This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

စိတ္ပ်က္ဖြယ္ ေျခစြမ္းနဲ႔ အိုက္စလန္ကို သေရသာ ကစားႏိုင္ခဲ့တဲ့ အာဂ်င္တီးနားအသင္း

ဒီပြဲအၿပီးမွာ ျမင္မိတာက အာဂ်င္တီးနားဟာ အခုလို ေျခစြမ္းနဲ႔ ဗိုလ္စြဲဖို႔ မေျပာနဲ႔ အုပ္စုကေန ေက်ာ္ျဖတ္ဖို႔ကိုေတာင္ ရုန္းကန္ရမယ့္ အေနအထားပါပဲ။ အာဂ်င္တီးနားဟာ လူထုတ္ပံုအမွား၊ ကစားကြက္အမွား၊ နည္းစနစ္ပိုင္းဆိုင္ရာအမွားအစရွိတဲ့ အမွားေပါင္း ေသာင္းေျခာက္ေထာင္နဲ႔ အသင္းျဖစ္ေနတယ္။ ကစားသမားေတြကလည္း မက္ဆီကစလို႔ တစ္သင္းလံုး ဦးတည္ခ်က္မဲ့ေနတဲ့ ပံုစံ။ မက္ဆီဟာ ကစားသမားေကာင္း တစ္ေယာက္ျဖစ္ေပမယ့္ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ေတာ့ ျဖစ္လာဖို႔မျမင္။ ဒီကစားပံုအတိုင္းဆို ေနာက္လာမယ့္ ခရိုေအးရွား၊ ႏိုက္ဂ်ီးရီးယားတို႔နဲ႔ ပြဲေတြမွာ အာဂ်င္တီးနားအတြက္ ဘာေမွ်ာ္လင့္ခ်က္မွ မရွိႏိုင္ဘူး။ အိုက္စလန္ရဲ႕ စုဖြဲ႔မႈက သာမန္ပါပဲ။ ၿပီးခဲ့တဲ့ ယူရိုက ေျခစြမ္းကို ေကာင္းေကာင္းဆက္ထိန္းတယ္။ အာဂ်င္တီးနားကို ယွဥ္ကစားလို႔ သူတို႔အတြက္ ရစရာဘာမွမရွိဘူးဆိုတာ ေကာင္းေကာင္းနားလည္တယ္။ ဒီေတာ့ ခံစစ္ကို အေျချပဳတယ္။ ေဘာလံုးရတာနဲ႔ လမ္းေၾကာင္းရွာတယ္။ တိုက္စစ္အျမန္ဆံုး ျပန္စႏိုင္မယ့္ နည္းလမ္းကို ရွာေဖြတယ္။ ၿပိဳင္ဘက္ခံစစ္ေၾကာင္းကို တစ္နည္းမဟုတ္ တစ္နည္းနဲ႔ ထိုးေဖာက္ဖို႔ တြက္ဆ ကစားတယ္။ ၿခံဳေျပာရရင္ေတာ့ အိုက္စလန္တို႔ အေကာင္းဆံုး ကစားျပႏိုင္ခဲ့ၿပီး တစ္သင္းလံုး ခ်ီးက်ဴးထိုက္တဲ့ စြမ္းေဆာင္ရည္မ်ိဳးကို ျပသႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ပြဲအစမိနစ္ (၂၀)ေက်ာ္မွာတင္ (၁-၁)ဆိုတဲ့ ရလဒ္ျဖစ္တယ္။ သြင္းဂိုးေတြနဲ႔ ၿမိဳင္ဆိုင္မယ့္ ေနာက္ထပ္ ပြဲေကာင္းတစ္ပြဲ ျဖစ္လာလိမ့္မယ့္လို႔ ထင္ခဲ့တာက လံုးဝမွားသြားတယ္။ ပြဲသိမ္းခရာမႈတ္တဲ့အထိ (၁-၁)ဆိုတဲ့ ရလဒ္အတိုင္း ပြဲၿပီးသြားခဲ့တယ္။

