[Zawgyi]

ပရီးမီးယားလိဂ္ရပ္၀န္းမွာ ေအာင္ျမင္မႈအလံစိုက္ထူခဲ႔ၾကတဲ႔ အာရွတိုက္က သူရဲေကာင္းမ်ား

ပရီးမီးယားလိဂ္ေဘာလံုးရပ္၀န္းမွာ ႏိုင္ငံေပါင္းစံုက ေဘာလံုးကစားသမားေတြဟာ က်င္လည္က်က္စားေနၾကတာပါ။ ဒီအထဲမွာ အာရွတိုက္က ကစားသမားေတြဟာလည္း အပါအ၀င္ပဲျဖစ္ပါတယ္။ ဒါေပမဲ႔ ပရီးမီးယားလိဂ္မွာ ေအာင္ျမင္မႈရရိွခဲ႔တဲ႔ အာရွကစားသမားဆိုတာ ခပ္ရွားရွားပါ။ ပရိသတ္ေတြအတြက္ အာရွတိုက္ဂုဏ္ေဆာင္ သူရဲေကာင္းကစားသမားေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ကာဂါ၀ါ Kagawa

Kagawa

Kagawa

မန္ယူအသင္းမွာ(၂)ရာသီၾကာ ကစားခဲ႔တဲ႔ ဂ်ပန္ကစားသမား ကာဂါ၀ါ Kagawa ဟာ ပရီးမီးယားလိဂ္မွာ ေအာင္ျမင္ခဲ႔တဲ႔ အာရွကစားသမားတစ္ဦးပါပဲ။ ပရိသတ္အၾကိဳက္ကစားသမားတစ္ဦးျဖစ္ခဲ႔ေပမယ္႔ နည္းျပဗန္ဟားလ္ Van Gaal ရဲ႕အၾကိဳက္မဟုတ္ခဲ႔တာေၾကာင္႔ မန္ယူအသင္းကေနထြက္ခြာခဲ႔ရသူပါ။ ကာဂါ၀ါ Kagawa ဟာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ ပထမဆံုးဟက္ထရစ္သြင္းယူႏိုင္ခဲ႔တဲ႔ အာရွကစားသမားအျဖစ္လည္း မွတ္တမ္း၀င္ခဲ႔ပါတယ္။ မန္ယူအသင္းနဲ႔အတူ ကာဂါ၀ါ Kagawa ဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရယူႏိုင္ခဲ႔ျပီး အသင္းအတြက္သြင္းဂိုး(၆)ဂိုးသြင္းယူခဲ႔ပါတယ္။

(၂) ဆြန္ေဟာင္မင္ Son Heung-min

Son-Heung-min

Son-Heung-min

ေတာင္ကိုရီးယား ေဘာလံုးသူရဲေကာင္း ဆြန္ေဟာင္မင္ Son Heung-min ဟာ သူရဲ႕တန္ဖိုးကို စပါးအသင္းမွာ တျဖည္းျဖည္းနဲ႔ျပသေနသူပါ။ စပါးအသင္းကို စေရာက္ခါစမွာ ပံုမွန္ေနရာအတြက္ တိုက္ပြဲ၀င္ခဲ႔ရသူ ဆြန္ေဟာင္မင္ Son Heung-min ဟာ လက္ရိွမွာေတာ႔ စပါးအသင္းရဲ႕ အေရးပါတဲ႔ကစားသမားတစ္ဦးအျဖစ္ ရပ္တည္ေနပါျပီ။ တစ္ႏွစ္ျပီးတစ္နွစ္ ေျခစြမ္းပိုင္းတိုးတက္လာတဲ႔ ဆြန္ေဟာင္မင္ Son Heung-min ဟာ စပါးအသင္းအတြက္ လက္ရိွအခ်ိန္ထိ ပရီးမီးယားလိဂ္သြင္းဂိုး(၃၀)သြင္းယူထားျပီး ပရီးမီးယားလိဂ္ သမိုင္းတစ္ေလွ်ာက္သြင္းဂိုးအမ်ားဆံုး အာရွကစားသမားအျဖစ္မွတ္တမ္းတင္ထားသူပါ။ ဆြန္ေဟာင္မင္ Son Heung-min အတြက္လိုအပ္ေနခဲ႔တာက ပရီးမီးယားလိဂ္ခ်န္ပီယံဆုဖလား ျဖစ္ျပီး ဒီအရာကိုရရိွေအာင္ ဆြန္ေဟာင္မင္ Son Heung-min စြမ္းေဆာင္ႏိုင္မလားဆိုတာကိုေတာ႔ ေစာင္႔ၾကည္႔သြားၾကရမွာပါ။

