[Zawgyi]

Nick Jonas နဲ႔ Priyanka Chopra တို႔ တြဲေနၾကျပီတဲ့လား

ထူးထူးျခားျခားပါပဲဗ်ာ၊ ဆယ္လီစံုတြဲသစ္တစ္တြဲေတာ့ ထြက္ေပၚလာေတာ့မယ္ထင္ပါရဲ့။ US Weekly ရဲ့ အဆုိအရေတာ့ အသက္ ၂၅ ႏွစ္ရွိျပီျဖစ္တဲ့ Nick Jonas နဲ႔ အသက္ ၃၅ႏွစ္ရွိျပီျဖစ္တဲ့ မယ္ကမာၻေဟာင္း ေဘာလီးဝုဒ္မင္းသမီး Priyanka Chopra တို႔ ဒိတ္လုပ္ေနၾကျပီလို႔ ဆုိပါတယ္။

Nick နဲ႔ Priyanak Chopra

သူတို႔ႏွစ္ေယာက္ဟာ လိုက္ဖက္ညီေနျပီး တစ္ေယာက္ကို တစ္ေယာက္လည္း တကယ္စိတ္ဝင္စားေနၾကပုံေပၚတယ္လို႔ ဆုိပါေသးတယ္။

အလယ္က Priyanka နဲ႔ Nick

တကယ္ေတာ့ Nick နဲ႔ Priyanka တို႔ သတင္းဟာ ဒီတစ္ၾကိမ္ဟာ ပထမဦးဆံုးမဟုတ္ပါဘူး။ သူတို႔ႏွစ္ေယာက္ဟာ ၂၀၁၇ Met Gala ပြဲကိုလည္း အတူတြဲတက္ေရာက္ဖူးၾကျပီး အဲဒီတုန္းကေတာ့ Priyanka ရဲ့ဘက္ကေန ဒီေကာလာဟလေတြကို ျငင္းဆိုခဲ့ပါတယ္။ အခုေတာ့ သတင္းေတြအရ သူတို႔ႏွစ္ေယာက္ဟာ Memorial Day ျဖစ္တဲ့ ေမလ ၂၈ ရက္ေန႔မွာလည္း အတူတူရွိခဲ့ၾကျပီး ေဟာလိဝုဒ္မွာလုပ္တဲ့ Beauty and the Beast Concert မွာေရာ LA Dodgers ရဲ့ ေဘ့စ္ေဘာပြဲမွာပါ ႏွစ္ေယာက္တြဲေတြ႔ခဲ့ၾကတာပါ။

Nick နဲ႔ Priyanka Chopra

အတြင္းလူတစ္ေယာက္ကေတာ့ US Weekly ကို ေျပာခဲ့ရာမွာ “သူတို႔ႏွစ္ေယာက္ဟာ ပြဲထဲကို တူတူဝင္လာၾကျပီး ႏွစ္ေယာက္လံုး သိပ္မိုက္ေနပါတယ္။ ဒါေပမယ့္ လက္ကိုင္ထားတာတို႔ ၊ အတြဲမွန္းသိေအာင္ ျပဳမူေနထုိင္တဲ့ ပံုမ်ိဳးေတာ့ မေတြ႔ဘူး” လို႔ ဆိုပါတယ္။ ဒီလို ရည္းစားပံုမေတြ႔ေပမယ့္ သူတို႔ဆီက သတင္းေတြအမ်ားစုက မွန္တတ္တာမို႔ Nick နဲ႔ Priyanka တို႔ ဘယ္လိုက ဘယ္လို ျငိသြားတယ္ဆုိတာ စိတ္ဝင္စားစရာပါပဲ။

Yoe Lu (Akhayar)

www.akhayar.com

Ref : Popsugar

[Unicode]

Nick Jonas နဲ့ Priyanka Chopra တို့ တွဲနေကြပြီတဲ့လား

ထူးထူးခြားခြားပါပဲဗျာ၊ ဆယ်လီစုံတွဲသစ်တစ်တွဲတော့ ထွက်ပေါ်လာတော့မယ်ထင်ပါရဲ့။ US Weekly ရဲ့ အဆိုအရတော့ အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ Nick Jonas နဲ့ အသက် ၃၅နှစ်ရှိပြီဖြစ်တဲ့ မယ်ကမ္ဘာဟောင်း ဘောလီးဝုဒ်မင်းသမီး Priyanka Chopra တို့ ဒိတ်လုပ်နေကြပြီလို့ ဆိုပါတယ်။

Nick နဲ့ Priyanak Chopra

သူတို့နှစ်ယောက်ဟာ လိုက်ဖက်ညီနေပြီး တစ်ယောက်ကို တစ်ယောက်လည်း တကယ်စိတ်ဝင်စားနေကြပုံပေါ်တယ်လို့ ဆိုပါသေးတယ်။

အလယ်က Priyanka နဲ့ Nick

တကယ်တော့ Nick နဲ့ Priyanka တို့ သတင်းဟာ ဒီတစ်ကြိမ်ဟာ ပထမဦးဆုံးမဟုတ်ပါဘူး။ သူတို့နှစ်ယောက်ဟာ ၂၀၁၇ Met Gala ပွဲကိုလည်း အတူတွဲတက်ရောက်ဖူးကြပြီး အဲဒီတုန်းကတော့ Priyanka ရဲ့ဘက်ကနေ ဒီကောလာဟလတွေကို ငြင်းဆိုခဲ့ပါတယ်။ အခုတော့ သတင်းတွေအရ သူတို့နှစ်ယောက်ဟာ Memorial Day ဖြစ်တဲ့ မေလ ၂၈ ရက်နေ့မှာလည်း အတူတူရှိခဲ့ကြပြီး ဟောလိဝုဒ်မှာလုပ်တဲ့ Beauty and the Beast Concert မှာရော LA Dodgers ရဲ့ ဘေ့စ်ဘောပွဲမှာပါ နှစ်ယောက်တွဲတွေ့ခဲ့ကြတာပါ။

Nick နဲ့ Priyanka Chopra

အတွင်းလူတစ်ယောက်ကတော့ US Weekly ကို ပြောခဲ့ရာမှာ “သူတို့နှစ်ယောက်ဟာ ပွဲထဲကို တူတူဝင်လာကြပြီး နှစ်ယောက်လုံး သိပ်မိုက်နေပါတယ်။ ဒါပေမယ့် လက်ကိုင်ထားတာတို့ ၊ အတွဲမှန်းသိအောင် ပြုမူနေထိုင်တဲ့ ပုံမျိုးတော့ မတွေ့ဘူး” လို့ ဆိုပါတယ်။ ဒီလို ရည်းစားပုံမတွေ့ပေမယ့် သူတို့ဆီက သတင်းတွေအများစုက မှန်တတ်တာမို့ Nick နဲ့ Priyanka တို့ ဘယ်လိုက ဘယ်လို ငြိသွားတယ်ဆိုတာ စိတ်ဝင်စားစရာပါပဲ။

Yoe Lu (Akhayar)

www.akhayar.com

Ref : Popsugar