[Zawgyi]

အာဆင္နယ္ နည္းျပသစ္အျဖစ္ အံ့အားသင့္ဖြယ္ ခန္႔အပ္ခံရဖို႔ နီးစပ္ေနတဲ့ အူႏိုင္းအမ္မရီ

PSG အသင္းနဲ႔ လမ္းခြဲခဲ့တဲ့ နည္းျပ အူႏိုင္းအမ္မရီ Unai Emery ဟာ အာဆင္နယ္အသင္း နည္းျပအျဖစ္ အံ့အားသင့္ဖြယ္ ခန္႔အပ္ခံရဖို႔ နီးစပ္ေနပါတယ္။ ၿပီးခဲ့တဲ့ တနလၤာေန႔က အာဆင္နယ္အသင္းရဲ႕ အမႈေဆာင္ခ်ဳပ္ ဂါဇီဒစ္ Gazidis နဲ႔ အူႏိုင္းအမ္မရီ Unai Emery တို႔ လန္ဒန္ၿမိဳ႕မွာ ေတြ႔ဆံုခဲ့ၿပီးေနာက္ နည္းျပသစ္အျဖစ္ အံ့အားသင့္ဖြယ္ ခန္႔အပ္ခံရဖို႔ နီးစပ္ေနတာ ျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ အေစာပိုင္းတုန္းက မန္စီးတီးအသင္း လက္ေထာက္နည္းျပအျဖစ္ ေဆာင္ရြက္ေနတဲ့ အသင္းကြင္းလယ္လူေဟာင္း အာတီတာ Arteta ကုိ နည္းျပအျဖစ္ ခန္႔အပ္ဖို႔ နီးစပ္ခဲ့ေပမယ့္ အသင္းရဲ႕ အေျပာင္းအေရႊ႕အသံုးစရိတ္ ေပါင္သန္း (၅၀)သာ ထုတ္ေပးမႈအေပၚ ေက်နပ္မႈမရွိလို႔ ပ်က္ျပယ္ခဲ့တာ ျဖစ္ပါတယ္။ နည္းျပသစ္ ျဖစ္လာဖို႔ နီးစပ္ေနၿပီျဖစ္တဲ့ အူႏိုင္းအမ္မရီ Unai Emery ကေတာ့ အာဆင္နယ္အသင္းရဲ႕ အေျပာင္းအေရႊ႕ေပၚလစီနဲ႔ အသင္းဘုတ္အဖြဲ႔ရဲ႕ ထိန္းခ်ဳပ္မႈေတြကို လက္ခံသြားဖို႔ ရွိေနပါတယ္။

Arsenal-set-to-announce-former-PSG-manager-as-Wenger-successor-as-club

Arsenal-set-to-announce-former-PSG-manager-as-Wenger-successor-as-club

PSG အသင္းက စာခ်ဳပ္သက္တမ္း ထပ္မံတိုးျမင့္ျခင္းမရွိလို႔ အခုႏွစ္ေဘာလံုးရာသီကုန္မွာ အသင္းက ထြက္ခြာခဲ့တဲ့ အူႏိုင္းအမ္မရီဟာ အသင္းကို ကိုင္တြယ္ခဲ့တဲ့ (၂)ႏွစ္အတြင္း အမွတ္ေပးခ်န္ပီယံဆုအပါအဝင္ ျပည္တြင္းအဓိက ဆုဖလား (၅)လံုးအထိ ရယူေပးႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ တနလၤာေန႔ညက အာဆင္နယ္ ကစားသမားေတြနဲ႔ပါ ေတြ႔ဆံုမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သတင္းေတြထြက္ေပၚေနတဲ့ အူႏိုင္းအမ္မရီ Unai Emery ကေတာ့ နည္းျပသစ္ ျဖစ္လာဖို႔ နီးစပ္ေနတာ ျဖစ္ပါတယ္။  အာဆင္နယ္အသင္းဟာ လာမယ့္ သတင္းပတ္အကုန္မွာ အသင္းနည္းျပသစ္ကို တရားဝင္ေၾကညာသြားမွာျဖစ္ၿပီး သတင္းစာရွင္းလင္းပြဲကိုပါ တစ္ဆက္တည္း ျပဳလုပ္သြားဖို႔ ရွိေနပါတယ္။

အူႏိုင္းအမ္မရီရဲ႕ နည္းျပဘဝ မွတ္တမ္းမ်ား

ကိုင္တြယ္ခဲ့ေသာ အသင္းမ်ား
လိုကာဒီပို႔တီဗာ၊ အယ္လ္ေမးရီးယား၊ ဗလင္စီယာ၊ စပါးတပ္ေမာ္စကို၊ ဆီဗီလာ၊ PSG