Messi-miss-panelty

Messi-miss-panelty

အုပ္စုက်ပ္အတြင္း က်ေရာက္ေနလို႔ ဒီအုပ္စုမွာ ပါဝင္တဲ့ အသင္းတိုင္းအတြက္ ရလဒ္ပိုင္းေတြက အေရးပါေနတယ္။ ဒီလို ပြဲစဥ္တိုင္းက အေရးပါေနလို႔ အခုပြဲမ်ိဳးမွာ အုိက္စလန္က သူတို႔ရဲ႕ အေကာင္းဆံုး စုဖြဲ႔မႈနဲ႔ ပြဲထြက္လာခဲ့တယ္။ ရိုဟိုနဲ႔ ေအာ္တာမန္ဒီတို႔ ဦးေဆာင္လာတဲ့ အာဂ်င္တီးနား ခံစစ္ပိုင္းက အမွားအယြင္း ႀကီးႀကီးမားမားမရွိခဲ့ဘဲ အတိုင္းအတာတစ္ခုေတာ့ စြမ္းေဆာင္ျပႏိုင္ခဲ့တယ္။ အာဂ်င္တီးနားရဲ႕ အဓိက ျပႆနာက ကြင္းလယ္နဲ႔ တိုက္စစ္ပိုင္းပါပဲ။ အဂြဲရိုးနဲ႔ ဟီဂြါအင္ကို လူစားလဲဖို႔ ပ်က္ကြက္ခဲ့သလို ဒီဘာလားလို ကစားသမားကို ထည့္သြင္းရမယ့္အစား ပါဗြန္လို ကစားသမားကို ထည့္သြင္းခဲ့တဲ့ နည္းျပ ဆမ္ပါအိုလီရဲ႕ ဆံုးျဖတ္ခ်က္ ကလည္း စိတ္ပ်က္စရာေကာင္းခဲ့ပါတယ္။ အာဂ်င္တီးနားအသင္းအတြက္ အဖြင့္ဂိုးကို ပြဲကစားခ်ိန္ (၁၉)မိနစ္မွာ အဂြဲရိုးက ဘယ္ေျခနဲ႔ ဂိုးသမား ညာဘက္ေထာင့္ကို အျပင္းကန္သြင္းယူခဲ့တာ ျဖစ္ပါတယ္။ အာဂ်င္တီးနားရဲ႕ ဦးေဆာင္ဂိုးက ၾကာၾကာမခံလိုက္ဘဲ (၄)မိနစ္အၾကာ ပြဲကစားခ်ိန္ (၂၃)မိနစ္မွာပဲ အိုက္စလန္ရဲ႕ ေခ်ပျခင္းကို ခံခဲ့ရပါတယ္။ ဂိုးဧရိယာအတြင္း ရႈပ္ယွက္ခတ္ေနတဲ့ အေနအထားကေန ဂိုးေရွ႔မွာ တစ္ဦးတည္း လြတ္လြတ္ကၽြတ္ကၽြတ္ရွိေနတဲ့ တိုက္စစ္မွဴး ဖင္ေဘာ္ဂါဆန္က အပိုင္ပိတ္သြင္းယူခဲ့တာျဖစ္ပါတယ္။ ပြဲကစားခ်ိန္ (၆၄)မိနစ္အေရာက္မွာ အာဂ်င္တီးနားတို႔ ပယ္နယ္တီကန္ခြင့္ ရရွိခဲ့ေပမယ့္ အသင္းေခါင္းေဆာင္ မက္ဆီရဲ႕ ကန္ခ်က္ကို အိုက္စလန္အသင္းရဲ႕ ဂိုးသမား ဟယ္လ္ေဒၚဆန္က လက္စြမ္းျပ ကာကြယ္ႏိုင္ခဲ့ပါတယ္။ လက္က်န္ပြဲခ်ိန္ေတြမွာ အာဂ်င္တီးနားအသင္း အိုက္စလန္ ခံစစ္ေၾကာင္းကို ေတာက္ေလွ်ာက္ ဖိအားေပးမႈေတြ ျပဳလုပ္ခဲ့ေပမယ့္ မက္ဆီတစ္ေယာက္တည္း တိုက္စစ္မွာ ရုန္းကန္ခဲ့ရၿပီး က်န္ကစားသမားေတြရဲ႕ အားထုတ္မႈက ေမးခြန္းထုတ္စရာ ျဖစ္ခဲ့ပါတယ္။

