This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

လန္ဇီနီ ေနရာမွာ အန္ဇိုပီရက္ဇ္ကို အစားထိုး ေရြးခ်ယ္ခဲ့တဲ့ အာဂ်င္တီးနားအသင္း

ဒဏ္ရာေၾကာင့္ ႏႈတ္ထြက္ခဲ့တဲ့ ကြင္းလယ္လူ လန္ဇီနီ Lanzini ေနရာမွာ အန္ဇိုပီရက္ဇ္ Enzo Perez ကို အာဂ်င္တီးနားအသင္း အစားထိုး ေရြးခ်ယ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေသာၾကာေန႔ မနက္ပိုင္းက ျပဳလုပ္ခဲ့တဲ့ အာဂ်င္တီးနားအသင္းရဲ႕ ေလ့က်င့္ေရး အစီအစဥ္မွာ ကြင္းလယ္လူ လန္ဇီနီ Lanzini ဒူးအရြတ္ စုတ္ၿပဲဒဏ္ရာ ရရွိခဲ့လို႔ အၿပီးသတ္ လူစာရင္းကေန ႏႈတ္ထြက္ခဲ့တာ ျဖစ္ပါတယ္။ လန္ဇီနီ Lanzini ရဲ႕ ေနရာမွာ ေရးဗားပလိတ္အသင္းရဲ႕ ကြင္းလယ္လူ အန္ဇိုပီရက္ဇ္ Enzo Perez ကို နည္းျပ ဆမ္ပါအိုလီ Sampaoli က အစားထိုး ေရြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။ အသက္ (၃၂)ႏွစ္ အရြယ္ရွိ အန္ဇိုပီရက္ဇ္ Enzo Perez ဟာ ၂၀၁၄ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ပါဝင္ခဲ့ေပမယ့္ ၂၀၁၈ ခုႏွစ္အတြင္း ကစားခဲ့တဲ့ အာဂ်င္တီးနားအသင္းရဲ႕ ပြဲစဥ္ေတြမွာေတာ့ ေရြးခ်ယ္ခံရျခင္း မရွိတဲ့ ကစားသမား တစ္ဦးျဖစ္ပါတယ္။

Argentina-replace-injured-Manuel-Lanzini-with-River-Plate-star-Enzo-Perez

Argentina-replace-injured-Manuel-Lanzini-with-River-Plate-star-Enzo-Perez

ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလအတြင္းက ကမၻာ႔ဖလားေျခစစ္ပြဲအျဖစ္ အီေကြေဒါအသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ အာဂ်င္တီးနားအသင္းအတြက္ အန္ဇိုပီရက္ဇ္ Enzo Perez ေနာက္ဆံုး ပါဝင္ကစားခဲ့တာ ျဖစ္ပါတယ္။ လန္ဇီနီ Lanzini ေနရာ အစားထိုးဖို႔ ဝါရင့္ ကြင္းလယ္လူ ပီဇာရို Pizarro၊ ပါေရာ႔တီ Perotti၊ ပါရီဒက္စ္ Peredes နဲ႔ ဘတၱာဂလီယာ Battaglia တို႔ကို ေက်ာ္ျဖတ္ၿပီး နည္းျပ ဆမ္ပါအိုလီ Sampaoli က အန္ဇိုပီရက္ဇ္ Enzo Perez ကို ေရြးခ်ယ္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ အာဂ်င္တီးနားအသင္းဟာ လာမယ့္ ဇြန္လ (၁၆)ရက္ေန႔မွာ အိုက္စလန္အသင္းနဲ႔ ကမၻာ႔ဖလားၿပိဳင္ပြဲ အုပ္စုအဖြင့္ ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားသြားမွာ ျဖစ္ပါတယ္။

REF:AS
Photo:Twitter, Goal.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

လန်ဇီနီ နေရာမှာ အန်ဇိုပီရက်ဇ်ကို အစားထိုး ရွေးချယ်ခဲ့တဲ့ အာဂျင်တီးနားအသင်း

ဒဏ်ရာကြောင့် နှုတ်ထွက်ခဲ့တဲ့ ကွင်းလယ်လူ လန်ဇီနီ Lanzini နေရာမှာ အန်ဇိုပီရက်ဇ် Enzo Perez ကို အာဂျင်တီးနားအသင်း အစားထိုး ရွေးချယ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ကွင်းလယ်လူ လန်ဇီနီ Lanzini ဒူးအရွတ် စုတ်ပြဲဒဏ်ရာ ရရှိခဲ့လို့ အပြီးသတ် လူစာရင်းကနေ နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ လန်ဇီနီ Lanzini ရဲ့ နေရာမှာ ရေးဗားပလိတ်အသင်းရဲ့ ကွင်းလယ်လူ အန်ဇိုပီရက်ဇ် Enzo Perez ကို နည်းပြ ဆမ်ပါအိုလီ Sampaoli က အစားထိုး ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အသက် (၃၂)နှစ် အရွယ်ရှိ အန်ဇိုပီရက်ဇ် Enzo Perez ဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခဲ့ပေမယ့် ၂၀၁၈ ခုနှစ်အတွင်း ကစားခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ ပွဲစဉ်တွေမှာတော့ ရွေးချယ်ခံရခြင်း မရှိတဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။

Argentina-replace-injured-Manuel-Lanzini-with-River-Plate-star-Enzo-Perez

Argentina-replace-injured-Manuel-Lanzini-with-River-Plate-star-Enzo-Perez

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အီကွေဒေါအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အာဂျင်တီးနားအသင်းအတွက် အန်ဇိုပီရက်ဇ် Enzo Perez နောက်ဆုံး ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။ လန်ဇီနီ Lanzini နေရာ အစားထိုးဖို့ ဝါရင့် ကွင်းလယ်လူ ပီဇာရို Pizarro၊ ပါရော့တီ Perotti၊ ပါရီဒက်စ် Peredes နဲ့ ဘတ္တာဂလီယာ Battaglia တို့ကို ကျော်ဖြတ်ပြီး နည်းပြ ဆမ်ပါအိုလီ Sampaoli က အန်ဇိုပီရက်ဇ် Enzo Perez ကို ရွေးချယ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အာဂျင်တီးနားအသင်းဟာ လာမယ့် ဇွန်လ (၁၆)ရက်နေ့မှာ အိုက်စလန်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့် ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

REF:AS
Photo:Twitter, Goal.com
Aung Kyaw Wai (Akhayar)
www.akhayar.com