[Zawgyi]

သမုိင္းတြင္မယ့္ စံခ်ိန္မွတ္တမ္းေကာင္းတစ္ခုကုိ အာဆင္နယ္ အရယူႏုိင္မလား

အာဆင္နယ္အသင္းကုိ တားဆီးမယ့္သူ မရိွေတာ့ဘူးလား။ ဂႏၳ၀င္နည္းျပႀကီး အာစင္၀င္းဂါး Arsene Wenger မရွိေတာ့တဲ့အခ်ိန္မွာ အာဆင္နယ္အသင္းဟာ Captain မရွိေတာ့တဲ့ သေဘၤာတစ္စင္းလုိ ပရမ္းပတာျဖစ္သြားမယ္လုိ႔ ထင္မွတ္ခဲ့သူေတြက အမ်ားအျပားပဲ။ အာဆင္နယ္အသင္းရဲ႕ ပဲ့ကုိင္ရွင္သစ္ အူႏုိင္းအမ္မရီ Unai Emery ျဖစ္လာေပမယ့္ သူ႔ကုိ ေစာင့္ႀကိဳေနတဲ့ သံသယမ်က္လုံးေတြ၊ ဖိအားေတြကလည္း အမ်ားႀကီး။

Unai-Emery

Unai-Emery

ရာသီအစမွာ မန္စီးတီး၊ ခ်ယ္လ္ဆီးတို႔ကုိ (၂)ပဲြဆက္ ႐ႈံးခဲ့လုိ႔ အာဆင္နယ္ ခ်န္ပီယံလိဂ္၀င္ခြင့္ေတာင္ နပ္မမွန္ႏုိင္ေတာ့ဘူးလုိ႔ အာဆင္နယ္ပရိသတ္တခ်ိဳ႕ကုိယ္တိုင္ ယူဆခဲ့ၾကတယ္။

Arsenal-lost-Man-City-By-2-0

Arsenal-lost-Man-City-By-2-0

ဒါေပမဲ့ ရာသီအစ (၂)ပဲြဆက္ ႐ႈံးၿပီးကတည္းက Gunners တို႔ ႐ႈံးပဲြအရသာကုိ ေနာက္ထပ္ မျမည္းစမ္းရေတာ့ဘဲ ေတာက္ေလွ်ာက္ ႏုိင္ပဲြဆက္ခဲ့တယ္။ မေန႔က ကစားခဲ့တဲ့ စပုိ႔တင္းလစၥဘြန္းနဲ႔ ယူ႐ုိပါလိဂ္ပဲြမွာ အႏုိင္ရခဲ့ၿပီးေနာက္မွာေတာ့ အာဆင္နယ္အသင္း ၿပိဳင္ပဲြစုံ (၁၁)ပဲြဆက္အႏုိင္မွတ္တမ္းကုိ ပုိင္ဆုိင္ခဲ့ၿပီ။ ဒါဟာ တကယ့္ကုိ ဂုဏ္ယူစရာေကာင္းတဲ့ မွတ္တမ္းတစ္ခုျဖစ္သလုိ ၂၀၀၇ ၊ ေအာက္တိုဘာတုန္းက (၁၂)ပဲြဆက္ အႏုိင္ရခဲ့ၿပီးေနာက္ပုိင္း သူတို႔ရဲ႕ အေကာင္းဆုံး မွတ္တမ္းလုိ႔ ဆုိရမယ္။

Danny-Welbeck-

Danny-Welbeck-

ေနာက္ထပ္ ဂုဏ္ယူစရာက အာဆင္နယ္အသင္းဟာ အခုပဲြမတိုင္ခင္ ေပၚတူဂီေျမမွာ ကစားခဲ့တဲ့ (၆)ပဲြစလုံး ႏုိင္ပဲြမရခဲ့ဘဲ (၃)ပဲြသေရ၊ (၃)ပဲြ႐ႈံးၿပီး ဒီပဲြမွ အႏုိင္ရခဲ့တာလည္းျဖစ္တယ္။ အခုဆုိရင္ အာဆင္နယ္အသင္းအတြက္ သမုိင္းတြင္မယ့္ စံခ်ိန္မွတ္တမ္းေကာင္းတစ္ခုကလည္း ေစာင့္ႀကိဳေနၿပီ။ အဲဒါကေတာ့ ကလပ္စံခ်ိန္တင္ျဖစ္တဲ့ ၿပိဳင္ပဲြစုံ (၁၄)ပဲြဆက္ ႏုိင္ပဲြမွတ္တမ္း ျပန္လည္ရယူႏုိင္မလားဆုိတာပါပဲ။

