အာဆင်နယ်နဲ့ စပါးအသင်းတို့ရဲ့ မြောက်လန်ဒန်ဒါဘီပွဲကတော့ ထုံးစံအတိုင်း အကြိတ်အနယ် ကစားပြီး (၂)ဂိုးစီသရေကျခဲ့ပါတယ်။ ပွဲက ကြည့်ကောင်းခဲ့တဲ့အပြင် အ၀ါတွေပလူပျံခဲ့တဲ့ပွဲလို့ပြောရမှာဖြစ်ပြီး နှစ်သင်းပေါင်း အ၀ါကတ်(၉)ကတ်အထိ ပြခံခဲ့ရတယ်။ အာဆင်နယ်အသင်း ဒီပွဲမှာ အနိုင်(၃)မှတ်ရသင့်ပေမယ့် မလိုလားအပ်တဲ့ အမှားတွေကြောင့် ဂိုးတွေ ပေးခဲ့ရသလို စပါးဂိုးသမား လိုရစ် Lloris လက်စွမ်းပြခဲ့လို့လည်း သရေနဲ့သာ ကျေနပ်ခဲ့ရတာပါ။

စပါးအသင်းမှာ အဲရစ်ဆင် Eriksen ၊ ဆွန်ဟောင်မင် Son Heung-Min တို့ ပါဝင်ခဲ့တာကြောင့် တိုက်စစ်ကစားပုံကောင်းခဲ့ပြီး ပထမပိုင်းမှာ အခွင့်အရေးတွေ ရခဲ့တယ်။ ပထမပိုင်း(၁၀)မိနစ်မှာပဲ စပါးအသင်း အဖွင့်ဂိုးရခဲ့ပြီး ဒီဂိုးက ကိုလာရှီနက် Kolašinac ၊ လေနို Leno တို့ရဲ့ အမှား မကင်းခဲ့ပါဘူး။ ကိုလာရှီနက် မလိုအပ်ဘဲ ရှေ့ကိုတက်ခဲ့တာကြောင့် ခံစစ်မှာ Space ဖြစ်ခဲ့ပြီး ဆွန်ဟောင်မင် ခင်းပေးလိုက်တာကနေ လာမယ်လာ Lamela ရဲ့ ကန်သွင်းချက် ပျော့ပေမယ့် လေနို အမိအရမဖမ်းနိုင်ခဲ့လို့ ကျွံလာတဲ့ဘောလုံကို အဲရစ်ဆင်က ပြေးဝင်ပိတ်သွင်းခဲ့တာပါ။ ဒုတိယဂိုးကလည်း ချာကာ Xhaka ရဲ့ အမှားကနေ ပယ်နယ်တီပေးလိုက်ရပြီး ဟယ်ရီကိန်း Harry Kane က အမှားအယွင်းမရှိ ကန်သွင်းခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဘက်ကို ဟယ်ရီကိန်းသွင်းယူခဲ့တဲ့ ဂိုးက (၁၀)ဂိုးအထိရှိလာပြီး မြောက်လန်ဒန်ဒါဘီပွဲမှာ အဒီဘာယော Emmanuel Adebayor ၊ ဘော်ဘီစမစ် Bobby Smith တို့နဲ့အတူ သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါပြီ။

အာဆင်နယ်အသင်း အခွင့်အရေးတွေ ရပေမယ့် အလွဲလွဲအချော်ချော်ဖြစ်နေပြီး ပထမပိုင်းပြီးခါနီးမှာ လာကာဇက် Lacazette က ပယ်နယ်တီဧရိယာအတွင်း အပြင်းကန်ချက်နဲ့ ချေပဂိုး ပြန်သွင်းယူခဲ့တယ်။ ဒီပွဲမှာ ပထမဆုံးအကြိမ် ပွဲထွက်လာခဲ့တဲ့ အူဘာမီယန်း Aubameyang ၊ လာကာဇက် Lacazette ၊ ပီပီ Pépé တိုက်စစ်အတွဲအဖက် ကစားပုံက ကျေနပ်လောက်စရာ စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အာဆင်နယ်အသင်းက ပွဲကိုလွှမ်းမိုးထားပြီး စပါးအသင်း ဂိုးပေါက်ကို အကြိမ်ကြိမ်ခြိမ်းခြောက်ခဲ့ပေမယ့် လိုရစ် မထင်မှတ်လောက်အောင် လက်စွမ်းပြကာကွယ်နိုင်ခဲ့တယ်။ (၇၁)မိနစ်မှာ ဂွမ်ဒူဇီ Guendouzi ရဲ့ ပေးပို့မှုကနေ အူဘာမီယန်း ချေပဂိုး ထပ်သွင်းခဲ့ပြီး ဒါဟာ အူဘာမီယန်းရဲ့ ပါးနပ်မှုကြောင့် ရခဲ့တာလို့ပြောရမယ်။ စီဘယ်ယို့စ် Dani Ceballos ၀င်လာပြီးနောက်ပိုင်း အာဆင်နယ်ကွင်းလယ်ကစားပုံ ပိုကောင်းလာခဲ့သလို စပါးအသင်း ကွင်းလယ်ခံစစ်က ဟယ်ရီဝင့်ခ် Winks ခြေစွမ်းပျက်နေတာကို လူစားမလဲခဲ့တာကတော့ ပိုချက်တီနို Pochettino မှားခဲ့ပါတယ်။ ဒါပေမဲ့ လက်ကျန်မိနစ်တွေမှာ စပါးအသင်း သရေရအောင် ထိန်းကစားခဲ့တာကြောင့် မြောက်လန်ဒန်ဒါဘီပွဲက သရေနဲ့သာပြီးဆုံးခဲ့တယ်။ စပါးအသင်းဟာ အာဆင်နယ်နဲ့ဆုံတွေ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ ဦးဆောင်ဂိုးရပြီးမှ အမှတ်ပြန်ဆုံးရှုံးခဲ့တာက (၄၂)မှတ်အထိရှိခဲ့ပါတယ်။

 

FT Southampton 1 – 1 Manchester United
FT Chelsea 2 – 2 Sheffield United
FT Crystal Palace 1 – 0 Aston Villa
FT Leicester City 3 – 1 AFC Bournemouth
FT Manchester City 4 – 0 Brighton & Hove Albion
FT Newcastle United 1 – 1 Watford
FT West Ham United 2 – 0 Norwich City
FT Burnley 0 – 3 Liverpool
FT Everton 3 – 2 Wolverhampton Wanderers
FT Arsenal 2 – 2 Tottenham Hotspur

Photo:Opta Joe Twitter,Arsenal Twitter
Naing Linn(Akhayar)
www.akhayar.com