This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

တိုက္စစ္မွဴး အက္စ္ပတ္ Aspas ရဲ႕ ေခ်ပဂုိးေၾကာင့္ သေရတစ္မွတ္ရခဲ့တဲ့ စပိန္

နာမည္ႀကီးစပိန္အသင္းကေတာ့ တိုက္စစ္မွဴး အက္စ္ပတ္ Aspas ရဲ႕ ေနာက္က်ေခ်ပဂုိးေၾကာင့္သာ ေမာ္႐ုိကုိအသင္းကုိ ႐ႈံးနိမ့္ေနတာကေန သေရျပန္လည္ရယူႏုိင္ခဲ့တယ္။ အုပ္စု(B)မွာ ေပၚတူဂီနဲ႔စပိန္တို႔ ေနာက္တစ္ဆင့္ကုိ လြယ္လြယ္ကူကူတက္ႏုိင္မယ္လုိ႔ ထင္ခဲ့ၾကေပမယ့္လည္း အုပ္စုေနာက္ဆုံးပဲြမွာ ႏွစ္သင္းစလုံး ႐ုန္းကန္ခဲ့ရၿပီး သူတို႔ရဲ႕ၿပိဳင္ဘက္ေတြက ေမာ္႐ုိကုိ၊ အီရန္အသင္းေတြျဖစ္ေနလုိ႔သာ ႏွစ္သင္းထဲက တစ္သင္း အုပ္စုက လွည့္ျပန္ရမယ့္အေနအထားကုိ ေရွာင္လဲြႏုိင္ခဲ့တာပါ။ ဒီပဲြမွာ စပိန္အသင္းရဲ႕ ခံစစ္ကစားပုံက စိတ္ပ်က္စရာေကာင္းခဲ့တယ္။ ေမာ္႐ုိကုိအသင္းက အပုိင္ဂုိးသြင္းခြင့္ေတြကုိ ဒီဂီယာ De Gea ကာကြယ္ႏုိင္ခဲ့တာ၊ တိုင္ထိထြက္တာေတြေၾကာင့္လည္း စပိန္အသင္း ႐ႈံးပဲြမေတြ႕ခဲ့တာပါ။

ေမာ္႐ုိကုိအသင္းအတြက္ အဖြင့္ဂုိးကုိ အင္နီေယစတာ Iniesta နဲ႔ ရာမုိ႔စ္ Ramos တို႔ရဲ႕ နားလည္မႈလဲြမွားတာကေန ဘူတာ့ Boutaïb က (၁၄)မိနစ္မွာ သြင္းယူခဲ့တယ္။ (၅)မိနစ္ေလာက္အၾကာမွာပဲ စပိန္တို႔ ေခ်ပဂုိး ျပန္ရခဲ့ၿပီး အင္နီေယစတာရဲ႕ေပးပုိ႔မႈကေန အစၥကုိ Isco က ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။ ေမာ္႐ုိကုိအသင္းရဲ႕ ဦးေဆာင္ဂုိးကုိ (၈၁)မိနစ္မွာ ေထာင့္ကန္ေဘာကေန အန္နာဆရီ En-Nesyri က ေခါင္းတိုက္သြင္းယူခဲ့တာေၾကာင့္ စပိန္အသင္း ႐ႈံးပဲြေတြ႕မယ့္အေနအထားျဖစ္ခဲ့ေပမယ့္ (၉၁)မိနစ္မွာ အက္စ္ပတ္က ေမာ္႐ုိကုိရဲ႕ လူကၽြံေထာင္ေခ်ာက္ကုိ ေက်ာ္ျဖတ္ၿပီး ေခ်ပဂုိးျပန္သြင္းေပးခဲ့ပါတယ္။ စပိန္အသင္းဟာ အုပ္စုပထမရခဲ့တာေၾကာင့္ ႐ႈံးထြက္(၁၆)သင္းအဆင့္မွာ အိမ္ရွင္႐ုရွားနဲ႔ ရင္ဆုိင္ရေတာ့မွာပါ။

