[Zawgyi]

ဇာဗီ Xavi ရဲ႕ ကြက္လပ္ကုိ ျဖည့္ဆည္းေပးမယ့္ ဆမ္ဘာၾကယ္ပြင့္ (သုိ႔) အာသာမယ္လုိ Arthur Melo

၂၀၁၈၊ ဇူလုိင္ (၉)ရက္မွာ ဘာစီလုိနာအသင္းက အာသာမယ္လုိ Arthur Melo ကုိ ေခၚယူခဲ့တယ္။ ဘရာဇီးလ္ေျမမွာ လွ်မ္းလွ်မ္းေတာက္ေနေပမယ့္ ဥေရာပမွာေတာ့ လူသိနည္းတဲ့ ကစားသမားျဖစ္လုိ႔ အားလုံးက သံသယမ်က္လုံးေတြနဲ႔ ေစာင့္ၾကည့္ခဲ့ၾကတယ္။ ဒါေပမဲ့ ႏူးကမ့္ဟာ ဆမ္ဘာေတးသြားေတြ ခ်ိဳၿမိန္စြာ ပ်ံ႕လြင့္တတ္တဲ့ ေနရာ။ သူတို႔ ေခၚခဲ့တဲ့ ဘရာဇီးလ္ကစားသမား အမ်ားစုက ေအာင္ျမင္မႈေတြ သိမ္းပုိက္ခဲ့ဖူးတဲ့ သူေတြခ်ည္းပဲ။ ဒါေၾကာင့္လည္း ဘာစီလုိနာအသင္းက အာသာအတြက္ ယုံယုံၾကည္ၾကည္ ေငြသုံးခ့ဲတာေပါ့။

Arthur-Melo-Transfer-to-Barcelona

Arthur-Melo-Transfer-to-Barcelona

Style of play
အာသာဆုိတာက ကြင္းလယ္မွာ ေနရာစုံ ကစားႏုိင္တဲ့ Versatile Midfielder တစ္ဦးပါပဲ။ Central Midfielder ၊ Attacking Midfielder ၊ Defensive Midfielder ေနရာအမ်ိဳးမ်ိဳးကုိ ပဲြရဲ႕အေနအထားအေပၚ မူတည္ၿပီး Flexible ျဖစ္ေအာင္ ကစားႏုိင္တယ္။ အာသာရဲ႕ အဓိက အားသာခ်က္က ကြန္ျပဴတာနဲ႔ တြက္ခ်က္ထားသလုိ တိက်တဲ့ Passing Ability ၊ ေဘာလုံးအျမင္ေကာင္းမြန္မႈ စတာေတြပဲ။

Arthur-Melo-Playing-at-Gremio

Arthur-Melo-Playing-at-Gremio

အဲဒါေၾကာင့္လည္း အာသာကုိ ဇာဗီ Xavi လက္သစ္လုိ႔ မီဒီယာေတြက တင္စားေနၾကတာပဲျဖစ္ပါတယ္။ ဘရာဇီးလ္ကလပ္ ဂေရမီယုိမွာ ကစားတုန္းက ဘရာဇီးလ္လိဂ္မွာ ေဘာလုံးေပးပုိ႔မႈေပါင္း (၂၀၀၀)ေက်ာ္၊ ေအာင္ျမင္တဲ့ ေပးပုိ႔မႈက (၉၃.၁)ရာခုိင္ႏႈန္းအထိ စြမ္းေဆာင္ႏုိင္ခ့ဲတာက သူတစ္ေယာက္ပဲရွိတယ္။ Short Passing ေကာင္းမြန္လုိ႔လည္း သူ႔ကစားဟန္က ဘာစီလုိနာနဲ႔ ကြက္တိျဖစ္ေနတယ္။ အရပ္အျမင့္ (၅)ေပ၊ (၈)လက္မသာ ရွိေပမယ့္ မက္ဆီ Messi ၊ မာရာဒုိနာ Maradona တို႔လုိပဲ ကမၻာေျမႀကီးရဲ႕ ဆဲြငင္အားကုိ ပုိရလုိ႔ တျခားကစားသမားေတြထက္ Balance ပုိညီတဲ့အျပင္ Body Movement မွာလည္း တျခားကစားသမားေတြထက္ အားသာခ်က္ ပုိမ်ားတယ္။

Arthur-Melo-tried-to-score

Arthur-Melo-tried-to-score

အားနည္းခ်က္
အာသာအတြက္ အားနည္းခ်က္ကေတာ့ Physical ပုိင္းပါပဲ။ ခႏၶာကုိယ္ေသးတဲ့ ကစားသမားေတြ အၿမဲရင္ဆုိင္ရေလ့ရွိတဲ့ ျပႆနာပါ။ Physical ပုိေကာင္းတဲ့ ၿပိဳင္ဘက္ေတြနဲ႔ ရင္ဆုိင္ရတဲ့အခါ အာသာဟာ ႐ုန္းကန္ရေလ့ရွိတယ္။ အားနည္းခ်က္ေနာက္တစ္ခုက မလုိအပ္ဘဲ ေဘာလုံးကုိ ေျခေထာက္ထဲမွာ အခ်ိန္ၾကာၾကာ ထားၿပီး ကစာတာပါ။

