[Zawgyi]

ဒူးဒဏ္ရာေၾကာင့္ ကမၻာ႔ဖလားၿပိဳင္ပြဲနဲ႔ လြဲေခ်ာ္မယ့္ ဂိုးသမား ရိုမဲရိုး Romero

ႏိုင္ငံလက္ေရြးစင္အသင္းနဲ႔ ေလ့က်င့္ခန္းအစီအစဥ္ေတြ ျပဳလုပ္ရင္း ျပင္းထန္တဲ့ ဒူးဒဏ္ရာ ရရွိခဲ့လို႔ အာဂ်င္တီးနားအသင္းရဲ႕ အဓိက ဂိုးသမား ရိုမဲရိုး Romero ကမၻာ႔ဖလားၿပိဳင္ပြဲနဲ႔ လြဲေခ်ာ္ခဲ့ၿပီျဖစ္ပါတယ္။ ဒူးဒဏ္ရာေၾကာင့္ ဂိုးသမား ရိုမဲရိုး Romero ကမၻာ႔ဖလားၿပိဳင္ပြဲနဲ႔ လြဲေခ်ာ္ၿပီျဖစ္ေၾကာင္း အာဂ်င္တီးနားအသင္းရဲ႕ တရား၀င္ Twitter စာမ်က္ႏွာထက္ကေန သတင္းထုတ္ျပန္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ အဂၤါေန႔က ျပဳလုပ္ခဲ့တဲ့ အာဂ်င္တီးနားအသင္းရဲ႕ ေလ့က်င့္ခန္းအစီအစဥ္မွာ ရိုမဲရိုး Romero ရဲ႕ ညာဘက္ဒူးေခါင္းကို ျပင္းထန္စြာ ထိခိုက္မိခဲ့ၿပီး ဒဏ္ရာျပင္းထန္ဖြယ္ရွိလို႔ အၿပီးသတ္ လူစာရင္းကေန ထုတ္ပယ္ခဲ့တာ ျဖစ္ပါတယ္။ ေမလ (၁၃)ရက္ေန႔က ပရီးမီးယားလိဂ္ ရာသီပိတ္ပြဲစဥ္အျဖစ္ ဝက္ဖို႔ဒ္အသင္းနဲ႔ ကစားခဲ့တဲ့ ပြဲမွာ မန္ယူအသင္းအတြက္ ရိုမဲရိုး Romero ႀကံ့ခိုင္မႈအျပည့္နဲ႔ ပြဲထြက္ကစားခဲ့ေပမယ့္ အာဂ်င္တီးနားအသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္မွာ ရရွိခဲ့တဲ့ ဒဏ္ရာေၾကာင့္ ကမၻာ႔ဖလားၿပိဳင္ပြဲကို ႏႈတ္ဆက္ခဲ့ရပါတယ္။

Argentina-goalkeeper-Sergio-Romero-ruled-out-through-knee-injury

Argentina-goalkeeper-Sergio-Romero-ruled-out-through-knee-injury

အာဂ်င္တီးနားအသင္းရဲ႕ ဂိုးသမားေတြအျဖစ္ ခ်ယ္လ္ဆီးအသင္းရဲ႕ အရန္ဂိုးသမား ကယ္ဘယ္လာရို Caballero နဲ႔ ေရးဗားပလိတ္အသင္းရဲ႕ ၀ါရင့္ဂိုးသမား အာမန္နီ Armani တို႔ (၂)ဦးသာ က်န္ေတာ့လို႔ ဒဏ္ရာရရွိခဲ့တဲ့  ရိုမဲရိုး Romero အစား မကၠဆီကိုကလပ္ UNAL အသင္းရဲ႕ ဂိုးသမား ဂတ္ဇ္မန္း Guzman ကို နည္းျပ ဆမ္ပါအိုလီ Sampaoli က အစားထိုးေရြးခ်ယ္ခဲ့ပါတယ္။ ရိုမဲရိုး Romero ရရွိခဲ့တဲ့ ဒဏ္ရာဟာ ျပင္းထန္ခဲ့လို႔ ခြဲစိတ္ကုသမႈ ခံယူသြားရမွာျဖစ္ေၾကာင္း အာဂ်င္တီနားအသင္းက သတင္းထုတ္ျပန္ခဲ့ပါတယ္။ အသက္ (၃၁)ႏွစ္ အရြယ္ရွိၿပီျဖစ္တဲ့ ရိုမဲရိုး Romero ဟာ အာဂ်င္တီးနားအသင္းရဲ႕ အဓိကဂိုးသမားေနရာကေန ပံုမွန္ပြဲထြက္ ရေနတဲ့ ကစားသမားတစ္ဦးျဖစ္သလို ၿပီးခဲ့တဲ့ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ တည္ၿငိမ္တဲ့ လက္စြမ္းနဲ႔ အာဂ်င္တီးနားအသင္းကို ေနာက္ဆံုး ဗိုလ္လုပြဲအထိ ေရာက္ရွိေအာင္ ပို႔ေဆာင္ေပးခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္။

