[Zawgyi]

ကြင္းလယ္လူ ရမ္ေဆးကို စာခ်ဳပ္သစ္ ကမ္းလွမ္းခဲ့တဲ့ အာဆင္နယ္အသင္း

အာဆင္နယ္အသင္းဟာ အသင္းကြင္းလယ္လူ ရမ္ေဆး Ramsey ကုိ စာခ်ဳပ္သက္တမ္းတိုးျမွင့္ဖို႔ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့ပါတယ္။ ရမ္ေဆး Ramsey ကို (၅)ႏွစ္ သက္တမ္းရွိတဲ့ စာခ်ဳပ္သစ္တစ္ရပ္ ခ်ဳပ္ဆိုဖို႔ အာဆင္နယ္အသင္းက ကမ္းလွမ္းခဲ့တာ ျဖစ္ပါတယ္။ စာခ်ဳပ္သက္တမ္း (၁)ႏွစ္သာ က်န္ေတာ့တဲ့ ကြင္းလယ္လူ ရမ္ေဆး Ramsey ကို တစ္ပတ္လုပ္ခ ေပါင္ (၁၁၀၀၀၀)နဲ႔ ကမ္းလွမ္းခဲ့တာျဖစ္ၿပီး လာမယ့္ ရသတၱပတ္အတြင္း စာခ်ဳပ္သစ္အတြက္ သေဘာတူညီမႈရဖို႔ ရွိေနပါတယ္။ အာဆင္နယ္အသင္းရဲ႕ စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို ရမ္ေဆးအေနနဲ႔ ျငင္းပယ္ခဲ့ပါက ေႏြရာသီအေျပာင္းအေရႊ႕မွာ ကစားသမားကို ေရာင္းထုတ္သြားဖို႔ ရွိေနပါတယ္။ ရမ္ေဆးန႔ဲ အာဆင္နယ္အသင္းတို႔ရဲ႕ စာခ်ဳပ္သက္တမ္းက (၁)ႏွစ္သာ က်န္ေတာ့တာျဖစ္လို႔ အခုေႏြရာသီမွာ ကစားသမားကို မေရာင္းျဖစ္ခဲ့ရင္ လာမယ့္ႏွစ္ ေႏြရာသီမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ လက္လႊတ္ရဖို႔ ရွိေနတာ ျဖစ္ပါတယ္။

Arsenal-offer-Aaron-Ramsey-new-five-year-contract

Arsenal-offer-Aaron-Ramsey-new-five-year-contract

အသင္းနည္းျပ အမ္မရီ Emery ကိုယ္တိုင္က အသင္းကြင္းလယ္လူကို လက္လႊတ္ဖို႔ အစီအစဥ္မရွိဘဲ အသင္းမွာ ဆက္ထိန္းထားႏိုင္ဖို႔ ဆႏၵရွိေနပါတယ္။ ရမ္ေဆး Ramsey ကလည္း အသင္းရဲ႕ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈကုိ လက္ခံသြားဖုိ႔ ရွိေနၿပီး နည္းျပ အမ္မရီ Emery ရဲ႕လက္ေအာက္မွာ အစိတ္အပိုင္း တစ္ခုအေနနဲ႔ ပါဝင္ဖို႔ ဆႏၵရွိေနပါတယ္။ ထြက္ေပၚေနတဲ့ သတင္းေတြအရ စာခ်ဳပ္သစ္အတြက္ နည္းျပ အမ္မရီ Emery နဲ႔ ကြင္းလယ္လူ ရမ္ေဆး Ramsey တို႔ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီမႈ ရယူႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း သိရပါတယ္။ ၂၀၀၈ ခုႏွစ္က ေဝးလ္စ္ကလပ္ ကာဒစ္ဖ္အသင္းကေန အာဆင္နယ္အသင္းကို ေျပာင္းေရႊ႕ခဲ့တဲ့ ကြင္းလယ္လူ ရမ္ေဆး Ramsey အေနနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုျဖစ္ခဲ့ရင္ အသင္းမွာ (၁၀)စုႏွစ္တစ္ခုေက်ာ္ ဆက္ရွိေနမွာ ျဖစ္ပါတယ္။

REF:Daily Mail
Photo:Pinterest, ArsenalFanTV.com
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ကွင်းလယ်လူ ရမ်ဆေးကို စာချုပ်သစ် ကမ်းလှမ်းခဲ့တဲ့ အာဆင်နယ်အသင်း

အာဆင်နယ်အသင်းဟာ အသင်းကွင်းလယ်လူ ရမ်ဆေး Ramsey ကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။ ရမ်ဆေး Ramsey ကို (၅)နှစ် သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုဖို့ အာဆင်နယ်အသင်းက ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့တဲ့ ကွင်းလယ်လူ ရမ်ဆေး Ramsey ကို တစ်ပတ်လုပ်ခ ပေါင် (၁၁၀၀၀၀)နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး လာမယ့် ရသတ္တပတ်အတွင်း စာချုပ်သစ်အတွက် သဘောတူညီမှုရဖို့ ရှိနေပါတယ်။ အာဆင်နယ်အသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ရမ်ဆေးအနေနဲ့ ငြင်းပယ်ခဲ့ပါက နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားကို ရောင်းထုတ်သွားဖို့ ရှိနေပါတယ်။ ရမ်ဆေးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ စာချုပ်သက်တမ်းက (၁)နှစ်သာ ကျန်တော့တာဖြစ်လို့ အခုနွေရာသီမှာ ကစားသမားကို မရောင်းဖြစ်ခဲ့ရင် လာမယ့်နှစ် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။

Arsenal-offer-Aaron-Ramsey-new-five-year-contract

Arsenal-offer-Aaron-Ramsey-new-five-year-contract

အသင်းနည်းပြ အမ်မရီ Emery ကိုယ်တိုင်က အသင်းကွင်းလယ်လူကို လက်လွှတ်ဖို့ အစီအစဉ်မရှိဘဲ အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ ဆန္ဒရှိနေပါတယ်။ ရမ်ဆေး Ramsey ကလည်း အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို လက်ခံသွားဖို့ ရှိနေပြီး နည်းပြ အမ်မရီ Emery ရဲ့လက်အောက်မှာ အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါဝင်ဖို့ ဆန္ဒရှိနေပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ စာချုပ်သစ်အတွက် နည်းပြ အမ်မရီ Emery နဲ့ ကွင်းလယ်လူ ရမ်ဆေး Ramsey တို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ၂၀၀၈ ခုနှစ်က ဝေးလ်စ်ကလပ် ကာဒစ်ဖ်အသင်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ကွင်းလယ်လူ ရမ်ဆေး Ramsey အနေနဲ့ စာချုပ်သစ်ချုပ်ဆိုဖြစ်ခဲ့ရင် အသင်းမှာ (၁၀)စုနှစ်တစ်ခုကျော် ဆက်ရှိနေမှာ ဖြစ်ပါတယ်။

REF:Daily Mail
Photo:Pinterest, ArsenalFanTV.com
Aung Kyaw Wai (Akhayar)
www.akhayar.com