(၃) အိုကာဇာကီ Okazaki

Okazaki

Okazaki

အသင္းၾကီးေတြမွာကစားျပီး ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္တာထက္ လက္စတာလိုအသင္းနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံ ျဖစ္ခဲ႔တာဟာ အိုကာဇာကီ Okazaki အတြက္ခ်ိဳျမိန္တဲ႔ အရာတစ္ခုျဖစ္ပါလိမ္႔မယ္။ ၂၀၁၅ – ၂၀၁၆ ေဘာလံုးရာသီက လက္စတာအသင္း ပရီးမီးယားလိဂ္မွာခ်န္ပီယံျဖစ္ခဲ႔တဲ႔ေနရာမွာ အိုကာဇာကီ Okazaki ေျခစြမ္းေတြက အသင္းအတြက္အေရးပါခဲ႔ပါတယ္။ အိုကာဇာကီ Okazaki ရဲ႕တိုးအားနဲ႔႐ုန္းအားေတြဟာ ဗာဒီ Vardy ၊ မာရက္ဇ္ Mahrez တို႔အတြက္ ေနရာလြတ္ေတြျဖစ္ေပၚေစခဲ႔တာပါ။ အိုကာဇာကီ Okazaki ဟာ လက္ရိွအခ်ိန္ထိ လက္စတာအသင္းအတြက္သြင္းဂိုး(၁၉)ဂိုးသြင္းယူထားပါတယ္။

(၄) ပတ္ဂ်ီဆန္ Park Ji-sung

Park-Ji-sung

Park-Ji-sung

ပရီးမီးယားလိဂ္မွာ အေအာင္ျမင္ဆံုးအာရွသူရဲေကာင္းကေတာ႔ မန္ယူအသင္းရဲ႕ ေတာင္ကိုရီးယားကြင္းလယ္လူ ပတ္ဂ်ီဆန္ Park Ji-sung ပါပဲ။ ပတ္ဂ်ီဆန္ Park Ji-sung ဟာ မန္ယူအသင္းရဲ႕ပြဲစဥ္ေတြမွာ ေနရာစံုေရြ႕လ်ား ကစားတာေၾကာင္႔ အဆုတ္မရိွတဲ႔သူလို႔ေတာင္တင္စားၾကတာပါ။ မန္ယူအသင္းရဲ႕ ဂႏၳ၀င္နည္းျပၾကီး ဖာဂူဆန္ Ferguson ဟာ ပတ္ဂ်ီဆန္ Park Ji-sung ကိုပြဲၾကီးေတြမွာပိုအသံုးျပဳျပီး ပတ္ဂ်ီဆန္ Park Ji-sung ဟာလည္းပြဲၾကီးေတြမွာ ပိုေျခစြမ္းျပကစားႏိုင္တာေၾကာင္႔ Big Match Player လို႔ သတ္မွတ္ခဲ႔ၾကပါတယ္။ ပတ္ဂ်ီဆန္ Park Ji-sung ဟာ မန္ယူအသင္းမွာ (၇)နွစ္ၾကာကစားခဲ႔ျပီး ေအာင္ျမင္မႈမ်ားစြာရရိွခဲ႔သလို ပရီးမီးယားလိဂ္ခ်န္ပီယံဆုကိုေတာ႔ (၄)ၾကိမ္အထိရရိွခဲ႔ပါတယ္။

