ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာတော့ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း Aubameyang ဟာ Black Panther ဖြစ်သွားခဲ့ပါတယ်။ နားနည်းနည်း ရှုပ်သွားနိုင်ပေမယ့် အူဘာမီယန်း အကြောင်းကို ပရိသတ်တွေ သိပြီးသားဖြစ်မှာပါ။ Super Hero မျက်နှာဖုံးနဲ့ အောင်ပွဲခံတတ်တဲ့ အူဘာမီယန်း ဟာ အာဆင်နယ် က Rennes ကို ( ၃ – ၀ )နဲ့ အနိုင်ယူခဲ့တဲ့ ပွဲမှာ Black Panther မျက်နှာဖုံး နဲ့ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ပထမအကျော့ပွဲစဉ်မှာ Rennes အသင်းကို ( ၃ – ၁ )နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့ပွဲစဉ်မှာတော့ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ဒီပွဲမှာတော့ အူဘာမီယန်း ဟာ အာဆင်နယ်အသင်းရဲ့ Super Hero ဖြစ်ခဲ့ပြီး (၂)ဂိုးသွင်း ၊ (၁)ဂိုးဖန်တီးပေးခဲ့သလို အသင်းအတွက် တတိယဦးဆောင်ဂိုး သွင်းယူအပြီးမှာ အခုလို Black Panther မျက်နှာဖုံးနဲ့ အောင်ပွဲခံခဲ့တာပဲဖြစ်ပါတယ်။ အူဘာမီယန်း က ” ကျွန်တော်ကို ကိုယ်စားပြုဖို့ မျက်နှာဖုံးတစ်ခုလိုအပ်ခဲ့ပါတယ်။ ဒါကတော့ Black Panther မျက်နှာဖုံးပါပဲ။ အာဖရိက က ဂါဘွန်မှာတော့ ကျွန်တော်တို့ကို ဂါဘွန်ရဲ့ကျားသစ်နက်လို့ခေါ်ပါတယ်။ ဒါက ကျွန်တော့်ကို ကိုယ်စားပြုပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။

အူဘာမီယန်း အောင်ပွဲခံတဲ့ ဗီဒီယိုကြည့်ရန်လင်ခ့်

Ref: B/R Football
Photo: Arsenal Twitter , Yahoo
Ko Kyue(Akhayar)
www.akhayar.com