[Zawgyi]

ျပင္သစ္လက္ေရြးစင္ကစားသမား ဘ၀ကေနအနားယူခဲ႔တဲ႔ ကိုစီယဲလ္နီ Koscielny

အာဆင္နယ္အသငး္ရဲ႕ ျပင္သစ္လက္ေရြးစင္ ကစားသမား ကိုစီယဲလ္နီ Koscielny ဟာ ႏိုင္ငံလက္ေရြးစင္ကစားသမားဘ၀ကေန အနားယူခဲ႔ပါျပီ။ ကိုစီယဲလ္နီဟာ ျပင္သစ္အသင္းရဲ႕ ကမၻာ႔ဖလားေအာင္ပြဲမွာ မပါ၀င္ခဲ႔လို႔ စိတ္မေကာင္းျဖစ္မိတယ္လို႔ ေျပာၾကားခဲ႔ပါတယ္။ အာဆင္နယ္နဲ႔ အက္သလက္တီကိုတို႔ ကစားခဲ႔တဲ႔ ယူ႐ိုပါလိဂ္ပြဲစဥ္ပြဲစဥ္မွာ ကိုစီယဲလ္နီဟာ ဖေနာင္႔ေၾကာဒဏ္ရာရရိွခဲ႔ျပီး ဒီဒဏ္ရာေၾကာင္႔ ကမၻာ႔ဖလားျပိဳင္ပြဲကို လြဲေခ်ာ္ခဲ႔ပါတယ္။

Koscielny

Koscielny

ကိုစီယဲလ္နီ က ” ျပင္သစ္အသင္းအတြက္ က်ြန္ေတာ္အရာရာေပးဆပ္ကစားခဲ႔တယ္လို႔ ထင္ပါတယ္။ က်ြန္ေတာ္အသက္ (၃၃)ႏွစ္ရိွပါျပီ။ က်ြန္ေတာ္ ယူ႐ိုျပိဳင္ပြဲ(၂)ၾကိမ္နဲ႔ ကမၻာ႔ဖလားျပိဳင္ပြဲ (၁)ၾကိမ္ကစားခဲ႔ပါတယ္။ လက္ရိွျပင္သစ္အသင္းမွာ ေကာင္းမြန္တဲ႔ ကစားသမားမ်ိဳးဆက္နဲ႔ ေကာင္းမြန္တဲ႔ ကစားသမားေတြရိွေနပါတယ္။ က်ြန္ေတာ္ရဲ႕ ဒဏ္ရာေၾကာင္႔ က်ြန္ေတာ္ရဲ႕ ဆံုးျဖတ္ခ်က္ကိုေျပာင္းလဲဖို႔က မျဖစ္ႏိုင္ပါဘူး။ က်ြန္ေတာ္႔ရဲ႕ ျပင္သစ္လက္ေရြးစင္ကစားသမား ဘ၀ကျပီးဆံုးခဲ႔ပါျပီ ” လို႔ေျပာၾကားခဲ႔ပါတယ္။ ကိုစီယဲလ္နီဟာ ျပင္သစ္လက္ေရြးစင္အသင္းမွာ ၂၀၁၁ ခုႏွစ္ကစတင္ကစားခဲ႔ျပီး ၂၀၁၈ ခုႏွစ္အေရာက္မွာေတာ႔ အနားယူခဲ႔တာပဲျဖစ္ပါတယ္။ ျပင္သစ္လက္ေရြးစင္အသင္းအတြက္ ကိုစီယဲလ္နီဟာ (၅၁)ပြဲကစားခဲ႔ျပီး (၁)ဂိုးသြင္းယူခဲ႔ပါတယ္။

Ref: Sky Sports
Photo: Stadium Astro , Ghanasoccernet.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ပြင်သစ်လက်ရွေးစင်ကစားသမား ဘဝကနေအနားယူခဲ့တဲ့ ကိုစီယဲလ်နီ Koscielny

အာဆင်နယ်အသင်းရဲ့ ပြင်သစ်လက်ရွေးစင် ကစားသမား ကိုစီယဲလ်နီ Koscielny ဟာ နိုင်ငံလက်ရွေးစင်ကစားသမားဘဝကနေ အနားယူခဲ့ပါပြီ။ ကိုစီယဲလ်နီဟာ ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလားအောင်ပွဲမှာ မပါဝင်ခဲ့လို့ စိတ်မကောင်းဖြစ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်နဲ့ အက်သလက်တီကိုတို့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်ပွဲစဉ်မှာ ကိုစီယဲလ်နီဟာ ဖနောင့်ကြောဒဏ်ရာရရှိခဲ့ပြီး ဒီဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ခဲ့ပါတယ်။

Koscielny

Koscielny

ကိုစီယဲလ်နီ က ” ပြင်သစ်အသင်းအတွက် ကျွန်တော်အရာရာပေးဆပ်ကစားခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်အသက် (၃၃)နှစ်ရှိပါပြီ။ ကျွန်တော် ယူရိုပြိုင်ပွဲ(၂)ကြိမ်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ (၁)ကြိမ်ကစားခဲ့ပါတယ်။ လက်ရှိပြင်သစ်အသင်းမှာ ကောင်းမွန်တဲ့ ကစားသမားမျိုးဆက်နဲ့ ကောင်းမွန်တဲ့ ကစားသမားတွေရှိနေပါတယ်။ ကျွန်တော်ရဲ့ ဒဏ်ရာကြောင့် ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်ကိုပြောင်းလဲဖို့က မဖြစ်နိုင်ပါဘူး။ ကျွန်တော့်ရဲ့ ပြင်သစ်လက်ရွေးစင်ကစားသမား ဘဝကပြီးဆုံးခဲ့ပါပြီ ” လို့ပြောကြားခဲ့ပါတယ်။ ကိုစီယဲလ်နီဟာ ပြင်သစ်လက်ရွေးစင်အသင်းမှာ ၂၀၁၁ ခုနှစ်ကစတင်ကစားခဲ့ပြီး ၂၀၁၈ ခုနှစ်အရောက်မှာတော့ အနားယူခဲ့တာပဲဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ကိုစီယဲလ်နီဟာ (၅၁)ပွဲကစားခဲ့ပြီး (၁)ဂိုးသွင်းယူခဲ့ပါတယ်။

Ref: Sky Sports
Photo: Stadium Astro , Ghanasoccernet.com
Ko Kyue(Akhayar)
www.akhayar.com