This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ရိုဟိုရဲ႕ ေနာက္က်အႏိုင္ဂိုးနဲ႔ ေနာက္တစ္ဆင့္ တက္ခဲ့တဲ့ အာဂ်င္တီးနား

အာဂ်င္တီးနားအသင္းကေတာ့ ေနာက္ခံလူ ရုိဟုိ Rojo ရဲ႕ ေနာက္က်အႏုိင္ဂိုးေၾကာင့္ ႏိုက္ဂ်ီးရီးယားအသင္းကို (၂-၁)ဂိုးနဲ႔ အႏိုင္ရၿပီး ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ခဲ့တယ္။ ေနာက္တစ္ဆင့္တက္ဖို႔ လိုအပ္ေနတဲ့ အႏုိင္ရလဒ္ကို ရယူႏိုင္ခဲ့ေပမယ့္ အာဂ်င္တီးနားရဲ႕ ကစားပံုက လိုအပ္ခ်က္ေတြ မ်ားေနဆဲပါပဲ။ ၂၀၀၂ ကမၻာ႔ဖလားေနာက္ပိုင္း အုပ္စုက ထြက္ခြာရမယ့္ အေရးကို အာဂ်ုင္တီးနားအသင္း ေရွာင္လႊဲႏိုင္ခဲ့တယ္။ (၂)သင္းစလံုး ေနာက္တစ္ဆင့္အတြက္ အေရးပါေနခဲ့လို႔ အဓိက ကစားသမား အစံုအလင္နဲ႔ ပြဲထြက္လာခဲ့တယ္။ ႏိုက္ဂ်ီးရီးယားအသင္းက ပံုစံေကာင္းျပေနတဲ့ (၃-၅-၂)ကစားကြက္နဲ႔ပဲ ပြဲထြက္လာခဲ့ၿပီး အာဂ်င္တီးနားအသင္းကေတာ့ ခရိုေအးရွားနဲ႔ပြဲက လူစာရင္းကို အေျပာင္းအလဲမ်ားစြာ ျပဳလုပ္လာခဲ့တယ္။ (၄-၄-၂) ကစားကြက္ကို ဆက္လက္အသံုးျပဳခဲ့ၿပီး ဒီမာရီယာ Di Maria၊ ဟီဂြါအင္ Higuain၊ ဘာနီဂါ Banega နဲ႔ ရိုဟို Rojo တို႔ ပြဲထြက္လူစာရင္းမွာ ပါဝင္လာခဲ့ၿပီး ခရိုေအးရွားနဲ႔ ပြဲစဥ္မွာ အမွားမ်ားခဲ့တဲ့ ဂိုးသမား ကယ္ဘယ္လာရို Caballero ေနရာမွာ အာမနီ Armani ကို အသံုးျပဳခဲ့တယ္။ အာဂ်င္တီးနားအသင္းဟာ သူတို႔ရဲ႕ ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ အသက္အႀကီးဆံုး ပြဲထြက္လူစာရင္းနဲ႔ ပြဲထြက္လာခဲ့ၿပီး ကစားသမားေတြရဲ႕ ပ်မ္းမွ်အသက္က (၃၀)ႏွစ္နဲ႔ (၁၉၀)ရက္ရွိခဲ့တယ္။

