[Zawgyi]

၂၀၁၉ ခုႏွစ္က စၿပီး အက်ႌစပြန္ဆာ၀င္ေငြ တိုးျမင့္ရရွိေတာ့မယ္ အာဆင္နယ္

အာဆင္နယ္အသငး္ဟာ အက်ႌစပြန္ဆာအျဖစ္ ၂၀၁၉ ခုႏွစ္က စၿပီး နာမည္ႀကီး Adidas ကုမၸဏီနဲ႔ လက္တဲြသြားမွာျဖစ္လုိ႔ အက်ႌစပြန္ဆာ၀င္ေငြေတြလည္း တိုးျမင့္ရရွိေတာ့မွာျဖစ္ပါတယ္။ အာဆင္နယ္အသင္းနဲ႔ အခု လက္တဲြထားတဲ့ PUMA ကုမၸဏီနဲ႔ခ်ဳပ္ဆုိထားတဲ့ (၅)ႏွစ္စာခ်ဳပ္က ၂၀၁၉ ခုႏွစ္က်ရင္ သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး PUMA ေနရာမွာ Adidas က စပြန္ဆာကုမၸဏီသစ္အျဖစ္ အစားထုိး၀င္ေရာက္လာမွာပါ။ အာဆင္နယ္အသင္းနဲ႔ PUMA ကုမၸဏီတို႔ ခ်ဳပ္ဆုိထားတဲ့ စာခ်ဳပ္အရ (၁)ႏွစ္ကုိ ေပါင္သန္း(၃၀)ရရွိေနေပမယ့္ အခု စပြန္ဆာစာခ်ဳပ္သစ္အရ ၂၀၁၉ ခုႏွစ္က စၿပီး အဲဒီထက္(၂)ဆပမာဏျဖစ္တဲ့ (၁)ႏွစ္ေပါင္သန္း(၆၀)အထိရရွိသြားမွာျဖစ္ပါတယ္။

Arsenal-are-to-change-from-Puma-to-adidas-as-their-new-kit-sponsor-from-next-year

Arsenal-are-to-change-from-Puma-to-adidas-as-their-new-kit-sponsor-from-next-year

ဒါေၾကာင့္ အာဆင္နယ္အသင္းအေနနဲ႔ ၂၀၁၉-၂၀ ေႏြရာသီကာလမွာ ကစားသမားသစ္ေတြ ေခၚယူအားျဖည့္ဖုိ႔အတြက္ ေငြသုံးစဲြလုိ႔ ရမယ့္အေနအထားပါပဲ။ ေနာက္ၿပီး ကမၻာေပၚမွာ စပြန္ဆာေၾကးအမ်ားဆုံးရေနတဲ့ ထိပ္ဆုံးအသငး္ေတြထဲမွာ ပါ၀င္လာႏုိင္ေတာ့မွာျဖစ္ပါတယ္။ အခုေလာေလာဆယ္ ကမၻာ႔စံခ်ိန္တင္စပြန္ဆာ၀င္ေငြ အမ်ားဆုံးရေနတာက လာလီဂါထိပ္သီး ဘာစီလုိနာအသင္းျဖစ္ၿပီး Nike နဲ႔ ခ်ဳပ္ဆုိထားတဲ့ စာခ်ဳပ္အရ (၁)ႏွစ္ကုိ ေပါင္သန္း(၁၂၀)အထိ ရရွိေနတာျဖစ္ၿပီး ဒုတိယအမ်ားဆုံးက မန္ယူျဖစ္ပါတယ္။ တတိယေနရာမွာေတာ့ ခ်ယ္လ္ဆီးအသငး္က ေပါင္သန္း(၆၀)နဲ႔ ရပ္တည္ေနၿပီး အာဆင္နယ္က ေပါင္သန္း(၃၀)နဲ႔ အဆင့္(၆)ေနရာမွာသာရွိေနတာပါ။

ကမၻာ႔ေၾကးအျမင့္ဆုံး စပြန္ဆာစာခ်ဳပ္ပုိင္ရွင္ကလပ္မ်ား

1 Barcelona – Nike £140m (2018-2028)
2 Manchester United – Adidas £75m (2015-2025)
3 Chelsea – Nike £60m (2016-2032)
4 Bayern Munich – Adidas £43m (2015-2030)
5 Real Madrid – Adidas £34m (2012-2020)
6 Arsenal – Puma £30m (2014-2019)
7 Tottenham Hotspur – Nike £30m (2017-Unknown)

