အဂၤလန္ႏုိင္ငံ၊ မန္ခ်က္စတာျမိဳ႕မွာ တနၤလာေန႔ ေမလ ၂၂ ရက္ေန႔ ညမွာ  ျပဳလုပ္ခဲ့တဲ့ အသက္ ၂၃ ႏွစ္အရြယ္ရွိျပီျဖစ္တဲ့ အေမရိကန္လူမ်ိဳး အဆိုေတာ္မေလး Ariana Grande ရဲ့ ရႈိးပြဲမွာ ဗံုးေပါက္ကြဲမႈ ျဖစ္ပြားခဲ့ျပီး အနည္းဆံုး လူ၁၉ ဦး ေသဆံုးခဲ့တယ္လို႔ သိရပါတယ္။

 

မန္ခ်က္စတာဇာတ္ရုံမွာ ျပဳလုပ္ခဲ့တဲ့ ဒီရွဳိးပြဲဟာ ရွဳိးပြဲအျပီးမွာ ျပဳလုပ္ေပးတဲ့ ပန္းေရာင္ေဘာလံုးေတြ ၾကဲခ်ေနစဥ္အခ်ိန္အတြင္း ည ၁၀း၃၅ ေလာက္မွာ ဗံုးေပါက္ကြဲမႈျဖစ္ပြားခဲ့တာပါ။ အေသခံဗံုးေပါက္ခြဲမႈလို႔ ယူဆရတဲ့ ဒီျဖစ္ရပ္ေၾကာင့္ လူ ၁၉ ဦးနီးပါးေသဆံုးတယ္လို႔ အတည္ျပဳထားျပီး ဒဏ္ရာရတဲ့သူကေတာ့ ၅၉ ဦးနီးပါးရွိေနျပီျဖစ္ပါတယ္။

မ်က္ျမင္သက္ေသေတြက CNN ကို ေျပာၾကားခဲ့မႈအရေတာ့ ေပါက္ကြဲမႈဟာ ႏွစ္ၾကိမ္ဆင့္ျဖစ္ခဲ့ပံုရျပီး အဓိက ေဖ်ာ္ေျဖေရးေနရာ အျပင္ဘက္နားက လက္မွတ္ေရာင္းတဲ့ ေနရာနားမွာ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။ ေသဆံုးထိခုိက္ဒဏ္ရာခဲ့သူ အမ်ားစုကေတာ့ ရွုိးပြဲလာၾကည့္သူ ဆယ္ေက်ာ္သက္လူငယ္ေတြနဲ႔ သူတို႔ရဲ့ အေဖာ္လိုက္လာေပးတဲ့ မိဘေတြ မ်ားပါတယ္။

ဒီျဖစ္ရပ္အတြက္  ရဲေတြနဲ႔ တာဝန္ရွိသူေတြဘက္ေတာ့ အေၾကာင္းရင္းကို စံုစမ္းေနဆဲျဖစ္ျပီး အဆိုေတာ္ျဖစ္တဲ့ Ariana Grande ကေတာ့ သူ႔ရဲ့ Twitter မွာ  “ဒီျဖစ္ရပ္အတြက္ ေျပာစရာစကားမရွိေလာက္ေအာင္ကို စိတ္ႏွလံုးေၾကကြဲရပါတယ္” လို႔ Tweet လုပ္ခဲ့ပါတယ္။

ဒီတစ္ခါျဖစ္ရပ္ဟာ ၂၀၀၅ လန္ဒန္ေျမေအာက္ဗံုးေပါက္ကြဲမႈအျပီး အဂၤလန္ႏုိင္ငံရဲ့ အေသအေပ်ာက္အမ်ားဆံုးျဖစ္စဥ္တစ္ရပ္မို႔လို႔ ထိခုိက္ဒဏ္ရာရသူေတြ အျမန္ဆံုးျပန္လည္သက္သာပါေစေၾကာင္း ဆုေတာင္းရင္း ကမာၻ႔တလႊားက အၾကမ္းဖက္မႈေတြအားလံုးလည္း ခ်ဳပ္ျငိမ္းပေပ်ာက္ပါေစေၾကာင္း အခရာက ဆႏၵျပဳပါတယ္ခင္ဗ်ာ။ 🙁

 

Unicode Version

အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့မှာ တင်္နလာနေ့ မေလ ၂၂ ရက်နေ့ ညမှာ ပြုလုပ်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်လူမျိုး အဆိုတော်မလေး Ariana Grande ရဲ့ ရှိုးပွဲမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ၁၉ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာဇာတ်ရုံမှာ ပြုလုပ်ခဲ့တဲ့ ဒီရှိုးပွဲဟာ ရှိုးပွဲအပြီးမှာ ပြုလုပ်ပေးတဲ့ ပန်းရောင်ဘောလုံးတွေ ကြဲချနေစဉ်အချိန်အတွင်း ည ၁၀း၃၅ လောက်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ အသေခံဗုံးပေါက်ခွဲမှုလို့ ယူဆရတဲ့ ဒီဖြစ်ရပ်ကြောင့် လူ ၁၉ ဦးနီးပါးသေဆုံးတယ်လို့ အတည်ပြုထားပြီး ဒဏ်ရာရတဲ့သူကတော့ ၅၉ ဦးနီးပါးရှိနေပြီဖြစ်ပါတယ်။

မျက်မြင်သက်သေတွေက CNN ကို ပြောကြားခဲ့မှုအရတော့ ပေါက်ကွဲမှုဟာ နှစ်ကြိမ်ဆင့်ဖြစ်ခဲ့ပုံရပြီး အဓိက ဖျော်ဖြေရေးနေရာ အပြင်ဘက်နားက လက်မှတ်ရောင်းတဲ့ နေရာနားမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ သေဆုံးထိခိုက်ဒဏ်ရာခဲ့သူ အများစုကတော့ ရှိုးပွဲလာကြည့်သူ ဆယ်ကျော်သက်လူငယ်တွေနဲ့ သူတို့နဲ့ အဖော်လိုက်လာပေးတဲ့ မိဘတွေ များပါတယ်။

ဒီဖြစ်ရပ်အတွက် ရဲတွေနဲ့ တာဝန်ရှိသူတွေဘက်တော့ အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပြီး အဆိုတော်ဖြစ်တဲ့ Ariana Grande ကတော့ သူ့ရဲ့ Twitter မှာ “ဒီဖြစ်ရပ်အတွက် ပြောစရာစကားမရှိလောက်အောင်ကို စိတ်နှလုံးကြေကွဲရပါတယ်” လို့ Tweet လုပ်ခဲ့ပါတယ်။

ဒီတစ်ခါဖြစ်ရပ်ဟာ ၂၀၀၅ လန်ဒန်မြေအောက်ဗုံးပေါက်ကွဲမှုအပြီး အင်္ဂလန်နိုင်ငံရဲ့ အသေအပျောက်အများဆုံးဖြစ်စဉ်တစ်ရပ်မို့လို့ ထိခိုက်ဒဏ်ရာရသူတွေ အမြန်ဆုံးပြန်လည်သက်သာပါစေကြောင်း ဆုတောင်းရင်း ကမ္ဘာ့တလွှားက အကြမ်းဖက်မှုတွေအားလုံးလည်း ချုပ်ငြိမ်းပပျောက်ပါစေကြောင်း အခရာက ဆန္ဒပြုပါတယ်ခင်ဗျာ။ 🙁

 

ရိုးလူ (အခရာ)

www.akhayar.com

Ref : nytimes.com, dailymail.co.uk, The Sun, Time , Independent

Photo Credit : dailymail.co.uk