ပြီးခဲ့တဲ့ရာသီက အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်ရောက်ခဲ့တဲ့ စပါးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရပြီလားဆိုတာ မေးခွန်းထုတ်ချင်စရာပါပဲ။ မနှစ်က ချန်ပီယံလိဂ်မှာ မန်စီးတီး၊ အေဂျက်စ်အသင်းတို့ကို ကျော်ဖြတ်ပြီး အောင်မြင်မှုရခဲ့ပေမယ့် ပြည်တွင်းလိဂ်မှာတော့ စပါးအသင်းရဲ့ ရလဒ်တွေက စိတ်ပျက်စရာကောင်းနေပါတယ်။ စပါးအသင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်နောက်ဆုံး(၁၅)ပွဲ ရလဒ်ကိုကြည့်ရင် (၈)ပွဲရှုံး၊ (၃)ပွဲသရေကျခဲ့ပြီး (၄)ပွဲသာ အနိုင်ရခဲ့တာကို တွေ့ရမှာပါ။ ဒီရလဒ်အရ စပါးအသင်းဟာ ပရီးမီးယားလိဂ်(၁)ပွဲကို (၁)မှတ်နှုန်းသာ ရယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့တစ်ပတ်ကလည်း နယူးကာဆယ်ကို အိမ်ကွင်းမှာပဲ ရှုံးနိမ့်ခဲ့ပါသေးတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ နောက်ဆုံး(၁၅)ပွဲရလဒ်ကို ပြန်ကြည့်ရင် စပါးအသင်းထက် ရလဒ်ဆိုးတာဆိုလို့ ၀က်ဖို့ဒ်နဲ့ ဘရိုက်တန်တို့သာ ရှိပါတော့တယ်။ အဲဒီ(၁၅)ပွဲမှာ လီဗာပူးလ်အသင်း ရယူခဲ့တဲ့ ရမှတ်က စပါးအသင်းထက် (၂၆)မှတ်အထိ ပိုများသလို ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ မန်စီးတီးအသင်းထက်လည်း တစ်မှတ်ပိုသာနေပါတယ်။ လာမယ့်တစ်ပတ်မှာ ရင်ဆိုင်ရမယ့် မြောက်လန်ဒန်ဒါဘီပြိုင်ဘက် အာဆင်နယ်အသင်းက ပရီးယားလိဂ်နောက်ဆုံး(၁၅)ပွဲမှာ (၂၆)မှတ်အထိရယူခဲ့ပြီး စပါးအသင်းထက် (၁၁)မှတ်အထိ အသာရနေပြန်ပါတယ်။ စပါးအသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး (၁၅)ပွဲမှာ ဘန်လေ၊ ဆောက်သမ်တန်၊ ၀က်စ်ဟမ်း၊ ဘုန်းမောက်၊ နယူးကာဆယ်တို့ကို ရှုံးနိမ့်ခဲ့တာကြောင့် မဆုံးရှုံသင့်တဲ့ အမှတ်တွေ ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ စပါးအသင်းဟာ ဒီနွေရာသီမှာ ကစားသမားသစ်တွေကို ပေါင်သန်း(၁၀၀)နီးပါး အသုံးပြုခေါ်ယူခဲ့ပေမယ့် တည်ငြိမ်မှု မရှိဖြစ်နေတာက အံ့အားသင့်စရာပါပဲ . .

REF:Daily Mail
Photo:Getty Images,Daily Mail
Naing Linn(Akhayar)
www.akhayar.com