[Zawgyi]

လိဂ္ဖလား ကြာတားဖုိင္နယ္ပဲြမွာ အာဆင္နယ္နဲ႔ စပါးတို႔ ထိပ္တိုက္ေတြ႕ေနၿပီ

လိဂ္ဖလား ကြာတားဖုိင္နယ္အတြက္ ပဲြစဥ္ဇယားေတြ ထြက္ေပၚလာၿပီး လန္ဒန္ဒါဘီၿပိဳင္ဘက္ေတြျဖစ္တဲ့ အာဆင္နယ္နဲ႔ စပါးအသင္းတို႔ ထိပ္တိုက္ ဆုံေတြ႕ေနၿပီျဖစ္ပါတယ္။ စပါးအသင္းဟာ ဗုဒၶဟူးေန႔က လိဂ္ဖလား စတုတၳအဆင့္ပဲြအျဖစ္ လန္ဒန္အသင္းပဲျဖစ္တဲ့ ၀က္စ္ဟမ္းနဲ႔ ဆုံေတြ႕ခဲ့ၿပီး (၃-၁)ဂုိးနဲ႔ အႏုိင္ရခဲ့တယ္။ အာဆင္နယ္အသင္းက ဘလက္ပူးလ္နဲ႔ ဆုံေတြ႕ခဲ့ၿပီး (၂-၁)ဂုိးနဲ႔ အႏုိင္ရခဲ့တာေၾကာင့္ ကြာတားဖုိင္နယ္ကုိ တက္ေရာက္ခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္နဲ႔ စပါးအသင္းတို႔ဟာ လိဂ္ဖလားသမုိင္းတစ္ေလွ်ာက္ (၁၃)ႀကိမ္ ဆုံေတြ႕ခ့ဲဖူးၿပီး အာဆင္နယ္က (၇)ႀကိမ္ႏုိင္၊ စပါးအသင္းက (၃)ႀကိမ္ႏုိင္၊ (၃)ႀကိမ္ သေရက်ခဲ့တယ္။

Arsenal

Arsenal

လိဂ္ဖလားမွာ ဒီႏွစ္သင္း ေနာက္ဆုံးဆုံေတြ႕ခဲ့တာက ၂၀၁၅-၁၆ ရာသီ တတိယအဆင့္မွာျဖစ္ၿပီး အာဆင္နယ္အသင္းက (၂-၁)ဂုိးနဲ႔ အႏုိင္ရခဲ့တယ္။စတုတၳအဆင့္ လက္က်န္ပဲြေတြအျဖစ္ လက္စတာ-ေဆာက္သမ္တန္၊ လက္ရွိခ်န္ပီယံ မန္စီးတီး-ဖူလ္ဟမ္အသင္းတို႔ ယွဥ္ၿပိဳင္ကစားမွာျဖစ္ၿပီး ႏုိင္တဲ့(၂)သင္း ကြာတားဖုိင္နယ္မွာ ဆုံေတြ႕မွာပါ။ ေနာက္ပဲြစဥ္တစ္ပဲြမွာေတာ့ လိဂ္ခ်န္ပီယံရွစ္ကလပ္ မစ္ဒယ္ဘေရာ့နဲ႔ League One က ဘာတန္နဲ႔ ရင္ဆုိင္ရမွာျဖစ္ပါတယ္။ လိဂ္ဖလား ကြာတားဖုိင္နယ္ပဲြေတြကုိ လာမယ့္ ဒီဇင္ဘာ(၁၇)ရက္မွာ ယွဥ္ၿပိဳင္ကစားသြားမွာပါ။

QUARTER-FINAL DRAW
Arsenal v Tottenham

Chelsea v Bournemouth

Leicester/Southampton v Manchester City/Fulham

Middlesbrough v Burton

REF:Daily Mail
Photo:Mirror,Getty Images
Naing Linn(Akhayar)
www.akhayar.com

[Unicode]

လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲမှာ အာဆင်နယ်နဲ့ စပါးတို့ ထိပ်တိုက်တွေ့နေပြီ

လိဂ်ဖလား ကွာတားဖိုင်နယ်အတွက် ပွဲစဉ်ဇယားတွေ ထွက်ပေါ်လာပြီး လန်ဒန်ဒါဘီပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးအသင်းတို့ ထိပ်တိုက် ဆုံတွေ့နေပြီဖြစ်ပါတယ်။ စပါးအသင်းဟာ ဗုဒ္ဓဟူးနေ့က လိဂ်ဖလား စတုတ္ထအဆင့်ပွဲအဖြစ် လန်ဒန်အသင်းပဲဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ ဆုံတွေ့ခဲ့ပြီး (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တယ်။ အာဆင်နယ်အသင်းက ဘလက်ပူးလ်နဲ့ ဆုံတွေ့ခဲ့ပြီး (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်နဲ့ စပါးအသင်းတို့ဟာ လိဂ်ဖလားသမိုင်းတစ်လျှောက် (၁၃)ကြိမ် ဆုံတွေ့ခဲ့ဖူးပြီး အာဆင်နယ်က (၇)ကြိမ်နိုင်၊ စပါးအသင်းက (၃)ကြိမ်နိုင်၊ (၃)ကြိမ် သရေကျခဲ့တယ်။

Arsenal

Arsenal

လိဂ်ဖလားမှာ ဒီနှစ်သင်း နောက်ဆုံးဆုံတွေ့ခဲ့တာက ၂၀၁၅-၁၆ ရာသီ တတိယအဆင့်မှာဖြစ်ပြီး အာဆင်နယ်အသင်းက (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တယ်။စတုတ္ထအဆင့် လက်ကျန်ပွဲတွေအဖြစ် လက်စတာ-ဆောက်သမ်တန်၊ လက်ရှိချန်ပီယံ မန်စီးတီး-ဖူလ်ဟမ်အသင်းတို့ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး နိုင်တဲ့(၂)သင်း ကွာတားဖိုင်နယ်မှာ ဆုံတွေ့မှာပါ။ နောက်ပွဲစဉ်တစ်ပွဲမှာတော့ လိဂ်ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့နဲ့ League One က ဘာတန်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲတွေကို လာမယ့် ဒီဇင်ဘာ(၁၇)ရက်မှာ ယှဉ်ပြိုင်ကစားသွားမှာပါ။

QUARTER-FINAL DRAW
Arsenal v Tottenham

Chelsea v Bournemouth

Leicester/Southampton v Manchester City/Fulham

Middlesbrough v Burton

REF:Daily Mail
Photo:Mirror,Getty Images
Naing Linn(Akhayar)
www.akhayar.com