အခု ေဖာ္ျပေပးခဲ႔တဲ႔ အာရွကစားသမားေတြဟာ ပရီးမီးယားလိဂ္မွာေအာင္ျမင္ၾကသူေတြပဲျဖစ္ပါတယ္။ ဒီကစားသမားေတြအျပင္ ပရိသတ္ေတြရင္ထဲမွာ စြဲက်န္ေနတဲ႔အာရွကစားသမားေတြကို ေျပာျပခဲ႔ပါဦး …

Photo: Famous Face , The Japan Times , football-tribe.com , Premier League , Manchester United
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ်ရပ်ဝန်းမှာ အောင်မြင်မှုအလံစိုက်ထူခဲ့ကြတဲ့ အာရှတိုက်က သူရဲကောင်းများ

ပရီးမီးယားလိဂ်ဘောလုံးရပ်ဝန်းမှာ နိုင်ငံပေါင်းစုံက ဘောလုံးကစားသမားတွေဟာ ကျင်လည်ကျက်စားေနကြတာပါ။ ဒီအထဲမှာ အာရှတိုက်က ကစားသမားတွေဟာလည်း အပါအဝင်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာ အောင်မြင်မှုရရှိခဲ့တဲ့ အာရှကစားသမားဆိုတာ ခပ်ရှားရှားပါ။ ပရိသတ်တွေအတွက် အာရှတိုက်ဂုဏ်ဆောင် သူရဲကောင်းကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကာဂါဝါ Kagawa

Kagawa

Kagawa

မန်ယူအသင်းမှာ(၂)ရာသီကြာ ကစားခဲ့တဲ့ ဂျပန်ကစားသမား ကာဂါဝါ Kagawa ဟာ ပရီးမီးယားလိဂ်မှာ အောင်မြင်ခဲ့တဲ့ အာရှကစားသမားတစ်ဦးပါပဲ။ ပရိသတ်အကြိုက်ကစားသမားတစ်ဦးဖြစ်ခဲ့ပေမယ့် နည်းပြဗန်ဟားလ် Van Gaal ရဲ့အကြိုက်မဟုတ်ခဲ့တာကြောင့် မန်ယူအသင်းကနေထွက်ခွာခဲ့ရသူပါ။ ကာဂါဝါ Kagawa ဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ အာရှကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ မန်ယူအသင်းနဲ့အတူ ကာဂါဝါ Kagawa ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး အသင်းအတွက်သွင်းဂိုး(၆)ဂိုးသွင်းယူခဲ့ပါတယ်။

(၂) ဆွန်ဟောင်မင် Son Heung-min

Son-Heung-min

Son-Heung-min

တောင်ကိုရီးယား ဘောလုံးသူရဲကောင်း ဆွန်ဟောင်မင် Son Heung-min ဟာ သူရဲ့တန်ဖိုးကို စပါးအသင်းမှာ တဖြည်းဖြည်းနဲ့ပြသနေသူပါ။ စပါးအသင်းကို စရောက်ခါစမှာ ပုံမှန်နေရာအတွက် တိုက်ပွဲဝင်ခဲ့ရသူ ဆွန်ဟောင်မင် Son Heung-min ဟာ လက်ရှိမှာတော့ စပါးအသင်းရဲ့ အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေပါပြီ။ တစ်နှစ်ပြီးတစ်နှစ် ခြေစွမ်းပိုင်းတိုးတက်လာတဲ့ ဆွန်ဟောင်မင် Son Heung-min ဟာ စပါးအသင်းအတွက် လက်ရှိအချိန်ထိ ပရီးမီးယားလိဂ်သွင်းဂိုး(၃၀)သွင်းယူထားပြီး ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်သွင်းဂိုးအများဆုံး အာရှကစားသမားအဖြစ်မှတ်တမ်းတင်ထားသူပါ။ ဆွန်ဟောင်မင် Son Heung-min အတွက်လိုအပ်နေခဲ့တာက ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ဖြစ်ပြီး ဒီအရာကိုရရှိအောင် ဆွန်ဟောင်မင် Son Heung-min စွမ်းဆောင်နိုင်မလားဆိုတာကိုတော့ စောင့်ကြည့်သွားကြရမှာပါ။

