This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ပယ္နယ္တီလဲြေခ်ာ္ခဲ့တဲ့အတြက္ နာက်င္ခံစားရတယ္လုိ႔ ဖြင့္ဟေျပာဆုိခဲ့တဲ့ မက္ဆီ Messi

အာဂ်င္တီးနားအသင္း နာမည္ေက်ာ္တိုက္စစ္မွဴး မက္ဆီ Messi က အုိက္စလန္နဲ႔ တစ္ဂုိးစီသေရက်ခ့ဲတဲ့ပဲြမွာ ပယ္နယ္တီလဲြေခ်ာ္ခဲ့တဲ့အတြက္ ထိခုိက္နာက်င္ခဲ့ရတယ္လုိ႔ ဖြင့္ဟေျပာဆုိခဲ့ပါတယ္။ အာဂ်င္တီးနားအသင္းဟာ ၂၀၁၈ ကမၻာ႔ဖလားအုပ္စုအဖြင့္ပဲြမွာ အသင္းငယ္ အုိက္စလန္ကုိ အသာစီးမယူႏုိင္ခဲ့ဘဲ သေရက်ခဲ့တဲ့အျပင္ မက္ဆီကလည္း အေရးပါတဲ့ ပယ္နယ္တီကုိ ၀င္ေအာင္မကန္သြင္းႏုိင္ခဲ့ပါဘူး။ အာဂ်င္တီးနားပဲြမတိုင္ခင္ ေပၚတူဂီ-စပိန္ပဲြမွာ မက္ဆီရဲ႕ အဓိကၿပိဳင္ဘက္ စီေရာ္နယ္လ္ဒုိ C.Ronaldo ဟာ ဟက္ထရစ္သြင္းယူႏုိင္ခဲ့တာေၾကာင့္ မက္ဆီအေနနဲ႔ အခုပဲြမွာ ဂုိးေတြသြင္းဖုိ႔ လုိအပ္ေနေပမယ့္လည္း ဂုိးေပါက္ေပ်ာက္ခဲ့ရတယ္။

Messi-misses-penalty-

Messi-misses-penalty-

အုိက္စလန္နဲ႔ပဲြအၿပီးမွာ မက္ဆီက”ဒီပယ္နယ္တီဟာ ပဲြအေျဖကုိ ေျပာင္းလဲဖုိ႔အတြက္ အခြင့္အေရးပါ။ အဲဒီပယ္နယ္တီကုိ လဲြေခ်ာ္ခဲ့တဲ့အတြက္ ကၽြန္ေတာ္ အမ်ားႀကီး ထိခုိက္ခံစားရပါတယ္။ အုိက္စလန္အသင္းဟာ ကၽြန္ေတာ္တို႔ကုိ လုံး၀ Space မေပးခဲ့ပါဘူး။ ရသင့္တဲ့ (၃)မွတ္မရခဲ့လုိ႔ စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။ အုပ္စုအဖြင့္ကုိ ႏုိင္ပဲြနဲ႔စတင္ဖုိ႔က အေရးႀကီးေပမယ့္ သေရတစ္မွတ္သာရရွိခဲ့ၿပီး အခုအခ်ိန္မွာေတာ့ ခ႐ုိေအးရွားနဲ႔ကစားမယ့္ပဲြကုိပဲ အာ႐ုံစုိက္ရေတာ့မွာပါ”လုိ႔ေျပာၾကားခဲ့တယ္။ မက္ဆီဟာ ကလပ္နဲ႔ႏုိင္ငံအသင္းအတြက္ ေနာက္ဆုံးပယ္နယ္တီ (၇)ႀကိမ္မွာ (၄)ႀကိမ္အထိ လဲြေခ်ာ္ခဲ့သလုိ အုိက္စလန္နဲ႔ပဲြမွာ သူ႔ရဲ႕ ကမၻာ႔ဖလားပဲြစဥ္တစ္ေလွ်ာက္ အႀကိမ္အမ်ားဆုံး ဂုိးေပါက္ကန္သြင္းမႈ (၁၁)ႀကိမ္အထိရွိခဲ့ေပမယ့္ ဂုိးမသြင္းႏုိင္ခဲ့လုိ႔ စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။

REF:BBC
Photo:Getty Images,News & Reports
Naing Linn(Akhayar)

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပယ်နယ်တီလွဲချော်ခဲ့တဲ့အတွက် နာကျင်ခံစားရတယ်လို့ ဖွင့်ဟပြောဆိုခဲ့တဲ့ မက်ဆီ Messi

အာဂျင်တီးနားအသင်း နာမည်ကျော်တိုက်စစ်မှူး မက်ဆီ Messi က အိုက်စလန်နဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ပယ်နယ်တီလွဲချော်ခဲ့တဲ့အတွက် ထိခိုက်နာကျင်ခဲ့ရတယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ အာဂျင်တီးနားအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲမှာ အသင်းငယ် အိုက်စလန်ကို အသာစီးမယူနိုင်ခဲ့ဘဲ သရေကျခဲ့တဲ့အပြင် မက်ဆီကလည်း အရေးပါတဲ့ ပယ်နယ်တီကို ဝင်အောင်မကန်သွင်းနိုင်ခဲ့ပါဘူး။ အာဂျင်တီးနားပွဲမတိုင်ခင် ပေါ်တူဂီ-စပိန်ပွဲမှာ မက်ဆီရဲ့ အဓိကပြိုင်ဘက် စီရော်နယ်လ်ဒို C.Ronaldo ဟာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာကြောင့် မက်ဆီအနေနဲ့ အခုပွဲမှာ ဂိုးတွေသွင်းဖို့ လိုအပ်နေပေမယ့်လည်း ဂိုးပေါက်ပျောက်ခဲ့ရတယ်။

Messi-misses-penalty-

Messi-misses-penalty-

အိုက်စလန်နဲ့ပွဲအပြီးမှာ မက်ဆီက”ဒီပယ်နယ်တီဟာ ပွဲအဖြေကို ပြောင်းလဲဖို့အတွက် အခွင့်အရေးပါ။ အဲဒီပယ်နယ်တီကို လွဲချော်ခဲ့တဲ့အတွက် ကျွန်တော် အများကြီး ထိခိုက်ခံစားရပါတယ်။ အိုက်စလန်အသင်းဟာ ကျွန်တော်တို့ကို လုံး၀ Space မပေးခဲ့ပါဘူး။ ရသင့်တဲ့ (၃)မှတ်မရခဲ့လို့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ အုပ်စုအဖွင့်ကို နိုင်ပွဲနဲ့စတင်ဖို့က အရေးကြီးပေမယ့် သရေတစ်မှတ်သာရရှိခဲ့ပြီး အခုအချိန်မှာတော့ ခရိုအေးရှားနဲ့ကစားမယ့်ပွဲကိုပဲ အာရုံစိုက်ရတော့မှာပါ”လို့ပြောကြားခဲ့တယ်။ မက်ဆီဟာ ကလပ်နဲ့နိုင်ငံအသင်းအတွက် နောက်ဆုံးပယ်နယ်တီ (၇)ကြိမ်မှာ (၄)ကြိမ်အထိ လွဲချော်ခဲ့သလို အိုက်စလန်နဲ့ပွဲမှာ သူ့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်တစ်လျှောက် အကြိမ်အများဆုံး ဂိုးပေါက်ကန်သွင်းမှု (၁၁)ကြိမ်အထိရှိခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့လို့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

REF:BBC
Photo:Getty Images,News & Reports
Naing Linn(Akhayar)