This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

 

[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပဲြ ဆင္ႏႊဲခြင့္ရခဲ့တဲ့ အဂၤလန္အသင္းရဲ႕ ဆယ္ေက်ာ္သက္ကစားသမားမ်ား

အဂၤလန္အသင္းနည္းျပ ေဆာက္ဂိတ္ Southgate ဟာ လာမယ့္ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြအတြက္ လူေရြးခ်ယ္တ့ဲေနရာမွာ လူငယ္ၾကယ္ပြင့္ေတြ အေတာ္မ်ားမ်ားကုိ ေရြးခ်ယ္ခဲ့ၿပီး သူ႔အသင္းက ကမၻာ႔ဖလားၿပိဳင္ပဲြ၀င္ (၃၂)သင္းထဲမွာ အသက္အငယ္ဆုံးအသင္းျဖစ္ပါတယ္။ အဂၤလန္အသင္းရဲ႕ အသက္အငယ္ဆုံးကစားသမားက လီဗာပူးလ္ေနာက္ခံလူ အာႏုိးလ္Arnold ျဖစ္ၿပီး သူဟာ အသက္ငယ္ငယ္ရြယ္ရြယ္နဲ႔ ကမၻာ႔ဖလားလုိ ၿပိဳင္ပြဲႀကီးတစ္ခုကို ပထမဆုံးအႀကိမ္ ဆင္ႏဲႊခြင့္ရရွိခဲ့ပါၿပီ။ အဂၤလန္အသင္း သမုိင္းတစ္ေလွ်ာက္မ်ာ အသင္းနဲ႔အတူ ကမၻာ႔ဖလားၿပိဳင္ပဲြ ဆင္ႏႊဲခဲ့ဖူးတဲ့ ဆယ္ေက်ာ္သက္ကစားသမားေတြ မ်ားမ်ားစားစားေတာ့ မရွိပါဘူး။ အခု အာႏုိးလ္အပါအ၀င္မွ စုစုေပါင္း(၇)ဦးသာရွိခဲ့တာပါ။

arnold

arnold

ဒါေၾကာင့္ အာႏုိးလ္ မတိုင္ခင္က ဘယ္ ဆယ္ေက်ာ္သက္ကစားသမားေတြ အဂၤလန္အသင္းနဲ႔ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ပါ၀င္ခဲ့ဖူးလဲဆုိတာ ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာ္ျပလုိက္ပါတယ္ . . . .

မုိက္ကယ္အုိ၀င္ Michael Owen (၁၈ ႏွစ္၊ ၁၉၉၈ ကမၻာ႔ဖလား)

Michael-Owen

Michael-Owen

ေဘာလုံးသမားဘ၀မွာ “ငွက္ျမန္ေလး”လုိ႔ ပရိသတ္ေတြက တင္စားျခင္းခံခဲ့ရတဲ့ လီဗာပူးလ္နဲ႔ အဂၤလန္ နာမည္ေက်ာ္တိုက္စစ္မွဴးေဟာင္း မုိက္ကယ္အုိ၀င္ဟာ Michael Owen ၁၉၉၈ ကမၻာ႔ဖလားမွာ အဂၤလန္အသင္းနဲ႔အတူ ပါ၀င္ခြင့္ရရွိခဲ့တယ္။ အဂၤလန္အသင္းနဲ႔အတူ ကမၻာ႔ဖလား(၃)ႀကိမ္၊ ယူ႐ုိဖလား(၂)ႀကိမ္ ဆင္ႏႊဲခဲ့ၿပီး လက္ေရြးစင္ကစားသမားဘ၀ ေအာင္ျမင္မႈမရခဲ့ေပမယ့္ မုိက္ကယ္အုိ၀င္ဟာ အဂၤလန္အသင္းသမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံးတိုက္စစ္မွဴးေတြထဲမွာ တစ္ဦးအပါအ၀င္ဆုိတာ အေသအခ်ာပါပဲ။

ဖာဒီနန္ Ferdinand (၁၉ ႏွစ္၊ ၁၉၉၈ ကမၻာ႔ဖလား)

