This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အုပ္စုတက္ေရး အဆုံးအျဖတ္အျဖစ္ ႏုိင္ဂ်ီးရီးယားနဲ႔ ရင္ဆုိင္ရမယ့္ အာဂ်င္တီးနား

၂၀၁၈ ကမၻာ႔ဖလားအုပ္စု(C)နဲ႔ အုပ္စု(D) ေနာက္ဆုံးပဲြစဥ္ေတြကုိ ဒီေန႔(အဂၤါ)မွာ ဆက္လက္ယွဥ္ၿပိဳင္ကစားၾကမွာပါ။ ေနာက္တစ္ဆင့္တက္ေရးအတြက္ အဆုံးအျဖတ္ပဲြေတြ ပါ၀င္ေနလုိ႔ အႀကိတ္အနယ္ရွိမွာ အေသအခ်ာပါပဲ။ အုပ္စုအဆင့္မွာ ႏုိင္ပဲြမရေသးဘဲ ႐ုန္းကန္ေနရတဲ့ နာမည္ႀကီး အာဂ်င္တီးနားအသင္းကေတာ့ ႏုိက္ဂ်ီးရီးယားကုိ မျဖစ္မေနအႏုိင္ကစားဖုိ႔ လုိေနပါၿပီ။ ဒါ့အျပင္ ေနာက္တစ္ဆင့္တက္ဖုိ႔ ေမွ်ာ္လင့္ခ်က္ရွိေနတဲ့ ဒိန္းမတ္၊ အုိက္စလန္၊ ၾသစေၾတးလ်အသင္းတို႔ရဲ႕ပဲြေတြမွာလည္း ဘယ္လုိရလဒ္ေတြ ထြက္ေပၚလာမလဲဆုိတာ စိတ္၀င္စားစရာပါ။

ဒိန္းမတ္ ႏွင့္ ျပင္သစ္ (၂၆-၆-၂၀၁၈ ည ၈း၃၀)
ျပင္သစ္အသင္းက ေနာက္တစ္ဆင့္တက္သြားၿပီျဖစ္ေပမယ့္ ဒိန္းမတ္ကေတာ့ ရာႏႈန္းျပည့္မေသခ်ာေသးပါဘူး။ တကယ္လုိ႔ ဒီပဲြမွာ ဒိန္းမတ္ ႐ႈံးၿပီး ၾသစေၾတးလ်က ပီ႐ူးကုိ (၂)ဂုိးေလာက္နဲ႔ ႏုိင္မယ္ဆုိရင္ ဒိန္းမတ္ အုပ္စုက ထြက္ရမွာပါ။ ႐ႈံးထြက္(၁၆)သင္းအဆင့္ကုိ တက္ေရာက္ႏုိင္ဖုိ႔ သေရတစ္မွတ္သာ လုိေနတဲ့ ဒိန္းမတ္ကုိ ျပင္သစ္ လက္တဲြေခၚသြားမလား။ ဘာပဲျဖစ္ျဖစ္ ဒီပဲြမွာ ျပင္သစ္အသင္းထက္ ဒိန္းမတ္အသင္းကုိပဲ ေရြးခ်ယ္ခ်င္ပါတယ္။

ၾသစေၾတးလ် ႏွင့္ ပီ႐ူး (၂၆-၆-၂၀၁၈ ည ၈း၃၀)
ဒိန္းမတ္နဲ႔ ျပင္သစ္ပဲြက ဘယ္လုိရလဒ္ထြက္သည္ျဖစ္ေစ ၾသစေၾတးလ်အသင္းကေတာ့ ပီ႐ူးကုိ အႏုိင္ရဖုိ႔အတြက္ ေဖာင္ဖ်က္ကစားရမယ့္အေနအထားပါပဲ။ ဒါေပမဲ့ ပီ႐ူးကလည္း ၿပီးခဲ့တဲ့ႏွစ္ပဲြစလုံးမွာ ေျခစြမ္းအဆုိးရြားႀကီး မဟုတ္ဘဲ ကစားသမားအရည္အေသြးပုိင္း ကြာဟခ်က္ႀကီးမားလုိ႔သာ ႐ႈံးပဲြေတြနဲ႔ ႀကံဳေတြ႕ခဲ့ရတာပါ။ သေရက်ဖုိ႔မ်ားၿပီး အႏုိင္ဆုိရင္ေတာ့ ၾသစေၾတးလ်ပါပဲ။

