[Zawgyi] 

ပထမဦးဆံုး Pixel ဖုန္းကိုၾကည့္မယ္ဆိုရင္ Google လုပ္ထားတဲ့ Pixel Design ကိုသတိထားမိမွာပါ။ ေနာက္ေက်ာဖက္မွာ Tone ကြဲတဲ့အေရာင္နဲ႔ Glass ကို သံုးေပးထားတာျဖစ္ၿပီး အခုအခ်ိန္အထိ Dual Tone ကို သံုးေနတုန္းပါပဲ။ 

Pixel 3 with Glass Body

Pixel ဖုန္းေတြရဲ႕ Design အတြက္ Google က ေသခ်ာစီစဥ္ထားတာပါ။ HTC နဲ႔ LG က Designer ေတြကို ပထမဦးဆံုး Pixel နဲ႔ Pixel 2 အတြက္ Design ဆြဲခိုင္းၿပီး ထုတ္ထားတာပါ။ Pixel 2 XL မွာ Display Blue Shift ျဖစ္တဲ့ျပႆနာတစ္ခုျဖစ္ခဲ့တာကလြဲၿပီး ေနာက္ပိုင္း ႀကီးႀကီးမားမား ျပႆနာမရွိခဲ့ပါဘူး။ ဒါေပမယ့္ လူေတြစိတ္ဝင္စားေနတာက အခု Pixel 3 ဖုန္းေတြကိုေရာ HTC နဲ႔ LG က ထုတ္ေပးထားတာလားဆိုတဲ့အခ်က္ပါ။ အခုထြက္လာတဲ့သတင္းေတြအရ အမ်ားထင္ေနသလို HTC နဲ႔ LG က ထုတ္ေပးထားတာမဟုတ္ပါဘူး။ 

Pixel 2XL Display Bue Shift

ဒါေပမယ့္ Google က Pixel 3 ဖုန္းေတြကို Design ဆြဲတဲ့အခါ Pixel Design Team ကိုပဲ ဆြဲခိုင္းတာျဖစ္ပါတယ္။ အဲ့ဒီ Pixel Design Team ကလူေတြကလည္း Google ငွားထားတဲ့ HTC Engineer ေတြမဟုတ္ဘဲ Pixel 3 အတြက္ သီးသန္႔ဖြဲ႔ေပးထားတဲ့ Google ရဲ႕ Engineer ေတြပါ။ 

Pixel 2 and Pixel 2XL

Pixel 3 ဖုန္းေတြကိုၾကည့္လိုက္မယ္ဆိုရင္ေတာ့ အရင္က Pixel ဖုန္းေတြရဲ႕ အေငြ႔အသက္ကိုေတြ႕ရမွာျဖစ္ေပမယ့္ ဒီႏွစ္မွာေတာ့ Design အေျပာင္းအလဲေတြ ေတြ႕ရပါတယ္။ အဲ့တာေတြကေတာ့ Glass Body ျဖစ္လာတာနဲ႔ Build Quality ပိုင္းမွာ ပိုၿပီး သပ္သပ္ရပ္ရပ္ရွိလာတာပါ။ အဲ့ဒီလိုျဖစ္လာရတဲ့အေၾကာင္းအရင္းေနာက္ကြယ္ကေတာ့ Pixel ဖုန္းေတြကို တပ္ဆင္ေပးသူအသစ္ျဖစ္လာတဲ့ Foxconn ေၾကာင့္ပါ။ 

Foxconn Factory

Pixel 3 နဲ႔ Pixel 3 XL ႏွစ္လံုးကို Foxconn ကပဲ တပ္ဆင္ေပးထားတာေၾကာင့္ Build Quality ပိုင္းမွာေတာ့ အရင္က Pixel ဖုန္းေတြထက္ အမ်ားႀကီးပိုေကာင္းလာမွာျဖစ္သလို ပိုၿပီးလည္း စိတ္ခ်လာရမွာပါ။ Design ပိုင္းမွာဒီႏွစ္အတြက္ေတာ့ HTC က ကိုင္တြယ္ခြင့္မရခဲ့ေပမယ့္ ေနာက္ႏွစ္ထြက္မယ့္ Pixel 4 အတြက္ေတာ့ HTC က ျပန္လည္လုပ္ကိုင္ခြင့္ရသြားမွာပါ။ 

