[Zawgyi]

ေလဗာကူဆင္ ဂိုးသမား ေလႏိုကို ေပါင္သန္း (၂၀)နဲ႔ ေခၚယူခဲ့တဲ့ အာဆင္နယ္အသင္း

ေလဗာကူဆင္အသင္းရဲ႕ ဂ်ာမန္လက္ေရြးစင္ဂိုးသမား ေလႏို Leno ကို အာဆင္နယ္အသင္းက ေပါင္သန္း (၂၀)နဲ႔ အၿပီးသတ္ ေခၚယူခဲ့ပါတယ္။ ၿပီးခဲ့တဲ့ အဂၤါေန႔က ကစားသမား အေျပာင္းအေရႊ႕အတြက္ ကလပ္အသင္း (၂)သင္းၾကား သေဘာတူညီမႈ ရရွိခဲ့ၿပီး အာဆင္နယ္အသင္းက လူမႈကြန္ရက္ စာမ်က္ႏွာ ထက္မွာ တရားဝင္ ေၾကညာမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ အသက္ (၂၆)ႏွစ္ အရြယ္ရွိ ေလႏို Leno ကို (၅)ႏွစ္ စာခ်ဳပ္ခ်ဳပ္နဲ႔ အာဆင္နယ္အသင္းကို ေျပာင္းေရႊ႕ခဲ့တာ ျဖစ္ပါတယ္။ ဂ်ာမနီလက္ေရြးစင္အသင္းရဲ႕ ကမၻာ႔ဖလားၿပိဳင္ပြဲဝင္ လူစာရင္းမွာ ပါဝင္ေနတဲ့ ေလႏို Leno ဟာ ဘြန္ဒစ္လီဂါကလပ္ ေလဗာကူဆင္အသင္းမွာ (၇)ႏွစ္ၾကာ ကစားခဲ့ၿပီး ပရီးမီးယားလိဂ္ ထိပ္သီး အာဆင္နယ္အသင္းကို ေျပာင္းေရႊ႕ခဲ့တာ ျဖစ္ပါတယ္။ ေလႏို Leno ေရာက္ရွိလာခဲ့လို႔ အာဆင္နယ္အသင္းရဲ႕ အဓိက ဂုိးသမားအျဖစ္ ပြဲထြက္ခြင့္ ရရွိေနတဲ့ ပီတာခ်က္ Peter Cech ရဲ႕ အနာဂတ္ လႈပ္ခတ္မႈေတြ ရွိလာခဲ့ပါတယ္။ နည္းျပ အူႏုိင္းအမ္မရီ Unai Emery က ပြဲထြက္ ဂိုးသမားေနရာအတြက္  ေလႏို Leno ကို အာမခံခ်က္ ေပးၿပီး ေခၚယူခဲ့တာ ျဖစ္ပါတယ္။

Arsenal-New-Keeper-Leno

Arsenal-New-Keeper-Leno

ေလဗာကူဆင္အသင္းရဲ႕ Twitter စာမ်က္ႏွာထက္မွာ “အာဆင္နယ္အသင္းကို ေလႏို Leno ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈ ရခဲ့ပါၿပီ။ အသင္းအေပၚ ေပးဆပ္ခဲ့မႈေတြအတြက္ ေက်းဇူးအထူးတင္ပါတယ္။ အသင္းသစ္နဲ႔အတူ ကစားသမားဘဝ ေအာင္ျမင္မႈေတြ ရရွိပါေစလို႔ ဆုေတာင္ေပးပါတယ္”လို႔ ေလႏို Leno အတြက္ ဆုေတာင္းေပးခဲ့ပါတယ္။ နည္းျပ အူႏိုင္းအမ္မရီ Unai Emey ကလည္း “ေလႏို Leno ဟာ အေတြ႕အႀကံဳရင့္ ကြာလတီျမင့္ ကစားသမားတစ္ဦးပါ။ ဘြန္ဒစ္လီဂါကလပ္ ေလဗာကူဆင္အသင္းရဲ႕ နံပါတ္ (၁) ဂိုးသမားတစ္ဦးအျဖစ္ (၇)ႏွစ္ၾကာ ျဖတ္သန္းခဲ့ၿပီး အေကာင္းဆံုး လက္စြမ္းမွာရွိေနတဲ့ ထိပ္တန္း ဂိုးသမား တစ္ဦးပါပဲ”လို႔ အသင္းရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာထက္ကေန ေျပာၾကားခဲ့ပါတယ္။

