သင္႔ရဲ႕ဧည္႔ခန္းထဲ အိပ္ခန္းထဲမွာ ရနံ႔ေမႊးေမႊးနဲ႔ အသံတိတ္လူသတ္သမားရွိေနတယ္ဆိုရင္ အ႔ံၾသသြားမလား။ သူက အေငြ႔နဲ႔တျဖည္းျဖည္းသတ္တာျဖစ္ျပီး  ေမႊးရနံ႔ေလးေပးပါေသးတယ္။ ဒီအရာဟာ ေဆးလိပ္ထက္ဆိုးက်ိဳးမ်ားျပီး  အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ျပႆနာေတြ ၊ ေခါင္းကိုက္ျခင္းနဲ႔ ကင္ဆာေရာဂါကိုပါျဖစ္ပြားေစႏိုင္ပါတယ္။

အဲဒါကေတာ႔ ခ်ိဳအီေမႊးျမလွတဲ႔ရန႔ံကိုေပးတဲ႔ ဖေယာင္းတိုင္ေလးေတြ(Scented Candles)ပါ။ လူေတြကိုစိတ္ဖိစီးမႈေလ်ာ႔ေစတယ္ ေကာင္းေကာင္းအိပ္ေပ်ာ္ေစတယ္ဆိုတဲ႔အခ်က္ေတြနဲ႔ လူေတြသံုးေနၾကတဲ႔ ဒီဖေယာင္းတိုင္ေလးေတြဟာ က်န္းမာေရးအတြက္ဘယ္လိုဆိုးက်ိဳးျဖစ္ေစလဲဆိုေတာ႔ …

ဖေယာင္းတိုင္ေတြတိုင္းမွာ Paraffin Wax လို႔ေခၚတဲ႔ ေရနံကေနထုတ္လုပ္တဲ႔ဖေယာင္းပါဝင္ပါတယ္။ ဒီပစၥည္းဟာ ေစ်းအလြန္သက္သာတဲ႔ဖေယာင္းျဖစ္တာေၾကာင္႔ ဖေယာင္းထုတ္လုပ္တဲ႔ ကုမၸဏီေတြက သေဘာတက်အသံုးျပဳၾကပါတယ္။


paraffin wax

Paraffin ပါဝင္တဲ႔ဖေယာင္းေညွာ္န႔ံကိုရတဲ႔သူေတြဟာ အသက္ရွဴလမ္းေၾကာင္းဆုိင္ရာ ျပႆနာေတြနဲ႔ ပန္းနာရင္က်ပ္ေဝဒနာေတြကိုခံစားရတဲ႔ သက္ေသအေထာက္အထားေတြ ရွိခဲ႔ပါတယ္။ ဒီေညွာ္န႔ံဟာ ေဆးလိပ္ေသာက္သူတစ္ေယာက္လိုပဲ  ေဝဒနာေတြခံစားရေစပါတယ္။

Paraffin ေပ်ာ္က်လို႔ထြက္လာတဲ႔အန႔ံဟာ ဒီဇယ္အင္ဂ်င္ကထြက္လာတဲ႔အန႔ံနဲ႔ဆင္တူပါတယ္။ သူဟာ ကာစီႏိုဂ်င္လို႔ေခၚတဲ႔ ဓာတုပစၥည္းကို ေလထဲမွာ လ်င္လ်င္ျမန္ျမန္ပ်ံ႕ႏွ႔႔ံေစပါတယ္။ ဒီဓာတုပစၥည္းက ေခါင္းကိုက္ျခင္းနဲ႔အဆုတ္ကင္ဆာကိုျဖစ္ေစတာပါ။

National Institute for Occupational Safety and Health က ဒီလိုဓာတုပစၥည္းအန႔ံနဲ႔ေဝးေဝးေနၾကဖို႔ အၾကံျပဳထားျပီး  သူကေက်ာက္ကပ္နဲ႔အသည္းမွာ အၾကိတ္ျဖစ္ေစတယ္လို႔ဆုိထားပါတယ္။

ဒီ Paraffin ဖေယာင္းေတြထဲမွာ Acetone, Trichlorofluoromethane, Carbon Disulfide, 2-Butanone, Trichloroethane, Trichloroethene, Carbon Tetrachloride, Tetrachloroethene, Chlorobenzene, Ethylbenzene, Styrene, Xylene, Phenol, Cresol, Cyclopentene စတဲ႔ဓာတုအဆိပ္ အမ်ိဳးေပါင္း ၂၀ ေတာင္ပါဝင္ေနပါတယ္။

ဒီဖေယာင္းတုိင္ေတြမွာပါတဲ႔ ေမႊးရနံ႔အတုနဲ႔အေရာင္အေသြးေတြက အလာဂ်ီျဖစ္ေစႏိုင္ပါေသးတယ္။


paraffin-candle

ဒါေၾကာင္႔ Aromatherapy အတြက္ ဖေယာင္းတုိင္ေလးေတြသံုးမယ္ဆိုရင္ ေစ်းအနည္းအမ်ားထက္ စိတ္ခ်ရတဲ႔အမ်ိဳးအစားကို သံုးဖို႔လိုပါတယ္။ ဒီလိုဖေယာင္းတိုင္ေတြအစား ဘာကိုအစားထိုးသံုးတာက စိတ္ခ်ရသလဲဆိုရင္ –