Arthur-Melo-Style-of-Play

Arthur-Melo-Style-of-Play

အဲဒါေၾကာင့္ ၿပိဳင္ဘက္ေတြ ေဘာလုံးလုယူဖုိ႔ အခြင့္အေရးေပးသလုိ ျဖစ္တဲ့အျပင္ အသင္းရဲ႕ တိုက္စစ္ကလည္း အရွိန္က်ဆင္းသြားတတ္တယ္။ ေနာက္ၿပီး အာသာဟာ Naturally Creative Player တစ္ဦး မဟုတ္ပါဘူး။ ဒါေၾကာင့္ အသင္းေဖာ္ေတြအတြက္ ဂုိးဖန္တီးေပးတာမွာ အင္နီေယစတာ Iniesta လုိမ်ိဳး စြန္႔စြားၿပီး Risky Passes ေတြ မလုပ္ဘဲ အမ်ားစုက သာမန္ Passing ေတြျဖစ္ေနတာပါပဲ။ ဒါေပမဲ့ အာသာရဲ႕ အသက္က (၂၂)ႏွစ္သာ ရွိေသးလုိ႔ ဒီထက္ပုိ တုိးတက္လာဖုိ႔ေတာ့ ရွိေနပါတယ္။

Style-of-play

Style-of-play

ဘာစီလုိနာမွာ ဇာဗီ မရွိေတာ့ကတည္းက မက္ဆီ Messi နဲ႔ ဘူးစကြက္စ္ Busquets တို႔ၾကားမွာ ခ်ိတ္ဆက္ေပးၿပီး ခံစစ္၊ တိုက္စစ္ ကစားႏုိင္တဲ့သူ ေပ်ာက္ဆုံးေနေပမယ့္ အဲဒီကြက္လပ္ကုိ အာသာက ျဖည့္ဆည္းေပးႏုိင္ပါလိမ့္မယ္။ ဇာဗီရဲ႕ အဆင့္ကုိ ေရာက္ဖုိ႔ လုိအပ္ခ်က္ေတြ ရွိေနတုန္းပဲဆုိေပမယ့္ သူ႔ရဲ႕ အသက္အရြယ္၊ လက္ရွိစြမ္းေဆာင္ရည္ မွတ္တမ္းေတြက ဇာဗီလုိျဖစ္ဖုိ႔ မေ၀းေတာ့ပါဘူး။ ဒါေၾကာင့္ အာသာကုိ ဇာဗီရဲ႕ ကြက္လပ္ ျဖည့္ဆည္းေပးမယ့္ ဆမ္ဘာၾကယ္ပြင့္တစ္ဦးလုိ႔ပဲ သတ္မွတ္လုိက္ပါရေစ . . .

REF:sportskeeda
Photo:Getty Images,Everything Barca,Goal,Perú21,Besthqwallpapers
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဇာဗီ Xavi ရဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးမယ့် ဆမ်ဘာကြယ်ပွင့် (သို့) အာသာမယ်လို Arthur Melo

၂၀၁၈၊ ဇူလိုင် (၉)ရက်မှာ ဘာစီလိုနာအသင်းက အာသာမယ်လို Arthur Melo ကို ခေါ်ယူခဲ့တယ်။ ဘရာဇီးလ်မြေမှာ လျှမ်းလျှမ်းတောက်နေပေမယ့် ဥရောပမှာတော့ လူသိနည်းတဲ့ ကစားသမားဖြစ်လို့ အားလုံးက သံသယမျက်လုံးတွေနဲ့ စောင့်ကြည့်ခဲ့ကြတယ်။ ဒါပေမဲ့ နူးကမ့်ဟာ ဆမ်ဘာတေးသွားတွေ ချိုမြိန်စွာ ပျံ့လွင့်တတ်တဲ့ နေရာ။ သူတို့ ခေါ်ခဲ့တဲ့ ဘရာဇီးလ်ကစားသမား အများစုက အောင်မြင်မှုတွေ သိမ်းပိုက်ခဲ့ဖူးတဲ့ သူတွေချည်းပဲ။ ဒါကြောင့်လည်း ဘာစီလိုနာအသင်းက အာသာအတွက် ယုံယုံကြည်ကြည် ငွေသုံးခဲ့တာပေါ့။

Arthur-Melo-Transfer-to-Barcelona

Arthur-Melo-Transfer-to-Barcelona

Style of play
အာသာဆိုတာက ကွင်းလယ်မှာ နေရာစုံ ကစားနိုင်တဲ့ Versatile Midfielder တစ်ဦးပါပဲ။ Central Midfielder ၊ Attacking Midfielder ၊ Defensive Midfielder နေရာအမျိုးမျိုးကို ပွဲရဲ့အနေအထားအပေါ် မူတည်ပြီး Flexible ဖြစ်အောင် ကစားနိုင်တယ်။ အာသာရဲ့ အဓိက အားသာချက်က ကွန်ပြူတာနဲ့ တွက်ချက်ထားသလို တိကျတဲ့ Passing Ability ၊ ဘောလုံးအမြင်ကောင်းမွန်မှု စတာတွေပဲ။