Arsenal-Players

Arsenal-Players

အာဆင္နယ္အသင္းဟာ ၁၉၈၇ စက္တင္ဘာ (၁၂)ရက္ကေန ႏုိ၀င္ဘာလ (၁၁)ရက္အထိ ၿပိဳင္ပဲြစုံ (၁၄)ပဲြဆက္ အႏုိင္ရခဲ့ၿပီး ကလပ္စံခ်ိန္ တင္ခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ လာမယ့္ (၃)ပဲြမွာ ပဲေလ့စ္(ပရီးမီးယားလိဂ္-အေ၀း)၊ ဘလက္ပူးလ္ (လိဂ္ဖလား-အိမ္)၊ လီဗာပူးလ္ (ပရီးမီးယားလိဂ္-အိမ္)တို႔နဲ႔ ဆုံေတြ႕ရမွာျဖစ္ၿပီး လီဗာပူးလ္တစ္သင္းကုိပဲ ခက္ခက္ခဲခဲ ရင္ဆုိင္ရမယ့္အေနအထားပဲ။ အဲဒီ(၃)ပဲြၿပီးရင္ စပုိ႔တင္းလစၥဘြန္းနဲ႔ အိမ္ကြင္း ျပန္ကစားရမွာျဖစ္လုိ႔ လီဗာပူးလ္ကုိသာ ေက်ာ္ျဖတ္ႏုိင္ခဲ့ရင္ စံခ်ိန္သစ္ႏုိင္ဖုိ႔ ေသခ်ာသေလာက္ရွိသြားၿပီ။ ကဲ .. Gunners ပရိသတ္ႀကီးေရ .. အာဆင္နယ္အသင္း သူတို႔ရဲ႕ ေျခစြမ္းေကာင္းကုိ ဆက္ထိန္းၿပီး စံခ်ိန္သစ္တင္ႏုိင္မလား၊ လာမယ့္ပဲြေတြမွာ ေျခေခ်ာ္မလားဆုိတာ ေစာင့္ၾကည့္လုိက္ရေအာင္လား . . .

REF:Wikipedia
Photo:Arsenal.com,Mirror,The Independent,Telegraph,.whoateallthepies.
Naing Linn(Akhayar)
www.akhayar.com

[Unicode]

သမိုင်းတွင်မယ့် စံချိန်မှတ်တမ်းကောင်းတစ်ခုကို အာဆင်နယ် အရယူနိုင်မလား

အာဆင်နယ်အသင်းကို တားဆီးမယ့်သူ မရှိတော့ဘူးလား။ ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါး Arsene Wenger မရှိတော့တဲ့အချိန်မှာ အာဆင်နယ်အသင်းဟာ Captain မရှိတော့တဲ့ သင်္ဘောတစ်စင်းလို ပရမ်းပတာဖြစ်သွားမယ်လို့ ထင်မှတ်ခဲ့သူတွေက အများအပြားပဲ။ အာဆင်နယ်အသင်းရဲ့ ပဲ့ကိုင်ရှင်သစ် အူနိုင်းအမ်မရီ Unai Emery ဖြစ်လာပေမယ့် သူ့ကို စောင့်ကြိုနေတဲ့ သံသယမျက်လုံးတွေ၊ ဖိအားတွေကလည်း အများကြီး။

Unai-Emery

Unai-Emery

ရာသီအစမှာ မန်စီးတီး၊ ချယ်လ်ဆီးတို့ကို (၂)ပွဲဆက် ရှုံးခဲ့လို့ အာဆင်နယ် ချန်ပီယံလိဂ်ဝင်ခွင့်တောင် နပ်မမှန်နိုင်တော့ဘူးလို့ အာဆင်နယ်ပရိသတ်တချို့ကိုယ်တိုင် ယူဆခဲ့ကြတယ်။

