[Zawgyi] 

Smartphone လို႔ေျပာလိုက္ရင္ Smart ျဖစ္တာနဲ႔ Phone ဆိုတဲ့ စကားလံုးႏွစ္ခုကို ရွင္းရွင္းလင္းလင္း ခြဲျမင္သင့္ပါတယ္။ ေပါင္းေရးထားေပမယ့္ ခြဲျခားသိထားတာ ပိုအဓိပၸါယ္ရွိပါတယ္။ ဘာေၾကာင့္လဲ?

Smartphone ေတြက လူေတြကို ကူညီေပးဖို႔၊ အလုပ္တစ္ခု၊ အဆက္အသြယ္တစ္ခု ဒါမွမဟုတ္ လိုအပ္ခ်က္တစ္ခုခုကို အခ်ိန္တုိအတြင္းမွာ အိတ္ကတ္ထဲကထုတ္ၿပီး လက္ထဲမွာတင္ ျမန္ျမန္ဆန္ဆန္နဲ႔လုပ္လိုက္ႏိုင္ဖို႔အတြက္ အေကာင္းဆံုး Device ေတြပါ။ Mini Computer ေတြလို႔ေျပာရင္လည္း မမွားပါဘူး။ အဲ့ဒီလိုေျပာရေလာက္ေအာင္လည္း Phone ေတြက Smart ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ေလးငါးႏွစ္ကတည္းကစၿပီး ဖုန္းေတြက လူေတြၾကားမွာ ေရပန္းစားလာတာ အခုဆိုရင္ Smartphone ေတြက လူေတြအတြက္ မရွိမျဖစ္နီးပါးပါပဲ။ Laptop ေတြနဲ႔ Desktop ေတြကို လူတိုင္းမပိုင္ေပမယ့္ Smartphone ေတြကိုေတာ့ အ႐ြယ္ေရာက္ၿပီးသားလူငယ္တိုင္း သံုးေနၾကပါၿပီ။ 

Smartphone ေတြက ပိုၿပီးလက္လွမ္းမွီတဲ့ Computer ေတြျဖစ္လာတာေၾကာင့္ လူတိုင္းနီးပါးက Laptop ေတြထက္ ဖုန္းေတြကို အရင္ဝယ္ဖို႔ျဖစ္လာပါတယ္။ အေၾကာင္းကေတာ့ အဓိကအခ်က္ျဖစ္တဲ့ ဆက္သြယ္ေရး Device အေနနဲ႔သံုးျဖစ္ၾကၿပီး ဒီေနာက္ပုိင္းမွာေတာ့ ဖုန္းသံုးတဲ့အေနအထားေတြက ေျပာင္းသြားပါၿပီ။ 

Devices for Entrainment    

ဟုတ္ပါတယ္။ ဖုန္းေတြက ေဖ်ာ္ေျဖေရး Device ေတြအျဖစ္ ကၽြန္ေတာ္တို႔သတိမထားမိတဲ့အခ်ိန္ကတည္းက ကၽြန္ေတာ္တို႔ အိတ္ကတ္ေတြထဲမွာ ေနရာယူထားၾကပါတယ္။ ဓာတ္ပံုေတြ၊ Video ေတြနဲ႔ သီခ်င္းေတြအတြက္ ဒီ Screen ေတြေပၚမွာပဲ နာရီေပါင္းမ်ားစြာအခ်ိန္ေပးလာၾကပါတယ္။ ေနာက္ပို္္င္းမွာ ကၽြန္ေတာ္တို႔ေတြကိုယ္တုိုင္ပဲ ႐ုပ္ရွင္႐ံုေတြသြားဖို႔နဲ႔ သူငယ္ခ်င္းေတြ၊ ေဆြမ်ိဳးေတြနဲ႔ အခ်ိန္ကုန္ဆံုးဖို႔ ပ်င္းလာၾကတယ္။ 