REF:Daily Mail
Photo:Evening Standard,Getty Images
Naing Linn(Akhayar)
www.akhayar.com

[Unicode]

၂၀၁၉ ခုနှစ်က စပြီး အင်္ကျီစပွန်ဆာဝင်ငွေ တိုးမြင့်ရရှိတော့မယ် အာဆင်နယ်

အာဆင်နယ်အသင်းဟာ အင်္ကျီစပွန်ဆာအဖြစ် ၂၀၁၉ ခုနှစ်က စပြီး နာမည်ကြီး Adidas ကုမ္ပဏီနဲ့ လက်တွဲသွားမှာဖြစ်လို့ အင်္ကျီစပွန်ဆာဝင်ငွေတွေလည်း တိုးမြင့်ရရှိတော့မှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းနဲ့ အခု လက်တွဲထားတဲ့ PUMA ကုမ္ပဏီနဲ့ချုပ်ဆိုထားတဲ့ (၅)နှစ်စာချုပ်က ၂၀၁၉ ခုနှစ်ကျရင် သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး PUMA နေရာမှာ Adidas က စပွန်ဆာကုမ္ပဏီသစ်အဖြစ် အစားထိုးဝင်ရောက်လာမှာပါ။ အာဆင်နယ်အသင်းနဲ့ PUMA ကုမ္ပဏီတို့ ချုပ်ဆိုထားတဲ့ စာချုပ်အရ (၁)နှစ်ကို ပေါင်သန်း(၃၀)ရရှိနေပေမယ့် အခု စပွန်ဆာစာချုပ်သစ်အရ ၂၀၁၉ ခုနှစ်က စပြီး အဲဒီထက်(၂)ဆပမာဏဖြစ်တဲ့ (၁)နှစ်ပေါင်သန်း(၆၀)အထိရရှိသွားမှာဖြစ်ပါတယ်။

Arsenal-are-to-change-from-Puma-to-adidas-as-their-new-kit-sponsor-from-next-year

Arsenal-are-to-change-from-Puma-to-adidas-as-their-new-kit-sponsor-from-next-year

ဒါကြောင့် အာဆင်နယ်အသင်းအနေနဲ့ ၂၀၁၉-၂၀ နွေရာသီကာလမှာ ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ဖို့အတွက် ငွေသုံးစွဲလို့ ရမယ့်အနေအထားပါပဲ။ နောက်ပြီး ကမ္ဘာပေါ်မှာ စပွန်ဆာကြေးအများဆုံးရနေတဲ့ ထိပ်ဆုံးအသင်းတွေထဲမှာ ပါဝင်လာနိုင်တော့မှာဖြစ်ပါတယ်။။ အခုလောလောဆယ် ကမ္ဘာ့စံချိန်တင်စပွန်ဆာဝင်ငွေ အများဆုံးရနေတာက လာလီဂါထိပ်သီး ဘာစီလိုနာအသင်းဖြစ်ပြီး Nike နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ (၁)နှစ်ကို ပေါင်သန်း(၁၂၀)အထိ ရရှိနေတာဖြစ်ပြီး ဒုတိယအများဆုံးက မန်ယူဖြစ်ပါတယ်။ တတိယနေရာမှာတော့ ချယ်လ်ဆီးအသင်းက ပေါင်သန်း(၆၀)နဲ့ ရပ်တည်နေပြီး အာဆင်နယ်က ပေါင်သန်း(၃၀)နဲ့ အဆင့်(၆)နေရာမှာသာရှိနေတာပါ။

ကမ္ဘာ့ကြေးအမြင့်ဆုံး စပွန်ဆာစာချုပ်ပိုင်ရှင်ကလပ်များ

1 Barcelona – Nike £140m (2018-2028)
2 Manchester United – Adidas £75m (2015-2025)
3 Chelsea – Nike £60m (2016-2032)
4 Bayern Munich – Adidas £43m (2015-2030)
5 Real Madrid – Adidas £34m (2012-2020)
6 Arsenal – Puma £30m (2014-2019)
7 Tottenham Hotspur – Nike £30m (2017-Unknown)

REF:Daily Mail
Photo:Evening Standard,Getty Images
Naing Linn(Akhayar)
www.akhayar.com