Arsenal-lost-Man-City-By-2-0

Arsenal-lost-Man-City-By-2-0

ဒါပေမဲ့ ရာသီအစ (၂)ပွဲဆက် ရှုံးပြီးကတည်းက Gunners တို့ ရှုံးပွဲအရသာကို နောက်ထပ် မမြည်းစမ်းရတော့ဘဲ တောက်လျှောက် နိုင်ပွဲဆက်ခဲ့တယ်။ မနေ့က ကစားခဲ့တဲ့ စပို့တင်းလစ္စဘွန်းနဲ့ ယူရိုပါလိဂ်ပွဲမှာ အနိုင်ရခဲ့ပြီးနောက်မှာတော့ အာဆင်နယ်အသင်း ပြိုင်ပွဲစုံ (၁၁)ပွဲဆက်အနိုင်မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပြီ။ ဒါဟာ တကယ့်ကို ဂုဏ်ယူစရာကောင်းတဲ့ မှတ်တမ်းတစ်ခုဖြစ်သလို ၂၀၀၇ ၊ အောက်တိုဘာတုန်းက (၁၂)ပွဲဆက် အနိုင်ရခဲ့ပြီးနောက်ပိုင်း သူတို့ရဲ့ အကောင်းဆုံး မှတ်တမ်းလို့ ဆိုရမယ်။

Danny-Welbeck-

Danny-Welbeck-

နောက်ထပ် ဂုဏ်ယူစရာက အာဆင်နယ်အသင်းဟာ အခုပွဲမတိုင်ခင် ပေါ်တူဂီမြေမှာ ကစားခဲ့တဲ့ (၆)ပွဲစလုံး နိုင်ပွဲမရခဲ့ဘဲ (၃)ပွဲသရေ၊ (၃)ပွဲရှုံးပြီး ဒီပွဲမှ အနိုင်ရခဲ့တာလည်းဖြစ်တယ်။ အခုဆိုရင် အာဆင်နယ်အသင်းအတွက် သမိုင်းတွင်မယ့် စံချိန်မှတ်တမ်းကောင်းတစ်ခုကလည်း စောင့်ကြိုနေပြီ။ အဲဒါကတော့ ကလပ်စံချိန်တင်ဖြစ်တဲ့ ပြိုင်ပွဲစုံ (၁၄)ပွဲဆက် နိုင်ပွဲမှတ်တမ်း ပြန်လည်ရယူနိုင်မလားဆိုတာပါပဲ။

Arsenal-Players

Arsenal-Players

အာဆင်နယ်အသင်းဟာ ၁၉၈၇ စက်တင်ဘာ (၁၂)ရက်ကနေ နိုဝင်ဘာလ (၁၁)ရက်အထိ ပြိုင်ပွဲစုံ (၁၄)ပွဲဆက် အနိုင်ရခဲ့ပြီး ကလပ်စံချိန် တင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ လာမယ့် (၃)ပွဲမှာ ပဲလေ့စ်(ပရီးမီးယားလိဂ်-အဝေး)၊ ဘလက်ပူးလ် (လိဂ်ဖလား-အိမ်)၊ လီဗာပူးလ် (ပရီးမီးယားလိဂ်-အိမ်)တို့နဲ့ ဆုံတွေ့ရမှာဖြစ်ပြီး လီဗာပူးလ်တစ်သင်းကိုပဲ ခက်ခက်ခဲခဲ ရင်ဆိုင်ရမယ့်အနေအထားပဲ။ အဲဒီ(၃)ပွဲပြီးရင် စပို့တင်းလစ္စဘွန်းနဲ့ အိမ်ကွင်း ပြန်ကစားရမှာဖြစ်လို့ လီဗာပူးလ်ကိုသာ ကျော်ဖြတ်နိုင်ခဲ့ရင် စံချိန်သစ်နိုင်ဖို့ သေချာသလောက်ရှိသွားပြီ။ ကဲ .. Gunners ပရိသတ်ကြီးရေ .. အာဆင်နယ်အသင်း သူတို့ရဲ့ ခြေစွမ်းကောင်းကို ဆက်ထိန်းပြီး စံချိန်သစ်တင်နိုင်မလား၊ လာမယ့်ပွဲတွေမှာ ခြေချော်မလားဆိုတာ စောင့်ကြည့်လိုက်ရအောင်လား . . .

REF:Wikipedia
Photo:Arsenal.com,Mirror,The Independent,Telegraph,.whoateallthepies.
Naing Linn(Akhayar)
www.akhayar.com