(၃) အိုကာဇာကီ Okazaki

Okazaki

Okazaki

အသင်းကြီးတွေမှာကစားပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်တာထက် လက်စတာလိုအသင်းနဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့တာဟာ အိုကာဇာကီ Okazaki အတွက်ချိုမြိန်တဲ့ အရာတစ်ခုဖြစ်ပါလိမ့်မယ်။ ၂၀၁၅ – ၂၀၁၆ ဘောလုံးရာသီက လက်စတာအသင်း ပရီးမီးယားလိဂ်မှာချန်ပီယံဖြစ်ခဲ့တဲ့နေရာမှာ အိုကာဇာကီ Okazaki ခြေစွမ်းတွေက အသင်းအတွက်အရေးပါခဲ့ပါတယ်။ အိုကာဇာကီ Okazaki ရဲ့တိုးအားနဲ့ရုန်းအားတွေဟာ ဗာဒီ Vardy ၊ မာရက်ဇ် Mahrez တို့အတွက် နေရာလွတ်တွေဖြစ်ပေါ်စေခဲ့တာပါ။ အိုကာဇာကီ Okazaki ဟာ လက်ရှိအချိန်ထိ လက်စတာအသင်းအတွက်သွင်းဂိုး(၁၉)ဂိုးသွင်းယူထားပါတယ်။

(၄) ပတ်ဂျီဆန် Park Ji-sung

Park-Ji-sung

Park-Ji-sung

ပရီးမီးယားလိဂ်မှာ အအောင်မြင်ဆုံးအာရှသူရဲကောင်းကတော့ မန်ယူအသင်းရဲ့ တောင်ကိုရီးယားကွင်းလယ်လူ ပတ်ဂျီဆန် Park Ji-sung ပါပဲ။ ပတ်ဂျီဆန် Park Ji-sung ဟာ မန်ယူအသင်းရဲ့ပွဲစဉ်တွေမှာ နေရာစုံရွေ့လျား ကစားတာကြောင့် အဆုတ်မရှိတဲ့သူလို့တောင်တင်စားကြတာပါ။ မန်ယူအသင်းရဲ့ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန် Ferguson ဟာ ပတ်ဂျီဆန် Park Ji-sung ကိုပွဲကြီးတွေမှာပိုအသုံးပြုပြီး ပတ်ဂျီဆန် Park Ji-sung ဟာလည်းပွဲကြီးတွေမှာ ပိုခြေစွမ်းပြကစားနိုင်တာကြောင့် Big Match Player လို့ သတ်မှတ်ခဲ့ကြပါတယ်။ ပတ်ဂျီဆန် Park Ji-sung ဟာ မန်ယူအသင်းမှာ (၇)နှစ်ကြာကစားခဲ့ပြီး အောင်မြင်မှုများစွာရရှိခဲ့သလို ပရီးမီးယားလိဂ်ချန်ပီယံဆုကိုတော့ (၄)ကြိမ်အထိရရှိခဲ့ပါတယ်။

အခု ဖော်ပြပေးခဲ့တဲ့ အာရှကစားသမားတွေဟာ ပရီးမီးယားလိဂ်မှာအောင်မြင်ကြသူတွေပဲဖြစ်ပါတယ်။ ဒီကစားသမားတွေအပြင် ပရိသတ်တွေရင်ထဲမှာ စွဲကျန်နေတဲ့အာရှကစားသမားတွေကို ပြောပြခဲ့ပါဦး …

Photo: Famous Face , The Japan Times , football-tribe.com , Premier League , Manchester United
Ko Kyue(Akhayar)
www.akhayar.com