[Zawgyi]

အာဆင္နယ္နည္းျပ ရာထူးအတြက္ သေဘာတူညီမႈ ရရွိခဲ့တဲ့ အာတီတာ Arteta

ၿပီးခဲ့တဲ့ ရက္ပိုင္းက သတင္းေတြ ထြက္ေပၚေနတဲ့အတိုင္း နည္းျပသစ္ ရာထူးအတြက္ မန္စီးတီး လက္ေထာက္နည္းျပ အာတီတာ Arteta နဲ႔ အာဆင္နယ္အသင္းတို႔ သေဘာတူညီမႈ ရရွိခဲ့ပါတယ္။ ဝါရင့္နည္းျပ အာစင္ဝင္းဂါး Arsene Wenger အသင္းက ထြက္ခြာၿပီးေနာက္ နည္းျပသစ္ ရာထူးအတြက္ နာမည္ေက်ာ္ နည္းျပ အေျမာက္အမ်ားနဲ႔ သတင္းေတြ ထြက္ခဲ့ေပမယ့္ ကစားသမားေဟာင္း အာတီတာ Arteta ကို ခန္႔အပ္ခဲ့တာ ျဖစ္ပါတယ္။ အာဆင္နယ္အသင္းနဲ႔ အာတီတာ Arteta တို႔ နည္းျပရာထူးအတြက္ သေဘာတူညီမႈ ရရွိခဲ့ေပမယ့္ လာမယ့္ ရက္အနည္းငယ္အၾကာမွ  တရားဝင္ စာခ်ဳပ္,ခ်ဳပ္ဆို ခန္႔အပ္သြားမွာ ျဖစ္ပါတယ္။ အာဆင္နယ္အသင္းမွာ (၆)ရာသီၾကာ ကစားခဲ့တဲ့ ကြင္းလယ္လူ အာတီတာ Arteta ဟာ (၂၀၁၆)ခုႏွစ္မွာ ကစားသမားဘဝက အနားယူၿပီး နည္းျပဘဝကုိ ကူးေျပာင္းခဲ့ပါတယ္။ နည္းျပခ်ဳပ္ ရာထူးအတြက္ အေတြ႔အႀကံဳ မရွိေသးေပမယ့္ မန္စီးတီးကို ဂြါဒီယိုလာ Guardiola စတင္ကိုင္တြယ္ၿပီးေနာက္ အာတီတာ Arteta ဟာ လက္ေထာက္နည္းျပအျဖစ္ တာဝန္ယူေဆာင္ရြက္ေနခဲ့တာ ျဖစ္ပါတယ္။

Arteta-agree-to-become-new-Arsenal-manager

Arteta-agree-to-become-new-Arsenal-manager

လူငယ္နည္းျပေတြ ဥေရာပေဘာလံုးေလာကမွာ ေအာင္ျမင္ေနတဲ့ ေခတ္ျဖစ္လို႔ အသင္းနဲ႔ လိုက္ေလ်ာညီေထြရွိၿပီး အရည္အခ်င္းရွိတဲ့ အာတီတာ Arteta ကို နည္းျပသစ္အျဖစ္ ယံုၾကည္စြာ ခန္႔အပ္ခဲ့တာျဖစ္ေၾကာင္း အလုပ္အမႈေဆာင္အရာရွိ ဂါဇီဒစ္ Gazidis က ေျပာၾကားခဲ့ပါတယ္။ အာတီတာ Arteta နဲ႔ သေဘာတူညီမႈ ရရွိခဲ့ၿပီးေနာက္ အသင္းရဲ႕ အုပ္ခ်ဳပ္မႈပိုင္းဆိုင္ရာကိုပါ ပံုစံအသစ္နဲ႔ ျပန္လည္ ဖြဲ႔စည္းသြားမွာ ျဖစ္ပါတယ္။ ဘာစီလိုနာအသင္းကေန ေရာက္ရွိလာတဲ့ အားကစားဆက္ဆံေရး ဒါရိုက္တာ ဇန္လယ္ဟီ Sanllehi အျပင္ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလက ေဒါ့မြန္အသင္းကေန ေခၚယူခဲ့တဲ့ ကင္းေထာက္ခ်ဳပ္ မစ္လင္းတက္ Mislintat တို႔ကို ျပန္လည္ဖြဲ႔စည္းမယ့္ အသင္းအုပ္ခ်ဳပ္မႈပိုင္းဆိုင္ရာမွာ ထည့္သြင္းသြားမွာ ျဖစ္ပါတယ္။ အာဆင္နယ္အသင္းရဲ႕ လက္ရွိနည္းျပအဖြဲ႔ဝင္ေတြျဖစ္တဲ့ လက္ေထာက္နည္းျပ စတိဗ္ဘိုးလ္ Steve Bould နဲ႔ ေလးမန္း Lehmann တို႔ကို အသင္းမွာ ဆက္ရွိေနဖို႔ ႀကိဳးပမ္းသြားမွာျဖစ္သလို ကစားသမားဘဝက အနားဖို႔ရွိေနတဲ့ အသင္းကြင္းလယ္လူ ကာဇိုလာ Cazorla ကို နည္းျပအဖြဲ႔ဝင္အျဖစ္ ေဆာင္ရြက္ေပးဖို႔ ကမ္းလွမ္းသြားမွာ ျဖစ္တယ္လို႔ အာတီတာက ေျပာၾကားခဲ့ပါတယ္။ အေစာပိုင္းက ပစ္မွတ္ျဖစ္ခဲ့တဲ့ အယ္လီဂရီ Allegri ဂ်ဴဗင္တပ္စ္အသင္းမွာ ဆက္ရွိေနဖို႔ ဆံုးျဖတ္ခဲ့တာေၾကာင့္ အာတီတာ Arteta ကို နည္းျပသစ္အျဖစ္ ခန္႔အပ္ခဲ့တာျဖစ္ေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။

