[Zawgyi]

ဒဏ္ရာေၾကာင့္ ကာလရွည္အနားယူရဖုိ႔ရွိေနတဲ့ အာဆင္နယ္ေနာက္ခံလူ ကုိလာရွီနက္ Kolasinac

အာဆင္နယ္အသင္း ေနာက္ခံလူ ကုိလာရွီနက္ Kolasinac ဟာ ၿပီးခဲ့တဲ့ဗုဒၶဟူးေနတုန္းက ခ်ယ္လ္ဆီးနဲ႔ကစားခဲ့တဲ့ ေျခစမ္းပဲြမွာ ဒူးဒဏ္ရာရရွိခဲ့တဲ့အတြက္ ကာလရွည္အနားယူရမယ့္အေနအထားနဲ႔ ရင္ဆုိင္ေနရပါၿပီ။ ဘယ္ေနာက္ခံလူ ကုိလာရွီနက္ဟာ အဲဒီေျခစမး္ပဲြမွာ ပဲြၿပီးဖုိ႔ မိနစ္(၂၀)ေလာက္အလုိမွာ ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး လူစားလဲခံခဲ့ရသလုိ လာမယ့္ေအာက္တိုဘာလမတိုင္ခင္အထိ အနားယူရဖုိ႔ရွိေနတယ္။ အာဆင္နယ္အသင္းက ကုိလာရွီနက္ဟာ အနည္းဆုံး(၈)ပတ္ေလာက္အထိ အနားယူရမယ္လုိ႔ ခန္႔မွန္းခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ပဲြစဥ္(၈)ပဲြနဲ႔ ယူ႐ုိပါလိဂ္(၂)ပဲြကုိ လဲြေခ်ာ္ဖုိ႔ရွိေနပါၿပီ။

Kolasinac-Injury

Kolasinac-Injury

ဒါေၾကာင့္ ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ္အဖြင့္ပဲြအျဖစ္ မန္စီးတီးအသင္းနဲ႔ကစားမယ့္ပဲြကုိ လဲြေခ်ာ္ဖုိ႔လည္း ေသခ်ာသြားၿပီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီက ေရွာ္လ္ေကးအသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္ရွိခဲ့တဲ့ ကုိလာရွီနက္ဟာ ရာသီ၀က္ကာလမွာ ပုံမွန္ကစားခြင့္ရခဲ့ေပမယ့္ ေနာက္ပုိင္းပဲြေတြမွာေတာ့ ေျခခ်င္း၀တ္ဒဏ္ရာေၾကာင့္ ႐ုန္းကန္ခဲ့ရတယ္။ ၿပီးခဲ့တဲ့ရာသီတုန္းက အာဆင္နယ္အသင္းအတြက္ ကုိလာရီွနက္ (၃၆)ပဲြကစားခြင့္ရခဲ့ၿပီး (၅)ဂုိးသြင္း၊ ဂုိးဖန္တီးမႈ(၄)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။

REF:Goal.com
Photo:Ghanasoccernet.com,NewsATW
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဒဏ်ရာကြောင့် ကာလရှည်အနားယူရဖို့ရှိနေတဲ့ အာဆင်နယ်နောက်ခံလူ ကိုလာရှီနက် Kolasinac

အာဆင်နယ်အသင်း နောက်ခံလူ ကိုလာရှီနက် Kolasinac ဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေတုန်းက ချယ်လ်ဆီးနဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဒူးဒဏ်ရာရရှိခဲ့တဲ့အတွက် ကာလရှည်အနားယူရမယ့်အနေအထားနဲ့ ရင်ဆိုင်နေရပါပြီ။ ဘယ်နောက်ခံလူ ကိုလာရှီနက်ဟာ အဲဒီခြေစမ်းပွဲမှာ ပွဲပြီးဖို့ မိနစ်(၂၀)လောက်အလိုမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး လူစားလဲခံခဲ့ရသလို လာမယ့်အောက်တိုဘာလမတိုင်ခင်အထိ အနားယူရဖို့ရှိနေတယ်။ အာဆင်နယ်အသင်းက ကိုလာရှီနက်ဟာ အနည်းဆုံး(၈)ပတ်လောက်အထိ အနားယူရမယ်လို့ ခန့်မှန်းခဲ့တာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်(၈)ပွဲနဲ့ ယူရိုပါလိဂ်(၂)ပွဲကို လွဲချော်ဖို့ရှိနေပါပြီ။

Kolasinac-Injury

Kolasinac-Injury

ဒါကြောင့် ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် မန်စီးတီးအသင်းနဲ့ကစားမယ့်ပွဲကို လွဲချော်ဖို့လည်း သေချာသွားပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီက ရှော်လ်ကေးအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့တဲ့ ကိုလာရှီနက်ဟာ ရာသီဝက်ကာလမှာ ပုံမှန်ကစားခွင့်ရခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာတော့ ခြေချင်းဝတ်ဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်အသင်းအတွက် ကိုလာရှီနက် (၃၆)ပွဲကစားခွင့်ရခဲ့ပြီး (၅)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၄)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

REF:Goal.com
Photo:Ghanasoccernet.com,NewsATW
Naing Linn(Akhayar)
www.akhayar.com