Messi-scores

Messi-scores

ပြဲအစပိုင္းမွာ အာဂ်င္တီးနားအသင္ရဲ႕ ကစားပံုက အေကာင္းဆံုးအေနအထားမွာ ရွိေနခဲ့ၿပီး ႏိုက္ဂ်ီးရီးယားခံစစ္ကို ဖိအားေပး ကစားႏိုင္ခဲ့တယ္။ လွ်င္ျမန္မႈ အသားေပးတဲ့ ကစားပံုေၾကာင့္လည္း ပြဲအစ (၁၄)မိနစ္မွာတင္ အာဂ်င္တီးနားအတြက္ ဦးေဆာင္ဂိုးကို အသင္းေခါင္းေဆာင္ မက္ဆီ Messi က သြင္းယူေပးခဲ့တယ္။ ကြင္းလယ္လူ ဘာနီဂါ Banega ရဲ႕ တိက်ေသသပ္တဲ့ ေပးပို႔မႈကေန မက္ဆီ Messi က ေတာက္ေလွ်ာက္ ဆြဲထြက္ၿပီး ဂိုးသမားရဲ႕ ညာဘက္ေထာင့္ကို အျပင္းကန္သြင္းယူခဲ့တာျဖစ္တယ္။ မက္ဆီ Messi အေနနဲ႔ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ (၆၈၉)မိနစ္ၾကာ ဂိုးေပါက္ေပ်ာက္ဆံုးေနမႈကို ရပ္တန္႔ႏိုင္ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ သြင္းဂိုးက ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲရဲ႕ ဂိုး (၁၀၀)ေျမာက္ သြင္းဂိုးအျဖစ္လည္း မွတ္တမ္းဝင္ခဲ့တယ္။ ဦးေဆာင္ဂိုးရၿပီးတဲ့ေနာက္ပိုင္းမွာ အာဂ်င္တီးနားအသင္းရဲ႕ ကစားပံုက ကြင္းလယ္မွာသာ အခ်ိန္ကုန္ေနခဲ့ၿပီး ႏုိက္ဂ်ီးရီးယားအသင္းက တိုက္စစ္ျပန္လည္စတင္မႈေတြ ျပဳလုပ္လာခဲ့တယ္။ ပထမပိုင္းမွာ အာဂ်င္တီးနားအသင္းရဲ႕ ခံစစ္ ကစားပံုက အေကာင္းဆံုးအေနအထားမွာ ရွိေနခဲ့ၿပီး ႏိုက္ဂ်ီးရီးယားအသင္းရဲ႕ တိုက္စစ္ကို အေကာင္းဆံုး ထိန္းခ်ဳပ္ႏိုင္ခဲ့လို႔ (၁-၀)ဂိုးနဲ႔ ပထမပိုင္းၿပီးဆံုးခဲ့တယ္။

Messi-goal-celebrates-with-his-teammates

Messi-goal-celebrates-with-his-teammates

ဒုတိယပိုင္းမွာေတာ့ ေခ်ပဂိုးရရွိဖို႔ လိုအပ္လာတဲ့ ႏိုက္ဂ်ီးရီးယားအသင္း တိုက္စစ္ျမွင့္တင္မႈေတြ ျပဳလုပ္လာခဲ့ၿပီး အာဂ်င္တီးနား ခံစစ္ေၾကာင္းကို အေကာင္းဆံုး ဖိအားေပးလာႏိုင္ခဲ့တယ္။ ပြဲကစားခ်ိန္ (၄၉)မိနစ္အေရာက္မွာေတာ့ ႏိုက္ဂ်ီးရီးယားေနာက္ခံလူ ဘာလိုဂန္ Balogun ကို ဂိုးဧရိယာအတြင္း မာေရွယာႏို Mascherano ဆြဲလွဲခဲ့လို႔ အာဂ်င္တီးနားအသင္း ပယ္နယ္တီ ေပးခဲ့ရၿပီး ေမာ့ဆက္စ္ Moses က အမွားအယြင္းမရွိ ကန္သြင္းကာ ႏုိက္ဂ်ီးရီးယားအတြက္ ေခ်ပဂုိးကုိ ရယူေပးခဲ့တယ္။ ေခ်ပဂိုးရရွိၿပီးေနာက္ပိုင္းမွာ ႏုိက္ဂ်ီးရီးယားအသင္း ခံစစ္ကစားပံု ေျပာင္းလဲခဲ့လို႔ အာဂ်င္တီးနားအသင္း တစ္ေက်ာ႔ျပန္ ဖိအားေပးမႈေတြ ျပဳလုပ္လာခဲ့ေပမယ့္ တိုက္စစ္မွဴးေတြ နားလည္မႈလြဲေနခဲ့လို႔ ထိေရာက္တဲ့ ၿခိမ္းေျခာက္မႈမ်ိဳး မျပဳလုပ္ႏိုင္ခဲ့ပါဘူး။

Moses-goal-celebrations

Moses-goal-celebrations

ပြဲကစားခ်ိန္ (၈၆)မိနစ္အေရာက္မွာေတာ့ မထင္မွတ္ထားတဲ့ အေနအထားကေန တိုက္စစ္ကို လိုက္ပါလာခဲ့တဲ့ ေနာက္ခံလူ ရိုဟို Rojo က အသင္းအတြက္ အဖိုးတန္ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တယ္။ ေနာက္ခံလူ မာခ်ာဒို Macado ရဲ႕ ျဖတ္တင္ေပးပို႔မႈကို ရိုဟုိ Rojo က ဂိုးဧရိယာအတြင္း Volley အျပင္းကန္သြင္းကာ ရယူေပးခဲ့တာျဖစ္တယ္။ လက္က်န္မိနစ္ေတြမွာ ႏိုက္ဂ်ီးရီးယားတို႔ ေခ်ပဂိုးရရွိဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ အာဂ်င္တီးနား ခံစစ္ေၾကာင္းကို ေက်ာ္ျဖတ္ႏိုင္ျခင္းမရွိလို႔ အုပ္စုက ေက်ာ္ျဖတ္ႏိုင္မယ့္ အခြင့္အေရးကို လက္လႊတ္ခဲ့ရတယ္။ အာဂ်င္တီးနားအသင္းကေတာ့ အုပ္စု ဒုတိယေနရာကေန ေနာက္တစ္ဆင့္ တက္ေရာက္ႏိုင္ခဲ့ၿပီး အုပ္စု (ဂ)က အုပ္စု ပထမေနရာကို ရရွိခဲ့တဲ့ ျပင္သစ္အသင္းနဲ႔ ရံႈးထြက္ (၁၆)သင္းအဆင့္မွာ ရင္ဆိုင္သြားရမွာ ျဖစ္ပါတယ္။
Man Of The Match – Messi (Argentina)

