This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အာဂ်င္တီးနားအသင္းနည္းျပရာထူးက ထုတ္ပယ္ခံခဲ့ရတဲ့ ဆမ္ပါအုိလီ Sampaoli

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ႐ႈံးထြက္(၁၆)သင္းအဆင့္ကေန ထြက္ခဲ့ရတဲ့အတြက္ အာဂ်င္တီးနားေဘာလုံးအဖဲြ႕ခ်ဳပ္က အသင္းနည္းျပဆမ္ပါအုိလီ Sampaoli ကုိ ရာထူးက ထုတ္ပယ္လုိက္ၿပီျဖစ္ပါတယ္။ အာဂ်င္တီးနားအသင္းဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမတိုင္ခင္က ဗုိလ္စဲြဖုိ႔ေရပန္းစားေနတ့ဲအသင္းေတြထဲမွာ ပါ၀င္ခဲ့ေပမယ့္ ၿပိဳင္ပဲြကာလတစ္ေလွ်ာက္ ႐ုန္းကန္ခဲ့ရသလုိ နည္းျပဆမ္ပါအုိလီနဲ႔ စီနီယာကစားသမားေတြအၾကား ဆက္ဆံေရးအဆင္မေျပျဖစ္ခဲ့ၿပီး သူတို႔အသင္းကလည္း ႐ႈံးထြက္(၁၆)သင္းအဆင့္မွာ ျပင္သစ္ကုိ ႐ႈံးနိမ့္ခဲ့တာေၾကာင့္ ၿပိဳင္ပဲြက ထြက္ခဲ့ရတယ္။

ARGENTINA-have-sacked-boss-Jorge-Sampaoli

ARGENTINA-have-sacked-boss-Jorge-Sampaoli

အာဂ်င္တီးနားေဘာလုံးအဖဲြ႕ခ်ဳပ္က ၂၀၁၇၊ ေမလအတြင္းက ဆမ္ပါအုိလီကုိ နည္းျပသစ္အျဖစ္ ခန္႔အပ္ခဲ့ၿပီး (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့လည္း အာဂ်င္တီးနားအသင္းရဲ႕ ရလဒ္ဆုိးေတြအရ အာဂ်င္တီးနားေဘာလုံးအဖဲြ႕ခ်ဳပ္က သူနဲ႔ခ်ဳပ္ဆုိထားတဲ့ စာခ်ဳပ္ကုိ ဖ်က္သိမ္းၿပီး ရာထူးကထုတ္ပယ္ဖုိ႔ ဆုံးျဖတ္ခဲ့တာပါ။ အာဂ်င္တီးနားေဘာလုံးအဖဲြ႕ခ်ဳပ္ဟာ လက္ေရြးစင္အသင္း ကမၻာ႔ဖလားၿပိဳင္ပဲြက ထြက္ခဲ့ရတဲ့အခ်ိန္မွာ ဆမ္ပါအုိလီရဲ႕ အနာဂတ္ကုိ စဥ္းစားသြားမွာျဖစ္ၿပီး အဲဒီကာလအတြင္း အာဂ်င္တီးနားယူ-၂၀ နည္းျပအျဖစ္ တာ၀န္ေပးသြားမယ္လုိ႔ ဆုိခဲ့တယ္။ အခုအခ်ိန္မွာေတာ့ အာဂ်င္တီးနားေဘာလုံးအဖြဲ႕ခ်ဳပ္က ဆမ္ပါအုိလီကုိ ရာထူးက ထုတ္ပယ္တာက အေကာင္းဆုံးအေျဖျဖစ္မယ္လုိ႔ ယူဆခဲ့ၿပီး အဲဒီအတြက္ ေလ်ာ္ေၾကးအျဖစ္ ေပါင္(၁.၂)သန္းေပးေခ်သြားမွာျဖစ္ပါတယ္။

REF:The Sun
Photo:AS,Stadium Astro
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အာဂျင်တီးနားအသင်းနည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ ဆမ်ပါအိုလီ Sampaoli

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှုံးထွက်(၁၆)သင်းအဆင့်ကနေ ထွက်ခဲ့ရတဲ့အတွက် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က အသင်းနည်းပြဆမ်ပါအိုလီ Sampaoli ကို ရာထူးက ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်က ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့အသင်းတွေထဲမှာ ပါဝင်ခဲ့ပေမယ့် ပြိုင်ပွဲကာလတစ်လျှောက် ရုန်းကန်ခဲ့ရသလို နည်းပြဆမ်ပါအိုလီနဲ့ စီနီယာကစားသမားတွေအကြား ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့ပြီး သူတို့အသင်းကလည်း ရှုံးထွက်(၁၆)သင်းအဆင့်မှာ ပြင်သစ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲက ထွက်ခဲ့ရတယ်။

ARGENTINA-have-sacked-boss-Jorge-Sampaoli

ARGENTINA-have-sacked-boss-Jorge-Sampaoli

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က ၂၀၁၇၊ မေလအတွင်းက ဆမ်ပါအိုလီကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီး (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အာဂျင်တီးနားအသင်းရဲ့ ရလဒ်ဆိုးတွေအရ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က သူနဲ့ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းပြီး ရာထူးကထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာ လက်ရွေးစင်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်ခဲ့ရတဲ့အချိန်မှာ ဆမ်ပါအိုလီရဲ့ အနာဂတ်ကို စဉ်းစားသွားမှာဖြစ်ပြီး အဲဒီကာလအတွင်း အာဂျင်တီးနားယူ-၂၀ နည်းပြအဖြစ် တာဝန်ပေးသွားမယ်လို့ ဆိုခဲ့တယ်။ အခုအချိန်မှာတော့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က ဆမ်ပါအိုလီကို ရာထူးက ထုတ်ပယ်တာက အကောင်းဆုံးအဖြေဖြစ်မယ်လို့ ယူဆခဲ့ပြီး အဲဒီအတွက် လျော်ကြေးအဖြစ် ပေါင်(၁.၂)သန်းပေးချေသွားမှာဖြစ်ပါတယ်။

REF:The Sun
Photo:AS,Stadium Astro
Naing Linn(Akhayar)
www.akhayar.com