[Zawgyi]



Ramsey

Ramsey


Ramsey-and-Emery

Ramsey-and-Emery


Ref: BBC Sport
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဘောလုံးကိုသာ အာရုံစိုက်ဖို့ ရမ်ဆေး Ramsey ကို တိုက်တွန်းခဲ့တဲ့ အမ်မရီ Emery

အာဆင်နယ်အသင်းနည်းပြ အမ်မရီ Emery ဟာ အသင်းရဲ့ကွင်းလယ်လူ ရမ်ဆေး Ramsey ကို ဘောလုံးကိုသာ အာရုံစိုက်ဖို့တိုက်တွန်းပြောဆိုခဲ့ပါတယ်။ လာမယ့် နွေရာသီကာလမှာ ရမ်ဆေး Ramsey ဟာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သစ်ကိစ္စအတွက် အဆင်မပြေဖြစ်နေသူပါ။ အာဆင်နယ်အသင်းနည်းပြ အမ်မရီ Emery ဟာ ရမ်ဆေး Ramsey ကို စွမ်းဆောင်ရည်ကောင်းတွေနဲ့ အသင်းကို ကူညီဖို့လည်း ပြောကြားထားပါတယ်။

Ramsey

Ramsey

အမ်မရီ Emery က ” ကျွန်တော် ရမ်ဆေး Ramsey နဲ့ ပြီးခဲ့တဲ့တစ်ပတ်က စကားပြောခဲ့ပါတယ်။ ဒီနေ့မှာလည်းပြောခဲ့ကြပါတယ်။ ကျွန်တော့်ရဲ့ အာရုံစိုက်မှုက ပွဲအပေါ်မှာပဲရှိနေပါတယ် ပြီးတော့ ရမ်ဆေး Ramsey ကိုလည်း စနေနေ့ပွဲအတွက်ပဲ အာရုံစိုက်စေချင်ပါတယ် ” လို့ပြောကြားခဲ့ပါတယ်။

Ramsey-and-Emery

Ramsey-and-Emery

အာဆင်နယ်အသင်းဟာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂)ပွဲလုံး ရှုံးနိမ့်ထားပြီး ဒီနေ့(စနေည ၈း၃၀ နာရီ) မှာတော့ လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

Ref: BBC Sport
Photo: The Independent , Tribuna.com , Stadium Astro
Ko Kyue(Akhayar)
www.akhayar.com