Social Media Apps

လူေတြနဲ႔ ဆက္သြယ္ဖို႔ဆိုတာ အေရးႀကီးတဲ့အခ်က္ျဖစ္ေပမယ့္ အခ်ိန္တိုင္း Connected ျဖစ္ေနဖို႔ႀကိဳးစားမိ၊ လုပ္မိေနရင္း တကယ့္အျပင္မွာ လုပ္စရာရွိတာေတြ၊ လုပ္သင့္တာေတြနဲ႔ လုပ္ခ်င္တာေတြကို မလုပ္ႏိုင္ေတာ့ဘဲ အခ်ိန္ေတြကုန္လာပါတယ္။ တကယ္တမ္းကေတာ့ Social Media ေတြက ကၽြန္ေတာ္တို႔ အခ်ိန္ေတြကိုလုယူေနတာမဟုတ္ဘဲ ကၽြန္ေတာ္တို႔ကသာ Social Media ေတြအေပၚ စြဲလမ္းစိတ္မ်ားေနတာပါ။ 

Games

လူေတြအားလံုးမွာေတာ့ တစ္ေယာက္တည္းျဖစ္ေနတဲ့အခ်ိန္ေတြ၊ ခင္မင္သူေတြနဲ႔ ေဝးရာကိုေရာက္ေနတဲ့အခ်ိန္ေတြ ရွိတတ္ပါတယ္။ အဲ့ဒီလို အခ်ိန္ေတြမွာ Game ေတြကို စြဲစြဲၿမဲၿမဲ ေဆာ့ျဖစ္တတ္တာက အျဖစ္မ်ားတဲ့ကိစၥတစ္ခုလို ျဖစ္ေနပါၿပီ။ အဲ့ဒီကိစၥကလည္း ၾကာလာရင္ေတာ့ ေကာင္းတဲ့အရာမဟုတ္လို႔ Game ေတြက ေဖ်ာ္ေျဖေရးအကန္႔ထဲမွာပဲ ရွိေနသင့္တာ အမွန္ပါပဲ။ 

ကၽြန္ေတာ္တို႔ေတြက ဖုန္းေတြကို လိုအပ္တဲ့ေနရာမွာပဲ ေကာင္းေကာင္း အသံုးခ်ဖို႔ထက္ အခ်ိန္ျပည့္နီးပါး အေၾကာင္းျပခ်က္မ်ိဳးစံုအတြက္ အသံုးျပဳျဖစ္ေနတာကေန လက္ေတြ႕ဘဝမွာ ဟာကြက္ေတြျဖစ္လာတတ္သလို စိတ္အလိုမက်တာေတြလည္း ျဖစ္လာတတ္ပါတယ္။ အနီးနားကလူေတြကို ဂ႐ုမစိုက္ျဖစ္လာတာ၊ ျပင္ပမွာ ကိုယ္တိုင္ခံစားသင့္တာေတြကို ဖုန္း Screen ေတြကေနပဲ ၾကည့္ေနမိတာေတြျဖစ္လာၿပီး ဆံုး႐ႈံးမွန္းမသိ ဆံုး႐ႈံးတာေတြ ျဖစ္လာပါတယ္။ အဲ့ဒီလို ျဖစ္လာတာေတြကို ေျဖရွင္းဖို႔ကေတာ့ ခ်က္ခ်င္းလုပ္ယူလို႔ မရေပမယ့္ အခ်ိန္တိုတစ္ခုအတြင္းမွာ ျပဳျပင္လို႔ရလို႔ ဖုန္းေတြကို အနားကေန ကန္ထုတ္ပစ္ႏိုင္ပါတယ္။ 

