[Zawgyi]

အာဆင္နယ္နည္းျပဘ၀မွာ အသက္အႏၱရာယ္ၿခိမ္းေျခာက္မႈေတြေၾကာင့္ သက္ေတာ္ေစာင့္ ငွားရမ္းခဲ့ရတဲ့ Arsene Wenger

အာဆင္နယ္အသင္းရဲ႕ ဂႏၳ၀င္နည္းျပ အာစင္၀င္းဂါး Arsene Wenger ဟာ အသင္းနဲ႔ လမ္းမခဲြခင္ (၂)ႏွစ္တာကာလအတြင္း အသက္အႏၱရာယ္ၿခိမ္းေျခာက္မႈေတြေၾကာင့္ အာဆင္နယ္အသင္းက သူ႔အတြက္ သီးသန္႔ သက္ေတာ္ေစာင့္ (Bodyguard) တစ္ဦး ငွားရမ္းခဲ့ရပါတယ္။ အားကစားဂ်ာနယ္လစ္ တစ္ဦးျဖစ္သူ ဂၽြန္ခေရာ႔စ္ John Cross ေရးသားတဲ့ အာစင္၀င္းဂါးရဲ႕ Biography စာအုပ္ထဲမွာ အဲဒီအေၾကာင္းကုိ ဖြင့္ခ်ခဲ့တာျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္တုန္းက ကမၻာတစ္၀ွမ္းက လူသိထင္ရွား ပုဂၢိဳလ္ (Public Figures) ေတြကုိ အၾကမ္းဖက္ၿခိမ္းေျခာက္မႈေတြ ျမင့္တက္လာတာေၾကာင့္ အာဆင္နယ္အသင္းက အာစင္၀င္းဂါးအတြက္ သက္ေတာ္ေစာင့္တစ္ဦး ငွားရမ္းေပးခဲ့တာပါ။

Wenger-was-subject-to-obscene-abuse-from-Arsenal-fans

Wenger-was-subject-to-obscene-abuse-from-Arsenal-fans

အဲဒီစာအုပ္ထဲမွာပဲ ၂၀၁၄ ခုႏွစ္၊ ဒီဇင္ဘာတုနး္က စတုတ္စီးတီးကုိ အေ၀းကြင္းမွာ (၃-၂)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့တဲ့ပဲြအၿပီး အာဆင္နယ္ပရိသတ္ေတြက အာစင္၀င္းဂါးကုိ ႐ုိင္း႐ုိင္းစုိင္းစုိင္း ေျပာဆုိခဲ့ၾကတာေၾကာင့္ ပရိသတ္ေတြရဲ႕ ေဒါသက အာစင္၀င္းဂါးအေပၚ မုန္းတီးမႈအျဖစ္ ေျပာင္းလဲသြားခဲ့တယ္လုိ႔ ေရးသားေဖာ္ျပခဲ့တယ္။ အာဆင္နယ္အသင္းကုိ ၁၉၉၆ ခုႏွစ္ကေန စတင္ကုိင္တြယ္ခဲ့တဲ့ အာစင္၀င္းဂါးဟာ (၂၂)ႏွစ္အၾကာ ၿပီးခဲ့တဲ့ရာသီကုန္မွာ အသင္းနဲ႔လမ္းခဲြခဲ့ၿပီး သူကုိင္တြယ္ခဲ့တ့ဲကာလအတြင္း ပရီးမီးယားလိဂ္အပါအ၀င္ ျပည္တြင္းဆုဖလားေတြ ရယူေပးခဲ့သူျဖစ္ပါတယ္။ အာဆင္နယ္အသင္းနဲ႔ လမ္းခဲြခဲ့ၿပီးေနာက္မွာေတာ့ အာစင္၀င္းဂါးဟာ နည္းျပေလာကကေန အနားယူေနၿပီး ဘယ္အသင္းကုိ ကုိင္တြယ္မလဲဆုိတာ အတိအက်မေျပာေသးပါဘူး။