Ferdinand

Ferdinand

အဂၤလန္အသင္း သမိုင္းတစ္ေလွ်ာက္မွာ ထိပ္တန္းအဆင့္ ေနာက္တန္းကစားသမားေတြ အေတာ္မ်ားမ်ား ထြက္ေပၚခဲ့ပါတယ္။ အဲဒီထဲမွာ ဖာဒီနန္ Ferdinand က တစ္ဦးအပါအ၀င္ပါ။ ၀က္စ္ဟမ္းအသင္းနဲ႔အတူ ထင္ရွားလာတဲ့ ဖာဒီနန္ဟာ အသက္(၁၉)ႏွစ္အရြယ္မွာပဲ ၁၉၉၈ ကမၻာ႔ဖလားၿပိဳင္ပဲြ၀င္ အဂၤလန္အသင္း အတြက္ ေရြးခ်ယ္ခံခဲ့ရတယ္။ ဒါေပမဲ့ ကံမေကာင္းစြာနဲ႔ပဲ အသင္းအတြက္ ပဲြထြက္ကစားခြင့္ေတာ့ မရခဲ့ပါဘူး။

ေ၀ါလ္ေကာ့ Walcott (၁၇ ႏွစ္၊ ၂၀၀၆ ကမၻာ႔ဖလား)

Walcott

Walcott

ေဆာက္သမ္တန္အသင္းအတြက္ (၂၃)ပဲြသာ ကစားခ့ဲၿပီး အဂၤလန္အသင္းမွာ (၂၅)မိနစ္သာ ကစားခဲ့တဲ့ အျပင္ အသက္(၁၇)ႏွစ္သာရွိေသးတဲ့ ဆယ္ေက်ာ္သက္ကစားသမား ေ၀ါလ္ေကာ့ Walcott ကုိ အဂၤလန္အသင္းနည္းျပ အဲရစ္ဆင္ Eriksson က ၂၀၀၆ ကမၻာ႔ဖလားအတြက္ ေရြးခ်ယ္ခဲ့ခ်ိန္မွာ ပရိသတ္ေတြ အားလုံး အံ့အားသင့္ခဲ့ရတယ္။ ဒါေပမဲ့ ေ၀ါလ္ေကာ့ဟာ ဖာဒီနန္လုိပဲ ပထမဆုံး ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ေျခစြမ္းျပခြင့္ မရခဲ့ပါဘူး။

လန္ႏြန္ Lennon (၁၉ ႏွစ္၊ ၂၀၀၆ ကမၻာ႔ဖလား)

Aaron-Lennon

Aaron-Lennon

အဲရစ္ဆင္ဟာ ေ၀ါလ္ေကာ့အျပင္ လက္ေရြးစင္အသင္းအတြက္ တစ္ပဲြမွ မကစားဖူးေသးတဲ့ စပါးအသင္း ေတာင္ပံကစားသမား လန္ႏြန္ Lennon ကုိလည္း ၂၀၀၆ ကမၻာ႔ဖလားၿပိဳင္ပဲြအတြက္ လူစာရင္းမွာ ေရြးခ်ယ္ခဲ့တယ္။ လန္ႏြန္ဟာ ၂၀၀၆ ကမၻာ႔ဖလားမွာ လူစား၀င္ကစားသမားအျဖစ္ ႏွစ္ပဲြ ပါ၀င္ကစားခြင့္ရခဲ့တယ္။

စတာလင္ Sterling (၁၉ ႏွစ္၊ ၂၀၁၄ ကမၻာ႔ဖလား)

Raheem-Sterling

Raheem-Sterling

အသက္(၁၇)ႏွစ္အရြယ္ကတညး္က အဂၤလန္အသင္းမွာ ပဲြထြက္ခြင့္ရခဲ့တဲ့ စတာလင္ Sterling ဟာ ၂၀၁၄ ကမၻာ႔ဖလားၿပိဳင္ပဲြအတြက္ ေရြးခ်ယ္ခံခဲ့ရတာက သိပ္ေတာ့ မထူးဆန္းပါဘူး။ စတာလင္ရဲ႕ ပထမဆုံး ကမၻာ႔ဖလားအေတြ႕အႀကံဳက ခါးသီးခဲ့ၿပီး အဂၤလန္အသင္း အုပ္စုက ထြက္ခဲ့ရပါတယ္။

