[Zawgyi]

ေစ့စပ္လက္စြပ္ကို Instagram မွာ ထုတ္ၾကြားလိုက္တဲ့ Ariana Grande

Ariana Grande နဲ႔ သူ႔ရဲ႕ ခ်စ္သူ Pete Davidson တို႔ ေစ့စပ္လုိက္ျပီဆုိတာ ၾကားသိၾကတာ ၾကာျပီျဖစ္ေပမယ့္ ေစ့စပ္လက္စြပ္လို သက္ေသဓာတ္ပံုေတြ မတက္လာေသးလို႔ သို႔ေလာ သို႔ေလာ ျဖစ္ေနၾကတာပါ။

Ariana Grande and Pete Davidson

Ariana Grande and Pete Davidson

အခုေတာ့ ‘Saturday Night Live’ ရဲ႕ ၾကယ္ပြင့္ Pete Davidson ဟာ Instagram မွာ ဓာတ္ပံုတစ္ပံုတင္ျပီး ပရိသတ္ကို လႈပ္ခတ္ခဲ့ပါျပီ။ ဓာတ္ပံုထဲမွာ သူနဲ႔ Ariana Grande တို႔ လက္ကိုင္ထားျပီး Ariana Grande ရဲ့ ေစ့စပ္လက္စြပ္ဟာ သိသိသာသာ ထင္ထင္ရွားရွားျပဴးျပဴးၾကီးပါဝင္လာတာပါပဲ။

u know what you’d dream it be like ? it’s better than that

A post shared by Pete Davidson (@petedavidson) on

ဒီပံုရဲ႕ Caption ကိုလည္း ကိုေရႊ Pete က ရိုဆန္တဲ့ အေနနဲ႔ “U know what you’d dream it be like? It’s better than that,”လို႔ ဖြဲ႔ႏြဲ႔ျပီး ေရးထားခဲ့ပါတယ္။

Pete နဲ႔ ွAriana တို႔အတြဲဟ စဒိတ္ျပီး တြဲျပီး သိပ္မၾကာခင္ဘဲ အခုလို ေစ့စပ္တဲ့ အဆင့္ကို ျမန္ျမန္ဆန္ဆန္ေရာက္သြားလို႔ ပရိသတ္ေတြက အံ့အားသင့္ေနၾကျပီး သား ျဖစ္ပါတယ္။ ႏွစ္ေယာက္လံုးဟာလည္း အခုမွ အသက္ (၂၄) ႏွစ္သာ ရွိေနပါေသးတယ္။

နီးစပ္တဲ့ အတြင္းသတင္းေတြကေတာ့ “သူတို႔ႏွစ္ေယာက္ဟာ သံလိုက္လို ရုတ္တရုတ္ တစ္ေယာက္ကို တစ္ေယာက္အရမ္းနီးစပ္သြားၾကျပီး သူတို႔ႏွစ္ေယာက္လံုးကလည္း ဒီေလာက္ထိ ျမန္မယ္လို႔ မထင္ထားပါဘူးတဲ့။ ျပီးေတာ့ အခ်ိန္ေတြအၾကာၾကီး ခ်စ္သြားဖို႔ ေမွ်ာ္လင့္ထားတယ္” လို႔လည္း ဆိုပါတယ္။

Ariana Grande

Ariana Grande

Ariana Grande

Ariana Grande

TMZ သတင္း Website အရေတာ့ Pete ဟာ Ariana ရဲ႕ ေစ့စပ္လက္စြပ္ကို ေဒၚလာ ၉၃၀၀၀ ေလာက္ အကုန္အက်ခံဝယ္ယူေပးခဲ့တာ ျဖစ္ပါတယ္တဲ့။ ဒီလို အခ်စ္ခံရတဲ့ Ariana ဟာလည္း မိန္းကေလးတို႔ ထံုးစံအတုိင္း အဲ့ဒီေစ့စပ္လက္စြပ္ကို ဝတ္ျပီး Songwriters Hall of Fame’s 49th Annual Induction and Award ညစာစားပြဲကို ပြဲတက္ခဲ့ပါတယ္တဲ့။

