[Zawgyi]

အေမရိကန္ႏိုင္ငံ ဗာဂ်ီးနီးယားျပည္နယ္ Charlottesville ေဒသမွာျဖစ္ပြားခဲ့တဲ့ လူျဖဴအစြန္းေရာက္ေတြနဲ႔ လူမ်ဳိးေရးမခြဲျခားေရးလႈပ္ရွားသူေတြၾကားမွာ ျဖစ္ပြားခဲ့တဲ့ အၾကမ္းဖက္မႈေတြျဖစ္ပြားခဲ့ၿပီးေနာက္မွာေတာ့ အမုန္းမပြားေရး ပရဟိတအဖြဲ႔ကို အလွဴေငြ ေဒၚလာ ၁၀၀,၀၀၀ ( ၇၇၆၉၀ ေပါင္) ကို လွဴဒါန္းခဲ့ပါတယ္။

သရုပ္ေဆာင္တစ္ေယာက္လည္းျဖစ္ၿပီး ကယ္လီဖုိးနီးယားျပည္နယ္ရဲ႕ အုပ္ခ်ဳပ္ေရးမွဴးေဟာင္းလည္းျဖစ္သူ မင္းသားႀကီးအာႏိုးဟာ အသက္ ၃၂ ႏွစ္အရြယ္ လူတစ္ေယာက္ေသဆံုးခဲ့ရတဲ့ ဒီအၾကမ္းဖက္မႈေၾကာင့္ အလြန္ပဲဝမ္းနည္းေၾကကြဲခဲ့ရတယ္လုိ႔ ဆိုပါတယ္။ ရဟတ္ယာဥ္ေမာင္း ရဲသားႏွစ္ဦးဟာလည္း ဒီအၾကမ္းဖက္မႈေၾကာင့္ ရဟတ္ယာဥ္ပ်က္က်ၿပီး ေသဆံုးခဲ့ရပါတယ္။

မင္းသားႀကီးဟာ သူကိုယ္တိုင္ပါဝင္လႈပ္ရွားေနတဲ့ အမုန္းမပြားေရး ပရဟိတအဖြဲ႔ျဖစ္တဲ့ Simon Wiesenthal Center ကို ေဒၚလာတစ္သိန္းလွဴဒါန္းပါမယ္လုိ႔ သူရဲ႕ Facebook အေကာင့္ထဲမွာ တင္ခဲ့ပါတယ္။

“ကၽြန္ေတာ္ သူတို႔ကိုေပးခ်င္တဲ့ မက္ေဆ့ခ်္ကေတာ႔ ရိုးရိုးေလးပါပဲ။ မင္းတို႔ႏိုင္မွာမဟုတ္ဘူးလုိ႔ ေျပာခ်င္တာပါ။ ကၽြန္ေတာ္တို႔ရဲ႕အသံေတြဟာ ပိုၿပီးက်ယ္လာၿပီး ပိုၿပီးလည္း အားေကာင္းလာပါၿပီ။ ဒီႏိုင္ငံဟာ လူျဖဴအေမရိကား မဟုတ္ပါဘူး။ ဒီႏိုင္ငံဟာ အေမရိကန္ျပည္ေထာင္စုပဲ ျဖစ္တယ္” လုိ႔ သူက လူမ်ဳိးေရးခြဲျခားသူေတြကို ေျပာခဲ့ပါတယ္။ လူေတြဟာ ေမြးကတည္းက ဒီလုိမေကာင္းျမင္စိတ္ေတြနဲ႔ ေမြးခဲ့တာမဟုတ္တဲ့အတြက္ ဒီစိတ္ေတြကို ေျပာင္းလဲယူၿပီး အသိအျမင္ပြင့္ေအာင္ လုပ္လုိ႔ရပါတယ္လုိ႔ သူက ဆက္ေျပာခဲ့ပါတယ္။

သူဟာ ပရဟိတအဖြဲ႔ရဲ႕တည္ေထာင္သူနဲ႔ ဆက္သြယ္ခဲ့ၿပီး သူအခုလွဴဒါန္းလိုက္တဲ့ေငြေၾကးဟာပရဟိတအဖြဲ႔ရဲ႕ လူမ်ဳိးေရးမခြဲျခားဖုိ႔လုပ္ေနတဲ့ လုပ္ငန္းေတြကို ပိုမိုက်ယ္ျပန္႔ေအာင္ လုပ္ေဆာင္ႏိုင္မွာျဖစ္တယ္လုိ႔ ဆိုပါတယ္။ သူရဲ႕အိပ္မက္ကေတာ႔ လူေတြအားလံုး သူနဲ႔ပါ၀င္ၿပီး လူမ်ဳိးေရးခြဲျခားမႈကို တိုက္ဖ်က္ေပးဖို႔႔ပဲ ျဖစ္ပါတယ္။

Simon Wiesenthal Center ဆုိတာကေတာ့ လူမ်ဳိးေရးခြဲျခားမႈေတြ၊ အမုန္းပြားမႈေတြကို တိုက္ဖ်တ္တဲ့ ကမာၻလံုးဆိုင္ရာ လူအခြင့္အေရး အဖြဲ႔တစ္ဖြဲ႔ျဖစ္ပါတယ္။ တျခားေအာင္ျမင္ေက်ာ္ၾကားသူေတြနဲ႔ အေမရိကန္သမၼတ Donald Trump တို႔ရဲ႕ အၾကမ္းဖက္မႈအေပၚ တုန္႔ျပန္ခဲ့မႈေတြ ထြက္ေပၚလာခဲ့အၿပီးမွာ မင္းသားႀကီးဟာ လွဴဒါန္းမႈကို ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