Pixel 3

ေနာက္ဆက္တြဲသတင္းအေနနဲ႔ေတာ့ Foxconn က Pixel 3 ဖုန္းေတြကို တပ္ဆင္ထုတ္လုပ္ခြင့္ရလာတဲ့အခါ ျပႆနာတခ်ိဳ႕ရွိခဲ့ပါတယ္။ Online က Media ေတာ္ေတာ္မ်ားမ်ားမွာ Pixel 3 ဖုန္းေတြမထြက္ခင္ သတင္းေပါက္ၾကားတာေတြ အမ်ားႀကီးျဖစ္ခဲ့ပါတယ္။ အဲ့ဒီလိုျဖစ္ပြားရတဲ့အေၾကာင္းအရင္းကေတာ့ Foxconn ကထြက္လာတဲ့ Pixel 3 XL ဖုန္းေတာ္ေတာ္မ်ားမ်ား ခိုးခံရတာေၾကာင့္ပါ။ အဲ့ဒီ အခိုးခံခဲ့ရတဲ့ Pixel 3 XL ဖုန္းေတြကို တ႐ုတ္ျပည္တြင္းေစ်းကြက္အပါအဝင္ ယူကရိန္းႏိုင္ငံနဲ႔ ႐ုရွားႏိုင္ငံေတြမွာ ေရာင္းခ်ေနတာကို ေတြ႕ခဲ့ရတာပါ။ အခုလို မိတ္မဆက္ရေသးတဲ့ ထုတ္ကုန္ေတြ သတင္းေပါက္ၾကားသြားေစတာက Foxconn အတြက္ေတာ့ အဆိုးဝါးဆံုးျဖစ္ရပ္တစ္ခုပါပဲ။ Google ကေတာ့ ေနာက္ Pixel ဖုန္းအသစ္ေတြကို Foxconn စက္႐ံုေတြမွာပဲ ဆက္ၿပီး တပ္ဆင္ခိုင္းမလား ဒါမွမဟုတ္ HTC ကိုပဲ အၿပီးအပ္လိုက္မလားဆိုတာ စိတ္ဝင္စားဖို႔ေကာင္းေနပါတယ္။ 

Ref: Android Headlines | Are Technica | The Verge

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

Google ရဲ့ Pixel 3 ဖုန်းအသစ်တွေကို HTC နဲ့ LG ကပဲ ထုတ်ပေးတာလား

ပထမဦးဆုံး Pixel ဖုန်းကိုကြည့်မယ်ဆိုရင် Google လုပ်ထားတဲ့ Pixel Design ကိုသတိထားမိမှာပါ။ နောက်ကျောဖက်မှာ Tone ကွဲတဲ့အရောင်နဲ့ Glass ကို သုံးပေးထားတာဖြစ်ပြီး အခုအချိန်အထိ Dual Tone ကို သုံးနေတုန်းပါပဲ။ 

Pixel 3 with Glass Body

Pixel ဖုန်းတွေရဲ့ Design အတွက် Google က သေချာစီစဉ်ထားတာပါ။ HTC နဲ့ LG က Designer တွေကို ပထမဦးဆုံး Pixel နဲ့ Pixel 2 အတွက် Design ဆွဲခိုင်းပြီး ထုတ်ထားတာပါ။ Pixel 2 XL မှာ Display Blue Shift ဖြစ်တဲ့ပြဿနာတစ်ခုဖြစ်ခဲ့တာကလွဲပြီး နောက်ပိုင်း ကြီးကြီးမားမား ပြဿနာမရှိခဲ့ပါဘူး။ ဒါပေမယ့် လူတွေစိတ်ဝင်စားနေတာက အခု Pixel 3 ဖုန်းတွေကိုရော HTC နဲ့ LG က ထုတ်ပေးထားတာလားဆိုတဲ့အချက်ပါ။ အခုထွက်လာတဲ့သတင်းတွေအရ အများထင်နေသလို HTC နဲ့ LG က ထုတ်ပေးထားတာမဟုတ်ပါဘူး။ 