Soy Candle


soy-candle

Soy Candle ေတြဟာ ပဲပိစပ္နဲ႔ျပဳလုပ္ထားတာျဖစ္ျပီး  အခ်ိန္ၾကာၾကာ အထြန္းခံပါတယ္။ က်ပ္ခိုးမစြဲေစပါဘူး။ ေမႊးရန႕ံကိုပိုထုတ္လုပ္ႏိုင္စြမ္းရွိပါတယ္။ Aromatherapy အတြက္ေတာ႔အေကာင္းဆံုးပါ။

Beeswax Candle


beeswax-candle

ပ်ားဖေယာင္းနဲ႔ျပဳလုပ္ထားတဲ႔ဖေယာင္းတိုင္ေတြကေတာ႔ ပံုသ႑ာန္အမ်ိဳးမ်ိဳး အရြယ္အစားအမ်ိဳးမ်ိဳး ထည္႔တဲ႔ခြက္မ်ိဳးစံုနဲ႔လာပါတယ္။ သူ႔မွာေတာ႔ အႏၱရာယ္ျဖစ္ေစတဲ႔ဓာတုပစၥည္းကင္းရွင္းပါတယ္။ အလာဂ်ီျဖစ္ေစတာမ်ိဳးမရွိဘဲ အေတာက္ပဆံုးေလာင္ကၽြမ္းပါတယ္။ Paraffin Candle ထက္ ၅ ဆပိုေလာင္ကၽြမ္းပါတယ္။ Beeswax Candle ကေတာ႔ အျခားေသာ Candle ေတြထက္ ပိုေစ်းၾကီးပါတယ္။


soy vs paraffin

ကိုယ္႔အေနနဲ႔ အိမ္မွာပဲျဖစ္ျဖစ္ ဆိုင္မွာပဲျဖစ္ျဖစ္ ဒီလိုဖေယာင္းတိုင္ေလးေတြထြန္းေလ႔ရွိတယ္ဆိုရင္ ဖေယာင္းတိုင္ရဲ႕ အရည္အေသြးကို သတိျပဳၾကဖို႔လိုပါတယ္။ က်န္းမာေရးအတြက္ စိတ္ခ်ရတဲ႔အမ်ိဳးအစားကိုေရြးခ်ယ္ျပီး အမ်ားသူငါကိုလက္ေဆာင္ေပးတဲ႔ေနရာမွာလည္း အႏၱရာယ္ကင္းတဲ႔အမ်ိဳးအစားကိုေရြးခ်ယ္တတ္ဖို႔လိုပါလိမ္႔မယ္။

Ref#www.huffingtonpost.com

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com

Unicode

သင့်ရဲ့ဧည့်ခန်းထဲ အိပ်ခန်းထဲမှာ ရနံ့မွှေးမွှေးနဲ့ အသံတိတ်လူသတ်သမားရှိနေတယ်ဆိုရင် အံ့သြသွားမလား။ သူက အငွေ့နဲ့တဖြည်းဖြည်းသတ်တာဖြစ်ပြီး မွှေးရနံ့လေးပေးပါသေးတယ်။ ဒီအရာဟာ ဆေးလိပ်ထက်ဆိုးကျိုးများပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ၊ ခေါင်းကိုက်ခြင်းနဲ့ ကင်ဆာရောဂါကိုပါဖြစ်ပွားစေနိုင်ပါတယ်။

ဒါကတော့ ချိုအီမွှေးမြလှတဲ့ရနံ့ကိုပေးတဲ့ ဖယောင်းတိုင်လေးတွေ(Scented Candles)ပါ။

လူတွေကိုစိတ်ဖိစီးမှုလျော့စေတယ် ကောင်းကောင်းအိပ်ပျော်စေတယ်ဆိုတဲ့အချက်တွေနဲ့ လူတွေသုံးနေကြတဲ့ ဒီဖယောင်းတိုင်လေးတွေဟာ ကျန်းမာရေးအတွက်ဘယ်လိုဆိုးကျိုးဖြစ်စေလဲဆိုတော့ …

ဖယောင်းတိုင်တွေတိုင်းမှာ Paraffin Wax လို့ခေါ်တဲ့ ရေနံကနေထုတ်လုပ်တဲ့ဖယောင်းပါဝင်ပါတယ်။ ဒီပစ္စည်းဟာ ဈေးအလွန်သက်သာတဲ့ဖယောင်းဖြစ်တာကြောင့် ဖယောင်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေက သဘောတကျအသုံးပြုကြပါတယ်။

