This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ႏုိက္ဂ်ီးရီးယားနဲ႔ပဲြမတိုင္ခင္ ဆမ္ပါအုိလီ Sampaoli ရာထူးက ထုတ္ပယ္ခံရဖုိ႔ ဆႏၵရွိေနၾကတဲ့ အာဂ်င္တီးနားကစားသမားမ်ား

အာဂ်င္တီးနားအသင္းရဲ႕ စီနီယာကစားသမားအမ်ားစုဟာ တာ၀န္ရွိသူေတြအေနနဲ႔ နည္းျပဆမ္ပါအုိလီ Sampaoli ကို ႏုိက္ဂ်ီးရီးယားနဲ႔ကစားမယ့္ အုပ္စုုပဲြမတိုင္ခင္ ရာထူးက ထုတ္ပယ္ဖုိ႔ ဆႏၵရွိေနၾကၿပီ ခ႐ုိေအးရွားနဲ႔ပဲြအၿပီးမွာ တိုက္စစ္မွဴး အဂြဲ႐ုိး Aguero က ဆမ္ပါအုိလီကုိ ေ၀ဖန္ေျပာဆုိခဲ့ပါေသးတယ္။

Sampaoli-admitted-that-his-project-has-failed-

Sampaoli-admitted-that-his-project-has-failed-

အာဂ်င္တီးနားအသင္းဟာ ၿပီးခဲ့တဲ့ၾကာသပေတးေန႔က ခ႐ုိေအးရွားနဲ႔ကစားခဲ့တဲ့ပဲြမွာ (၃)ဂုိးျပတ္႐ႈံးနိမ့္ခဲ့ၿပီး အုပ္စုက ထြက္ရမယ့္အေနအထားနဲ႔ ရင္ဆုိင္ေနရတယ္။ အဲဒီပဲြအၿပီးမွာ ဆမ္ပါအုိလီက သူ႔ရဲ႕ နည္းဗ်ဴဟာေတြက က်႐ႈံးခဲ့ၿပီး မက္ဆီ Messi နဲ႔ ကစားသမားေတြအတြက္ သင့္ေတာ္မယ့္နည္းဗ်ဴဟာကုိ မရွာေဖြႏုိင္ဘူးလုိ႔ ၀န္ခံခဲ့ပါတယ္။ဆမ္ပါအုိလီရဲ႕ေျပာစကားအၿပီး မီဒီယာေတြက အဂြဲ႐ုိးကုိ ေမးျမန္းခဲ့တာမွာေတာ့ “သူ ေျပာခ်င္တာေတြ ေျပာပါေစ”လုိ႔ ေျပာၿပီးခ်က္ခ်င္းပဲ ထြက္သြားခဲ့တယ္။

Sergio-Aguero-hits-out-at-Argentina-boss-Jorge-Sampaoli-after-Croatia-defeat

Sergio-Aguero-hits-out-at-Argentina-boss-Jorge-Sampaoli-after-Croatia-defeat

အာဂ်င္တီးနားေဘာလုံးအဖဲြ႕ခ်ဳပ္ကေတာ့ အုပ္စုတက္ေရးအေရးပါတဲ့ပဲြျဖစ္တဲ့ ႏုိက္ဂ်ီးရီးယားနဲ႔ပဲြမတိုင္ခင္ အသင္းတြင္း မညီမညြတ္ျဖစ္ေနတာေတြကုိ ေျပလည္သြားေစခ်င္ေပမယ့္ အခုေလာေလာဆယ္မွာေတာ့ အာဂ်င္တီးနားအသင္းနည္းျပရာထူးကုိ ကစားသမားေဟာင္း ေဟာ္ဟဲဘူ႐ူခ်ာဂါ Jorge Burruchaga က လက္ခံရယူမယ္ဆုိၿပီး သတင္းေတြထြက္ေနပါၿပီ။ ဘူ႐ူခ်ာဂါဟာ ၁၉၈၆ ကမၻာ႔ဖလားမွာ အာဂ်င္တီးနားဗုိလ္စဲြခဲ့တုန္းက ဗုိလ္လုပဲြမွာ အႏုိင္ဂုိးသြင္းယူခဲ့သူပါ။ အာဂ်င္တီးနားေဘာလုံးအဖဲြ႕ခ်ဳပ္ဟာ ၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြကာလအတြင္းကတည္းက နည္းျပအေျပာင္းအလဲ မၾကာခဏလုပ္ခဲ့ၿပီး Martino မာတီႏုိ ၊ ေဘာင္ဇာ Bauza တို႔ကုိ ရာထူးက ထုတ္ပယ္ခဲ့သလုိ ေနာက္ဆုံးမွာေတာ့ ဆမ္ပါအုိလီကုိ နည္းျပသစ္ခန္႔အပ္ခဲ့တာျဖစ္ပါတယ္။ အာဂ်င္တီးနားေဘာလုံးအဖဲြ႕ခ်ဳပ္က ဆမ္ပါအုိလီကုိ (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ၿပီး တကယ္လုိ႔ စာခ်ဳပ္မျပည့္ခင္ရာထူးက ထုတ္ပယ္မယ္ဆုိရင္ ေလ်ာ္ေၾကးေပါင္(၁၇.၅)သန္းအထိ ေပးေခ်ရမွာလည္းျဖစ္ပါတယ္။