Arthur-Melo-Playing-at-Gremio

Arthur-Melo-Playing-at-Gremio

အဲဒါကြောင့်လည်း အာသာကို ဇာဗီ Xavi လက်သစ်လို့ မီဒီယာတွေက တင်စားနေကြတာပဲဖြစ်ပါတယ်။ ဘရာဇီးလ်ကလပ် ဂရေမီယိုမှာ ကစားတုန်းက ဘရာဇီးလ်လိဂ်မှာ ဘောလုံးပေးပို့မှုပေါင်း (၂၀၀၀)ကျော်၊ အောင်မြင်တဲ့ ပေးပို့မှုက (၉၃.၁)ရာခိုင်နှုန်းအထိ စွမ်းဆောင်နိုင်ခဲ့တာက သူတစ်ယောက်ပဲရှိတယ်။ Short Passing ကောင်းမွန်လို့လည်း သူ့ကစားဟန်က ဘာစီလိုနာနဲ့ ကွက်တိဖြစ်နေတယ်။ အရပ်အမြင့် (၅)ပေ၊ (၈)လက်မသာ ရှိပေမယ့် မက်ဆီ Messi ၊ မာရာဒိုနာ Maradona တို့လိုပဲ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကို ပိုရလို့ တခြားကစားသမားတွေထက် Balance ပိုညီတဲ့အပြင် Body Movement မှာလည်း တခြားကစားသမားတွေထက် အားသာချက် ပိုများတယ်။

Arthur-Melo-tried-to-score

Arthur-Melo-tried-to-score

အားနည်းချက်
အာသာအတွက် အားနည်းချက်ကတော့ Physical ပိုင်းပါပဲ။ ခန္ဓာကိုယ်သေးတဲ့ ကစားသမားတွေ အမြဲရင်ဆိုင်ရလေ့ရှိတဲ့ ပြဿနာပါ။ Physical ပိုကောင်းတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ အာသာဟာ ရုန်းကန်ရလေ့ရှိတယ်။ အားနည်းချက်နောက်တစ်ခုက မလိုအပ်ဘဲ ဘောလုံးကို ခြေထောက်ထဲမှာ အချိန်ကြာကြာ ထားပြီး ကစာတာပါ။

Arthur-Melo-Style-of-Play

Arthur-Melo-Style-of-Play

အဲဒါကြောင့် ပြိုင်ဘက်တွေ ဘောလုံးလုယူဖို့ အခွင့်အရေးပေးသလို ဖြစ်တဲ့အပြင် အသင်းရဲ့ တိုက်စစ်ကလည်း အရှိန်ကျဆင်းသွားတတ်တယ်။ နောက်ပြီး အာသာဟာ Naturally Creative Player တစ်ဦး မဟုတ်ပါဘူး။ ဒါကြောင့် အသင်းဖော်တွေအတွက် ဂိုးဖန်တီးပေးတာမှာ အင်နီယေစတာ Iniesta လိုမျိုး စွန့်စွားပြီး Risky Passes တွေ မလုပ်ဘဲ အများစုက သာမန် Passing တွေဖြစ်နေတာပါပဲ။ ဒါပေမဲ့ အာသာရဲ့ အသက်က (၂၂)နှစ်သာ ရှိသေးလို့ ဒီထက်ပို တိုးတက်လာဖို့တော့ ရှိနေပါတယ်။

Style-of-play

Style-of-play

ဘာစီလိုနာမှာ ဇာဗီ မရှိတော့ကတည်းက မက်ဆီ Messi နဲ့ ဘူးစကွက်စ် Busquets တို့ကြားမှာ ချိတ်ဆက်ပေးပြီး ခံစစ်၊ တိုက်စစ် ကစားနိုင်တဲ့သူ ပျောက်ဆုံးနေပေမယ့် အဲဒီကွက်လပ်ကို အာသာက ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။ ဇာဗီရဲ့ အဆင့်ကို ရောက်ဖို့ လိုအပ်ချက်တွေ ရှိနေတုန်းပဲဆိုပေမယ့် သူ့ရဲ့ အသက်အရွယ်၊ လက်ရှိစွမ်းဆောင်ရည် မှတ်တမ်းတွေက ဇာဗီလိုဖြစ်ဖို့ မဝေးတော့ပါဘူး။ ဒါကြောင့် အာသာကို ဇာဗီရဲ့ ကွက်လပ် ဖြည့်ဆည်းပေးမယ့် ဆမ်ဘာကြယ်ပွင့်တစ်ဦးလို့ပဲ သတ်မှတ်လိုက်ပါရစေ . . .

REF:sportskeeda
Photo:Getty Images,Everything Barca,Goal,Perú21,Besthqwallpapers
Naing Linn(Akhayar)
www.akhayar.com