[Zawgyi]

ပဲြစဥ္(၁၂)အၿပီး ပရီးမီးယားလိဂ္ထိပ္သီးကလပ္အသင္းေတြရဲ႕ မွတ္တမ္းမ်ား

၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပဲြကေတာ့ ပဲြစဥ္(၁၂)အထိ ေရာက္ရွိလာပါၿပီ။ ဒီအခ်ိန္မွာ မန္စီးတီးအသင္းက အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ေနၿပီး လီဗာပူးလ္၊ ခ်ယ္လ္ဆီးအသင္းတို႔ကေတာ့ ေနာက္ကေန ဖိအားလုိက္ေပးေနတယ္။ ပဲြစဥ္(၁၂)အၿပီး ပရီးမီးယားလိဂ္ႀကီး(၆)ႀကီးရဲ႕ မွတ္တမ္းမွတ္ရာ တခ်ိဳ႕ကုိ ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာ္ျပလုိက္ပါတယ္ . . .

ပထမပုိင္းမွာ ဦးေဆာင္ႏုိင္ျခင္း မရွိေသးတဲ့ အာဆင္နယ္

Arsenals-first-half-woes

Arsenals-first-half-woes

ဒီရာသီ ပဲြစဥ္(၁၂)အၿပီး ပထမပုိင္းမွာ ဦးေဆာင္ႏုိင္ျခင္း မရွိေသးတာက (၂)သင္းပဲရွိၿပီး အာဆင္နယ္နဲ႔ ကာဒစ္ဖ္အသင္းတို႔ျဖစ္ေနတယ္။ အာဆင္နယ္အသင္းဟာ ပထမပုိင္းအၿပီးမွာ ၿပိဳင္ဘက္ကုိ ဦးေဆာင္ထားႏုိင္တာမ်ိဳး မရွိေပမယ့္ ဒုတိယပုိင္းသြင္းဂုိးေတြေၾကာင့္ ရလဒ္ေကာင္းေတြ ရယူေနတာလုိ႔ ဆုိရမယ္။

Pass Master ခ်ယ္လ္ဆီး

jorginho

jorginho

နည္းျပသစ္ ဆာရီ Maurizio Sarri လက္ထက္ သစ္လြင္တဲ့ ကစားဟန္နဲ႔ ပရီးမီးယားလိဂ္မွာ ႐ႈံးပဲြမရွိေသးတဲ့ ခ်ယ္လ္ဆီးအသင္းဟာ ေဘာလုံေပးပုိ႔မႈ အမ်ားဆုံးအသင္းအျဖစ္ ရပ္တည္ေနတယ္။ ခ်ယ္လ္ဆီးအသင္းဟာ အခုအခ်ိန္အထိ ေဘာလုံးေပးပုိ႔မႈ စုစုေပါင္း (၈၇၀၆)ႀကိမ္ျပဳလုပ္ထားၿပီး မန္စီးတီးအသင္းထက္ အႀကိမ္(၅၀၀)ေက်ာ္ ပုိမ်ားေနတယ္။ ခ်ယ္လ္ဆီးအသင္းရဲ႕ တစ္ပဲြပ်မ္းမွ် ေဘာလုံးပုိင္ဆုိင္မႈကလည္း ေၾကာက္ခမန္းလိလိပါပဲ။ ဆာရီအသင္းဟာ တစ္ပဲြကုိ ပ်မ္းမွ် ေဘာလုံးပုိင္ဆုိင္မႈက (၆၇.၈)ရာခုိင္ႏႈန္းအထိ ရွိေနတာပါ။

ရာသီအစမွာ အျမင့္ပ်ံေနတဲ့ ႀကိဳးၾကာနီ

Liverpools-best-PL-start

Liverpools-best-PL-start

ပရီးမီးယားလိဂ္မွာ (၁၂)ပဲြကစားအၿပီး (၉)ပဲြႏုိင္၊ (၃)ပဲြသေရက်ခဲ့တာဟာ ပရီးမီးယားလိဂ္ သမုိင္းတစ္ေလွ်ာက္ လီဗာပူးလ္အသင္းရဲ႕ အေကာင္းဆုံး ရာသီအစမွတ္တမ္းျဖစ္ပါတယ္။ ၂၀၀၂-၀၃ ရာသီတုန္းက လီဗာပူးလ္အသင္းဟာ အခုလုိပဲ ပဲြစဥ္(၁၂)အၿပီးမွာ ရမွတ္(၃၀)အထိ ရယူခဲ့ေပမယ့္ ဂုိးကြာျခားခ်က္မွာေတာ့ ဒီရာသီအသင္းက ပုိသာခဲ့ၿပီး (+၁၈)အထိ ရွိေနတာပါ။