Paraffin ပါဝင်တဲ့ဖယောင်းညှော်နံ့ကိုရတဲ့သူတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့ ပန်းနာရင်ကျပ်ဝေဒနာတွေကိုခံစားရတဲ့ သက်သေအထောက်အထားတွေ ရှိခဲ့ပါတယ်။ ဒီညှော်နံ့ဟာ ဆေးလိပ်သောက်သူတစ်ယောက်လိုပဲ ဝေဒနာတွေခံစားရစေပါတယ်။

Paraffin ပျော်ကျလို့ထွက်လာတဲ့အနံ့ဟာ ဒီဇယ်အင်ဂျင်ကထွက်လာတဲ့အနံ့နဲ့ဆင်တူပါတယ်။ သူဟာ ကာစီနိုဂျင်လို့ခေါ်တဲ့ ဓာတုပစ္စည်းကို လေထဲမှာ လျင်လျင်မြန်မြန်ပျံ့နှ့ံ့စေပါတယ်။ ဒီဓာတုပစ္စည်းက ခေါင်းကိုက်ခြင်းနဲ့အဆုတ်ကင်ဆာကိုဖြစ်စေတာပါ။

National Institute for Occupational Safety and Health က ဒီလိုဓာတုပစ္စည်းအနံ့နဲ့ဝေးဝေးနေကြဖို့ အကြံပြုထားပြီး သူကကျောက်ကပ်နဲ့အသည်းမှာ အကြိတ်ဖြစ်စေတယ်လို့ဆိုထားပါတယ်။
ဒီ Paraffin ဖယောင်းတွေထဲမှာ Acetone, Trichlorofluoromethane, Carbon Disulfide, 2-Butanone, Trichloroethane, Trichloroethene, Carbon Tetrachloride, Tetrachloroethene, Chlorobenzene, Ethylbenzene, Styrene, Xylene, Phenol, Cresol, Cyclopentene စတဲ့ဓာတုအဆိပ် အမျိုးပေါင်း ၂၀ တောင်ပါဝင်နေပါတယ်။

ဒီဖယောင်းတိုင်တွေမှာပါတဲ့ မွှေးရနံ့အတုနဲ့အရောင်အသွေးတွေက အလာဂျီဖြစ်စေနိုင်ပါသေးတယ်။
ဒါကြောင့် Aromatherapy အတွက် ဖယောင်းတိုင်လေးတွေသုံးမယ်ဆိုရင် ဈေးအနည်းအများထက် စိတ်ချရတဲ့အမျိုးအစားကို သုံးဖို့လိုပါတယ်။ ဒီလိုဖယောင်းတိုင်တွေအစား ဘာကိုအစားထိုးသုံးတာက စိတ်ချရသလဲဆိုရင် –

Soy Candle

Soy Candle တွေဟာ ပဲပိစပ်နဲ့ပြုလုပ်ထားတာဖြစ်ပြီး အချိန်ကြာကြာ အထွန်းခံပါတယ်။ ကျပ်ခိုးမစွဲစေပါဘူး။ မွှေးရနံ့ကိုပိုထုတ်လုပ်နိုင်စွမ်းရှိပါတယ်။ Aromatherapy အတွက်တော့အကောင်းဆုံးပါ။

Beeswax Candle

ပျားဖယောင်းနဲ့ပြုလုပ်ထားတဲ့ဖယောင်းတိုင်တွေကတော့ ပုံသဏ္ဍာန်အမျိုးမျိုး အရွယ်အစားအမျိုးမျိုး ထည့်တဲ့ခွက်မျိုးစုံနဲ့လာပါတယ်။ သူ့မှာတော့ အန္တရာယ်ဖြစ်စေတဲ့ဓာတုပစ္စည်းကင်းရှင်းပါတယ်။ အလာဂျီဖြစ်စေတာမျိုးမရှိဘဲ အတောက်ပဆုံးလောင်ကျွမ်းပါတယ်။ Paraffin Candle ထက် ၅ ဆပိုလောင်ကျွမ်းပါတယ်။ Beeswax Candle ကတော့ အခြားသော Candle တွေထက် ပိုဈေးကြီးပါတယ်။

ကိုယ့်အနေနဲ့ အိမ်မှာပဲဖြစ်ဖြစ် ဆိုင်မှာပဲဖြစ်ဖြစ် ဒီလိုဖယောင်းတိုင်လေးတွေထွန်းလေ့ရှိတယ်ဆိုရင် ဖယောင်းတိုင်ရဲ့ အရည်အသွေးကို သတိပြုကြဖို့လိုပါတယ်။

ကျန်းမာရေးအတွက် စိတ်ချရတဲ့အမျိုးအစားကိုရွေးချယ်ပြီး အများသူငါကိုလက်ဆောင်ပေးတဲ့နေရာမှာလည်း အန္တရာယ်ကင်းတဲ့အမျိုးအစားကိုရွေးချယ်တတ်ဖို့လိုပါလိမ့်မယ်။

Ref#www.huffingtonpost.com

ဂျူဂျူး(အခရာ)

www.akhayar.com