[Zawgyi]

အာဆင္နယ္ကြင္းမွာ ေနာက္ဆုံး (၃)ႀကိမ္ဆက္ ႐ႈံးပဲြမရွိတဲ့မွတ္တမ္းကုိ လီဗာပူးလ္ ဆက္ထိန္းႏုိင္မလား

ပရီးမီးယားလိဂ္ပဲြစဥ္ (၁၁)ပဲြေတြမွာေတာ့ ပဲြႀကီးပဲြေကာင္းအျဖစ္ အီမရိတ္စ္မွာ ကစားမယ့္ အာဆင္နယ္နဲ႔ လီဗာပူးလ္တို႔ ပဲြစဥ္ပါ၀င္ေနတယ္။ မန္ယူ၊ စပါးအသင္းတို႔က အေ၀းကြင္းမွာ ေျခစြမ္းမာေက်ာတဲ့အသင္းေတြျဖစ္တဲ့ ဘုန္းေမာက္၊ ၀ုလ္ဗ္တို႔နဲ႔ ကစားရမွာျဖစ္ၿပီး အိမ္ကြင္းကစားရမယ့္ မန္စီးတီးနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔ ရလဒ္ေကာင္းဖုိ႔ မ်ာတယ္။

ဘုန္းေမာက္ – မန္ယူ (စေနေန႔ ည ၇း၀၀ နာရီ)
ဒီရာသီမွာ ဘုန္းေမာက္အသင္းရဲ႕ ရလဒ္ေတြဟာ မန္ယူထက္ေတာင္ ပုိေကာင္းေနၿပီး အမွတ္ေပးဇယားရပ္တည္မႈမွာလည္း ဘုန္းေမာက္က (၆)၊ မန္ယူက (၈)ျဖစ္ေနတယ္။ ၀က္စ္ဟမ္းကုိ အေ၀းကြင္းမွာ ႐ႈံးနိမ့္ခဲ့ၿပီးေနာက္ပုိင္း မန္ယူအသင္း ပရီးမီးယားလိဂ္ (၃)ပဲြဆက္ ႐ႈံးပဲြမရွိ ကစားခဲ့ေပမယ့္ ေတာ္ေတာ္ေလး ႐ုန္းကန္ခဲ့ရတယ္။ ဘုန္းေမာက္အသင္းကလည္း ေနာက္ဆုံး(၄)ပဲြဆက္ ႐ႈံးပဲြမရွိေသးဘဲ အဲဒီ(၄)ပဲြမွာ (၉)ဂုိးသြင္း၊ (၁)ဂုိးပဲ ျပန္ေပးခဲ့ရတယ္။ ႏွစ္သင္းစလုံး ေျခတက္ေနလုိ႔ အႏုိင္အသင္း ေရြးရတာခက္ပါတယ္။ သေရက်ဖုိ႔ မ်ားၿပီး မန္ယူႏုိင္ရင္ေတာင္ ဂုိးမျပတ္ဘူး။

အာဆင္နယ္ – လီဗာပူးလ္ (စေနေန႔ ည ၁၂း၀၀ နာရီ)

Granit-Xhaka-Arsenal-

Granit-Xhaka-Arsenal-

ပရီးမီးယားလိဂ္မွာ (၈)ပဲြဆက္ ႐ႈံးပဲြမရွိေသးတဲ့အသင္းနဲ႔ (၁၀)ပဲြဆက္ ႐ႈံးပဲြမရွိတဲ့အသငး္ ဆုံေတြ႕ၾကပါၿပီ။ အာဆင္နယ္ ႏုိင္ပဲြဆက္လာၿပီးမွ ပဲေလ့စ္ကုိ သေရက်ခဲ့လုိ႔ ႏုိင္ပဲြဆက္မွတ္တမ္း အဆုံးသတ္ခဲ့ရတယ္။ လီဗာပူးလ္အသင္းကလည္း ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလားကုိ စိန္ေခၚႏုိင္စြမ္းရွိတယ္ဆုိတာကုိ ျပသေနၿပီး တိုက္စစ္၊ ခံစစ္က အေကာင္းဆုံးအေနအထားမွာ ရွိေနတယ္။ ဒီႏွစ္သင္းမွာ တူညီတာက အမွတ္ရမယ့္ အသင္းေတြနဲ႔ဆိုရင္ ရလဒ္ေကာင္းၿပီး Level တူ အသင္းေတြနဲ႔ ေတြ႕တဲ့ပဲြေတြမွာ ႏုိင္ပဲြမရတာပါပဲ။ အာဆင္နယ္က ရာသီအစမွာ မန္စီးတီး၊ ခ်ယ္လ္ဆီးတို႔ကုိ ဆက္တိုက္ ႐ႈံးနိမ့္ခဲ့ၿပီး လီဗာပူးလ္က မန္စီးတီးခ်ယ္လ္ဆီးတို႔နဲ႔ သေရက်ခဲ့တယ္။ ပရီးမီးယားလိဂ္ ေနာက္ဆုံး(၃)ရာသီဆက္ အီမရိတ္စ္မွာ လီဗာပူးလ္ ႐ႈံးပဲြမရွိခဲ့တဲ့အျပင္ ပရီးမီးယားလိဂ္ (၆)ပဲြဆက္ လီဗာပူလ္ ႐ႈံးပဲြမရွိတာကုိလည္း သတိျပဳရမယ္။ အျပန္အလွန္ သြင္းဂုိးေတြကုိ ျမင္ေတြ႕ရဖုိ႔ ရွိၿပီး လီဗာပူးလ္ မ႐ႈံးေလာက္ဘူးလုိ႔ ထင္ပါတယ္။

