[Zawgyi]

အာဂ်င္တီးနားတို႔အတြက္ ထာ၀ရဂႏၳ၀င္ မာရာဒုိနာ Maradona

ကမၻာ႔ဖလားၿပိဳင္ပဲြအေၾကာင္း ေျပာမယ္ဆုိရင္ မာရာဒုိနာ Maradona ဆုိတဲ့ အမည္နာမက မပါမျဖစ္ပါပဲ။ သူ႔ရဲ႕ ကစားသမားဘ၀တစ္ေလွ်ာက္မွာ ေအာင္ျမင္မႈ၊ က်႐ႈံးမႈ၊ အနိမ့္အျမင့္အတက္အက်ေတြက ျမန္ဆန္လြန္းေပမယ့္ အခုအခ်ိန္အထိ မာရာဒုိနာရဲ႕ေျခစြမ္း၊ ကစားပုံကုိ ေဘာလုံးပရိသတ္ေတြက တသသ ေျပာေနဆဲပါ။ အရပ္အျမင့္ (၅)ေပ (၅)လက္မ ေလာက္သာရွိေပမယ့္ Dribbling Skills၊ ေျပးအား Speed ၊ ေဘာလုံးထိန္းသိမ္းမႈ၊ Vision စတဲ့အရည္အခ်င္းေကာင္းေတြကုိ ပုိင္ဆုိင္ခဲ့တဲ့ ကစားသမားတစ္ဦး။ သိပၸံနည္းအရ ေျပာရရင္ေတာ့ မာရာဒုိနာဟာ အရပ္ပုတဲ့အတြက္ ကမၻာေျမဆဲြအားကုိ ပုိရရွိတာေၾကာင့္ တျခားကစားသမားေတြထက္စာရင္ ပုိၿပီးလ်င္လ်င္ျမန္ျမန္ ေရြ႕လ်ားႏုိင္တယ္လုိ႔ သတ္မွတ္ၾကတယ္။

Maradona-Playing-Style

Maradona-Playing-Style

၁၉၈၂ ကမၻာ႔ဖလားမွာ အာဂ်င္တီးနားအသင္းနဲ႔အတူ ပထမဆုံးအႀကိမ္ ကမၻာ႔ဖလားဆင္ႏႊဲခဲ့ၿပီး အဓိက ကစားသမားအျဖစ္ ပါ၀င္ခြင့္ရခဲ့ေပမယ့္ အာဂ်င္တီးနားအသင္းကေတာ့ ဒုတိယေနရာနဲ႔သာ ေက်နပ္ခဲ့ရတယ္။ ၁၉၈၆ ကမၻာ႔ဖလားကေတာ့ မာရာဒုိနာအတြက္ ဘယ္ေတာ့မွ မေမ့ႏုိင္စရာၿပိဳင္ပဲြတစ္ခုလုိ႔ ဆုိရမယ္။ ေမွာ္၀င္ေျခစြမ္းေတြနဲ႔ ပရိသတ္ေတြကို ဖမ္းစားခဲ့တဲ့အျပင္ အသင္းအတြက္ ဒုတိယအႀကိမ္ေျမာက္ ကမၻာ႔ဖလားခ်န္ပီယံဆုကုိပါ ဆြတ္ခူးေပးခဲ့တယ္။

Maradona-with-World-Cup-Trophy

Maradona-with-World-Cup-Trophy

အေကာင္းဆုံးျဖစ္ခဲ့တာကေတာ့ အဂၤလန္နဲ႔ကစားခဲ့တဲ့ ကြာတားဖုိင္နယ္ပါပဲ။ အဲဒီပဲြမွာ မာရာဒိုနာဟာ ပထမဂုိးကုိ “ဘုရားေပးတဲ့လက္ Hand Of God”လုိ႔ အခုထိ ေက်ာ္ၾကားေနဆဲျဖစ္တဲ့ လက္နဲ႔ပုတ္သြင္းခဲ့သလုိ ဒုတိယဂုိးကုိ ကြင္းလယ္ကေန ေတာက္ေလွ်ာက္ဆဲြေျပးၿပီး အဂၤလန္ကစားသမား(၅)ဦးကုိ ေက်ာ္ျဖတ္၊ ေနာက္ဆံုံး ဂုိးသမား ပီတာရွီလ္တန္ Peter Shilton ကုိပါ လွည့္စား သြင္းယူခဲ့တာပါ။ ေနာက္ပုိင္းမွာ အဲဒီဂုိးကုိ ဖီဖာကမၻာ႔ဖ လားၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံးသြင္းဂုိးအျဖစ္ သတ္မွတ္ခဲ့ၾကတယ္။