Group-C

Group-C

ႏုိက္ဂ်ီးရီးယား ႏွင့္ အာဂ်င္တီးနား (၂၇-၆-၂၀၁၈ နံနက္ ၁၂း၃၀)
အာဂ်င္တီးနား ေနာက္တစ္ဆင့္တက္ဖုိ႔အတြက္ အႏုိင္ရဖုိ႔ အသည္းအသန္ကစားရမွာျဖစ္ေပမယ့္ လက္ရွိအသင္းတြင္း ျပႆနာေတြေၾကာင့္ တည္ၿငိမ္မႈမရွိျဖစ္ေနတယ္။ အသင္းက စီနီယာကစားသမားေတြနဲ႔ နည္းျပၾကားမွာ အဆင္မေျပျဖစ္ေနၿပီး အဓိက တိုက္စစ္မွဴး မက္ဆီ Messi လည္း ေျခစြမ္းမျပႏုိင္ျဖစ္ေနတယ္။ အာဂ်င္တီးနားထက္စာရင္ ႏုိက္ဂ်ီးရီးယားက ႐ႈံးထြက္(၁၆)သင္းအဆင့္ကုိ တက္ဖုိ႔ အခြင့္အေရးပုိေကာင္းေနပါတယ္။ (၃)မွတ္ရထားၿပီး ဒီပဲြမွာ အနိမ့္ဆုံးသေရကစား႐ုံနဲ႔ အုပ္စုက ကၽြတ္မွာပါ။ အာဂ်င္တီးနားအသင္းက ႏုိက္ဂ်ီးရီးယားကုိ ဂုိးျပတ္အႏုိင္ရဖုိ႔ လုိအပ္ေနတဲ့အျပင္ တစ္ဖက္မွာလည္း အုိက္စလန္က ခ႐ုိေအးရွားကုိ အႏုိင္မရမွသာ ေမွ်ာ္လင့္ခ်က္ရွိမယ့္အေနအထားျဖစ္ေနတယ္။ အာဂ်င္တီးနား ႏုိင္ပဲြရဖုိ႔ လုိေနေပမယ့္လည္း အသင္းရဲ႕ေျခစြမ္း၊ တည္ၿငိမ္မႈမရွိတဲ့အေျခအေနေတြေၾကာင့္ ႏုိက္ဂ်ီးရီးယားအသင္းကုိ အရဲစြန္႔ ေရြးခ်ယ္ခ်င္ပါတယ္။

Group-D

Group-D

အုိက္စလန္ ႏွင့္ ခ႐ုိေအးရွား (၂၇-၆-၂၀၁၈ နံနက္ ၁၂း၃၀)
ႏုိက္ဂ်ီးရီးယားကုိ ႐ႈံးနိမ့္ခဲ့တာက အုိက္စလန္အသင္းအတြက္ ထုိးႏွက္ခ်က္ျဖစ္ခဲ့ရတယ္။ အုိက္စလန္ရဲဲ႕ေျခစြမ္း မာေက်ာေပမယ့္ ကစားသမားေတြရဲ႕ အရည္အေသြးက အားရစရာေတာ့မရွိပါဘူး။ သူတို႔အတြက္ ပထမဆုံးအႀကိမ္ ကမၻာ႔ဖလားေျခစစ္ပဲြေအာင္ခဲ့တာကပဲ ဂုဏ္ယူစရာတစ္ခုလုိ႔ေျပာရမယ္။ ခ႐ုိေအးရွား ေနာက္တစ္ဆင့္တက္သြားၿပီျဖစ္လုိ႔ အရန္ကစားသမားအမ်ားစုနဲ႔ ပဲြထြက္လာဖုိ႔မ်ားေနတယ္။ အုိက္စလန္ကစားသမားေတြရဲ႕ အႏုိင္မခံအရႈံးမေပး စိတ္ဓာတ္ကုိ ေလးစားရမွာျဖစ္ေပမယ့္ ခ႐ုိေအးရွားကုိ ဂုိးျပတ္အႏုိင္ရေလာက္တဲ့အထိ စြမ္းေဆာင္ႏိုင္မလားဆုိတာ သံသယျဖစ္စရာပါ။ အုိက္စလန္ အုပ္စုအဆင့္နဲ႔ပဲ ေက်နပ္ရဖုိ႔ မ်ားပါတယ္။

