[Zawgyi]

အုိေဇးလ္ Mesut Ozil မပါရင္ အာဆင္နယ္ ရလဒ္ပုိေကာင္းေလ့ရွိလား

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ဘုန္းေမာက္ကုိ အႏုိင္ရခဲ့တဲ့ပရီးမီးယားလိဂ္ပဲြမွာ အာဆင္နယ္အသင္းနည္းျပ အူႏုိင္းအမ္မရီ Unai Emery ဟာ အသင္းရဲ႕ အဓိက ကြင္းလယ္လူ အုိေဇးလ္ Mesut Ozil ကုိ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ Line Up Out ခဲ့တယ္။ ဒါေပမဲ့ အာဆင္နယ္အသင္းဟာ ဘုန္းေမာက္ကုိ (၂-၁)ဂုိးနဲ႔ အႏုိင္ရခဲ့ၿပီး အူႏုိင္းအမ္မရီကေတာ့ ကစားသမားတိုင္းကုိ အလွည့္က်ပဲြထုတ္သြားမယ္လုိ႔လည္း ဆုိခဲ့ပါတယ္။ အုိေဇးလ္ကုိ ပဲြထြက္စာရင္းမွာ ခ်န္လွပ္ခဲ့တဲ့အတြက္လည္း အူႏုိင္းအမ္မရီက အခုလုိ ရွင္းလင္းခဲ့ပါေသးတယ္။ “ဒီပဲြဟာ Physical ပုိင္းအရသာမက အႀကိတ္အနယ္ကစားရမယ့္ ပဲြတစ္ပဲြျဖစ္လုိ႔ အသင္းအေျခအေနေကာင္းဖုိ႔အတြက္ပဲ ကၽြန္ေတာ္ စဥ္းစားခဲ့တာပါ”လုိ႔ ဆုိခဲ့ပါတယ္။

Ozil-and-Unai-Emery

Ozil-and-Unai-Emery

အဲဒါေၾကာင့္ အာဆင္နယ္အသင္းမွာ အုိေဇးလ္ ပါတဲ့ပဲြနဲ႔ မပါတဲ့ပဲြက်ရင္ ဘယ္လုိရလဒ္ထြက္လာလဲဆုိတာ စစ္တမ္းထုတ္ၾကည့္ခ်င္ပါတယ္။ အာဆင္နယ္အသင္းဟာ အုိေဇးလ္မပါတဲ့ ပရီးမီးယားလိဂ္ (၃)ပဲြ (၀က္စ္ဟမ္း၊ ဖူလ္ဟမ္၊ ဘုန္းေမာက္)မွာ ရာႏႈန္းျပည့္အႏုိင္ရခဲ့ၿပီး (၁၀)ဂုိးအထိ သြင္းယူခဲ့တယ္။ ၀က္စ္ဟမ္းနဲ႔ ဖူလ္ဟမ္ပဲြတုန္းက အုိေဇးလ္ဟာ အဖ်ားေရာဂါေၾကာင့္ မပါ၀င္ခဲ့တာျဖစ္လုိ႔ အူႏုိင္းအမ္မရီအေနနဲ႔ ဘုန္းေမာက္နဲ႔ပဲြမွာ သူ႔ကုိ ဒဏ္ရာျပႆနာမရွိဘဲ ပထမဆုံးအႀကိမ္ ခ်န္လွပ္ခဲ့တာပါ။

HOW-ARSENAL-FARE-WITH-AND-WITHOUT-MESUT-OZIL

HOW-ARSENAL-FARE-WITH-AND-WITHOUT-MESUT-OZIL

အုိေဇးလ္မပါတဲ့ (၃)ပဲြမွာ အာဆင္နယ္ရဲ႕ တစ္ပဲြပ်မ္းမွ်သြင္းဂုိးက (၃.၃)ဂုိးအထိရွိၿပီး သူပါတဲ့ ပဲြ(၁၀)ပဲြမွာ တစ္ပဲြပ်မ္းမွ်သြင္းဂုိးက (၁.၈)ဂုိးသာ ရွိခဲ့တယ္။ ေပးဂုိးမွာလည္း အုိေဇးလ္ပါတဲ့ပဲြဆုိရင္ တစ္ပဲြပ်မ္းမွ် ေပးဂုိးက (၁.၃)ဂုိး၊ မပါရင္ (၁)ဂုိးသာ ရွိပါတယ္။ အႏုိင္ရာခုိင္ႏႈန္း၊ ေဘာလုံးပုိင္ဆုိင္မႈအပုိင္းေတြမွာလည္း အုိေဇးလ္မပါရင္ ပုိေကာင္းတာကုိ ေတြ႕ရမွာပါ။

HOW-ARSENAL-FARE-WITH-AND-WITHOUT-MESUT-OZIL-2

HOW-ARSENAL-FARE-WITH-AND-WITHOUT-MESUT-OZIL-2

ဒါေပမဲ့ အခ်က္အလက္ေတြဆုိတာကလည္း သိပ္ေတာ့ ယုံစားလုိ႔မရပါဘူး။ အုိေဇးလ္ဟာ World Class ကြင္းလယ္လူတစ္ဦးျဖစ္လုိ႔ သူ႔ကုိ ခ်န္လွပ္ဖုိ႔ဆုိတာက အရမ္းစြန္႔စားရာက်ပါလိမ့္မယ္။ ကဲ . .အာဆင္နယ္ပရိသတ္ေတြေရာ . .အုိေဇးလ္ကုိ လူစာရင္းက ခ်န္လွပ္သင့္လား မသင့္ဘူးလားဆုိတာ ေျဖခဲ့ၾကပါဦး . . .