Photo:FIFA.com, Fifa World Cup Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ရိုဟိုရဲ့ နောက်ကျအနိုင်ဂိုးနဲ့ နောက်တစ်ဆင့် တက်ခဲ့တဲ့ အာဂျင်တီးနား

အာဂျင်တီးနားအသင်းကတော့ နောက်ခံလူ ရိုဟို Rojo ရဲ့ နောက်ကျအနိုင်ဂိုးကြောင့် နိုက်ဂျီးရီးယားအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တယ်။ နောက်တစ်ဆင့်တက်ဖို့ လိုအပ်နေတဲ့ အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ပေမယ့် အာဂျင်တီးနားရဲ့ ကစားပုံက လိုအပ်ချက်တွေ များနေဆဲပါပဲ။ ၂၀၀၂ ကမ္ဘာ့ဖလားနောက်ပိုင်း အုပ်စုက ထွက်ခွာရမယ့် အရေးကို အာဂျုင်တီးနားအသင်း ရှောင်လွှဲနိုင်ခဲ့တယ်။ (၂)သင်းစလုံး နောက်တစ်ဆင့်အတွက် အရေးပါနေခဲ့လို့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့တယ်။ နိုက်ဂျီးရီးယားအသင်းက ပုံစံကောင်းပြနေတဲ့ (၃-၅-၂)ကစားကွက်နဲ့ပဲ ပွဲထွက်လာခဲ့ပြီး အာဂျင်တီးနားအသင်းကတော့ ခရိုအေးရှားနဲ့ပွဲက လူစာရင်းကို အပြောင်းအလဲများစွာ ပြုလုပ်လာခဲ့တယ်။ (၄-၄-၂) ကစားကွက်ကို ဆက်လက်အသုံးပြုခဲ့ပြီး ဒီမာရီယာ Di Maria၊ ဟီဂွါအင် Higuain၊ ဘာနီဂါ Banega နဲ့ ရိုဟို Rojo တို့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ပြီး ခရိုအေးရှားနဲ့ ပွဲစဉ်မှာ အမှားများခဲ့တဲ့ ဂိုးသမား ကယ်ဘယ်လာရို Caballero နေရာမှာ အာမနီ Armani ကို အသုံးပြုခဲ့တယ်။ အာဂျင်တီးနားအသင်းဟာ သူတို့ရဲ့ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အသက်အကြီးဆုံး ပွဲထွက်လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး ကစားသမားတွေရဲ့ ပျမ်းမျှအသက်က (၃၀)နှစ်နဲ့ (၁၉၀)ရက်ရှိခဲ့တယ်။