သမၼတ Trump ဟာ လူမ်ဳိးေရးခြဲျခားတဲ့ လူျဖဴအစြန္းေရာက္အဖြဲ႔အစည္းေတြကို အစပိုင္းမွာ တိုက္ရိုက္ဆန္႔က်င္ေျပာဆုိမႈမရွိခဲ့တဲ့အတြက္ ေဝဖန္ခံခဲ့ရပါတယ္။ သမၼတ Trump ကို ေဝဖန္တဲ့ လူေတြထဲမွာ ေမာ္ဒယ္ Chrissy Teigen ၊ အဆိုေတာ္ Lady Gaga နဲ႔ ဘက္စကတ္ေဘာကစားသမား LeBron James တို႔ ပါဝင္ခဲ့ၾကပါတယ္။

heineken

www.akhayar.com

[Unicode]

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် Charlottesville ဒေသမှာဖြစ်ပွားခဲ့တဲ့ လူဖြူအစွန်းရောက်တွေနဲ့ လူမျိုးရေးမခွဲခြားရေးလှုပ်ရှားသူတွေကြားမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပြီးနောက်မှာတော့ အမုန်းမပွားရေး ပရဟိတအဖွဲ့ကို အလှူငွေ ဒေါ်လာ ၁၀၀,၀၀၀ ( ၇၇၆၉၀ ပေါင်) ကို လှူဒါန်းခဲ့ပါတယ်။

သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်သူ မင်းသားကြီးအာနိုးဟာ အသက် ၃၂ နှစ်အရွယ် လူတစ်ယောက်သေဆုံးခဲ့ရတဲ့ ဒီအကြမ်းဖက်မှုကြောင့် အလွန်ပဲဝမ်းနည်းကြေကွဲခဲ့ရတယ်လို့ ဆိုပါတယ်။ ရဟတ်ယာဉ်မောင်း ရဲသားနှစ်ဦးဟာလည်း ဒီအကြမ်းဖက်မှုကြောင့် ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးခဲ့ရပါတယ်။

မင်းသားကြီးဟာ သူကိုယ်တိုင်ပါဝင်လှုပ်ရှားနေတဲ့ အမုန်းမပွားရေး ပရဟိတအဖွဲ့ဖြစ်တဲ့ Simon Wiesenthal Center ကို ဒေါ်လာတစ်သိန်းလှူဒါန်းပါမယ်လို့ သူရဲ့ Facebook အကောင့်ထဲမှာ တင်ခဲ့ပါတယ်။

“ကျွန်တော် သူတို့ကိုပေးချင်တဲ့ မက်ဆေ့ချ်ကတော့ ရိုးရိုးလေးပါပဲ။ မင်းတို့နိုင်မှာမဟုတ်ဘူးလို့ ပြောချင်တာပါ။ ကျွန်တော်တို့ရဲ့အသံတွေဟာ ပိုပြီးကျယ်လာပြီး ပိုပြီးလည်း အားကောင်းလာပါပြီ။ ဒီနိုင်ငံဟာ လူဖြူအမေရိကား မဟုတ်ပါဘူး။ ဒီနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုပဲ ဖြစ်တယ်” လို့ သူက လူမျိုးရေးခွဲခြားသူတွေကို ပြောခဲ့ပါတယ်။ လူတွေဟာ မွေးကတည်းက ဒီလိုမကောင်းမြင်စိတ်တွေနဲ့ မွေးခဲ့တာမဟုတ်တဲ့အတွက် ဒီစိတ်တွေကို ပြောင်းလဲယူပြီး အသိအမြင်ပွင့်အောင် လုပ်လို့ရပါတယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။

သူဟာ ပရဟိတအဖွဲ့ရဲ့တည်ထောင်သူနဲ့ ဆက်သွယ်ခဲ့ပြီး သူအခုလှူဒါန်းလိုက်တဲ့ငွေကြေးဟာပရဟိတအဖွဲ့ရဲ့ လူမျိုးရေးမခွဲခြားဖို့လုပ်နေတဲ့ လုပ်ငန်းတွေကို ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ သူရဲ့အိပ်မက်ကတော့ လူတွေအားလုံး သူနဲ့ပါဝင်ပြီး လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်ပေးဖို့ပဲ ဖြစ်ပါတယ်။

Simon Wiesenthal Center ဆိုတာကတော့ လူမျိုးရေးခွဲခြားမှုတွေ၊ အမုန်းပွားမှုတွေကို တိုက်ဖျတ်တဲ့ ကမ္ဘာလုံးဆိုင်ရာ လူအခွင့်အရေး အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ တခြားအောင်မြင်ကျော်ကြားသူတွေနဲ့ အမေရိကန်သမ္မတ Donald Trump တို့ရဲ့ အကြမ်းဖက်မှုအပေါ် တုန့်ပြန်ခဲ့မှုတွေ ထွက်ပေါ်လာခဲ့အပြီးမှာ မင်းသားကြီးဟာ လှူဒါန်းမှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သမ္မတ Trump ဟာ လူမျိုးရေးခွဲခြားတဲ့ လူဖြူအစွန်းရောက်အဖွဲ့အစည်းတွေကို အစပိုင်းမှာ တိုက်ရိုက်ဆန့်ကျင်ပြောဆိုမှုမရှိခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရပါတယ်။ သမ္မတ Trump ကို ဝေဖန်တဲ့ လူတွေထဲမှာ မော်ဒယ် Chrissy Teigen ၊ အဆိုတော် Lady Gaga နဲ့ ဘက်စကတ်ဘောကစားသမား LeBron James တို့ ပါဝင်ခဲ့ကြပါတယ်။

heineken

www.akhayar.com