REF:Daily Mail
Photo:Arsenal True Fans, Independent
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

လေဗာကူဆင် ဂိုးသမား လေနိုကို ပေါင်သန်း (၂၀)နဲ့ ခေါ်ယူခဲ့တဲ့ အာဆင်နယ်အသင်း

လေဗာကူဆင်အသင်းရဲ့ ဂျာမန်လက်ရွေးစင်ဂိုးသမား လေနို Leno ကို အာဆင်နယ်အသင်းက ပေါင်သန်း (၂၀)နဲ့ အပြီးသတ် ခေါ်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကစားသမား အပြောင်းအရွှေ့အတွက် ကလပ်အသင်း (၂)သင်းကြား သဘောတူညီမှု ရရှိခဲ့ပြီး အာဆင်နယ်အသင်းက လူမှုကွန်ရက် စာမျက်နှာ ထက်မှာ တရားဝင် ကြေညာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အသက် (၂၆)နှစ် အရွယ်ရှိ လေနို Leno ကို (၅)နှစ် စာချုပ်ချုပ်နဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဂျာမနီလက်ရွေးစင်အသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် လူစာရင်းမှာ ပါဝင်နေတဲ့ လေနို Leno ဟာ ဘွန်ဒစ်လီဂါကလပ် လေဗာကူဆင်အသင်းမှာ (၇)နှစ်ကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ လေနို Leno ရောက်ရှိလာခဲ့လို့ အာဆင်နယ်အသင်းရဲ့ အဓိက ဂိုးသမားအဖြစ် ပွဲထွက်ခွင့် ရရှိနေတဲ့ ပီတာချက် Peter Cech ရဲ့ အနာဂတ် လှုပ်ခတ်မှုတွေ ရှိလာခဲ့ပါတယ်။ နည်းပြ အူနိုင်းအမ်မရီ Unai Emery က ပွဲထွက် ဂိုးသမားနေရာအတွက်  လေနို Leno ကို အာမခံချက် ပေးပြီး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

Arsenal-New-Keeper-Leno

Arsenal-New-Keeper-Leno

လေဗာကူဆင်အသင်းရဲ့ Twitter စာမျက်နှာထက်မှာ “အာဆင်နယ်အသင်းကို လေနို Leno ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပါပြီ။ အသင်းအပေါ် ပေးဆပ်ခဲ့မှုတွေအတွက် ကျေးဇူးအထူးတင်ပါတယ်။ အသင်းသစ်နဲ့အတူ ကစားသမားဘဝ အောင်မြင်မှုတွေ ရရှိပါစေလို့ ဆုတောင်ပေးပါတယ်”လို့ လေနို Leno အတွက် ဆုတောင်းပေးခဲ့ပါတယ်။ နည်းပြ အူနိုင်းအမ်မရီ Unai Emey ကလည်း “လေနို Leno ဟာ အတွေ့အကြုံရင့် ကွာလတီမြင့် ကစားသမားတစ်ဦးပါ။ ဘွန်ဒစ်လီဂါကလပ် လေဗာကူဆင်အသင်းရဲ့ နံပါတ် (၁) ဂိုးသမားတစ်ဦးအဖြစ် (၇)နှစ်ကြာ ဖြတ်သန်းခဲ့ပြီး အကောင်းဆုံး လက်စွမ်းမှာရှိနေတဲ့ ထိပ်တန်း ဂိုးသမား တစ်ဦးပါပဲ”လို့ အသင်းရဲ့ လူမှုကွန်ရက် စာမျက်နှာထက်ကနေ ပြောကြားခဲ့ပါတယ်။

REF:Daily Mail
Photo:Arsenal True Fans, Independent
Aung Kyaw Wai (Akhayar)
www.akhayar.com