[Zawgyi]

အဲဗာတန္အသင္းကေန အငွားနဲ႔ေျပာင္းေရႊ႕ခဲ့ၾကတဲ့ မီရာလက္စ္ Mirallas နဲ႔ ၀ီလီယံစ္ Williams

အဲဗာတန္အသင္းရဲ႕ ေတာင္ပံကစားသမား မီရာလက္စ္ Mirallas နဲ႔ ေနာက္ခံလူ အက္ရွ္ေလ၀ီလီယံစ္ Ashley Williams တို႔ဟာ ဖီအုိရင္တီးနား၊ စတုတ္စီးတီးအသင္းေတြဆီ တစ္ရာသီအငွားနဲ႔ ေျပာင္းေရႊ႕သြားၿပီျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယံေတာင္ပံကစားသမား မီရာလက္စ္ဟာ ၿပီးခဲ့တဲ့ရာသီ၀က္ကလည္း အုိလံပီယာေကာ့စ္အသင္းဆီ အငွားနဲ႔ သြားကစားခဲ့ရၿပီး ဒီရာသီမွာလည္း အဲဗာတန္အသင္းက ရစ္ခ်ာလီဆန္Richarlison ကုိ ေခၚယူခဲ့တာေၾကာင့္ ပုံမွန္ကစားခြင့္ရဖုိ႔ မလြယ္တာေၾကာင့္ ဖီအုိရင္တီးနားအသင္းကုိ အငွားနဲ႔ ထပ္ၿပီးေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။ မီရာလက္စ္က ဖီအုိရင္တီးနားအသင္းနဲ႔ ေဆးစစ္မႈေအာင္ျမင္ခဲ့ရင္ စာခ်ဳပ္ခ်ဳပ္ဆုိသြားမွာပါ။

Mirallas

Mirallas

မီရာလက္စ္နဲ႔အတူ ၀ါရင့္ေနာက္ခံလူ အက္ရွ္ေလ၀ီလီယံစ္ Ashley Williams ကလည္း စတုတ္စီးတီးအသင္းဆီ တစ္ရာသီအငွားစာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕ခဲ့တယ္။

Ashley-Williams

Ashley-Williams

၂၀၁၆ ခုႏွစ္က ဆြမ္ဆီးအသင္းကေန ေျပာင္းေရႊ႕ခဲ့တဲ့ အက္ရွ္ေလ၀ီလီယံစ္ဟာ အဲဗာတန္အသင္းအတြက္ (၇၃)ပဲြကစား၊ (၃)ဂုိးသြင္းယူခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီက ၿပိဳင္ပဲြစုံ (၃၂)ပဲြကစားခဲ့ပါတယ္။ အသက္(၃၄)ႏွစ္ျပည့္ေတာ့မယ့္ ေ၀းလ္စ္ေနာက္ခံလူ အက္ရွ္ေလ၀ီလီယံစ္ဟာ ၿပီးခဲ့တဲ့ရာသီကုန္မွာ လိဂ္ခ်န္ပီယံရွစ္ကုိ တန္းဆင္းခဲ့ရတဲ့ စတုတ္စီးတီးအသင္းကုိ တန္းျပန္တက္လာေအာင္ ကူညီစြမ္းေဆာင္ေပးရမွာပါ။

REF:clickliverpool.com,evertonfc
Photo:The Sun,Mirror
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အဲဗာတန်အသင်းကနေ အငှားနဲ့ပြောင်းရွှေ့ခဲ့ကြတဲ့ မီရာလက်စ် Mirallas နဲ့ ဝီလီယံစ် Williams

အဲဗာတန်အသင်းရဲ့ တောင်ပံကစားသမား မီရာလက်စ် Mirallas နဲ့ နောက်ခံလူ အက်ရှ်လေဝီလီယံစ် Ashley Williams တို့ဟာ ဖီအိုရင်တီးနား၊ စတုတ်စီးတီးအသင်းတွေဆီ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။ ဘယ်လ်ဂျီယံတောင်ပံကစားသမား မီရာလက်စ်ဟာ ပြီးခဲ့တဲ့ရာသီဝက်ကလည်း အိုလံပီယာကော့စ်အသင်းဆီ အငှားနဲ့ သွားကစားခဲ့ရပြီး ဒီရာသီမှာလည်း အဲဗာတန်အသင်းက ရစ်ချာလီဆန်Richarlison ကို ခေါ်ယူခဲ့တာကြောင့် ပုံမှန်ကစားခွင့်ရဖို့ မလွယ်တာကြောင့် ဖီအိုရင်တီးနားအသင်းကို အငှားနဲ့ ထပ်ပြီးပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ မီရာလက်စ်က ဖီအိုရင်တီးနားအသင်းနဲ့ ဆေးစစ်မှုအောင်မြင်ခဲ့ရင် စာချုပ်ချုပ်ဆိုသွားမှာပါ။

Mirallas

Mirallas

မီရာလက်စ်နဲ့အတူ ဝါရင့်နောက်ခံလူ အက်ရှ်လေဝီလီယံစ် Ashley Williams ကလည်း စတုတ်စီးတီးအသင်းဆီ တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တယ်။

Ashley-Williams

Ashley-Williams

၂၀၁၆ ခုနှစ်က ဆွမ်ဆီးအသင်းကနေ ပြောင်းရွှေ့ခဲ့တဲ့ အက်ရှ်လေဝီလီယံစ်ဟာ အဲဗာတန်အသင်းအတွက် (၇၃)ပွဲကစား၊ (၃)ဂိုးသွင်းယူခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ (၃၂)ပွဲကစားခဲ့ပါတယ်။ အသက်(၃၄)နှစ်ပြည့်တော့မယ့် ဝေးလ်စ်နောက်ခံလူ အက်ရှ်လေဝီလီယံစ်ဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ လိဂ်ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ရတဲ့ စတုတ်စီးတီးအသင်းကို တန်းပြန်တက်လာအောင် ကူညီစွမ်းဆောင်ပေးရမှာပါ။

REF:clickliverpool.com,evertonfc
Photo:The Sun,Mirror
Naing Linn(Akhayar)
www.akhayar.com