[Zawgyi]

အာဆင်နယ်နည်းပြ ဖြစ်လာဖို့ (၉၀)ရာခိုင်နှုန်း သေချာနေတဲ့ အာတီတာ Arteta


Mikel-Arteta

Mikel-Arteta



PSG – (၅၃)ပွဲ၊ (၅)ဂိုး
ဆိုစီဒက် – (၁၅)ပွဲ၊ (၁)ဂိုး
အဲဗာတန် – (၂၀၉)ပွဲ၊ (၃၄)ဂိုး

Aung Kyaw Wai(Akhayar)
www.akhayar.com

[Unicode]

အာဆင္နယ္နည်ျးပျဖစ္လာဖို့ (၉၀)ရာခိုင္နှုန်း သေခ်ာနေတဲ့ အာတီတာ Arteta

မန်စီးတီး လက်ထောက်နည်းပြ အာတီတာ Arteta ဟာ အာဆင်နယ်အသင်းနည်းပြ ဖြစ်လာဖို့ (၉၀)ရာခိုင်နှုန်း သေချာနေခဲ့ပြီဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အသင်းနဲ့ လမ်းခွဲခဲ့တဲ့ ဝါရင့်နည်းပြ အာစင်ဝင်းဂါး Arsene Wenger ရဲ့ နေရာမှာ အစားထိုးဖို့ နာမည်ကျော် နည်းပြများစွာနဲ့ သတင်းထွက်ပေါ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အသင်းကွင်းလယ်လူဟောင်း အာတီတာ နည်းပြသစ်ဖြစ်လာဖို့ ရှိနေတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်း တာဝန်ရှိသူတွေက နည်းပြသစ်ဖြစ်လာဖို့ အာတီတာက (၉၀)ရာခိုင်နှုန်း သေချာနေခဲ့ပြီလို့ အသိပေးခဲ့တာ ဖြစ်ပါတယ်။ အာတီဟာ မန်စီးတီးအသင်းမှာ ဂွါဒီယိုလာနဲ့ (၂)နှစ်ကြာ လက်တွဲ လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

Mikel-Arteta

Mikel-Arteta

လာမယ့် သတင်းပတ်အကုန်မှာ အသင်းဘုတ်အဖွဲ့ဝင်တွေက အာတီတာကို နည်းပြအဖြစ် ခန့်အပ်ဖို့ အတည်ပြုပြောကြား သွားဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အာတီတာကိုယ်တိုင်ကလည်း အာဆင်နယ်အသင်းက နည်းပြရာထူးကို ကမ်းလှမ်းသွားပါက လက်ခံသွားဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် နည်းပြသစ်ရာထူးအတွက် အတည်ပြု ခန့်အပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အာတီတာ ကစားသမားဘဝ ဖြတ်သန်းမှုများ

ဘာစီလိုနာ(ခ) – (၄၂)ပွဲ၊ (၃)ဂိုး
PSG – (၅၃)ပွဲ၊ (၅)ဂိုး
ရိန်းဂျားစ် – (၆၈)ပွဲ၊ (၁၄)ဂိုး
ဆိုစီဒက် – (၁၅)ပွဲ၊ (၁)ဂိုး
အဲဗာတန် – (၂၀၉)ပွဲ၊ (၃၄)ဂိုး
အာဆင်နယ် – (၁၄၉)ပွဲ၊ (၁၆)ဂိုး

REF:Daily Mail, Wikipedia
Photo:Daily Mail, Twitter
Aung Kyaw Wai(Akhayar)
www.akhayar.com