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

စိတ်ပျက်ဖွယ် ခြေစွမ်းနဲ့ အိုက်စလန်ကို သရေသာ ကစားနိုင်ခဲ့တဲ့ အာဂျင်တီးနားအသင်း

ဒီပွဲအပြီးမှာ မြင်မိတာက အာဂျင်တီးနားဟာ အခုလို ခြေစွမ်းနဲ့ ဗိုလ်စွဲဖို့ မပြောနဲ့ အုပ်စုကနေ ကျော်ဖြတ်ဖို့ကိုတောင် ရုန်းကန်ရမယ့် အနေအထားပါပဲ။ အာဂျင်တီးနားဟာ လူထုတ်ပုံအမှား၊ ကစားကွက်အမှား၊ နည်းစနစ်ပိုင်းဆိုင်ရာအမှားအစရှိတဲ့ အမှားပေါင်း သောင်းခြောက်ထောင်နဲ့ အသင်းဖြစ်နေတယ်။ ကစားသမားတွေကလည်း မက်ဆီကစလို့ တစ်သင်းလုံး ဦးတည်ချက်မဲ့နေတဲ့ ပုံစံ။ မက်ဆီဟာ ကစားသမားကောင်း တစ်ယောက်ဖြစ်ပေမယ့် ခေါင်းဆောင်ကောင်းတစ်ယောက်တော့ ဖြစ်လာဖို့မမြင်။ ဒီကစားပုံအတိုင်းဆို နောက်လာမယ့် ခရိုအေးရှား၊ နိုက်ဂျီးရီးယားတို့နဲ့ ပွဲတွေမှာ အာဂျင်တီးနားအတွက် ဘာမျှော်လင့်ချက်မှ မရှိနိုင်ဘူး။ အိုက်စလန်ရဲ့ စုဖွဲ့မှုက သာမန်ပါပဲ။ ပြီးခဲ့တဲ့ ယူရိုက ခြေစွမ်းကို ကောင်းကောင်းဆက်ထိန်းတယ်။ အာဂျင်တီးနားကို ယှဉ်ကစားလို့ သူတို့အတွက် ရစရာဘာမှမရှိဘူးဆိုတာ ကောင်းကောင်းနားလည်တယ်။ ဒီတော့ ခံစစ်ကို အခြေပြုတယ်။ ဘောလုံးရတာနဲ့ လမ်းကြောင်းရှာတယ်။ တိုက်စစ်အမြန်ဆုံး ပြန်စနိုင်မယ့် နည်းလမ်းကို ရှာဖွေတယ်။ ပြိုင်ဘက်ခံစစ်ကြောင်းကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ထိုးဖောက်ဖို့ တွက်ဆ ကစားတယ်။ ခြုံပြောရရင်တော့ အိုက်စလန်တို့ အကောင်းဆုံး ကစားပြနိုင်ခဲ့ပြီး တစ်သင်းလုံး ချီးကျူးထိုက်တဲ့ စွမ်းဆောင်ရည်မျိုးကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲအစမိနစ် (၂၀)ကျော်မှာတင် (၁-၁)ဆိုတဲ့ ရလဒ်ဖြစ်တယ်။ သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်မယ့် နောက်ထပ် ပွဲကောင်းတစ်ပွဲ ဖြစ်လာလိမ့်မယ့်လို့ ထင်ခဲ့တာက လုံးဝမှားသွားတယ်။ ပွဲသိမ်းခရာမှုတ်တဲ့အထိ (၁-၁)ဆိုတဲ့ ရလဒ်အတိုင်း ပွဲပြီးသွားခဲ့တယ်။