မန္စီးတီး – ေဆာက္သမ္တန္ (တနဂၤေႏြ ည ၉း၃၀ နာရီ)
(၁၀)ပဲြအၿပီးမွာ (၁)ပဲြပဲအႏုိင္ထားတဲ့ ေဆာက္သမ္တန္ဟာ မန္စီးတီးကုိ ဒုကၡေပးႏုိင္မယ့္ အသင္းမဟုတ္ပါဘူး။ မန္စီးတီး ဂုိးျပတ္၊ မျပတ္ဘဲ ၾကည့္ရမယ္။

ခ်ယ္လ္ဆီး – ပဲေလ့စ္ (တနဂၤေႏြ ည ၁၀း၃၀ နာရီ)

Chelsea-vs-Palace

Chelsea-vs-Palace

ပဲေလ့စ္ ေနာက္ဆုံး (၅)ပဲြဆက္ ႏုိင္ပဲြေပ်ာက္ေနေပမယ့္ ေျခစြမ္းကေတာ့ မဆုိးဘူးလုိ႔ ေျပာရမယ္။ ဒါေပမဲ့ အေ၀းကြင္းဆုိရင္ေတာ့ သိပ္ အားရစရာမရိွဘူး။ အခု ကစားရမွာကလည္း ႐ႈံးပဲြမရွိေသးတဲ့ ခ်ယ္လ္ဆီးျဖစ္ေနတယ္။ ခ်ယ္လ္ဆီးအသင္း အႏုိင္ရဖုိ႔မ်ားေပမယ့္ ပဲေလ့စ္အသင္းရဲ႕ ခံကန္အားေၾကာင့္ ဂုိးျပတ္ဖုိ႔ေတာ့ မျဖစ္ႏုိင္ေလာက္ဘူး။

November 3
19:00AFC Bournemouth? – ? Manchester United
21:30Cardiff City? – ? Leicester City
21:30Everton? – ? Brighton & Hove Albion
21:30Newcastle United? – ? Watford
21:30West Ham United? – ? Burnley

November 4
00:00Arsenal? – ? Liverpool
02:15Wolverhampton Wanderers? – ? Tottenham Hotspur
21:30Manchester City? – ? Southampton
22:30Chelsea FC? – ? Crystal Palace

Photo:Goal,The Independent,Evening Standard
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အာဆင်နယ်ကွင်းမှာ နောက်ဆုံး (၃)ကြိမ်ဆက် ရှုံးပွဲမရှိတဲ့မှတ်တမ်းကို လီဗာပူးလ် ဆက်ထိန်းနိုင်မလား

ပရီးမီးယားလိဂ်ပွဲစဉ် (၁၁)ပွဲတွေမှာတော့ ပွဲကြီးပွဲကောင်းအဖြစ် အီမရိတ်စ်မှာ ကစားမယ့် အာဆင်နယ်နဲ့ လီဗာပူးလ်တို့ ပွဲစဉ်ပါဝင်နေတယ်။ မန်ယူ၊ စပါးအသင်းတို့က အဝေးကွင်းမှာ ခြေစွမ်းမာကျောတဲ့အသင်းတွေဖြစ်တဲ့ ဘုန်းမောက်၊ ဝုလ်ဗ်တို့နဲ့ ကစားရမှာဖြစ်ပြီး အိမ်ကွင်းကစားရမယ့် မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့ ရလဒ်ကောင်းဖို့ မျာတယ်။

ဘုန်းမောက် – မန်ယူ (စနေနေ့ ည ရး၀၀ နာရီ)
ဒီရာသီမှာ ဘုန်းမောက်အသင်းရဲ့ ရလဒ်တွေဟာ မန်ယူထက်တောင် ပိုကောင်းနေပြီး အမှတ်ပေးဇယားရပ်တည်မှုမှာလည်း ဘုန်းမောက်က (၆)၊ မန်ယူက (၈)ဖြစ်နေတယ်။ ဝက်စ်ဟမ်းကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း မန်ယူအသင်း ပရီးမီးယားလိဂ် (၃)ပွဲဆက် ရှုံးပွဲမရှိ ကစားခဲ့ပေမယ့် တော်တော်လေး ရုန်းကန်ခဲ့ရတယ်။ ဘုန်းမောက်အသင်းကလည်း နောက်ဆုံး(၄)ပွဲဆက် ရှုံးပွဲမရှိသေးဘဲ အဲဒီ(၄)ပွဲမှာ (၉)ဂိုးသွင်း၊ (၁)ဂိုးပဲ ပြန်ပေးခဲ့ရတယ်။ နှစ်သင်းစလုံး ခြေတက်နေလို့ အနိုင်အသင်း ရွေးရတာခက်ပါတယ်။ သရေကျဖို့ များပြီး မန်ယူနိုင်ရင်တောင် ဂိုးမပြတ်ဘူး။