REF:Daily Mail
Photo:Arsenal News,Tech2,Daily Mail
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အိုဇေးလ် Mesut Ozil မပါရင် အာဆင်နယ် ရလဒ်ပိုကောင်းလေ့ရှိလား

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘုန်းမောက်ကို အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီ Unai Emery ဟာ အသင်းရဲ့ အဓိက ကွင်းလယ်လူ အိုဇေးလ် Mesut Ozil ကို အံ့အားသင့်စရာကောင်းလောက်အောင် Line Up Out ခဲ့တယ်။ ဒါပေမဲ့ အာဆင်နယ်အသင်းဟာ ဘုန်းမောက်ကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး အူနိုင်းအမ်မရီကတော့ ကစားသမားတိုင်းကို အလှည့်ကျပွဲထုတ်သွားမယ်လို့လည်း ဆိုခဲ့ပါတယ်။ အိုဇေးလ်ကို ပွဲထွက်စာရင်းမှာ ချန်လှပ်ခဲ့တဲ့အတွက်လည်း အူနိုင်းအမ်မရီက အခုလို ရှင်းလင်းခဲ့ပါသေးတယ်။ “ဒီပွဲဟာ Physical ပိုင်းအရသာမက အကြိတ်အနယ်ကစားရမယ့် ပွဲတစ်ပွဲဖြစ်လို့ အသင်းအခြေအနေကောင်းဖို့အတွက်ပဲ ကျွန်တော် စဉ်းစားခဲ့တာပါ”လို့ ဆိုခဲ့ပါတယ်။

Ozil-and-Unai-Emery

Ozil-and-Unai-Emery

အဲဒါကြောင့် အာဆင်နယ်အသင်းမှာ အိုဇေးလ် ပါတဲ့ပွဲနဲ့ မပါတဲ့ပွဲကျရင် ဘယ်လိုရလဒ်ထွက်လာလဲဆိုတာ စစ်တမ်းထုတ်ကြည့်ချင်ပါတယ်။ အာဆင်နယ်အသင်းဟာ အိုဇေးလ်မပါတဲ့ ပရီးမီးယားလိဂ် (၃)ပွဲ (ဝက်စ်ဟမ်း၊ ဖူလ်ဟမ်၊ ဘုန်းမောက်)မှာ ရာနှုန်းပြည့်အနိုင်ရခဲ့ပြီး (၁၀)ဂိုးအထိ သွင်းယူခဲ့တယ်။ ဝက်စ်ဟမ်းနဲ့ ဖူလ်ဟမ်ပွဲတုန်းက အိုဇေးလ်ဟာ အဖျားရောဂါကြောင့် မပါဝင်ခဲ့တာဖြစ်လို့ အူနိုင်းအမ်မရီအနေနဲ့ ဘုန်းမောက်နဲ့ပွဲမှာ သူ့ကို ဒဏ်ရာပြဿနာမရှိဘဲ ပထမဆုံးအကြိမ် ချန်လှပ်ခဲ့တာပါ။

HOW-ARSENAL-FARE-WITH-AND-WITHOUT-MESUT-OZIL

HOW-ARSENAL-FARE-WITH-AND-WITHOUT-MESUT-OZIL

အိုဇေးလ်မပါတဲ့ (၃)ပွဲမှာ အာဆင်နယ်ရဲ့ တစ်ပွဲပျမ်းမျှသွင်းဂိုးက (၃.၃)ဂိုးအထိရှိပြီး သူပါတဲ့ ပွဲ(၁၀)ပွဲမှာ တစ်ပွဲပျမ်းမျှသွင်းဂိုးက (၁.၈)ဂိုးသာ ရှိခဲ့တယ်။ ပေးဂိုးမှာလည်း အိုဇေးလ်ပါတဲ့ပွဲဆိုရင် တစ်ပွဲပျမ်းမျှ ပေးဂိုးက (၁.၃)ဂိုး၊ မပါရင် (၁)ဂိုးသာ ရှိပါတယ်။ အနိုင်ရာခိုင်နှုန်း၊ ဘောလုံးပိုင်ဆိုင်မှုအပိုင်းတွေမှာလည်း အိုဇေးလ်မပါရင် ပိုကောင်းတာကို တွေ့ရမှာပါ။

HOW-ARSENAL-FARE-WITH-AND-WITHOUT-MESUT-OZIL-2

HOW-ARSENAL-FARE-WITH-AND-WITHOUT-MESUT-OZIL-2

ဒါပေမဲ့ အချက်အလက်တွေဆိုတာကလည်း သိပ်တော့ ယုံစားလို့မရပါဘူး။ အိုဇေးလ်ဟာ World Class ကွင်းလယ်လူတစ်ဦးဖြစ်လို့ သူ့ကို ချန်လှပ်ဖို့ဆိုတာက အရမ်းစွန့်စားရာကျပါလိမ့်မယ်။ ကဲ . .အာဆင်နယ်ပရိသတ်တွေရော . .အိုဇေးလ်ကို လူစာရင်းက ချန်လှပ်သင့်လား မသင့်ဘူးလားဆိုတာ ဖြေခဲ့ကြပါဦး . . .

REF:Daily Mail
Photo:Arsenal News,Tech2,Daily Mail
Naing Linn(Akhayar)
www.akhayar.com