Screen ေပၚက ေဖ်ာ္ေျဖေရး Media ေတြထက္ ပိုေပ်ာ္ဖို႔ေကာင္းတာေတြ ျပင္ပေလာကမွာရွိပါတယ္။ ဖုန္းေတြနဲ႔ လုပ္ယူလို႔မရတဲ့ ဖန္တီးမႈေတြကို အျပင္မွာ လက္ေတြ႕ခံစားတာနဲ႔ လူေတြၾကားမွာ လူေတြနဲ႔အတူစားၾကေသာက္ၾကရင္း စကာစျမည္ေျပာရတာေတြက ဖုန္းေတြေပၚမွာ ကုန္ဆံုးတဲ့အခ်ိန္ေတြထက္ ေပ်ာ္ဖို႔ေကာင္းတယ္ဆိုတာ ပိုၿပီး ခံစားမိလာဖို႔အတြက္ ဖုန္းေတြကို အခုပဲကန္႔သတ္ၿပီး သံုးလိုက္ရင္ရပါၿပီ။ 

ဒါေပမယ့္ ေျပာရတာ လြယ္သေလာက္ ကိုယ္တိုင္လိုက္လုပ္ၾကည့္ရင္ ခက္ခဲေနပါလိမ့္မယ္။ အရင္ဆံုးကေတာ့ ကိုယ္က ဖုန္းေပၚမွာ ဘယ္အခ်က္ကို အသံုးအမ်ားဆံုးလဲ၊ ကို္ယ္လုပ္ခ်င္တာေတြေကာ လက္ေတြ႕ဘဝမွာ လုပ္ျဖစ္ရဲ႕လားဆိုတာေတြကို စဥ္းစားၾကည့္ရပါမယ္။ အဲ့ဒီလို စဥ္းစားၾကည့္ၿပီးရင္ေတာ့ ဖုန္းေတြက ဘယ္အခ်က္ေၾကာင့္ ကၽြန္ေတာ္တို႔လက္ေတြေပၚမွာ အခ်ိန္အၾကာႀကီးရွိေနရတာလဲဆိုတာ နားလည္လာပါလိမ့္မယ္။ နားလည္လာၿပီဆိုရင္ေတာ့ ဘယ္ေနရာကစၿပီး ေလွ်ာ့ရမလဲဆိုတာ ေတြးမိသြားမွာပါ။ တခ်ိဳ႕က Socail Media ေတြက တက္လာသမွ် Notificaiton ေတြေၾကာင့္ ဖုန္းေတြကို တစ္နာရီအတြင္း အႀကိမ္ႀကိမ္ ဖြင့္ၾကည့္မိၾကသလို၊ တခ်ိဳ႕ကလည္း သီခ်င္းနဲ႔ Video ေတြေၾကာင့္ ဖုန္းေတြကို Battery မကုန္မခ်င္း Lock မလုပ္မိၾကပါဘူး။ ခရီးထြက္တဲ့အခါ၊ ပြဲလမ္းသဘင္ေတြသြားတဲ့အခါမွာလည္း Social Media ေတြရဲ႕ လႊမ္းမိုးမႈေၾကာင့္ ေပ်ာ္စရာအခိုက္အတန္႔ေတြကို ကိုယ္တုိင္ ခံစားမယ့္အစား Camera နဲ႔႐ိုက္ဖို႔ပဲပိုၿပီး အာ႐ံုရေနတတ္ၾကပါတယ္။ ဒီအခ်က္ေတြကို ကိုယ္တုိင္စဥ္းစားျဖစ္ၿပီးမွ ဖုန္းေတြကို ကုိယ္ကသံုးေနတာလား၊ ဒါမွမဟုတ္ ဖုန္းေတြနဲ႔ အေရးမႀကီးတာေတြ လုပ္မိေနတာလားဆိုတာ ကြဲကြဲျပားျပားသိမွာပါ။