အာဆင်နယ် – လီဗာပူးလ် (စနေနေ့ ည ၁၂း၀၀ နာရီ)

Granit-Xhaka-Arsenal-

Granit-Xhaka-Arsenal-

ပရီးမီးယားလိဂ်မှာ (၈)ပွဲဆက် ရှုံးပွဲမရှိသေးတဲ့အသင်းနဲ့ (၁၀)ပွဲဆက် ရှုံးပွဲမရှိတဲ့အသင်း ဆုံတွေ့ကြပါပြီ။ အာဆင်နယ် နိုင်ပွဲဆက်လာပြီးမှ ပဲလေ့စ်ကို သရေကျခဲ့လို့ နိုင်ပွဲဆက်မှတ်တမ်း အဆုံးသတ်ခဲ့ရတယ်။ လီဗာပူးလ်အသင်းကလည်း ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်စွမ်းရှိတယ်ဆိုတာကို ပြသနေပြီး တိုက်စစ်၊ ခံစစ်က အကောင်းဆုံးအနေအထားမှာ ရှိနေတယ်။ ဒီနှစ်သင်းမှာ တူညီတာက အမှတ်ရမယ့် အသင်းတွေနဲ့ဆိုရင် ရလဒ်ကောင်းပြီး Level တူ အသင်းတွေနဲ့ တွေ့တဲ့ပွဲတွေမှာ နိုင်ပွဲမရတာပါပဲ။ အာဆင်နယ်က ရာသီအစမှာ မန်စီးတီး၊ ချယ်လ်ဆီးတို့ကို ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး လီဗာပူးလ်က မန်စီးတီးချယ်လ်ဆီးတို့နဲ့ သရေကျခဲ့တယ်။ ပရီးမီးယားလိဂ် နောက်ဆုံး(၃)ရာသီဆက် အီမရိတ်စ်မှာ လီဗာပူးလ် ရှုံးပွဲမရှိခဲ့တဲ့အပြင် ပရီးမီးယားလိဂ် (၆)ပွဲဆက် လီဗာပူလ် ရှုံးပွဲမရှိတာကိုလည်း သတိပြုရမယ်။ အပြန်အလှန် သွင်းဂိုးတွေကို မြင်တွေ့ရဖို့ ရှိပြီး လီဗာပူးလ် မရှုံးလောက်ဘူးလို့ ထင်ပါတယ်။

မန်စီးတီး – ဆောက်သမ်တန် (တနင်္ဂနွေ ည ၉း၃၀ နာရီ)
(၁၀)ပွဲအပြီးမှာ (၁)ပွဲပဲအနိုင်ထားတဲ့ ဆောက်သမ်တန်ဟာ မန်စီးတီးကို ဒုက္ခပေးနိုင်မယ့် အသင်းမဟုတ်ပါဘူး။ မန်စီးတီး ဂိုးပြတ်၊ မပြတ်ဘဲ ကြည့်ရမယ်။

ချယ်လ်ဆီး – ပဲလေ့စ် (တနင်္ဂနွေ ည ၁၀း၃၀ နာရီ)

Chelsea-vs-Palace

Chelsea-vs-Palace

ပဲလေ့စ် နောက်ဆုံး (၅)ပွဲဆက် နိုင်ပွဲပျောက်နေပေမယ့် ခြေစွမ်းကတော့ မဆိုးဘူးလို့ ပြောရမယ်။ ဒါပေမဲ့ အဝေးကွင်းဆိုရင်တော့ သိပ် အားရစရာမရှိဘူး။ အခု ကစားရမှာကလည်း ရှုံးပွဲမရှိသေးတဲ့ ချယ်လ်ဆီးဖြစ်နေတယ်။ ချယ်လ်ဆီးအသင်း အနိုင်ရဖို့များပေမယ့် ပဲလေ့စ်အသင်းရဲ့ ခံကန်အားကြောင့် ဂိုးပြတ်ဖို့တော့ မဖြစ်နိုင်လောက်ဘူး။

November 3
19:00AFC Bournemouth? – ? Manchester United
21:30Cardiff City? – ? Leicester City
21:30Everton? – ? Brighton & Hove Albion
21:30Newcastle United? – ? Watford
21:30West Ham United? – ? Burnley

November 4
00:00Arsenal? – ? Liverpool
02:15Wolverhampton Wanderers? – ? Tottenham Hotspur
21:30Manchester City? – ? Southampton
22:30Chelsea FC? – ? Crystal Palace

Photo:Goal,The Independent,Evening Standard
Naing Linn(Akhayar)
www.akhayar.com