[Zawgyi]






REF:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

Candy Crush ဂိမ်းတီထွင်ခဲ့သူကို Data Scientist အဖြစ် ခန့်အပ်လိုက်တဲ့ အာဆင်နယ်

ကမ္ဘာကျော်ဖုန်းဂိမ်းတစ်ခုဖြစ်တဲ့ Candy Crush ကို တီထွင်ခဲ့တဲ့ ရုရှားလူမျိုး Mikhail Zhilkin ကို Data Scientist အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ နက်နဲတဲ့ ကိစ္စရပ်တွေကို Mikhail Zhilkin က ကိုင်တွယ်ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။ အာဆင်နယ်နည်းပြသစ် အူနိုင်းအမ်မရီ Unai Emery ရဲ့ အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ နည်းပြအဖွဲ့ဝင်တွေထဲမှာ Mikhail Zhilkin လည်း ပါဝင်လာခဲ့ပါတယ်။ အသင်းရဲ့ စွမ်းဆောင်ရည်တွေ အမြင့်ဆုံး တိုးတက်စေဖို့နဲ့ ကစားသမားတွေ ဒဏ်ရာပြဿနာ ကြုံတွေ့မှုနည်းပါစေဖို့ အစရှိတဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းသွားရမှာဖြစ်ပါတယ်။

It-will-be-former-Candy-Crush-Mikhail-Zhilkins-first-job-in-football

It-will-be-former-Candy-Crush-Mikhail-Zhilkins-first-job-in-football

အာဆင်နယ်အသင်းမှာ Data Scientist ရာထူးကို မရယူခင် ကမ္ဘာကျော်ဖုန်းဂိမ်းတစ်ခုဖြစ်တဲ့ Candy Crush Soda နဲ့ Candy Crush Jelly ဂိမ်းတွေ တီထွင်ခဲ့ရာမှာ Mikhail Zhilkin က အဓိကနေရာကနေ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ရုရှားနိုင်ငံသား Mikhail Zhilkin ရဲ့ ဘောလုံးလောကမှာ ပထမဆုံးရယူဖူးတဲ့ လုပ်ငန်းတစ်ခုဖြစ်လာခဲ့ပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ LinkedIn ထက်မှာ ဖော်ပြသွားခဲ့ပါတယ်။ Mikhail Zhilkin အနေနဲ့ အချက်အလက်တွေကို စုဆောင်းလေ့လာမှုတွေ ပြုလုပ်ရတာကို စိတ်ဝင်စားပြီး Data Scientist တစ်ဦးအဖြစ် နယ်ပယ်ပေါင်းစုံမှာ တာဝန်ထမ်းဆောင်နေသလို၊ နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်သူတစ်ဦးအဖြစ် နာမည်ကျော်ကြားသူတစ်ဦးဖြစ်ပါတယ်။

REF:The Sun
Photo:Standard, You Tube, Planet Football
Aung Kyaw Wai (Akhayar)
www.akhayar.com