အာဆင္နယ္အသင္းအတြက္ အာစင္၀င္းဂါး ရယူခဲ့တဲ့ ဆုဖလားမ်ား

– Premier League: 1997–98, 2001–02, 2003–04
– FA Cup: 1997–98, 2001–02, 2002–03, 2004–05, 2013–14, 2014–15, 2016–17
– FA Community Shield: 1998, 1999, 2002, 2004, 2014, 2015, 2017

REF:Daily Mail
Photo:.sportskeeda,.thesun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အာဆင်နယ်နည်းပြဘဝမှာ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကြောင့် သက်တော်စောင့် ငှားရမ်းခဲ့ရတဲ့ Arsene Wenger

အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်နည်းပြ အာစင်ဝင်းဂါး Arsene Wenger ဟာ အသင်းနဲ့ လမ်းမခွဲခင် (၂)နှစ်တာကာလအတွင်း အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကြောင့် အာဆင်နယ်အသင်းက သူ့အတွက် သီးသန့် သက်တော်စောင့် (Bodyguard) တစ်ဦး ငှားရမ်းခဲ့ရပါတယ်။ အားကစားဂျာနယ်လစ် တစ်ဦးဖြစ်သူ ဂျွန်ခရော့စ် John Cross ရေးသားတဲ့ အာစင်ဝင်းဂါးရဲ့ Biography စာအုပ်ထဲမှာ အဲဒီအကြောင်းကို ဖွင့်ချခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက ကမ္ဘာတစ်ဝှမ်းက လူသိထင်ရှား ပုဂ္ဂိုလ် (Public Figures) တွေကို အကြမ်းဖက်ခြိမ်းခြောက်မှုတွေ မြင့်တက်လာတာကြောင့် အာဆင်နယ်အသင်းက အာစင်ဝင်းဂါးအတွက် သက်တော်စောင့်တစ်ဦး ငှားရမ်းပေးခဲ့တာပါ။

Wenger-was-subject-to-obscene-abuse-from-Arsenal-fans

Wenger-was-subject-to-obscene-abuse-from-Arsenal-fans

အဲဒီစာအုပ်ထဲမှာပဲ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာတုန်းက စတုတ်စီးတီးကို အဝေးကွင်းမှာ (၃-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး အာဆင်နယ်ပရိသတ်တွေက အာစင်ဝင်းဂါးကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခဲ့ကြတာကြောင့် ပရိသတ်တွေရဲ့ ဒေါသက အာစင်ဝင်းဂါးအပေါ် မုန်းတီးမှုအဖြစ် ပြောင်းလဲသွားခဲ့တယ်လို့ ရေးသားဖော်ပြခဲ့တယ်။ အာဆင်နယ်အသင်းကို ၁၉၉၆ ခုနှစ်ကနေ စတင်ကိုင်တွယ်ခဲ့တဲ့ အာစင်ဝင်းဂါးဟာ (၂၂)နှစ်အကြာ ပြီးခဲ့တဲ့ရာသီကုန်မှာ အသင်းနဲ့လမ်းခွဲခဲ့ပြီး သူကိုင်တွယ်ခဲ့တဲ့ကာလအတွင်း ပရီးမီးယားလိဂ်အပါအဝင် ပြည်တွင်းဆုဖလားတွေ ရယူပေးခဲ့သူဖြစ်ပါတယ်။ အာဆင်နယ်အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက်မှာတော့ အာစင်ဝင်းဂါးဟာ နည်းပြလောကကနေ အနားယူနေပြီး ဘယ်အသင်းကို ကိုင်တွယ်မလဲဆိုတာ အတိအကျမပြောသေးပါဘူး။

အာဆင်နယ်အသင်းအတွက် အာစင်ဝင်းဂါး ရယူခဲ့တဲ့ ဆုဖလားများ

– Premier League: 1997–98, 2001–02, 2003–04
– FA Cup: 1997–98, 2001–02, 2002–03, 2004–05, 2013–14, 2014–15, 2016–17
– FA Community Shield: 1998, 1999, 2002, 2004, 2014, 2015, 2017

REF:Daily Mail
Photo:.sportskeeda,.thesun
Naing Linn(Akhayar)
www.akhayar.com