[Zawgyi]

အီမရိတ္စ္ကြင္းမွာ ႐ုန္းကန္ရဖုိ႔ရွိေနတဲ့ လက္ရွိခ်န္ပီယံ မန္စီးတီး

ပရီးမီးယားလိဂ္ပဲြစဥ္(၁) Super Sunday မွာေတာ့ အာဆင္နယ္နဲ႔ လက္ရွိခ်န္ပီယံ မန္စီးတီးအသင္းတို႔ အီမရိတ္စ္ကြင္းမွာ အားစမ္းၾကမယ့္ ပြဲႀကီးပဲြေကာင္းပါ၀င္ေနတယ္။ ဒီရာသီမွာ နည္းျပအေျပာင္းအလဲ လုပ္ထားၿပီး ကစားသမားသစ္ တခ်ိဳ႕ေခၚယူျပင္ဆင္ထားတဲ့ အာဆင္နယ္တို႔ မန္စီးတီးအသင္းကုိ ဒုကၡေပးႏုိင္မလား ေစာင့္ၾကည့္ရမယ္။ အေစာပုိင္းပဲြေတြမွာေတာ့ လီဗာပူးလ္-၀က္စ္ဟမ္း၊ ေဆာက္သမ္တန္-ဘန္ေလ တို႔ ယွဥ္ၿပိဳင္သြားၾကမွာပါ . . .

လီဗာပူးလ္-၀က္စ္ဟမ္း (တနဂၤေႏြ ည ၇း၀၀ နာရီ)

Liverpool-vs-West-Ham

Liverpool-vs-West-Ham

ေႏြရာသီမွာ ကစားသမားသစ္ေတြကုိ ေပါင္သန္း(၁၀၀)ေက်ာ္ အသုံးျပဳၿပီး အားျဖည့္ထားတဲ့ လီဗာပူးလ္နဲ႔ နာမည္ႀကီး ကစားသမားေတြ ေခၚယူထားတဲ့ ၀က္စ္ဟမ္းတို႔ရဲ႕ ထိပ္တုိက္ေတြ႕ဆုံမႈက အရင္ႏွစ္ေတြကထက္ ပုိၿပီး အႀကိတ္အနယ္ရွိလာမယ္။ ၿပီးခဲ့တဲ့ရာသီေတြတုန္းက အလယ္အလတ္အသင္းေတြနဲ႔ ေတြ႕ရင္ ႐ုန္းကန္ရေလ့ရိွတာကုိ လီဗာပူးလ္ ျပင္ဆင္ႏုိင္ပါ့မလား။ အန္ဖီးလ္ကြင္းမွာ လီဗာပူးလ္ အႏုိင္ရဖုိ႔ရွိေပမယ့္ ၀က္စ္ဟမ္းရဲ႕ လက္ရွိအေနအထားက ေတာင့္တင္းလာတာေၾကာင့္ ခက္ခက္ခဲခဲကစားၿပီးမွ ကပ္ႏုိင္သြားဖုိ႔ရွိတယ္။

ေဆာက္သမ္တန္-ဘန္ေလ (တနဂၤေႏြ ည ၇း၀၀ နာရီ)
ႏွစ္သင္းစလုံးရဲ႕ ကစားသမားစုဖဲြ႕မႈနဲ႔ ေျခစြမ္းက အကြာႀကီးမဟုတ္ဘူး။ ေဆာက္သမ္တန္အသင္းက အရင္ႏွစ္က ကစားသမားေတြကုိပဲ အားျပဳထားၿပီး ႀကီးႀကီးမားမား ေျပာင္းလဲမႈ မရွိေပမယ့္ ဘန္ေလကေတာ့ ဂုိးသမား ဂ်ိဳးဟတ္ Joe Hart အပါအသင္ ကစားသမားသစ္တခ်ိဳ႕ ေခၚယူအားျဖည့္ထားတယ္။ ဒါေပမဲ့ အိမ္ကြင္းဆုိရင္ ေျခစြမ္းမာေက်ာတဲ့ ေဆာက္သမ္တန္ကုိပဲ ေရြးခ်င္ပါတယ္။

