[Zawgyi]

တိုက္စစ္မွဴး ဝဲလ္ဘတ္ Welbeck ကို ေရာင္းခ်သြားမယ့္ အာဆင္နယ္အသင္း

တိုက္စစ္မွဴး ဝဲလ္ဘတ္ Welbeck ကို အာဆင္နယ္အသင္းက ေရာင္းသြားေတာ့မွာျဖစ္ပါတယ္။ အသက္ (၂၇)ႏွစ္အရြယ္ရွိ တိုက္စစ္မွဴး ဝဲလ္ဘတ္ Welbeck ဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းက်န္ရွိေနေသးေပမယ့္ အာဆင္နယ္အသင္းက ေရာင္းခ်ဖို႔ ဆံုးျဖတ္လိုက္တာျဖစ္ပါတယ္။ အာဆင္နယ္အသင္းရဲ႕ နည္းျပသစ္ အူႏိုင္းအမ္မရီ Unai Emery က ကစားသမားဦးေရ ေလ်ာ႔ခ်သြားဖို႔ စီစဥ္ေနၿပီး ဝဲလ္ဘတ္ Welbeck အျပင္ ဂိုးသမား ေအာ့စ္ပင္နာ Ospina နဲ႔ တိုက္စစ္မွဴး လူးကပ္စ္ပီရက္ဇ္ Lucas Perez တို႔ကိုပါ ေရာင္းခ်ဖို႔ ျပင္ဆင္ေနေၾကာင္း သိရပါတယ္။ ဝဲလ္ဘတ္ Welbeck ကို ပရီးမီးယားလိဂ္ၿပိဳင္ဘက္ အဲဗာတန္အသင္းက ေပါင္ (၁၅)သန္းနဲ႔ ေခၚယူသြားဖို႔ စီစဥ္လာခဲ့ပါတယ္။

Arsenal-ready-to-sell-Danny-Welbeck

Arsenal-ready-to-sell-Danny-Welbeck

ကစားသမားေကာင္းေတြ မ်ားျပားေနတဲ့ အာဆင္နယ္အသင္း တိုက္စစ္မွာ ပံုမွန္ပြဲထြက္ခြင့္ရဖို႔ မရွိလို႔ ဝဲလ္ဘတ္ Welbeck ကိုယ္တိုင္က အသင္းေျပာင္းဖို႔ ဆႏၵရွိေနခဲ့ပါတယ္။ ဝဲလ္ဘတ္ Welbeck ကို နည္းျပေဟာင္း အာစင္ဝင္းဂါး Arsene Wenger က ေပါင္ (၁၆)သန္း ပမာဏနဲ႔ ၂၀၁၄ ခုႏွစ္မွာ မန္ယူအသင္းကေန ေခၚယူခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္အသင္းအတြက္ ကစားေပးခဲ့တဲ့ (၄)ရာသီအတြင္း ပံုမွန္ပြဲထြက္ခြင့္ မရခဲ့ေပမယ့္ သြင္းဂိုး အမွတ္ေပးသြင္းဂိုး (၁၅)ဂိုးအထိ သြင္းယူေပးခဲ့တဲ့ တိုက္စစ္မွဴးတစ္ဦးျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ အေျပာင္းအေရႊ႕ပိတ္သိမ္းမယ့္ ၾသဂုတ္လ (၉)ရက္ေန႔မတိုင္ခင္ အသင္းေျပာင္းေရႊ႔ဖို႔ ဝဲလ္ဘတ္ Welbeck က ဆႏၵရွိေနခဲ့ပါတယ္။

REF:The Sun
Photo:Stadium Astro, Goal.com
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

တိုက်စစ်မှူး ဝဲလ်ဘတ် Welbeck ကို ရောင်းချသွားမယ့် အာဆင်နယ်အသင်း

တိုက်စစ်မှူး ဝဲလ်ဘတ် Welbeck ကို အာဆင်နယ်အသင်းက ရောင်းသွားတော့မှာဖြစ်ပါတယ်။ အသက် (၂၇)နှစ်အရွယ်ရှိ တိုက်စစ်မှူး ဝဲလ်ဘတ် Welbeck ဟာ အသင်းနဲ့ စာချုပ်သက်တမ်းကျန်ရှိနေသေးပေမယ့် အာဆင်နယ်အသင်းက ရောင်းချဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ နည်းပြသစ် အူနိုင်းအမ်မရီ Unai Emery က ကစားသမားဦးရေ လျော့ချသွားဖို့ စီစဉ်နေပြီး ဝဲလ်ဘတ် Welbeck အပြင် ဂိုးသမား အော့စ်ပင်နာ Ospina နဲ့ တိုက်စစ်မှူး လူးကပ်စ်ပီရက်ဇ် Lucas Perez တို့ကိုပါ ရောင်းချဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ ဝဲလ်ဘတ် Welbeck ကို ပရီးမီးယားလိဂ်ပြိုင်ဘက် အဲဗာတန်အသင်းက ပေါင် (၁၅)သန်းနဲ့ ခေါ်ယူသွားဖို့ စီစဉ်လာခဲ့ပါတယ်။

Arsenal-ready-to-sell-Danny-Welbeck

Arsenal-ready-to-sell-Danny-Welbeck

ကစားသမားကောင်းတွေ များပြားနေတဲ့ အာဆင်နယ်အသင်း တိုက်စစ်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ မရှိလို့ ဝဲလ်ဘတ် Welbeck ကိုယ်တိုင်က အသင်းပြောင်းဖို့ ဆန္ဒရှိနေခဲ့ပါတယ်။ ဝဲလ်ဘတ် Welbeck ကို နည်းပြဟောင်း အာစင်ဝင်းဂါး Arsene Wenger က ပေါင် (၁၆)သန်း ပမာဏနဲ့ ၂၀၁၄ ခုနှစ်မှာ မန်ယူအသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအတွက် ကစားပေးခဲ့တဲ့ (၄)ရာသီအတွင်း ပုံမှန်ပွဲထွက်ခွင့် မရခဲ့ပေမယ့် သွင်းဂိုး အမှတ်ပေးသွင်းဂိုး (၁၅)ဂိုးအထိ သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အပြောင်းအရွှေ့ပိတ်သိမ်းမယ့် သြဂုတ်လ (၉)ရက်နေ့မတိုင်ခင် အသင်းပြောင်းရွှေ့ဖို့ ဝဲလ်ဘတ် Welbeck က ဆန္ဒရှိနေခဲ့ပါတယ်။

REF:The Sun
Photo:Stadium Astro, Goal.com
Aung Kyaw Wai (Akhayar)
www.akhayar.com