[Zawgyi]
ကြည်သာ (Akhayar)
www.akhayar.com
[Unicode]
ဘောလီးဝုဒ်မင်းသမီးနဲ့တူတယ်ဆိုတဲ့ မန္တလေးသူလေး Ashwarya Kumar ရဲ့အနုပညာခြေလှမ်းများ
Bollywood မင်းသမီးနဲ့တူတယ်ဆိုပြီး အွန်လိုင်းပေါ်မှာနာမည်ကြီးနေတဲ့ Ashwarya Kumar ဟာ အခုဆိုရင် ကြော်ငြာတွေကိုတောင်စတင်ရိုက်ကူးနေပါပြီ။
“မြန်မာတို့ရဲ့အထင်ကရလွန်ခဲ့သော၁၉၅၀ကျော်နှစ်များဆီကမြန်မာအထင်ကရဖက်ရှင်များကိုပြန်လည်တမ်းတအသက်သွင်းရိုက်ကူးပုံဖော်ထားတဲ့ကျန်တော့်ရဲ့ကြော်ငြာရိုက်ကူးရေးပုံလေးတွေပါ။ဒီတခါ Ashwarya Kumar ကိုမြန်မာဆန်ဆန်အိန္ဒြေရှိလှတဲ့ဟောလီဝုဒ်မှာပထမဆုံးရုပ်ရှင်ရိုက်ကူးခဲ့တဲ့မြန်မာရုပ်ရှင်မင်းသမီးကြီးဒေါ်ဝင်းမင်းသန်းရဲ့ပုံစံလေးကို Inspires ယူပုံဖော်ရိုက်ကူးထားတာပါ။ဒါကတော့ဖုန်းနဲ့ရိုက်ထားတဲ့ပုံကြမ်းလေးတွေပါ။” ဆိုပြီးတော့ Ashwarya Kumar ရဲ့အကောင့်မှာ Tag လုပ်ထားတာကိုတွေ့ရပါတယ်။
Ashwarya Kumar ဟာ မန္တလေးသူတစ်ယောက်ဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ကျောင်းတတ်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။ အခါအားလျော်စွာ မွေးရပ်မြေကို ပြန်လာပြီး အဖိုးအဖွားတွေနဲ့ တွေ့လေ့ရှိတာဖြစ်တယ်လို့လည်း သိရပါတယ်။
အွန်လိုင်းပေါ်မှာ သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံတွေကြောင့် အခုဆိုရင် ကြော်ငြာတွေကိုတောင် ရိုက်ကူးနေပြီလည်း ဖြစ်ပါတယ်။ သူ့ရဲ့ဆန္ဒကတော့ Bollywood မင်းသမီးတစ်ယောက်ဖြစ်ချင်တာလို့လည်း သိရပါတယ်။ Ashwarya Kumar ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်တွေကိုတော့ ပရိသတ်တွေ အတွက် ပြန်လည်မျှဝေလိုက်ပါတယ်။
Photo Credit:Ashwarya Kumar Facebook ၊ Ye Htet Aung (Tony)
ကြည်သာ (Akhayar)
www.akhayar.com