REF:Goal.com
Photo:Esquire, Sky Sports, World Sports Logo
Aung Kyaw Wai(Akhayar)
www.akhayar.com

[Unicode]

အာဆင်နယ်နည်းပြ ရာထူးအတွက် သဘောတူညီမှု ရရှိခဲ့တဲ့ အာတီတာ Arteta

ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းတွေ ထွက်ပေါ်နေတဲ့အတိုင်း နည်းပြသစ် ရာထူးအတွက် မန်စီးတီး လက်ထောက်နည်းပြ အာတီတာ Arteta နဲ့ အာဆင်နယ်အသင်းတို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဝါရင့်နည်းပြ အာစင်ဝင်းဂါး Arsene Wenger အသင်းက ထွက်ခွာပြီးနောက် နည်းပြသစ် ရာထူးအတွက် နာမည်ကျော် နည်းပြ အမြောက်အများနဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် ကစားသမားဟောင်း အာတီတာ Arteta ကို ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းနဲ့ အာတီတာ Arteta တို့ နည်းပြရာထူးအတွက် သဘောတူညီမှု ရရှိခဲ့ပေမယ့် လာမယ့် ရက်အနည်းငယ်အကြာမှ  တရားဝင် စာချုပ်,ချုပ်ဆို ခန့်အပ်သွားမှာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းမှာ (၆)ရာသီကြာ ကစားခဲ့တဲ့ ကွင်းလယ်လူ အာတီတာ Arteta ဟာ (၂၀၁၆)ခုနှစ်မှာ ကစားသမားဘဝက အနားယူပြီး နည်းပြဘဝကို ကူးပြောင်းခဲ့ပါတယ်။ နည်းပြချုပ် ရာထူးအတွက် အတွေ့အကြုံ မရှိသေးပေမယ့် မန်စီးတီးကို ဂွါဒီယိုလာ Guardiola စတင်ကိုင်တွယ်ပြီးနောက် အာတီတာ Arteta ဟာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်နေခဲ့တာ ဖြစ်ပါတယ်။

Arteta-agree-to-become-new-Arsenal-manager

Arteta-agree-to-become-new-Arsenal-manager

လူငယ်နည်းပြတွေ ဥရောပဘောလုံးလောကမှာ အောင်မြင်နေတဲ့ ခေတ်ဖြစ်လို့ အသင်းနဲ့ လိုက်လျောညီထွေရှိပြီး အရည်အချင်းရှိတဲ့ အာတီတာ Arteta ကို နည်းပြသစ်အဖြစ် ယုံကြည်စွာ ခန့်အပ်ခဲ့တာဖြစ်ကြောင်း အလုပ်အမှုဆောင်အရာရှိ ဂါဇီဒစ် Gazidis က ပြောကြားခဲ့ပါတယ်။ အာတီတာ Arteta နဲ့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် အသင်းရဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာကိုပါ ပုံစံအသစ်နဲ့ ပြန်လည် ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကနေ ရောက်ရှိလာတဲ့ အားကစားဆက်ဆံရေး ဒါရိုက်တာ ဇန်လယ်ဟီ Sanllehi အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလက ဒေါ့မွန်အသင်းကနေ ခေါ်ယူခဲ့တဲ့ ကင်းထောက်ချုပ် မစ်လင်းတက် Mislintat တို့ကို ပြန်လည်ဖွဲ့စည်းမယ့် အသင်းအုပ်ချုပ်မှုပိုင်းဆိုင်ရာမှာ ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ လက်ရှိနည်းပြအဖွဲ့ဝင်တွေဖြစ်တဲ့ လက်ထောက်နည်းပြ စတိဗ်ဘိုးလ် Steve Bould နဲ့ လေးမန်း Lehmann တို့ကို အသင်းမှာ ဆက်ရှိနေဖို့ ကြိုးပမ်းသွားမှာဖြစ်သလို ကစားသမားဘဝက အနားဖို့ရှိနေတဲ့ အသင်းကွင်းလယ်လူ ကာဇိုလာ Cazorla ကို နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းသွားမှာ ဖြစ်တယ်လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ အစောပိုင်းက ပစ်မှတ်ဖြစ်ခဲ့တဲ့ အယ်လီဂရီ Allegri ဂျူဗင်တပ်စ်အသင်းမှာ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အာတီတာ Arteta ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

REF:Goal.com
Photo:Esquire, Sky Sports, World Sports Logo
Aung Kyaw Wai(Akhayar)
www.akhayar.com