Messi-scores

Messi-scores

ပွဲအစပိုင်းမှာ အာဂျင်တီးနားအသင်ရဲ့ ကစားပုံက အကောင်းဆုံးအနေအထားမှာ ရှိနေခဲ့ပြီး နိုက်ဂျီးရီးယားခံစစ်ကို ဖိအားပေး ကစားနိုင်ခဲ့တယ်။ လျှင်မြန်မှု အသားပေးတဲ့ ကစားပုံကြောင့်လည်း ပွဲအစ (၁၄)မိနစ်မှာတင် အာဂျင်တီးနားအတွက် ဦးဆောင်ဂိုးကို အသင်းခေါင်းဆောင် မက်ဆီ Messi က သွင်းယူပေးခဲ့တယ်။ ကွင်းလယ်လူ ဘာနီဂါ Banega ရဲ့ တိကျသေသပ်တဲ့ ပေးပို့မှုကနေ မက်ဆီ Messi က တောက်လျှောက် ဆွဲထွက်ပြီး ဂိုးသမားရဲ့ ညာဘက်ထောင့်ကို အပြင်းကန်သွင်းယူခဲ့တာဖြစ်တယ်။ မက်ဆီ Messi အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၆၈၉)မိနစ်ကြာ ဂိုးပေါက်ပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ သွင်းဂိုးက ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဂိုး (၁၀၀)မြောက် သွင်းဂိုးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တယ်။ ဦးဆောင်ဂိုးရပြီးတဲ့နောက်ပိုင်းမှာ အာဂျင်တီးနားအသင်းရဲ့ ကစားပုံက ကွင်းလယ်မှာသာ အချိန်ကုန်နေခဲ့ပြီး နိုက်ဂျီးရီးယားအသင်းက တိုက်စစ်ပြန်လည်စတင်မှုတွေ ပြုလုပ်လာခဲ့တယ်။ ပထမပိုင်းမှာ အာဂျင်တီးနားအသင်းရဲ့ ခံစစ် ကစားပုံက အကောင်းဆုံးအနေအထားမှာ ရှိနေခဲ့ပြီး နိုက်ဂျီးရီးယားအသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့လို့ (၁-ဝ)ဂိုးနဲ့ ပထမပိုင်းပြီးဆုံးခဲ့တယ်။

Messi-goal-celebrates-with-his-teammates

Messi-goal-celebrates-with-his-teammates

ဒုတိယပိုင်းမှာတော့ ချေပဂိုးရရှိဖို့ လိုအပ်လာတဲ့ နိုက်ဂျီးရီးယားအသင်း တိုက်စစ်မြှင့်တင်မှုတွေ ပြုလုပ်လာခဲ့ပြီး အာဂျင်တီးနား ခံစစ်ကြောင်းကို အကောင်းဆုံး ဖိအားပေးလာနိုင်ခဲ့တယ်။ ပွဲကစားချိန် (၄၉)မိနစ်အရောက်မှာတော့ နိုက်ဂျီးရီးယားနောက်ခံလူ ဘာလိုဂန် Balogun ကို ဂိုးဧရိယာအတွင်း မာရှေယာနို Mascherano ဆွဲလှဲခဲ့လို့ အာဂျင်တီးနားအသင်း ပယ်နယ်တီ ပေးခဲ့ရပြီး မော့ဆက်စ် Moses က အမှားအယွင်းမရှိ ကန်သွင်းကာ နိုက်ဂျီးရီးယားအတွက် ချေပဂိုးကို ရယူပေးခဲ့တယ်။ ချေပဂိုးရရှိပြီးနောက်ပိုင်းမှာ နိုက်ဂျီးရီးယားအသင်း ခံစစ်ကစားပုံ ပြောင်းလဲခဲ့လို့ အာဂျင်တီးနားအသင်း တစ်ကျော့ပြန် ဖိအားပေးမှုတွေ ပြုလုပ်လာခဲ့ပေမယ့် တိုက်စစ်မှူးတွေ နားလည်မှုလွဲနေခဲ့လို့ ထိရောက်တဲ့ ခြိမ်းခြောက်မှုမျိုး မပြုလုပ်နိုင်ခဲ့ပါဘူး။

Moses-goal-celebrations

Moses-goal-celebrations

ပွဲကစားချိန် (၈၆)မိနစ်အရောက်မှာတော့ မထင်မှတ်ထားတဲ့ အနေအထားကနေ တိုက်စစ်ကို လိုက်ပါလာခဲ့တဲ့ နောက်ခံလူ ရိုဟို Rojo က အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့တယ်။ နောက်ခံလူ မာချာဒို Macado ရဲ့ ဖြတ်တင်ပေးပို့မှုကို ရိုဟို Rojo က ဂိုးဧရိယာအတွင်း Volley အပြင်းကန်သွင်းကာ ရယူပေးခဲ့တာဖြစ်တယ်။ လက်ကျန်မိနစ်တွေမှာ နိုက်ဂျီးရီးယားတို့ ချေပဂိုးရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့် အာဂျင်တီးနား ခံစစ်ကြောင်းကို ကျော်ဖြတ်နိုင်ခြင်းမရှိလို့ အုပ်စုက ကျော်ဖြတ်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရတယ်။ အာဂျင်တီးနားအသင်းကတော့ အုပ်စု ဒုတိယနေရာကနေ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပြီး အုပ်စု (ဂ)က အုပ်စု ပထမနေရာကို ရရှိခဲ့တဲ့ ပြင်သစ်အသင်းနဲ့ ရှုံးထွက် (၁၆)သင်းအဆင့်မှာ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။
Man Of The Match – Messi (Argentina)

Photo:FIFA.com, Fifa World Cup Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com