Maradona-famous-Hand-Of-God

Maradona-famous-Hand-Of-God

၁၉၉၀ ကမၻာ႔ဖလားၿပိဳင္ပဲြမွာေတာ့ ေျခခ်င္း၀တ္ဒဏ္ရာက မာရာဒုိနာကုိ ဒုကၡေပးခဲ့ၿပီး မာရာဒုိနာအေနနဲ႔ အေကာင္းဆုံး ႀကိဳးစားကစားခဲ့ေပမယ့္လည္း သူ႔ရဲ႕အသငး္ဟာ ဒုတိယေနရာနဲ႔သာ ေက်နပ္ခဲ့ရတယ္။ အဲဒီေနာက္ပုိင္းကာလေတြကေတာ့ မာရာဒုိနာအတြက္ အေမွာင္က်တဲ့ေန႔ရက္ေတြပါပဲ။ ၁၉၉၄ ကမၻာ႔ဖလားမွာ တားျမစ္ေဆးက်႐ႈံးခဲ့တာေၾကာင့္ အုပ္စုပဲြႏွစ္ပဲြသာ ကစားခဲ့ရၿပီး အိမ္ျပန္ပုိ႔ခံခဲ့ရတ့ဲအျပင္ မူးယစ္ေဆးျပႆနာက သူ႔ရဲ႕ လက္ေရြးစင္ကစားသမားဘ၀ကုိ အဆုံးသတ္ခဲ့ရတယ္။ ကစားသမားဘ၀တစ္ေလွ်ာက္ မွာ အရက္စဲြမႈ၊ မူးယစ္ေဆးစဲြမႈေတြေၾကာင့္ နာမည္ပ်က္ခဲ့ရေပမယ့္လည္း မာရာဒုိနာဟာ ေဘာလံုးေလာကရဲ႕ဂႏၳ၀င္တစ္ဦးဆုိတာကုိေတာ့ ပရိသတ္ေတြ အားလုံးက တညီတညြတ္တည္း လက္ခံေနဆဲပါ။

Argentina-Legend-Maradona

Argentina-Legend-Maradona

အာဂ်င္တီးနားအသင္းအတြက္ ကစားခဲ့သည့္ ကာလ – ၁၉၇၇ မွ ၁၉၉၄
ပဲြ/ဂုိး – ၉၁ ပဲြ/ ၃၄ ဂုိး
ကမၻာ႔ဖလားဆင္ႏႊဲခဲ့သည့္အႀကိမ္ – ၁၉၈၂၊ ၁၉၈၆၊ ၁၉၉၀၊ ၁၉၉၄

ေအာင္ျမင္မႈ
FIFA World Cup: 1986
Artemio Franchi Trophy: 1993

REF:Wikipedia
Photo:Sportsnet,Goal.com,World Football Index,Rare Historical Photos,Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အာဂျင်တီးနားတို့အတွက် ထာဝရဂန္ထဝင် မာရာဒိုနာ Maradona

ကမ္ဘာ့ဖလားပြိုင်ပွဲအကြောင်း ပြောမယ်ဆိုရင် မာရာဒိုနာ Maradona ဆိုတဲ့ အမည်နာမက မပါမဖြစ်ပါပဲ။ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက်မှာ အောင်မြင်မှု၊ ကျရှုံးမှု၊ အနိမ့်အမြင့်အတက်အကျတွေက မြန်ဆန်လွန်းပေမယ့် အခုအချိန်အထိ မာရာဒိုနာရဲ့ခြေစွမ်း၊ ကစားပုံကို ဘောလုံးပရိသတ်တွေက တသသ ပြောနေဆဲပါ။ အရပ်အမြင့် (၅)ပေ (၅)လက်မ လောက်သာရှိပေမယ့် Dribbling Skills၊ ပြေးအား Speed ၊ ဘောလုံးထိန်းသိမ်းမှု၊ Vision စတဲ့အရည်အချင်းကောင်းတွေကို ပိုင်ဆိုင်ခဲ့တဲ့ ကစားသမားတစ်ဦး။ သိပ္ပံနည်းအရ ပြောရရင်တော့ မာရာဒိုနာဟာ အရပ်ပုတဲ့အတွက် ကမ္ဘာမြေဆွဲအားကို ပိုရရှိတာကြောင့် တခြားကစားသမားတွေထက်စာရင် ပိုပြီးလျင်လျင်မြန်မြန် ရွေ့လျားနိုင်တယ်လို့ သတ်မှတ်ကြတယ်။