REF:Daily Mail
Photo:Metro,Independent,My Sports
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

နိုက်ဂျီးရီးယားနဲ့ပွဲမတိုင်ခင် ဆမ်ပါအိုလီ Sampaoli ရာထူးက ထုတ်ပယ်ခံရဖို့ ဆန္ဒရှိနေကြတဲ့ အာဂျင်တီးနားကစားသမားများ

အာဂျင်တီးနားအသင်းရဲ့ စီနီယာကစားသမားအများစုဟာ တာဝန်ရှိသူတွေအနေနဲ့ နည်းပြဆမ်ပါအိုလီ Sampaoli ကို နိုက်ဂျီးရီးယားနဲ့ကစားမယ့် အုပ်စုပွဲမတိုင်ခင် ရာထူးက ထုတ်ပယ်ဖို့ ဆန္ဒရှိနေကြပြီ ခရိုအေးရှားနဲ့ပွဲအပြီးမှာ တိုက်စစ်မှူး အဂွဲရိုး Aguero က ဆမ်ပါအိုလီကို ဝေဖန်ပြောဆိုခဲ့ပါသေးတယ်။

Sampaoli-admitted-that-his-project-has-failed-

Sampaoli-admitted-that-his-project-has-failed-

အာဂျင်တီးနားအသင်းဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က ခရိုအေးရှားနဲ့ကစားခဲ့တဲ့ပွဲမှာ (၃)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး အုပ်စုက ထွက်ရမယ့်အနေအထားနဲ့ ရင်ဆိုင်နေရတယ်။ အဲဒီပွဲအပြီးမှာ ဆမ်ပါအိုလီက သူ့ရဲ့ နည်းဗျူဟာတွေက ကျရှုံးခဲ့ပြီး မက်ဆီ Messi နဲ့ ကစားသမားတွေအတွက် သင့်တော်မယ့်နည်းဗျူဟာကို မရှာဖွေနိုင်ဘူးလို့ ဝန်ခံခဲ့ပါတယ်။ဆမ်ပါအိုလီရဲ့ပြောစကားအပြီး မီဒီယာတွေက အဂွဲရိုးကို မေးမြန်းခဲ့တာမှာတော့ “သူ ပြောချင်တာတွေ ပြောပါစေ”လို့ ပြောပြီးချက်ချင်းပဲ ထွက်သွားခဲ့တယ်။

Sergio-Aguero-hits-out-at-Argentina-boss-Jorge-Sampaoli-after-Croatia-defeat

Sergio-Aguero-hits-out-at-Argentina-boss-Jorge-Sampaoli-after-Croatia-defeat

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကတော့ အုပ်စုတက်ရေးအရေးပါတဲ့ပွဲဖြစ်တဲ့ နိုက်ဂျီးရီးယားနဲ့ပွဲမတိုင်ခင် အသင်းတွင်း မညီမညွတ်ဖြစ်နေတာတွေကို ပြေလည်သွားစေချင်ပေမယ့် အခုလောလောဆယ်မှာတော့ အာဂျင်တီးနားအသင်းနည်းပြရာထူးကို ကစားသမားဟောင်း ဟော်ဟဲဘူရူချာဂါ Jorge Burruchaga က လက်ခံရယူမယ်ဆိုပြီး သတင်းတွေထွက်နေပါပြီ။ ဘူရူချာဂါဟာ ၁၉၈၆ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားဗိုလ်စွဲခဲ့တုန်းက ဗိုလ်လုပွဲမှာ အနိုင်ဂိုးသွင်းယူခဲ့သူပါ။ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲကာလအတွင်းကတည်းက နည်းပြအပြောင်းအလဲ မကြာခဏလုပ်ခဲ့ပြီး Martino မာတီနို ၊ ဘောင်ဇာ Bauza တို့ကို ရာထူးက ထုတ်ပယ်ခဲ့သလို နောက်ဆုံးမှာတော့ ဆမ်ပါအိုလီကို နည်းပြသစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က ဆမ်ပါအိုလီကို (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး တကယ်လို့ စာချုပ်မပြည့်ခင်ရာထူးက ထုတ်ပယ်မယ်ဆိုရင် လျော်ကြေးပေါင်(၁၇.၅)သန်းအထိ ပေးချေရမှာလည်းဖြစ်ပါတယ်။

REF:Daily Mail
Photo:Metro,Independent,My Sports
Naing Linn(Akhayar)
www.akhayar.com