လုခ္ေရွာ Luke Shaw (၁၈ႏွစ္၊ ၂၀၁၄ ကမၻာ႔ဖလား)

Luke-Shaw

Luke-Shaw

၂၀၁၄ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ အသက္အငယ္ဆုံးကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့တဲ့ လုခ္ေရွာ Luke Shaw ဟာ ၂၀၁၄ ကမၻာ႔ဖလားအုပ္စုေနာက္ဆုံးပဲြျဖစ္တဲ့ ေကာ္စတာရီကာနဲ႔ပဲြမွာ ပါ၀င္ကစားခြင့္ရခဲ့တယ္။ လာမယ့္ ၂၀၁၈ ကမၻာ႔ဖလားမွာေတာ့ အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္က သူ႔ကုိ ေရြးခ်ယ္ခဲ့ျခင္း မရွိပါဘူး။

REF:Daily Mail
Photo:ESPN,Goal.com,Daily Mail,Getty Images,This is Anfield,Independent
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

 

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွှဲခွင့်ရခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ ဆယ်ကျော်သက်ကစားသမားများ

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် Southgate ဟာ လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လူရွေးချယ်တဲ့နေရာမှာ လူငယ်ကြယ်ပွင့်တွေ အတော်များများကို ရွေးချယ်ခဲ့ပြီး သူ့အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲဝင် (၃၂)သင်းထဲမှာ အသက်အငယ်ဆုံးအသင်းဖြစ်ပါတယ်။ အင်္ဂလန်အသင်းရဲ့ အသက်အငယ်ဆုံးကစားသမားက လီဗာပူးလ်နောက်ခံလူ အာနိုးလ်Arnold ဖြစ်ပြီး သူဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကမ္ဘာ့ဖလားလို ပြိုင်ပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် ဆင်နွဲှခွင့်ရရှိခဲ့ပါပြီ။ အင်္ဂလန်အသင်း သမိုင်းတစ်လျှောက်မျာ အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွှဲခဲ့ဖူးတဲ့ ဆယ်ကျော်သက်ကစားသမားတွေ များများစားစားတော့ မရှိပါဘူး။ အခု အာနိုးလ်အပါအဝင်မှ စုစုပေါင်း(၇)ဦးသာရှိခဲ့တာပါ။

arnold

arnold

ဒါကြောင့် အာနိုးလ် မတိုင်ခင်က ဘယ် ဆယ်ကျော်သက်ကစားသမားတွေ အင်္ဂလန်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခဲ့ဖူးလဲဆိုတာ ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ် . . . .

မိုက်ကယ်အိုဝင် Michael Owen (၁၈ နှစ်၊ ၁၉၉၈ ကမ္ဘာ့ဖလား)

Michael-Owen

Michael-Owen

ဘောလုံးသမားဘဝမှာ “ငှက်မြန်လေး”လို့ ပရိသတ်တွေက တင်စားခြင်းခံခဲ့ရတဲ့ လီဗာပူးလ်နဲ့ အင်္ဂလန် နာမည်ကျော်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ဟာ Michael Owen ၁၉၉၈ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းနဲ့အတူ ပါဝင်ခွင့်ရရှိခဲ့တယ်။ အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလား(၃)ကြိမ်၊ ယူရိုဖလား(၂)ကြိမ် ဆင်နွှဲခဲ့ပြီး လက်ရွေးစင်ကစားသမားဘ၀ အောင်မြင်မှုမရခဲ့ပေမယ့် မိုက်ကယ်အိုဝင်ဟာ အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးတိုက်စစ်မှူးတွေထဲမှာ တစ်ဦးအပါအဝင်ဆိုတာ အသေအချာပါပဲ။

ဖာဒီနန် Ferdinand (၁၉ နှစ်၊ ၁၉၉၈ ကမ္ဘာ့ဖလား)

