မြို့ထဲက ကြော်ငြာဆိုင်းဘုတ်အကြီးကြီးတွေက ခေတ်ဟောင်းနေပြီလား။ ပိုပြီးဆန်းသစ်တဲ့ LED Screen နဲ့ ကြော်ငြာဆိုင်းဘုတ်တွေကို တွေ့လာရပေမယ့် အခုလောက်စိတ်ဝင်စားဖို့မကောင်းခဲ့ပါဘူး။ ဒီတစ်ခေါက်ကတော့ လူတွေက ကမ္ဘာ့အပြင်ဖက်ကနေကို ကြော်ငြာဆိုင်းဘုတ်တွေပြပေးနိုင်ဖို့ စီစဉ်နေပါပြီ။ 

အခုလို အတွေးကို စတင်နေတာကတော့ ရုရှားကုမ္ပဏီဖြစ်တဲ့ StartRocket ပဲဖြစ်ပါတယ်။ အခုလို အာကာသထဲကနေ ကြော်ငြာတွေပြပေးနိုင်ဖို့အတွက်တော့ Cubesat လို့ခေါ်တဲ့ ဂြိုလ်တုတွေကို အသုံးပြုသွားမယ်လို့ သိရပါတယ်။ လာမယ့် ၂၀၂၁ ခုနှစ်မှာ ကြော်ငြာတွေတင်နိုင်ဖို့အတွက် ၂၀၂၀ ခုနှစ်မှာ Orbital Display ဂြိုလ်တုကို လွှင့်တင်သွားဖို့ စီစဉ်ထားတာပါ။

ဒီ Video မှာလို သူတို့စီစဉ်ထားတဲ့အတိုင်း ဖြစ်လာနိုင်ဖို့ကို သက်ဆိုင်ရာအဖွဲ့အစဉ်းတွေ၊ သိပ္ပံပညာရှင်တွေရဲ့ အကူအညီလည်း လိုအပ်နေပြီး တကယ်ဖြစ်လာဖို့အတွက်တော့ မျှော်လင့်ချက်တွေ အားကောင်းနေပါတယ်။ အခုဒီ Project ကို ဦးဆောင်နေသူ Vlad Sintnikov က အခုလို ညဖက်ကောင်းကင်မှာ ကြော်ငြာတွေပြပေးဖို့က ကြော်ငြာလုပ်ငန်းနယ်ပယ်အတွက် နောက်တစ်ဆင့်ဖြစ်နေတယ်လို့ ပြောထားပါတယ်။ 

ဖျော်ဖြေရေးနဲ့ ကြော်ငြာလုပ်ငန်းတွေက လူမှုပတ်ဝန်းကျင်ကြားမှာ စီးမျောနစ်ဝင်နေသလို လူသားတို့ရဲ့  ကြော်ငြာလုပ်ငန်းချဲ့ထွင်မှုက ပြင်ပကမ္ဘာအထိ ရောက်လာတဲ့သဘောပါ။ ပိုကောင်းတဲ့ပတ်ဝန်ကျင်ကိုရနိုင်ဖို့အတွက် အခုလို ကျွမ်းကျင်ပြီး အတွေ့အကြုံရင့်တဲ့ ဦးဆောင်သူတွေကသာ ကူညီပေးနိုင်မယ်လို့လည်း ဆက်ပြောသွားပါသေးတယ်။ 

အသေးစိတ်အချက်တွေအနေနဲ့တော့ ဒီ ကြော်ငြာပြပေးမယ့် ဂြိုလ်တုအစုအဝေးက ကမ္ဘာနဲ့အနီးဆုံး ပတ်လမ်းတွေထဲကတစ်ခုမှာ ရှိနေမှာဖြစ်ပြီး မြေပြင်ကနေ တစ်ကြိမ်ကို ၆ မိနှစ်ဝန်းကျင်စီပဲ မြင်နိုင်မှာပါ။ ဒီအစီအစဉ်အတွက် စုစုပေါင်း ကုန်ကျငွေကိုတော့ ကုမ္ပဏီအနေနဲ့ထုတ်ပြန်ထားခြင်းမရှိသေးတာကြောင့် ခန့်မှန်းဖို့လည်း ခက်ခဲနေပါသေးတယ်။ အဆိုးဖက်ကတွေးကြည့်ရင်တော့ ညဖက်ကောင်းကင်ကို လေထုညစ်ညမ်းတာလိုပဲ Light Pollution ဖြစ်စေမလားဆိုတဲ့မေးခွန်းမျိုးအတွက် အဖြေမရှိသေးသလို သက်ဆိုင်ရာ အာကာသအဖွဲ့အစဉ်းတွေရဲ့ ပယ်ချခြင်းကိုခံရနိုင်မလားဆိုတာတွေကလည်း တစ်ဖက်မှာ ရှိနေပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ စောင့်ကြည့်သင့်တဲ့ နည်းပညာအထွန့်တက်ဆန်းကျယ်မှုတွေထဲမှာတော့ သူက ပါနေပါပြီ။ သင်ရော ဘယ်လိုမြင်သလဲ။ 

Ref : Business Insider 

Min Than Htike (Akhayar)

www.akhayar.com