အာဆင္နယ္-မန္စီးတီး (တနဂၤေႏြ ည ၉း၃၀)

De-Bruyne-against-Welbeck

De-Bruyne-against-Welbeck

နည္းျပသစ္ အူႏုိင္းအမ္မရီ Unai Emery လက္ထက္မွာ အာဆင္နယ္ ဘယ္ေလာက္အထိ ေျပာင္းလဲသြားမလဲဆုိတာ စမ္းသပ္ခံရမယ္။ ဂုိးသမား ေလႏုိ Leno ၊ ခံစစ္မွာ ဆုိကေရတစ္ Sokratis ၊ လစ္ခ်္စတုိင္နာ Lichtsteiner ၊ ကြင္းလယ္မွာ ဥ႐ုေဂြးလူငယ္ကစားသမား ေတာ္ရဲရား Torreira တို႔ကုိ ေခၚယူထားတဲ့ အာဆင္နယ္အသင္းရဲ႕ လူစာရင္းက အားရစရာေကာင္းတယ္။ လက္ရွိခ်န္ပီယံ မန္စီးတီးအသင္းက မာရက္ဇ္ Mahrez တစ္ဦးတည္းကုိသာ ေခၚယူထားေပမယ့္ ေျခစြမ္းက ထက္ျမက္ေနဆဲဆုိတာ ၿပီးခဲ့တဲ့ ကြန္ျမဴနတီဒုိင္းပဲြမွာ ေတြ႕ရမယ္။ ေနရာအလုိက္မွာလည္း ႏွစ္သင္းစာ လူစာရင္းရွိေနတဲ့အျပင္ ဒီပဲြမွာ အဓိက ကစားသမားအစုံအလင္ ပါ၀င္လာမွာျဖစ္လုိ႔ အာဆင္နယ္ သတိထားကစားရမွာပါ။ ဒါေပမဲ့ အီမရိတ္စ္မွာ အာဆင္နယ္ မရႈံးႏုိင္ဘူးလုိ႔ ထင္တယ္။

Photo:Evening Standard,Getty Images,pktribune.com
Naing Linn(Akhayar)
www.akhayar.com
[Zawgyi]

အီမရိတ်စ်ကွင်းမှာ ရုန်းကန်ရဖို့ရှိနေတဲ့ လက်ရှိချန်ပီယံ မန်စီးတီး

ပရီးမီးယားလိဂ်ပွဲစဉ်(၁) Super Sunday မှာတော့ အာဆင်နယ်နဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းတို့ အီမရိတ်စ်ကွင်းမှာ အားစမ်းကြမယ့် ပွဲကြီးပွဲကောင်းပါဝင်နေတယ်။ ဒီရာသီမှာ နည်းပြအပြောင်းအလဲ လုပ်ထားပြီး ကစားသမားသစ် တချို့ခေါ်ယူပြင်ဆင်ထားတဲ့ အာဆင်နယ်တို့ မန်စီးတီးအသင်းကို ဒုက္ခပေးနိုင်မလား စောင့်ကြည့်ရမယ်။ အစောပိုင်းပွဲတွေမှာတော့ လီဗာပူးလ်-ဝက်စ်ဟမ်း၊ ဆောက်သမ်တန်-ဘန်လေ တို့ ယှဉ်ပြိုင်သွားကြမှာပါ . . .