Great Wall လားထင္ရတဲ့ မန္စီးတီး ခံစစ္

Manchester-City-Players

Manchester-City-Players

မန္စီးတီးအသင္းရဲ႕ ခံစစ္ကေတာ့ တ႐ုတ္ျပည္က မဟာတံတုိင္း (Great Wall)ႀကီးအတိုင္းပါပဲ။ မန္စီးတီးအသင္းဟာ ပဲြစဥ္(၁၂)အၿပီး ေပးဂုိး (၅)ဂုိးသာရွိေသးၿပီး သူတို႔နဲ႔အတူ ေပးဂုိးအနည္းဆုံးျဖစ္ေနတာက လီဗာပူးလ္ျဖစ္ပါတယ္။

မွတ္တမ္းဆုိးနဲ႔ မန္ယူ

Manchester-Uniteds-negative-goal-difference

Manchester-Uniteds-negative-goal-difference

ဒီရာသီမွာ ရလဒ္ဆုိးေတြနဲ႔ ႐ုန္းကန္ေနရတဲ့ မန္ယူအသင္းကေတာ့ ေနာက္ထပ္ မွတ္တမ္းဆုိးတစ္ခုကို ပုိင္ဆုိင္ခဲ့ျပန္ပါၿပီ။ အဲဒါကေတာ့ ၁၉၇၇-၇၈ ေနာက္ပုိင္း ပဲြစဥ္(၁၂)အၿပီး အဆုိးရြားဆုံး Goal Difference ျဖစ္ေနတာပါပဲ။ မန္ယူအသင္းဟာ သြင္းဂုိး (၂၀)၊ ေပးဂုိး (-၂၁)ျဖစ္ေနလုိ႔ ဂုိးကြာျခားခ်က္က (-၁)ျဖစ္ေနတာဟာ ႏွစ္ေပါင္း(၄၀)ေက်ာ္အတြင္း ပထမဆုံးျဖစ္ပါတယ္။

ကစားသမားအေျပာင္းအလဲအမ်ားဆုံး စပါး

Harry-Kane-and-Mauricio-Pochettino

Harry-Kane-and-Mauricio-Pochettino

ဒီရာသီမွာ စပါးအသင္းက ကစားသမားစုစုေပါင္း (၂၄)ဦးအထိ အသုံးျပဳထားၿပီး ကစားသမားအေျပာင္းအလဲ အမ်ားဆုံးအသင္းအျဖစ္ ရပ္တည္ေနတယ္။ နည္းျပပုိခ်က္တီႏုိ Mauricio Pochettino အေနနဲ႔ ခ်န္ပီယံလိဂ္၊ ပရီးမီးယားလိဂ္ ၿပိဳင္ပဲြ(၂)ခုၾကား ဟန္ခ်က္ညီေအာင္ ႀကိဳးစားေနရတာေၾကာင့္ ကစားသမားေတြ ပဲြမပန္းေစဖုိ႔ အလွည့္က်ပုံစ က်င့္သုံးေနတာလုိ႔ပဲ ေျပာရမယ္။

REF:skysports
Photo:shorouknews,Daily Advent Nigeria,The Independent,The National,Getty Images,liverpooloffside
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပွဲစဉ်(၁၂)အပြီး ပရီးမီးယားလိဂ်ထိပ်သီးကလပ်အသင်းတွေရဲ့ မှတ်တမ်းများ

၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ ပွဲစဉ်(၁၂)အထိ ရောက်ရှိလာပါပြီ။ ဒီအချိန်မှာ မန်စီးတီးအသင်းက အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပြီး လီဗာပူးလ်၊ ချယ်လ်ဆီးအသင်းတို့ကတော့ နောက်ကနေ ဖိအားလိုက်ပေးနေတယ်။ ပွဲစဉ်(၁၂)အပြီး ပရီးမီးယားလိဂ်ကြီး(၆)ကြီးရဲ့ မှတ်တမ်းမှတ်ရာ တချို့ကို ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ် . . .

ပထမပိုင်းမှာ ဦးဆောင်နိုင်ခြင်း မရှိသေးတဲ့ အာဆင်နယ်

Arsenals-first-half-woes

Arsenals-first-half-woes

ဒီရာသီ ပွဲစဉ်(၁၂)အပြီး ပထမပိုင်းမှာ ဦးဆောင်နိုင်ခြင်း မရှိသေးတာက (၂)သင်းပဲရှိပြီး အာဆင်နယ်နဲ့ ကာဒစ်ဖ်အသင်းတို့ဖြစ်နေတယ်။ အာဆင်နယ်အသင်းဟာ ပထမပိုင်းအပြီးမှာ ပြိုင်ဘက်ကို ဦးဆောင်ထားနိုင်တာမျိုး မရှိပေမယ့် ဒုတိယပိုင်းသွင်းဂိုးတွေကြောင့် ရလဒ်ကောင်းတွေ ရယူနေတာလို့ ဆိုရမယ်။