Maradona-Playing-Style

Maradona-Playing-Style

၁၉၈၂ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်းနဲ့အတူ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဆင်နွှဲခဲ့ပြီး အဓိက ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပေမယ့် အာဂျင်တီးနားအသင်းကတော့ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတယ်။ ၁၉၈၆ ကမ္ဘာ့ဖလားကတော့ မာရာဒိုနာအတွက် ဘယ်တော့မှ မမေ့နိုင်စရာပြိုင်ပွဲတစ်ခုလို့ ဆိုရမယ်။ မှော်ဝင်ခြေစွမ်းတွေနဲ့ ပရိသတ်တွေကို ဖမ်းစားခဲ့တဲ့အပြင် အသင်းအတွက် ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆုကိုပါ ဆွတ်ခူးပေးခဲ့တယ်။

Maradona-with-World-Cup-Trophy

Maradona-with-World-Cup-Trophy

အကောင်းဆုံးဖြစ်ခဲ့တာကတော့ အင်္ဂလန်နဲ့ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပါပဲ။ အဲဒီပွဲမှာ မာရာဒိုနာဟာ ပထမဂိုးကို “ဘုရားပေးတဲ့လက် Hand Of God”လို့ အခုထိ ကျော်ကြားနေဆဲဖြစ်တဲ့ လက်နဲ့ပုတ်သွင်းခဲ့သလို ဒုတိယဂိုးကို ကွင်းလယ်ကနေ တောက်လျှောက်ဆွဲပြေးပြီး အင်္ဂလန်ကစားသမား(၅)ဦးကို ကျော်ဖြတ်၊ နောက်ဆုံံး ဂိုးသမား ပီတာရှီလ်တန် Peter Shilton ကိုပါ လှည့်စား သွင်းယူခဲ့တာပါ။ နောက်ပိုင်းမှာ အဲဒီဂိုးကို ဖီဖာကမ္ဘာ့ဖ လားပြိုင်ပွဲသမိုင်းတစ်လျှောက် အကောင်းဆုံးသွင်းဂိုးအဖြစ် သတ်မှတ်ခဲ့ကြတယ်။

Maradona-famous-Hand-Of-God

Maradona-famous-Hand-Of-God

၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ခြေချင်းဝတ်ဒဏ်ရာက မာရာဒိုနာကို ဒုက္ခပေးခဲ့ပြီး မာရာဒိုနာအနေနဲ့ အကောင်းဆုံး ကြိုးစားကစားခဲ့ပေမယ့်လည်း သူ့ရဲ့အသင်းဟာ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတယ်။ အဲဒီနောက်ပိုင်းကာလတွေကတော့ မာရာဒိုနာအတွက် အမှောင်ကျတဲ့နေ့ရက်တွေပါပဲ။ ၁၉၉၄ ကမ္ဘာ့ဖလားမှာ တားမြစ်ဆေးကျရှုံးခဲ့တာကြောင့် အုပ်စုပွဲနှစ်ပွဲသာ ကစားခဲ့ရပြီး အိမ်ပြန်ပို့ခံခဲ့ရတဲ့အပြင် မူးယစ်ဆေးပြဿနာက သူ့ရဲ့ လက်ရွေးစင်ကစားသမားဘဝကို အဆုံးသတ်ခဲ့ရတယ်။ ကစားသမားဘဝတစ်လျှောက် မှာ အရက်စွဲမှု၊ မူးယစ်ဆေးစွဲမှုတွေကြောင့် နာမည်ပျက်ခဲ့ရပေမယ့်လည်း မာရာဒိုနာဟာ ဘောလုံးလောကရဲ့ဂန္ထဝင်တစ်ဦးဆိုတာကိုတော့ ပရိသတ်တွေ အားလုံးက တညီတညွတ်တည်း လက်ခံနေဆဲပါ။

Argentina-Legend-Maradona

Argentina-Legend-Maradona

အာဂျင်တီးနားအသင်းအတွက် ကစားခဲ့သည့် ကာလ – ၁၉၇၇ မှ ၁၉၉၄
ပွဲ/ဂိုး – ၉၁ ပွဲ/ ၃၄ ဂိုး
ကမ္ဘာ့ဖလားဆင်နွှဲခဲ့သည့်အကြိမ် – ၁၉၈၂၊ ၁၉၈၆၊ ၁၉၉၀၊ ၁၉၉၄

အောင်မြင်မှု
FIFA World Cup: 1986
Artemio Franchi Trophy: 1993

REF:Wikipedia
Photo:Sportsnet,Goal.com,World Football Index,Rare Historical Photos,Twitter
Naing Linn(Akhayar)
www.akhayar.com