လီဗာပူးလ်-ဝက်စ်ဟမ်း (တနင်္ဂနွေ ည ရး၀၀ နာရီ)

Liverpool-vs-West-Ham

Liverpool-vs-West-Ham

နွေရာသီမှာ ကစားသမားသစ်တွေကို ပေါင်သန်း(၁၀၀)ကျော် အသုံးပြုပြီး အားဖြည့်ထားတဲ့ လီဗာပူးလ်နဲ့ နာမည်ကြီး ကစားသမားတွေ ခေါ်ယူထားတဲ့ ဝက်စ်ဟမ်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုက အရင်နှစ်တွေကထက် ပိုပြီး အကြိတ်အနယ်ရှိလာမယ်။ ပြီးခဲ့တဲ့ရာသီတွေတုန်းက အလယ်အလတ်အသင်းတွေနဲ့ တွေ့ရင် ရုန်းကန်ရလေ့ရှိတာကို လီဗာပူးလ် ပြင်ဆင်နိုင်ပါ့မလား။ အန်ဖီးလ်ကွင်းမှာ လီဗာပူးလ် အနိုင်ရဖို့ရှိပေမယ့် ဝက်စ်ဟမ်းရဲ့ လက်ရှိအနေအထားက တောင့်တင်းလာတာကြောင့် ခက်ခက်ခဲခဲကစားပြီးမှ ကပ်နိုင်သွားဖို့ရှိတယ်။

ဆောက်သမ်တန်-ဘန်လေ (တနင်္ဂနွေ ည ရး၀၀ နာရီ)
နှစ်သင်းစလုံးရဲ့ ကစားသမားစုဖွဲ့မှုနဲ့ ခြေစွမ်းက အကွာကြီးမဟုတ်ဘူး။ ဆောက်သမ်တန်အသင်းက အရင်နှစ်က ကစားသမားတွေကိုပဲ အားပြုထားပြီး ကြီးကြီးမားမား ပြောင်းလဲမှု မရှိပေမယ့် ဘန်လေကတော့ ဂိုးသမား ဂျိုးဟတ် Joe Hart အပါအသင် ကစားသမားသစ်တချို့ ခေါ်ယူအားဖြည့်ထားတယ်။ ဒါပေမဲ့ အိမ်ကွင်းဆိုရင် ခြေစွမ်းမာကျောတဲ့ ဆောက်သမ်တန်ကိုပဲ ရွေးချင်ပါတယ်။

အာဆင်နယ်-မန်စီးတီး (တနင်္ဂနွေ ည ၉း၃၀)

De-Bruyne-against-Welbeck

De-Bruyne-against-Welbeck

နည်းပြသစ် အူနိုင်းအမ်မရီ Unai Emery လက်ထက်မှာ အာဆင်နယ် ဘယ်လောက်အထိ ပြောင်းလဲသွားမလဲဆိုတာ စမ်းသပ်ခံရမယ်။ ဂိုးသမား လေနို Leno ၊ ခံစစ်မှာ ဆိုကရေတစ် Sokratis ၊ လစ်ချ်စတိုင်နာ Lichtsteiner ၊ ကွင်းလယ်မှာ ဥရုဂွေးလူငယ်ကစားသမား တော်ရဲရား Torreira တို့ကို ခေါ်ယူထားတဲ့ အာဆင်နယ်အသင်းရဲ့ လူစာရင်းက အားရစရာကောင်းတယ်။ လက်ရှိချန်ပီယံ မန်စီးတီးအသင်းက မာရက်ဇ် Mahrez တစ်ဦးတည်းကိုသာ ခေါ်ယူထားပေမယ့် ခြေစွမ်းက ထက်မြက်နေဆဲဆိုတာ ပြီးခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲမှာ တွေ့ရမယ်။ နေရာအလိုက်မှာလည်း နှစ်သင်းစာ လူစာရင်းရှိနေတဲ့အပြင် ဒီပွဲမှာ အဓိက ကစားသမားအစုံအလင် ပါဝင်လာမှာဖြစ်လို့ အာဆင်နယ် သတိထားကစားရမှာပါ။ ဒါပေမဲ့ အီမရိတ်စ်မှာ အာဆင်နယ် မရှုံးနိုင်ဘူးလို့ ထင်တယ်။

Photo:Evening Standard,Getty Images,pktribune.com
Naing Linn(Akhayar)
www.akhayar.com