Photo:FIFA World Cup,The Indian Express
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အုပ်စုတက်ရေး အဆုံးအဖြတ်အဖြစ် နိုင်ဂျီးရီးယားနဲ့ ရင်ဆိုင်ရမယ့် အာဂျင်တီးနား

၂၀၁၈ ကမ္ဘာ့ဖလားအုပ်စု(C)နဲ့ အုပ်စု(D) နောက်ဆုံးပွဲစဉ်တွေကို ဒီနေ့(အင်္ဂါ)မှာ ဆက်လက်ယှဉ်ပြိုင်ကစားကြမှာပါ။ နောက်တစ်ဆင့်တက်ရေးအတွက် အဆုံးအဖြတ်ပွဲတွေ ပါဝင်နေလို့ အကြိတ်အနယ်ရှိမှာ အသေအချာပါပဲ။ အုပ်စုအဆင့်မှာ နိုင်ပွဲမရသေးဘဲ ရုန်းကန်နေရတဲ့ နာမည်ကြီး အာဂျင်တီးနားအသင်းကတော့ နိုက်ဂျီးရီးယားကို မဖြစ်မနေအနိုင်ကစားဖို့ လိုနေပါပြီ။ ဒါ့အပြင် နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်ရှိနေတဲ့ ဒိန်းမတ်၊ အိုက်စလန်၊ သြစတြေးလျအသင်းတို့ရဲ့ပွဲတွေမှာလည်း ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါ။

ဒိန်းမတ် နှင့် ပြင်သစ် (၂၆-၆-၂၀၁၈ ည ၈း၃၀)
ပြင်သစ်အသင်းက နောက်တစ်ဆင့်တက်သွားပြီဖြစ်ပေမယ့် ဒိန်းမတ်ကတော့ ရာနှုန်းပြည့်မသေချာသေးပါဘူး။ တကယ်လို့ ဒီပွဲမှာ ဒိန်းမတ် ရှုံးပြီး သြစတြေးလျက ပီရူးကို (၂)ဂိုးလောက်နဲ့ နိုင်မယ်ဆိုရင် ဒိန်းမတ် အုပ်စုက ထွက်ရမှာပါ။ ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ဖို့ သရေတစ်မှတ်သာ လိုနေတဲ့ ဒိန်းမတ်ကို ပြင်သစ် လက်တွဲခေါ်သွားမလား။ ဘာပဲဖြစ်ဖြစ် ဒီပွဲမှာ ပြင်သစ်အသင်းထက် ဒိန်းမတ်အသင်းကိုပဲ ရွေးချယ်ချင်ပါတယ်။

သြစတြေးလျ နှင့် ပီရူး (၂၆-၆-၂၀၁၈ ည ၈း၃၀)
ဒိန်းမတ်နဲ့ ပြင်သစ်ပွဲက ဘယ်လိုရလဒ်ထွက်သည်ဖြစ်စေ သြစတြေးလျအသင်းကတော့ ပီရူးကို အနိုင်ရဖို့အတွက် ဖောင်ဖျက်ကစားရမယ့်အနေအထားပါပဲ။ ဒါပေမဲ့ ပီရူးကလည်း ပြီးခဲ့တဲ့နှစ်ပွဲစလုံးမှာ ခြေစွမ်းအဆိုးရွားကြီး မဟုတ်ဘဲ ကစားသမားအရည်အသွေးပိုင်း ကွာဟချက်ကြီးမားလို့သာ ရှုံးပွဲတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။ သရေကျဖို့များပြီး အနိုင်ဆိုရင်တော့ သြစတြေးလျပါပဲ။