Photo:FIFA World Cup
Naing Linn(Akhayar)

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

တိုက်စစ်မှူး အက်စ်ပတ် Aspas ရဲ့ ချေပဂိုးကြောင့် သရေတစ်မှတ်ရခဲ့တဲ့ စပိန်

နာမည်ကြီးစပိန်အသင်းကတော့ တိုက်စစ်မှူး အက်စ်ပတ် Aspas ရဲ့ နောက်ကျချေပဂိုးကြောင့်သာ မော်ရိုကိုအသင်းကို ရှုံးနိမ့်နေတာကနေ သရေပြန်လည်ရယူနိုင်ခဲ့တယ်။ အုပ်စု(B)မှာ ပေါ်တူဂီနဲ့စပိန်တို့ နောက်တစ်ဆင့်ကို လွယ်လွယ်ကူကူတက်နိုင်မယ်လို့ ထင်ခဲ့ကြပေမယ့်လည်း အုပ်စုနောက်ဆုံးပွဲမှာ နှစ်သင်းစလုံး ရုန်းကန်ခဲ့ရပြီး သူတို့ရဲ့ပြိုင်ဘက်တွေက မော်ရိုကို၊ အီရန်အသင်းတွေဖြစ်နေလို့သာ နှစ်သင်းထဲက တစ်သင်း အုပ်စုက လှည့်ပြန်ရမယ့်အနေအထားကို ရှောင်လွဲနိုင်ခဲ့တာပါ။ ဒီပွဲမှာ စပိန်အသင်းရဲ့ ခံစစ်ကစားပုံက စိတ်ပျက်စရာကောင်းခဲ့တယ်။ မော်ရိုကိုအသင်းက အပိုင်ဂိုးသွင်းခွင့်တွေကို ဒီဂီယာ De Gea ကာကွယ်နိုင်ခဲ့တာ၊ တိုင်ထိထွက်တာတွေကြောင့်လည်း စပိန်အသင်း ရှုံးပွဲမတွေ့ခဲ့တာပါ။

မော်ရိုကိုအသင်းအတွက် အဖွင့်ဂိုးကို အင်နီယေစတာ Iniesta နဲ့ ရာမို့စ် Ramos တို့ရဲ့ နားလည်မှုလွဲမှားတာကနေ ဘူတာ့ Boutaïb က (၁၄)မိနစ်မှာ သွင်းယူခဲ့တယ်။ (၅)မိနစ်လောက်အကြာမှာပဲ စပိန်တို့ ချေပဂိုး ပြန်ရခဲ့ပြီး အင်နီယေစတာရဲ့ပေးပို့မှုကနေ အစ္စကို Isco က ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ မော်ရိုကိုအသင်းရဲ့ ဦးဆောင်ဂိုးကို (၈၁)မိနစ်မှာ ထောင့်ကန်ဘောကနေ အန်နာဆရီ En-Nesyri က ခေါင်းတိုက်သွင်းယူခဲ့တာကြောင့် စပိန်အသင်း ရှုံးပွဲတွေ့မယ့်အနေအထားဖြစ်ခဲ့ပေမယ့် (၉၁)မိနစ်မှာ အက်စ်ပတ်က မော်ရိုကိုရဲ့ လူကျွံထောင်ချောက်ကို ကျော်ဖြတ်ပြီး ချေပဂိုးပြန်သွင်းပေးခဲ့ပါတယ်။ စပိန်အသင်းဟာ အုပ်စုပထမရခဲ့တာကြောင့် ရှုံးထွက်(၁၆)သင်းအဆင့်မှာ အိမ်ရှင်ရုရှားနဲ့ ရင်ဆိုင်ရတော့မှာပါ။

Photo:FIFA World Cup
Naing Linn(Akhayar)