်ပေးလိုက်ပါပြီ။ 

Asphalt 9: Legends

အခုအခြေအနေမရောက်ခင် လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်ဝန်းကျင်က Asphalt Urban GT ဆိုတာနဲ့ Asphalt Series ကို Gameloft ကုမ္ပဏီက စတင်ခဲ့ပါတယ်။ Need For Speed ဆန်ဆန် Game အမျိုးအစားဖြစ်ပေမယ့် ဆော့ရတဲ့ အရသာကတော့ သီးသန့်ဖြစ်နေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Gameloft ရဲ့ အနှစ်လို့ပြောလို့ရလာတဲ့ ပျော်စရာကောင်းတဲ့ Racing Game တွေအနေနဲ့ လူသိများလာပါတယ်။ Racing ကိုမှ သဘောကျတဲ့ Gamer တွေရဲ့ လက်ထဲမှာရှိနေတဲ့ ဖုန်းတွေကြောင့် Asphalt Game တွေ နေရာရလာပါတယ်။ ပြည်တွင်းမှာ လူသိများပြီး အဆော့အများဆုံးဖြစ်လာခဲ့တာကတော့ Asphalt 7 နဲ့ နောက်ထပ်ထွက်တဲ့ Asphalt 8 တွေပဲဖြစ်ပါတယ်။ နောက်ထပ် အသစ်အနေနဲ့ Asphalt 9: Legends ဆိုတာကို iOS ၊ Android နဲ့ Windows 10 Device တွေအတွက် ထုတ်ပေးလိုက်ပါပြီ။ Game ကို အခုလို နိုင်ငံတော်တော်များများအတွက် မထုတ်ပေးခင်မှာ တချို့နိုင်ငံအတွက် Pre-release အနေနဲ့ ထုတ်ပေးပြီးသားဖြစ်ပါတယ်။ 

Fun to play Gameplay

Asphalt 9 ကတော့ အရင်က ထွက်ခဲ့ပြီးသား Asphalt 8 Airborne ထက်အရာရာမှာ ပိုကောင်းလာတယ်လို့ပြောလို့ရပါတယ်။ Graphic ပိုင်းနဲ့ ကားအသစ်တွေကအစ ဆော့ရတဲ့အပိုင်းမှာပါ သိသိသာသာပိုကောင်းလာပါတယ်။ HDR ဆန်ဆန် Graphic နဲ့ အရောင်ပိုင်းမှာ ပိုကောင်းအောင်လုပ်ပေးထားတာကလည်း ဖုန်းပေါ်မှာဆော့ရတဲ့ Game တစ်ခုအနေနဲ့ သိပ်ကောင်းလွန်းနေတယ်လို့ ပြောလို့ရပါတယ်။ Gameplay ကတော့ ရိုးရှင်းပါတယ်။ ဆော့သွားရင်း Lock ဖြစ်နေတဲ့ ကားတွေရဲ့ Blueprint တွေနဲ့ Gold တွေ Game Credit တွေစုရင်း ကားတွေ Unlock လုပ်ပြီး Level တွေတစ်ခုပြီးတစ်ခု ဆော့သွားရမှာပါ။

Multiplayer

Multiplayer နဲ့ Club ဆိုတာတွေလည်း ပါပါတယ်။ Map တွေကိုလည်း အရင်ထက် ပိုပြီး လှလှပပဖြစ်နေအောင် အသေးစိတ်ပြင်ထားတာကလည်း ဆော့ရတာပိုအရသာရှိစေပါတယ်။ Asphalt 9 မှာတော့ Asphalt 8 မှာ မပါဘဲ ချန်ထားခဲ့တဲ့ Feature တစ်ခုပြန်ပါလာပါတယ်။ အဲ့တာကတော့ Nitro Shockwave ဆိုတာပြီးပြီး Nitro ခလုတ်ကို နှစ်ချက်နှိပ်လိုက်ရင် ခရမ်းရောင်အလင်းတန်းကြီးထွက်လာတာပါ။ 

Koenigsegg Regera

ကားတွေနဲ့ ပတ်သက်လို့တော့ အရင်ကလိုပဲ Class D ၊ C ၊ B ၊ A နဲ့ S ဆိုပြီး ခွဲထားပေးပါတယ်။ အရင် Game တွေမှာ ပါခဲ့ဖူးတဲ့ San Francisco နဲ့ Shanghai လိုမြို့က လမ်းမကြီးတွေ ပြန်ပါလာသလို အသစ်အနေနဲ့လည်း Rome ၊ Cairo နဲ့ Himalayas တွေလည်း ပါလာပါတယ်။ ကားအသစ်တွေအနေနဲ့လည်း Bugatti Chiron နဲ့ Lamborghini Centenario လိုမျိုး Super Car တွေထပ်ပါလာပါတယ်။ Asphalt Game တွေမှာ တွေ့နေကျအချက်ဖြစ်တဲ့ မြူးမြူးကြွကြွ သီချင်းအသစ်တွေကိုလည်း Asphalt 9 မှာ ပါလာပါသေးတယ်။ Game ကို အခုလို နိုင်ငံအများကြီးအတွက် မထုတ်ပေးခင်ကတော့ Philippines နဲ့ Thailand နှစ်နိုင်ငံမှာ ကြိုထုတ်ပေးထားပြီးသားပါ။ နောက်ပိုင်းမှာတော့ July 26 မှာ Game ကိုနိုင်ငံတစ်ကာအတွက် ထုတ်ပေးတော့မယ်ဆိုတာကို ကြေညာလိုက်ပါတယ်။ 

Lamborghini Centenario

Asphalt 9 ကို Gameloft က ဖန်တီးနေခဲ့တာ ၂၀၁၆ ခုနှစ်ကတည်းကပါ။ Gameloft Barcelona က မြေပုံပိုင်းနဲ့ပတ်သက်ပြီး ဖန်တီးနေတာတွေကို Twitter မှာပုံတွေတင်ထားခဲ့ပါသေးတယ်။ Asphalt 9: Shockwave လို့နာမည်ပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ Asphalt 9: Legends ဆိုပြီး ထွက်လာခဲ့တာပါ။ Game Size ကတော့ 1.5GB ရှိပါတယ်။ Android 4.3 နဲ့အထက်ရှိတဲ့ Phone တွေ၊ Tablet တွေမှာ အဆင်ပြေပြေနဲ့ဆော့နိုင်ပေမယ့် Graphic Quality ကတော့ Device Model အလိုက် ကွာခြားတာမျိုးရှိမှာပါ။ iOS Version ကတော့ iOS 8 နဲ့အထက်ရှိတဲ့ iPhone 5s အပါအဝင် နောက်ထွက်တဲ့ iPhone တွေ၊ iPad Air နဲ့နောက်၊ iPad mini 2 နဲ့နောက်ထွက်တဲ့ iOS Device တွေမှာ ဆော့လို့ရနိုင်မယ်လို့ ဖော်ပြထားပါတယ်။ iOS အတွက်တော့ App Store မှာ Download ဆွဲနိုင်မှာဖြစ်ပြီးတော့ Android အတွက်တော့ Google Play ကို VPN ခံပြီးမှ Dowload ဆွဲလို့ရနိုင်မှာပါ။ VPN သုံးနည်းကိုတော့ အခုဖော်ပြထားတဲ့ Link မှာ ကြည့်နိုင်ပါတယ်။ 

Ref: Gameloft

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။