Ferdinand

Ferdinand

အင်္ဂလန်အသင်း သမိုင်းတစ်လျှောက်မှာ ထိပ်တန်းအဆင့် နောက်တန်းကစားသမားတွေ အတော်များများ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီထဲမှာ ဖာဒီနန် Ferdinand က တစ်ဦးအပါအဝင်ပါ။ ဝက်စ်ဟမ်းအသင်းနဲ့အတူ ထင်ရှားလာတဲ့ ဖာဒီနန်ဟာ အသက်(၁၉)နှစ်အရွယ်မှာပဲ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်း အတွက် ရွေးချယ်ခံခဲ့ရတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အသင်းအတွက် ပွဲထွက်ကစားခွင့်တော့ မရခဲ့ပါဘူး။

ဝေါလ်ကော့ Walcott (၁၇ နှစ်၊ ၂၀၀၆ ကမ္ဘာ့ဖလား)

Walcott

Walcott

ဆောက်သမ်တန်အသင်းအတွက် (၂၃)ပွဲသာ ကစားခဲ့ပြီး အင်္ဂလန်အသင်းမှာ (၂၅)မိနစ်သာ ကစားခဲ့တဲ့ အပြင် အသက်(၁၇)နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက်ကစားသမား ဝေါလ်ကော့ Walcott ကို အင်္ဂလန်အသင်းနည်းပြ အဲရစ်ဆင် Eriksson က ၂၀၀၆ ကမ္ဘာ့ဖလားအတွက် ရွေးချယ်ခဲ့ချိန်မှာ ပရိသတ်တွေ အားလုံး အံ့အားသင့်ခဲ့ရတယ်။ ဒါပေမဲ့ ဝေါလ်ကော့ဟာ ဖာဒီနန်လိုပဲ ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြခွင့် မရခဲ့ပါဘူး။

လန်နွန် Lennon (၁၉ နှစ်၊ ၂၀၀၆ ကမ္ဘာ့ဖလား)

Aaron-Lennon

Aaron-Lennon

အဲရစ်ဆင်ဟာ ဝေါလ်ကော့အပြင် လက်ရွေးစင်အသင်းအတွက် တစ်ပွဲမှ မကစားဖူးသေးတဲ့ စပါးအသင်း တောင်ပံကစားသမား လန်နွန် Lennon ကိုလည်း ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လူစာရင်းမှာ ရွေးချယ်ခဲ့တယ်။ လန်နွန်ဟာ ၂၀၀၆ ကမ္ဘာ့ဖလားမှာ လူစားဝင်ကစားသမားအဖြစ် နှစ်ပွဲ ပါဝင်ကစားခွင့်ရခဲ့တယ်။

စတာလင် Sterling (၁၉ နှစ်၊ ၂၀၁၄ ကမ္ဘာ့ဖလား)

Raheem-Sterling

Raheem-Sterling

အသက်(၁၇)နှစ်အရွယ်ကတည်းက အင်္ဂလန်အသင်းမှာ ပွဲထွက်ခွင့်ရခဲ့တဲ့ စတာလင် Sterling ဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရွေးချယ်ခံခဲ့ရတာက သိပ်တော့ မထူးဆန်းပါဘူး။ စတာလင်ရဲ့ ပထမဆုံး ကမ္ဘာ့ဖလားအတွေ့အကြုံက ခါးသီးခဲ့ပြီး အင်္ဂလန်အသင်း အုပ်စုက ထွက်ခဲ့ရပါတယ်။

လုခ်ရှော Luke Shaw (၁၈နှစ်၊ ၂၀၁၄ ကမ္ဘာ့ဖလား)

Luke-Shaw

Luke-Shaw

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ လုခ်ရှော Luke Shaw ဟာ ၂၀၁၄ ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ ကော်စတာရီကာနဲ့ပွဲမှာ ပါဝင်ကစားခွင့်ရခဲ့တယ်။ လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားမှာတော့ အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်က သူ့ကို ရွေးချယ်ခဲ့ခြင်း မရှိပါဘူး။

REF:Daily Mail
Photo:ESPN,Goal.com,Daily Mail,Getty Images,This is Anfield,Independent
Naing Linn(Akhayar)
www.akhayar.com