Group-C

Group-C

နိုက်ဂျီးရီးယား နှင့် အာဂျင်တီးနား (၂၇-၆-၂၀၁၈ နံနက် ၁၂း၃၀)
အာဂျင်တီးနား နောက်တစ်ဆင့်တက်ဖို့အတွက် အနိုင်ရဖို့ အသည်းအသန်ကစားရမှာဖြစ်ပေမယ့် လက်ရှိအသင်းတွင်း ပြဿနာတွေကြောင့် တည်ငြိမ်မှုမရှိဖြစ်နေတယ်။ အသင်းက စီနီယာကစားသမားတွေနဲ့ နည်းပြကြားမှာ အဆင်မပြေဖြစ်နေပြီး အဓိက တိုက်စစ်မှူး မက်ဆီ Messi လည်း ခြေစွမ်းမပြနိုင်ဖြစ်နေတယ်။ အာဂျင်တီးနားထက်စာရင် နိုက်ဂျီးရီးယားက ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ဖို့ အခွင့်အရေးပိုကောင်းနေပါတယ်။ (၃)မှတ်ရထားပြီး ဒီပွဲမှာ အနိမ့်ဆုံးသရေကစားရုံနဲ့ အုပ်စုက ကျွတ်မှာပါ။ အာဂျင်တီးနားအသင်းက နိုက်ဂျီးရီးယားကို ဂိုးပြတ်အနိုင်ရဖို့ လိုအပ်နေတဲ့အပြင် တစ်ဖက်မှာလည်း အိုက်စလန်က ခရိုအေးရှားကို အနိုင်မရမှသာ မျှော်လင့်ချက်ရှိမယ့်အနေအထားဖြစ်နေတယ်။ အာဂျင်တီးနား နိုင်ပွဲရဖို့ လိုနေပေမယ့်လည်း အသင်းရဲ့ခြေစွမ်း၊ တည်ငြိမ်မှုမရှိတဲ့အခြေအနေတွေကြောင့် နိုက်ဂျီးရီးယားအသင်းကို အရဲစွန့် ရွေးချယ်ချင်ပါတယ်။

Group-D

Group-D

အိုက်စလန် နှင့် ခရိုအေးရှား (၂၇-၆-၂၀၁၈ နံနက် ၁၂း၃၀)
နိုက်ဂျီးရီးယားကို ရှုံးနိမ့်ခဲ့တာက အိုက်စလန်အသင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့ရတယ်။ အိုက်စလန်ရဲ့ခြေစွမ်း မာကျောပေမယ့် ကစားသမားတွေရဲ့ အရည်အသွေးက အားရစရာတော့မရှိပါဘူး။ သူတို့အတွက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ခဲ့တာကပဲ ဂုဏ်ယူစရာတစ်ခုလို့ပြောရမယ်။ ခရိုအေးရှား နောက်တစ်ဆင့်တက်သွားပြီဖြစ်လို့ အရန်ကစားသမားအများစုနဲ့ ပွဲထွက်လာဖို့များနေတယ်။ အိုက်စလန်ကစားသမားတွေရဲ့ အနိုင်မခံအရှုံးမပေး စိတ်ဓာတ်ကို လေးစားရမှာဖြစ်ပေမယ့် ခရိုအေးရှားကို ဂိုးပြတ်အနိုင်ရလောက်တဲ့အထိ စွမ်းဆောင်နိုင်မလားဆိုတာ သံသယဖြစ်စရာပါ။ အိုက်စလန် အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ရဖို့ များပါတယ်။

Photo:FIFA World Cup,The Indian Express
Naing Linn(Akhayar)
www.akhayar.com