Pixel 2XL Display Bue Shift

ဒါပေမယ့် Google က Pixel 3 ဖုန်းတွေကို Design ဆွဲတဲ့အခါ Pixel Design Team ကိုပဲ ဆွဲခိုင်းတာဖြစ်ပါတယ်။ အဲ့ဒီ Pixel Design Team ကလူတွေကလည်း Google ငှားထားတဲ့ HTC Engineer တွေမဟုတ်ဘဲ Pixel 3 အတွက် သီးသန့်ဖွဲ့ပေးထားတဲ့ Google ရဲ့ Engineer တွေပါ။ 

Pixel 2 and Pixel 2XL

Pixel 3 ဖုန်းတွေကိုကြည့်လိုက်မယ်ဆိုရင်တော့ အရင်က Pixel ဖုန်းတွေရဲ့ အငွေ့အသက်ကိုတွေ့ရမှာဖြစ်ပေမယ့် ဒီနှစ်မှာတော့ Design အပြောင်းအလဲတွေ တွေ့ရပါတယ်။ အဲ့တာတွေကတော့ Glass Body ဖြစ်လာတာနဲ့ Build Quality ပိုင်းမှာ ပိုပြီး သပ်သပ်ရပ်ရပ်ရှိလာတာပါ။ အဲ့ဒီလိုဖြစ်လာရတဲ့အကြောင်းအရင်းနောက်ကွယ်ကတော့ Pixel ဖုန်းတွေကို တပ်ဆင်ပေးသူအသစ်ဖြစ်လာတဲ့ Foxconn ကြောင့်ပါ။ 

Foxconn Factory

Pixel 3 နဲ့ Pixel 3 XL နှစ်လုံးကို Foxconn ကပဲ တပ်ဆင်ပေးထားတာကြောင့် Build Quality ပိုင်းမှာတော့ အရင်က Pixel ဖုန်းတွေထက် အများကြီးပိုကောင်းလာမှာဖြစ်သလို ပိုပြီးလည်း စိတ်ချလာရမှာပါ။ Design ပိုင်းမှာဒီနှစ်အတွက်တော့ HTC က ကိုင်တွယ်ခွင့်မရခဲ့ပေမယ့် နောက်နှစ်ထွက်မယ့် Pixel 4 အတွက်တော့ HTC က ပြန်လည်လုပ်ကိုင်ခွင့်ရသွားမှာပါ။ 

Pixel 3

နောက်ဆက်တွဲသတင်းအနေနဲ့တော့ Foxconn က Pixel 3 ဖုန်းတွေကို တပ်ဆင်ထုတ်လုပ်ခွင့်ရလာတဲ့အခါ ပြဿနာတချို့ရှိခဲ့ပါတယ်။ Online က Media တော်တော်များများမှာ Pixel 3 ဖုန်းတွေမထွက်ခင် သတင်းပေါက်ကြားတာတွေ အများကြီးဖြစ်ခဲ့ပါတယ်။ အဲ့ဒီလိုဖြစ်ပွားရတဲ့အကြောင်းအရင်းကတော့ Foxconn ကထွက်လာတဲ့ Pixel 3 XL ဖုန်းတော်တော်များများ ခိုးခံရတာကြောင့်ပါ။ အဲ့ဒီ အခိုးခံခဲ့ရတဲ့ Pixel 3 XL ဖုန်းတွေကို တရုတ်ပြည်တွင်းဈေးကွက်အပါအဝင် ယူကရိန်းနိုင်ငံနဲ့ ရုရှားနိုင်ငံတွေမှာ ရောင်းချနေတာကို တွေ့ခဲ့ရတာပါ။ အခုလို မိတ်မဆက်ရသေးတဲ့ ထုတ်ကုန်တွေ သတင်းပေါက်ကြားသွားစေတာက Foxconn အတွက်တော့ အဆိုးဝါးဆုံးဖြစ်ရပ်တစ်ခုပါပဲ။ Google ကတော့ နောက် Pixel ဖုန်းအသစ်တွေကို Foxconn စက်ရုံတွေမှာပဲ ဆက်ပြီး တပ်ဆင်ခိုင်းမလား ဒါမှမဟုတ် HTC ကိုပဲ အပြီးအပ်လိုက်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ 

Ref: Android Headlines | Are Technica | The Verge

Min Than Htike (Akhayar)

www.akhayar.com