Pass Master ချယ်လ်ဆီး

jorginho

jorginho

နည်းပြသစ် ဆာရီ Maurizio Sarri လက်ထက် သစ်လွင်တဲ့ ကစားဟန်နဲ့ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ ချယ်လ်ဆီးအသင်းဟာ ဘောလုံပေးပို့မှု အများဆုံးအသင်းအဖြစ် ရပ်တည်နေတယ်။ ချယ်လ်ဆီးအသင်းဟာ အခုအချိန်အထိ ဘောလုံးပေးပို့မှု စုစုပေါင်း (၈၇၀၆)ကြိမ်ပြုလုပ်ထားပြီး မန်စီးတီးအသင်းထက် အကြိမ်(၅၀၀)ကျော် ပိုများနေတယ်။ ချယ်လ်ဆီးအသင်းရဲ့ တစ်ပွဲပျမ်းမျှ ဘောလုံးပိုင်ဆိုင်မှုကလည်း ကြောက်ခမန်းလိလိပါပဲ။ ဆာရီအသင်းဟာ တစ်ပွဲကို ပျမ်းမျှ ဘောလုံးပိုင်ဆိုင်မှုက (၆၇.၈)ရာခိုင်နှုန်းအထိ ရှိနေတာပါ။

ရာသီအစမှာ အမြင့်ပျံနေတဲ့ ကြိုးကြာနီ

Liverpools-best-PL-start

Liverpools-best-PL-start

ပရီးမီးယားလိဂ်မှာ (၁၂)ပွဲကစားအပြီး (၉)ပွဲနိုင်၊ (၃)ပွဲသရေကျခဲ့တာဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် လီဗာပူးလ်အသင်းရဲ့ အကောင်းဆုံး ရာသီအစမှတ်တမ်းဖြစ်ပါတယ်။ ၂၀၀၂-၀၃ ရာသီတုန်းက လီဗာပူးလ်အသင်းဟာ အခုလိုပဲ ပွဲစဉ်(၁၂)အပြီးမှာ ရမှတ်(၃၀)အထိ ရယူခဲ့ပေမယ့် ဂိုးကွာခြားချက်မှာတော့ ဒီရာသီအသင်းက ပိုသာခဲ့ပြီး (+၁၈)အထိ ရှိနေတာပါ။

Great Wall လားထင်ရတဲ့ မန်စီးတီး ခံစစ်

Manchester-City-Players

Manchester-City-Players

မန်စီးတီးအသင်းရဲ့ ခံစစ်ကတော့ တရုတ်ပြည်က မဟာတံတိုင်း (Great Wall)ကြီးအတိုင်းပါပဲ။ မန်စီးတီးအသင်းဟာ ပွဲစဉ်(၁၂)အပြီး ပေးဂိုး (၅)ဂိုးသာရှိသေးပြီး သူတို့နဲ့အတူ ပေးဂိုးအနည်းဆုံးဖြစ်နေတာက လီဗာပူးလ်ဖြစ်ပါတယ်။

မှတ်တမ်းဆိုးနဲ့ မန်ယူ

Manchester-Uniteds-negative-goal-difference

Manchester-Uniteds-negative-goal-difference

ဒီရာသီမှာ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ မန်ယူအသင်းကတော့ နောက်ထပ် မှတ်တမ်းဆိုးတစ်ခုကို ပိုင်ဆိုင်ခဲ့ပြန်ပါပြီ။ အဲဒါကတော့ ၁၉၇၇-၇၈ နောက်ပိုင်း ပွဲစဉ်(၁၂)အပြီး အဆိုးရွားဆုံး Goal Difference ဖြစ်နေတာပါပဲ။ မန်ယူအသင်းဟာ သွင်းဂိုး (၂၀)၊ ပေးဂိုး (-၂၁)ဖြစ်နေလို့ ဂိုးကွာခြားချက်က (-၁)ဖြစ်နေတာဟာ နှစ်ပေါင်း(၄၀)ကျော်အတွင်း ပထမဆုံးဖြစ်ပါတယ်။

ကစားသမားအပြောင်းအလဲအများဆုံး စပါး

Harry-Kane-and-Mauricio-Pochettino

Harry-Kane-and-Mauricio-Pochettino

ဒီရာသီမှာ စပါးအသင်းက ကစားသမားစုစုပေါင်း (၂၄)ဦးအထိ အသုံးပြုထားပြီး ကစားသမားအပြောင်းအလဲ အများဆုံးအသင်းအဖြစ် ရပ်တည်နေတယ်။ နည်းပြပိုချက်တီနို Mauricio Pochettino အနေနဲ့ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ် ပြိုင်ပွဲ(၂)ခုကြား ဟန်ချက်ညီအောင် ကြိုးစားနေရတာကြောင့် ကစားသမားတွေ ပွဲမပန်းစေဖို့ အလှည့်ကျပုံစ ကျင့်သုံးနေတာလို့ပဲ ပြောရမယ်။

REF:skysports
Photo:shorouknews,Daily Advent Nigeria,The Independent,The National,Getty Images,liverpooloffside
Naing Linn(Akhayar)
www.akhayar.com