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လိုအပ္လို႔ ဖုန္းသံုးတယ္လို႔ သင့္ကိုယ္သင့္ ယံုထားတယ္ဆိုရင္ ဒီထဲက အခ်က္ေတြက သင့္အတြက္ ကိုက္ညီမွာမဟုတ္ပါဘူး။ ခၽြင္းခ်က္အေနနဲ႔လည္း Introvert ေတြအတြက္ေတာ့ ဖုန္းနဲ႔၊ ကြန္ပ်ဴတာေတြက အနီးစပ္ဆံုးေသာ သူငယ္ခ်င္းေတြ ျဖစ္ေနၾကဦးမွာပါပဲ။ အခုကစၿပီး Smart ျဖစ္တဲ့ Phone ေတြကို ကၽြန္ေတာ္တို႔ကိုယ္တုိင္ Smart က်က် သံုးဖို႔ ျပင္ဆင္သင့္ပါၿပီ။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Smartphone တွေက သင့်တစ်နေ့တာမှာ အချိန်ကုန်စေတဲ့အရာတွေဖြစ်နေပြီလား

Smartphone လို့ပြောလိုက်ရင် Smart ဖြစ်တာနဲ့ Phone ဆိုတဲ့ စကားလုံးနှစ်ခုကို ရှင်းရှင်းလင်းလင်း ခွဲမြင်သင့်ပါတယ်။ ပေါင်းရေးထားပေမယ့် ခွဲခြားသိထားတာ ပိုအဓိပ္ပါယ်ရှိပါတယ်။ ဘာကြောင့်လဲ?

Smartphone တွေက လူတွေကို ကူညီပေးဖို့၊ အလုပ်တစ်ခု၊ အဆက်အသွယ်တစ်ခု ဒါမှမဟုတ် လိုအပ်ချက်တစ်ခုခုကို အချိန်တိုအတွင်းမှာ အိတ်ကတ်ထဲကထုတ်ပြီး လက်ထဲမှာတင် မြန်မြန်ဆန်ဆန်နဲ့လုပ်လိုက်နိုင်ဖို့အတွက် အကောင်းဆုံး Device တွေပါ။ Mini Computer တွေလို့ပြောရင်လည်း မမှားပါဘူး။ အဲ့ဒီလိုပြောရလောက်အောင်လည်း Phone တွေက Smart ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်ကတည်းကစပြီး ဖုန်းတွေက လူတွေကြားမှာ ရေပန်းစားလာတာ အခုဆိုရင် Smartphone တွေက လူတွေအတွက် မရှိမဖြစ်နီးပါးပါပဲ။ Laptop တွေနဲ့ Desktop တွေကို လူတိုင်းမပိုင်ပေမယ့် Smartphone တွေကိုတော့ အရွယ်ရောက်ပြီးသားလူငယ်တိုင်း သုံးနေကြပါပြီ။ 

Smartphone တွေက ပိုပြီးလက်လှမ်းမှီတဲ့ Computer တွေဖြစ်လာတာကြောင့် လူတိုင်းနီးပါးက Laptop တွေထက် ဖုန်းတွေကို အရင်ဝယ်ဖို့ဖြစ်လာပါတယ်။ အကြောင်းကတော့ အဓိကအချက်ဖြစ်တဲ့ ဆက်သွယ်ရေး Device အနေနဲ့သုံးဖြစ်ကြပြီး ဒီနောက်ပိုင်းမှာတော့ ဖုန်းသုံးတဲ့အနေအထားတွေက ပြောင်းသွားပါပြီ။ 

Devices for Entrainment    

ဟုတ်ပါတယ်။ ဖုန်းတွေက ဖျော်ဖြေရေး Device တွေအဖြစ် ကျွန်တော်တို့သတိမထားမိတဲ့အချိန်ကတည်းက ကျွန်တော်တို့ အိတ်ကတ်တွေထဲမှာ နေရာယူထားကြပါတယ်။ ဓာတ်ပုံတွေ၊ Video တွေနဲ့ သီချင်းတွေအတွက် ဒီ Screen တွေပေါ်မှာပဲ နာရီပေါင်းများစွာအချိန်ပေးလာကြပါတယ်။ နောက်ပို်င်းမှာ ကျွန်တော်တို့တွေကိုယ်တိုင်ပဲ ရုပ်ရှင်ရုံတွေသွားဖို့နဲ့ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေနဲ့ အချိန်ကုန်ဆုံးဖို့ ပျင်းလာကြတယ်။ 