Messi-miss-panelty

Messi-miss-panelty

အုပ်စုကျပ်အတွင်း ကျရောက်နေလို့ ဒီအုပ်စုမှာ ပါဝင်တဲ့ အသင်းတိုင်းအတွက် ရလဒ်ပိုင်းတွေက အရေးပါနေတယ်။ ဒီလို ပွဲစဉ်တိုင်းက အရေးပါနေလို့ အခုပွဲမျိုးမှာ အိုက်စလန်က သူတို့ရဲ့ အကောင်းဆုံး စုဖွဲ့မှုနဲ့ ပွဲထွက်လာခဲ့တယ်။ ရိုဟိုနဲ့ အော်တာမန်ဒီတို့ ဦးဆောင်လာတဲ့ အာဂျင်တီးနား ခံစစ်ပိုင်းက အမှားအယွင်း ကြီးကြီးမားမားမရှိခဲ့ဘဲ အတိုင်းအတာတစ်ခုတော့ စွမ်းဆောင်ပြနိုင်ခဲ့တယ်။ အာဂျင်တီးနားရဲ့ အဓိက ပြဿနာက ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းပါပဲ။ အဂွဲရိုးနဲ့ ဟီဂွါအင်ကို လူစားလဲဖို့ ပျက်ကွက်ခဲ့သလို ဒီဘာလားလို ကစားသမားကို ထည့်သွင်းရမယ့်အစား ပါဗွန်လို ကစားသမားကို ထည့်သွင်းခဲ့တဲ့ နည်းပြ ဆမ်ပါအိုလီရဲ့ ဆုံးဖြတ်ချက် ကလည်း စိတ်ပျက်စရာကောင်းခဲ့ပါတယ်။ အာဂျင်တီးနားအသင်းအတွက် အဖွင့်ဂိုးကို ပွဲကစားချိန် (၁၉)မိနစ်မှာ အဂွဲရိုးက ဘယ်ခြေနဲ့ ဂိုးသမား ညာဘက်ထောင့်ကို အပြင်းကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အာဂျင်တီးနားရဲ့ ဦးဆောင်ဂိုးက ကြာကြာမခံလိုက်ဘဲ (၄)မိနစ်အကြာ ပွဲကစားချိန် (၂၃)မိနစ်မှာပဲ အိုက်စလန်ရဲ့ ချေပခြင်းကို ခံခဲ့ရပါတယ်။ ဂိုးဧရိယာအတွင်း ရှုပ်ယှက်ခတ်နေတဲ့ အနေအထားကနေ ဂိုးရှေ့မှာ တစ်ဦးတည်း လွတ်လွတ်ကျွတ်ကျွတ်ရှိနေတဲ့ တိုက်စစ်မှူး ဖင်ဘော်ဂါဆန်က အပိုင်ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန် (၆၄)မိနစ်အရောက်မှာ အာဂျင်တီးနားတို့ ပယ်နယ်တီကန်ခွင့် ရရှိခဲ့ပေမယ့် အသင်းခေါင်းဆောင် မက်ဆီရဲ့ ကန်ချက်ကို အိုက်စလန်အသင်းရဲ့ ဂိုးသမား ဟယ်လ်ဒေါ်ဆန်က လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ လက်ကျန်ပွဲချိန်တွေမှာ အာဂျင်တီးနားအသင်း အိုက်စလန် ခံစစ်ကြောင်းကို တောက်လျှောက် ဖိအားပေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် မက်ဆီတစ်ယောက်တည်း တိုက်စစ်မှာ ရုန်းကန်ခဲ့ရပြီး ကျန်ကစားသမားတွေရဲ့ အားထုတ်မှုက မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com