ေပ်ာ္စရာ ခ်စ္ၾကည္ႏူးစရာကာလမ်ား ျဖစ္ပါေစ.. Ariana Grande နဲ႔ Pete Davidson ေရ။

Yoe Lu (Akhayar)

www.akhayar.com
[Unicode]

စေ့စပ်လက်စွပ်ကို Instagram မှာ ထုတ်ကြွားလိုက်တဲ့ Ariana Grande

Ariana Grande နဲ့ သူ့ရဲ့ ချစ်သူ Pete Davidson တို့ စေ့စပ်လိုက်ပြီဆိုတာ ကြားသိကြတာ ကြာပြီဖြစ်ပေမယ့် စေ့စပ်လက်စွပ်လို သက်သေဓာတ်ပုံတွေ မတက်လာသေးလို့ သို့လော သို့လော ဖြစ်နေကြတာပါ။

Ariana Grande and Pete Davidson

Ariana Grande and Pete Davidson

အခုတော့ ‘Saturday Night Live’ ရဲ့ ကြယ်ပွင့် Pete Davidson ဟာ Instagram မှာ ဓာတ်ပုံတစ်ပုံတင်ပြီး ပရိသတ်ကို လှုပ်ခတ်ခဲ့ပါပြီ။ ဓာတ်ပုံထဲမှာ သူနဲ့ Ariana Grande တို့ လက်ကိုင်ထားပြီး Ariana Grande ရဲ့ စေ့စပ်လက်စွပ်ဟာ သိသိသာသာ ထင်ထင်ရှားရှားပြူးပြူးကြီးပါဝင်လာတာပါပဲ။

u know what you’d dream it be like ? it’s better than that

A post shared by Pete Davidson (@petedavidson) on

ဒီပုံရဲ့ Caption ကိုလည်း ကိုရွှေ Pete က ရိုဆန်တဲ့ အနေနဲ့ “U know what you’d dream it be like? It’s better than that,”လို့ ဖွဲ့နွဲ့ပြီး ရေးထားခဲ့ပါတယ်။

Pete နဲ့ ှAriana တို့အတွဲဟ စဒိတ်ပြီး တွဲပြီး သိပ်မကြာခင်ဘဲ အခုလို စေ့စပ်တဲ့ အဆင့်ကို မြန်မြန်ဆန်ဆန်ရောက်သွားလို့ ပရိသတ်တွေက အံ့အားသင့်နေကြပြီး သား ဖြစ်ပါတယ်။ နှစ်ယောက်လုံးဟာလည်း အခုမှ အသက် (၂၄) နှစ်သာ ရှိနေပါသေးတယ်။

နီးစပ်တဲ့ အတွင်းသတင်းတွေကတော့ “သူတို့နှစ်ယောက်ဟာ သံလိုက်လို ရုတ်တရုတ် တစ်ယောက်ကို တစ်ယောက်အရမ်းနီးစပ်သွားကြပြီး သူတို့နှစ်ယောက်လုံးကလည်း ဒီလောက်ထိ မြန်မယ်လို့ မထင်ထားပါဘူးတဲ့။ ပြီးတော့ အချိန်တွေအကြာကြီး ချစ်သွားဖို့ မျှော်လင့်ထားတယ်” လို့လည်း ဆိုပါတယ်။

Ariana Grande

Ariana Grande

Ariana Grande

Ariana Grande

TMZ သတင်း Website အရတော့ Pete ဟာ Ariana ရဲ့ စေ့စပ်လက်စွပ်ကို ဒေါ်လာ ၉၃၀၀၀ လောက် အကုန်အကျခံဝယ်ယူပေးခဲ့တာ ဖြစ်ပါတယ်တဲ့။ ဒီလို အချစ်ခံရတဲ့ Ariana ဟာလည်း မိန်းကလေးတို့ ထုံးစံအတိုင်း အဲ့ဒီစေ့စပ်လက်စွပ်ကို ဝတ်ပြီး Songwriters Hall of Fame’s 49th Annual Induction and Award ညစာစားပွဲကို ပွဲတက်ခဲ့ပါတယ်တဲ့။

ပျော်စရာ ချစ်ကြည်နူးစရာကာလများ ဖြစ်ပါစေ.. Ariana Grande နဲ့ Pete Davidson ရေ။

Yoe Lu (Akhayar)

www.akhayar.com