နည္းျပဘဝ ေအာင္ျမင္မႈမ်ား
Sevilla
UEFA Europa League: 2013–14, 2014–15, 2015–16

Paris Saint-Germain
Ligue 1: 2017–18
Coupe de France: 2016–17, 2017–18
Coupe de la Ligue: 2016–17, 2017–18
Trophée des Champions: 2016, 2017

REF:Daily Mail, Wikipedia
Photo:Cbelmira, Westham World
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

အာဆင်နယ် နည်းပြသစ်အဖြစ် အံ့အားသင့်ဖွယ် ခန့်အပ်ခံရဖို့ နီးစပ်နေတဲ့ အူနိုင်းအမ်မရီ

PSG အသင်းနဲ့ လမ်းခွဲခဲ့တဲ့ နည်းပြ အူနိုင်းအမ်မရီ Unai Emery ဟာ အာဆင်နယ်အသင်း နည်းပြအဖြစ် အံ့အားသင့်ဖွယ် ခန့်အပ်ခံရဖို့ နီးစပ်နေပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က အာဆင်နယ်အသင်းရဲ့ အမှုဆောင်ချုပ် ဂါဇီဒစ် Gazidis နဲ့ အူနိုင်းအမ်မရီ Unai Emery တို့ လန်ဒန်မြို့မှာ တွေ့ဆုံခဲ့ပြီးနောက် နည်းပြသစ်အဖြစ် အံ့အားသင့်ဖွယ် ခန့်အပ်ခံရဖို့ နီးစပ်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အစောပိုင်းတုန်းက မန်စီးတီးအသင်း လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ အသင်းကွင်းလယ်လူဟောင်း အာတီတာ Arteta ကို နည်းပြအဖြစ် ခန့်အပ်ဖို့ နီးစပ်ခဲ့ပေမယ့် အသင်းရဲ့ အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း (၅၀)သာ ထုတ်ပေးမှုအပေါ် ကျေနပ်မှုမရှိလို့ ပျက်ပြယ်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြသစ် ဖြစ်လာဖို့ နီးစပ်နေပြီဖြစ်တဲ့ အူနိုင်းအမ်မရီ Unai Emery ကတော့ အာဆင်နယ်အသင်းရဲ့ အပြောင်းအရွှေ့ပေါ်လစီနဲ့ အသင်းဘုတ်အဖွဲ့ရဲ့ ထိန်းချုပ်မှုတွေကို လက်ခံသွားဖို့ ရှိနေပါတယ်။

Arsenal-set-to-announce-former-PSG-manager-as-Wenger-successor-as-club

Arsenal-set-to-announce-former-PSG-manager-as-Wenger-successor-as-club

PSG အသင်းက စာချုပ်သက်တမ်း ထပ်မံတိုးမြင့်ခြင်းမရှိလို့ အခုနှစ်ဘောလုံးရာသီကုန်မှာ အသင်းက ထွက်ခွာခဲ့တဲ့ အူနိုင်းအမ်မရီဟာ အသင်းကို ကိုင်တွယ်ခဲ့တဲ့ (၂)နှစ်အတွင်း အမှတ်ပေးချန်ပီယံဆုအပါအဝင် ပြည်တွင်းအဓိက ဆုဖလား (၅)လုံးအထိ ရယူပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ညက အာဆင်နယ် ကစားသမားတွေနဲ့ပါ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ အူနိုင်းအမ်မရီ Unai Emery ကတော့ နည်းပြသစ် ဖြစ်လာဖို့ နီးစပ်နေတာ ဖြစ်ပါတယ်။  အာဆင်နယ်အသင်းဟာ လာမယ့် သတင်းပတ်အကုန်မှာ အသင်းနည်းပြသစ်ကို တရားဝင်ကြေညာသွားမှာဖြစ်ပြီး သတင်းစာရှင်းလင်းပွဲကိုပါ တစ်ဆက်တည်း ပြုလုပ်သွားဖို့ ရှိနေပါတယ်။

အူနိုင်းအမ်မရီရဲ့ နည်းပြဘဝ မှတ်တမ်းများ

ကိုင်တွယ်ခဲ့သော အသင်းများ
လိုကာဒီပို့တီဗာ၊ အယ်လ်မေးရီးယား၊ ဗလင်စီယာ၊ စပါးတပ်မော်စကို၊ ဆီဗီလာ၊ PSG

နည်းပြဘဝ အောင်မြင်မှုများ
Sevilla
UEFA Europa League: 2013–14, 2014–15, 2015–16

Paris Saint-Germain
Ligue 1: 2017–18
Coupe de France: 2016–17, 2017–18
Coupe de la Ligue: 2016–17, 2017–18
Trophée des Champions: 2016, 2017

REF:Daily Mail, Wikipedia
Photo:Cbelmira, Westham World
Aung Kyaw Wai (Akhayar)
www.akhayar.com