REF:Goal.com, The Sun
Photo:TN.com, Infober
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ဒူးဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်မယ့် ဂိုးသမား ရိုမဲရိုး Romero

နိုင်ငံလက်ရွေးစင်အသင်းနဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေ ပြုလုပ်ရင်း ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရရှိခဲ့လို့ အာဂျင်တီးနားအသင်းရဲ့ အဓိက ဂိုးသမား ရိုမဲရိုး Romero ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့ပြီဖြစ်ပါတယ်။ ဒူးဒဏ်ရာကြောင့် ဂိုးသမား ရိုမဲရိုး Romero ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ပြီဖြစ်ကြောင်း အာဂျင်တီးနားအသင်းရဲ့ တရားဝင် Twitter စာမျက်နှာထက်ကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ရိုမဲရိုး Romero ရဲ့ ညာဘက်ဒူးခေါင်းကို ပြင်းထန်စွာ ထိခိုက်မိခဲ့ပြီး ဒဏ်ရာပြင်းထန်ဖွယ်ရှိလို့ အပြီးသတ် လူစာရင်းကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ မေလ (၁၃)ရက်နေ့က ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်အဖြစ် ဝက်ဖို့ဒ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ မန်ယူအသင်းအတွက် ရိုမဲရိုး Romero ကြံ့ခိုင်မှုအပြည့်နဲ့ ပွဲထွက်ကစားခဲ့ပေမယ့် အာဂျင်တီးနားအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရပါတယ်။

Argentina-goalkeeper-Sergio-Romero-ruled-out-through-knee-injury

Argentina-goalkeeper-Sergio-Romero-ruled-out-through-knee-injury

အာဂျင်တီးနားအသင်းရဲ့ ဂိုးသမားတွေအဖြစ် ချယ်လ်ဆီးအသင်းရဲ့ အရန်ဂိုးသမား ကယ်ဘယ်လာရို Caballero နဲ့ ရေးဗားပလိတ်အသင်းရဲ့ ဝါရင့်ဂိုးသမား အာမန်နီ Armani တို့ (၂)ဦးသာ ကျန်တော့လို့ ဒဏ်ရာရရှိခဲ့တဲ့  ရိုမဲရိုး Romero အစား မက္ကဆီကိုကလပ် UNAL အသင်းရဲ့ ဂိုးသမား ဂတ်ဇ်မန်း Guzman ကို နည်းပြ ဆမ်ပါအိုလီ Sampaoli က အစားထိုးရွေးချယ်ခဲ့ပါတယ်။ ရိုမဲရိုး Romero ရရှိခဲ့တဲ့ ဒဏ်ရာဟာ ပြင်းထန်ခဲ့လို့ ခွဲစိတ်ကုသမှု ခံယူသွားရမှာဖြစ်ကြောင်း အာဂျင်တီနားအသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အသက် (၃၁)နှစ် အရွယ်ရှိပြီဖြစ်တဲ့ ရိုမဲရိုး Romero ဟာ အာဂျင်တီးနားအသင်းရဲ့ အဓိကဂိုးသမားနေရာကနေ ပုံမှန်ပွဲထွက် ရနေတဲ့ ကစားသမားတစ်ဦးဖြစ်သလို ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တည်ငြိမ်တဲ့ လက်စွမ်းနဲ့ အာဂျင်တီးနားအသင်းကို နောက်ဆုံး ဗိုလ်လုပွဲအထိ ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

REF:Goal.com, The Sun
Photo:TN.com, Infober
Aung Kyaw Wai (Akhayar)
www.akhayar.com