နယူးကာဆယ်နဲ့ ရာသီအဖွင့်တုန်းက အူဘာမီယန်း Aubameyang ရဲ့ဂိုးကြောင့် အနိုင်ရခဲ့တဲ့ အာဆင်နယ်အသင်းဟာ အခု ဘန်လေနဲ့ပွဲမှာလည်း အူဘာမီယန်းရဲ့ အနိုင်ဂိုးနဲ့ပဲ (၃)မှတ်ပြည့် ထပ်မံရယူနိုင်ခဲ့တယ်။ ဒီပွဲမှာ ချီးကျူးရမှာက ရီးယဲလ်ကနေ အငှားနဲ့ခေါ်ထားတဲ့ ကွင်းလယ်လူ စီဘယ်ယို့စ် Dani Ceballos ဖြစ်ပြီး တိုက်စစ်ကို အကောင်းဆုံး ပံ့ပိုးပေးခဲ့သလို ကွင်းလယ်မှာ နေရာစုံ လိုက်ဖြည့်ကစားသွားပါတယ်။

အဖွင့်ဂိုးကို အာဆင်နယ်အသင်းကပဲ စောစောစီးစီး ရခဲ့ပြီး (၁၃)မိနစ်မှာ စီဘယ်ယို့စ်ရဲ့ ထောင့်ကန်ဘောကနေ လာကာဇက် Lacazette က တွန်းတွန်ထိုးထိုးနဲ့ ကန်သွင်းခဲ့တာပါ။ ဘန်လေအသင်းကလည်း အာဆင်နယ်ကို မာမာထန်ထန် တုံ့ပြန်ခဲ့ပြီး ပထမပိုင်းမပြီးခင်မှာပဲ ချေပဂိုးဂိုးပြန်ရခဲ့တယ်။ ဒီဂိုးကို တိုက်စစ်မှူး အက်ရှ်လေဘန်းစ် Ashley Barnes က သွင်ူးယခဲ့တာဖြစ်ပြီး ဒါဟာ သူ့အတွက် ဒီရာသီ တတိယမြောက်ဂိုးလည်းပါတယ်။ အဲဒီနောက် နယ်လ်ဆင် Reiss Nelson က အာဆင်နယ်အသင်းအတွက် ဂိုးသွင်းခဲ့ပေမယ့် VAR နဲ့ပြန်ကြည့်ပြီး ဂိုးမပေးခဲ့ပါဘူး။

ဒုတိယပိုင်းမှာတော့ ခြေစွမ်းမပြနိုင်တဲ့ နယ်လ်ဆင်ရဲ့နေရာမှာ ကလပ်စံချိန်တင် ကစားသမား ပီပီ Nicolas Pepe ၀င်ကစားခဲ့ပြီး သူ့ရဲ့တိုးအားကြောင့် ဘန်လေခံစစ်မှာ Space တွေ ဖြစ်လာခဲ့သလို၊ စီဘယ်ယို့စ်ရဲ့ ဘောလုံးခင်းပေးတာတွေကလည်း အာဆင်နယ်တိုက်စစ်ကို အထောက်အကူဖြစ်စေခဲ့ပါတယ်။ အဲဒါကြောင့်ပဲ (၆၄)မိနစ်မှာ စီဘယ်ယို့စ် ခင်းပေးလိုက်တဲ့ဘောလုံးကို အူဘာမီယန်း ဆွဲပြေးကန်သွင်းခဲ့လို့ အာဆင်နယ် ဒုတိယဂိုးရခဲ့တယ်။ စီဘယ်ယို့စ်ဟာ ပါလာ Ray Parlour ၊ မစ်ခီတာရီယန် Henrikh Mkhitaryan တို့နောက်ပိုင်း ပွဲထွက်ကစားခွင့်ရတဲ့ ပထမဆုံးပရီးမီးယားလိဂ်ပွဲမှာ ဂိုးဖန်တီးမှု (၂)ကြိမ်လုပ်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဘန်လေအသင်း အခွင့်အရေးတချို့ရပေမယ့် ကစားသမားတွေ အသုံးမချနိုင်ခဲ့ဘူး။ လက်ကျန်မိနစ်တွေမှာတော့ အူနိုင်းအမ်မရီ Unai Emery က အနိုင်ရလဒ်ကို ဆက်ထိန်းဖို့ ကြိုးစားခဲ့ပြီး (၂)ပွဲဆက်နိုင်ပွဲကို ရယူသွားခဲ့တယ်။ ဒီနိုင်ပွဲကြောင့် အာဆင်နယ်အသင်းဟာ ၂၀၀၉-၁၀ ရာသီနောက်ပိုင်း ပရီးမီးယားလိဂ်ရာသီအဖွင့် (၂)ပွဲဆက် အနိုင်ရတဲ့ မှတ်တမ်းကောင်းကို ပြန်လည်ပိုင်ဆိုင်ခဲ့ပါပြီ။

Photo:Arsenal Twitter
Naing Linn(Akhayar)
www.akhayar.com