Social Media Apps

လူတွေနဲ့ ဆက်သွယ်ဖို့ဆိုတာ အရေးကြီးတဲ့အချက်ဖြစ်ပေမယ့် အချိန်တိုင်း Connected ဖြစ်နေဖို့ကြိုးစားမိ၊ လုပ်မိနေရင်း တကယ့်အပြင်မှာ လုပ်စရာရှိတာတွေ၊ လုပ်သင့်တာတွေနဲ့ လုပ်ချင်တာတွေကို မလုပ်နိုင်တော့ဘဲ အချိန်တွေကုန်လာပါတယ်။ တကယ်တမ်းကတော့ Social Media တွေက ကျွန်တော်တို့ အချိန်တွေကိုလုယူနေတာမဟုတ်ဘဲ ကျွန်တော်တို့ကသာ Social Media တွေအပေါ် စွဲလမ်းစိတ်များနေတာပါ။ 

Games

လူတွေအားလုံးမှာတော့ တစ်ယောက်တည်းဖြစ်နေတဲ့အချိန်တွေ၊ ခင်မင်သူတွေနဲ့ ဝေးရာကိုရောက်နေတဲ့အချိန်တွေ ရှိတတ်ပါတယ်။ အဲ့ဒီလို အချိန်တွေမှာ Game တွေကို စွဲစွဲမြဲမြဲ ဆော့ဖြစ်တတ်တာက အဖြစ်များတဲ့ကိစ္စတစ်ခုလို ဖြစ်နေပါပြီ။ အဲ့ဒီကိစ္စကလည်း ကြာလာရင်တော့ ကောင်းတဲ့အရာမဟုတ်လို့ Game တွေက ဖျော်ဖြေရေးအကန့်ထဲမှာပဲ ရှိနေသင့်တာ အမှန်ပါပဲ။ 

ကျွန်တော်တို့တွေက ဖုန်းတွေကို လိုအပ်တဲ့နေရာမှာပဲ ကောင်းကောင်း အသုံးချဖို့ထက် အချိန်ပြည့်နီးပါး အကြောင်းပြချက်မျိုးစုံအတွက် အသုံးပြုဖြစ်နေတာကနေ လက်တွေ့ဘဝမှာ ဟာကွက်တွေဖြစ်လာတတ်သလို စိတ်အလိုမကျတာတွေလည်း ဖြစ်လာတတ်ပါတယ်။ အနီးနားကလူတွေကို ဂရုမစိုက်ဖြစ်လာတာ၊ ပြင်ပမှာ ကိုယ်တိုင်ခံစားသင့်တာတွေကို ဖုန်း Screen တွေကနေပဲ ကြည့်နေမိတာတွေဖြစ်လာပြီး ဆုံးရှုံးမှန်းမသိ ဆုံးရှုံးတာတွေ ဖြစ်လာပါတယ်။ အဲ့ဒီလို ဖြစ်လာတာတွေကို ဖြေရှင်းဖို့ကတော့ ချက်ချင်းလုပ်ယူလို့ မရပေမယ့် အချိန်တိုတစ်ခုအတွင်းမှာ ပြုပြင်လို့ရလို့ ဖုန်းတွေကို အနားကနေ ကန်ထုတ်ပစ်နိုင်ပါတယ်။ 

Screen ပေါ်က ဖျော်ဖြေရေး Media တွေထက် ပိုပျော်ဖို့ကောင်းတာတွေ ပြင်ပလောကမှာရှိပါတယ်။ ဖုန်းတွေနဲ့ လုပ်ယူလို့မရတဲ့ ဖန်တီးမှုတွေကို အပြင်မှာ လက်တွေ့ခံစားတာနဲ့ လူတွေကြားမှာ လူတွေနဲ့အတူစားကြသောက်ကြရင်း စကာစမြည်ပြောရတာတွေက ဖုန်းတွေပေါ်မှာ ကုန်ဆုံးတဲ့အချိန်တွေထက် ပျော်ဖို့ကောင်းတယ်ဆိုတာ ပိုပြီး ခံစားမိလာဖို့အတွက် ဖုန်းတွေကို အခုပဲကန့်သတ်ပြီး သုံးလိုက်ရင်ရပါပြီ။ 

