Gameloft ကနေ Mobile Arcade Racing ဂိမ်းတစ်ခုဖြစ်တဲ့ Asphalt ဂိမ်းတွေကို ထုတ်လုပ်လာတာအခုဆိုရင် Asphalt 9 အထိရောက်ရှိသွားပြီပဲဖြစ်ပါတယ်။ အခု Asphalt 9 : Legends ဂိမ်းဟာ လက်ရှိအချိန်မှာ ထွက်ရှိထားတာ အချိန်အားဖြင့် တစ်ပတ်ခန့်ရှိသွားပြီဖြစ်ပြီးတော့ ဆော့ကစားသူတွေကလည်း များပြားနေတဲ့ပုံပါပဲ။

Asphalt 9 : Legends

ဘာဖြစ်လို့လည်းဆိုရင် လက်ရှိအချိန်မှာ Gameloft ကနေ Asphalt 9 : Legends ဂိမ်းကို Download ပြုလုပ်ပြီးဆော့ကစားသူအရေအတွက် ၄ သန်းပြည့်သွားပြီလို့ ပြောကြားလိုက်တာကြောင့်ဖြစ်ပါတယ်။ အခု Asphalt 9 ဟာ နိုင်ငံပေါင်း ၁၅၀ ကျော်မှာလည်း Download ဆွဲပြီး ဆော့ကစားသူတွေထဲမှာ ထိပ်ဆုံး ၅ နေရာအတွင်းဝင်ရောက်နေခဲ့ပြီး အဆိုပါနိုင်ငံတွေထဲမှာ USA ၊ UK ၊ France ၊ Germany နဲ့ Japan နိုင်ငံတွေလည်းပါဝင်တယ်လို့ သိရပါတယ်။

Gameloft ကနေ ယခု Asphalt 9 : Legends ဂိမ်းကို Android ၊ iOS နဲ့ Windows 10 မှာပါ ထုတ်လုပ်ပေးခဲ့တာဖြစ်ပြီးတော့ အခု Download ပြုလုပ်တဲ့ အရေအတွက်ဖြစ်တဲ့ ၄ သန်းပြည့်တာကလည်း ယခု Platform ၃ ခုလုံးပေါင်း ရလဒ်ပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိမှာ Download ဆွဲတာ အမြန်ဆုံးသော ဂိမ်းတစ်ခုမဟုတ်ပေမယ့်လည်း Asphalt Series ဂိမ်းတွေအတွက်တော့ အောင်မြင်မှုတစ်ခုလို့ပြောရမှာပါ။

Asphalt 9 : Legends

Asphalt 9 : Legends ဟာ လက်ရှိ Apple App Store မှာလည်း Editors’ Choice နဲ့ Game of the Day လို့ သတ်မှတ်ခံထားရပြီး Graphic ပိုင်းအရရော Gameplay ပိုင်းအရရော Racing ဂိမ်းတွေကို သဘောကျရင် ဆော့ကစားသင့်တဲ့ ဂိမ်းတစ်ခုလို့ ပြောရမှာပါ။

Ref : Phone Arena