ဒါပေမယ့် ပြောရတာ လွယ်သလောက် ကိုယ်တိုင်လိုက်လုပ်ကြည့်ရင် ခက်ခဲနေပါလိမ့်မယ်။ အရင်ဆုံးကတော့ ကိုယ်က ဖုန်းပေါ်မှာ ဘယ်အချက်ကို အသုံးအများဆုံးလဲ၊ ကိုယ်လုပ်ချင်တာတွေကော လက်တွေ့ဘဝမှာ လုပ်ဖြစ်ရဲ့လားဆိုတာတွေကို စဉ်းစားကြည့်ရပါမယ်။ အဲ့ဒီလို စဉ်းစားကြည့်ပြီးရင်တော့ ဖုန်းတွေက ဘယ်အချက်ကြောင့် ကျွန်တော်တို့လက်တွေပေါ်မှာ အချိန်အကြာကြီးရှိနေရတာလဲဆိုတာ နားလည်လာပါလိမ့်မယ်။ နားလည်လာပြီဆိုရင်တော့ ဘယ်နေရာကစပြီး လျှော့ရမလဲဆိုတာ တွေးမိသွားမှာပါ။ တချို့က Socail Media တွေက တက်လာသမျှ Notificaiton တွေကြောင့် ဖုန်းတွေကို တစ်နာရီအတွင်း အကြိမ်ကြိမ် ဖွင့်ကြည့်မိကြသလို၊ တချို့ကလည်း သီချင်းနဲ့ Video တွေကြောင့် ဖုန်းတွေကို Battery မကုန်မချင်း Lock မလုပ်မိကြပါဘူး။ ခရီးထွက်တဲ့အခါ၊ ပွဲလမ်းသဘင်တွေသွားတဲ့အခါမှာလည်း Social Media တွေရဲ့ လွှမ်းမိုးမှုကြောင့် ပျော်စရာအခိုက်အတန့်တွေကို ကိုယ်တိုင် ခံစားမယ့်အစား Camera နဲ့ရိုက်ဖို့ပဲပိုပြီး အာရုံရနေတတ်ကြပါတယ်။ ဒီအချက်တွေကို ကိုယ်တိုင်စဉ်းစားဖြစ်ပြီးမှ ဖုန်းတွေကို ကိုယ်ကသုံးနေတာလား၊ ဒါမှမဟုတ် ဖုန်းတွေနဲ့ အရေးမကြီးတာတွေ လုပ်မိနေတာလားဆိုတာ ကွဲကွဲပြားပြားသိမှာပါ။

အကြောင်းအမျိုးမျိုးကြောင့် လိုအပ်လို့ ဖုန်းသုံးတယ်လို့ သင့်ကိုယ်သင့် ယုံထားတယ်ဆိုရင် ဒီထဲက အချက်တွေက သင့်အတွက် ကိုက်ညီမှာမဟုတ်ပါဘူး။ ချွင်းချက်အနေနဲ့လည်း Introvert တွေအတွက်တော့ ဖုန်းနဲ့၊ ကွန်ပျူတာတွေက အနီးစပ်ဆုံးသော သူငယ်ချင်းတွေ ဖြစ်နေကြဦးမှာပါပဲ။ အခုကစပြီး Smart ဖြစ်တဲ့ Phone တွေကို ကျွန်တော်တို့ကိုယ်တိုင် Smart ကျကျ သုံးဖို့ ပြင်ဆင်သင့်ပါပြီ။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။