[Zawgyi]

ဖုန္းတစ္လံုး ေသးတယ္ဆိုတာ ဘယ္ေလာက္ေသးတာလဲ၊ ဘယ္အခ်က္ကို ၾကည့္ၿပီးေသးတယ္သတ္မွတ္မလဲ။ Flagship ဖုန္းတစ္လံုးကို ၾကည့္မယ္ဆိုရင္ Performance ၊ Display ၊ Camera ၊ Battery ၊ OS နဲ႔ Feature ေတြကို စဥ္းစားၿပီး ေ႐ြးဝယ္ၾကတာမ်ားပါတယ္။ ဒီေနရာမွ စဥ္းစားဖို႔က်န္ေနတာက ေနရာတကာသယ္သြားဖို႔အဆင္ေျပမလားဆိုတဲ့အခ်က္ပါ။ ဖုန္းေတြက Dispaly Size ေတြႀကီးလာတာနဲ႔အမွွ် အခုေနာက္ပိုင္းမွာ Design အေျပာင္းအလဲ ပိုမ်ားလာပါၿပီ။ 

Galaxy S9 | S9 Plus

Design ေျပာင္းသြားတာက လက္ထဲမွာ ကိုင္ရတဲ့အခါ၊ သယ္သြားရတဲ့အခါနဲ႔ အေျခအေနအမ်ိဳးမ်ိဳးမွာ ဖုန္းကိုအသံုးျပဳရတဲ့အခ်ိန္ေတြမွာ အဆင္ေျပတယ္၊ မေျပဘူးဆိုတာေတြ ျဖစ္လာ၊ သိလာတာပါ။ ကိုယ္တိုင္ မသံုးၾကည့္ခင္၊ မေတြ႕ႀကံဳရေသးခင္အထိေတာ့ ဘာမွ သတိထားမိမွာမဟုတ္ပါဘူး။ အဲ့ဒီေနာက္ပိုင္းမွာ Phablet ေတြကိုပိုၿပီး ေစ်းကြက္မွာ ေတြ႕ရမ်ားလာတာေၾကာင့္ Compact ဖုန္းေစ်းကြက္က ေပ်ာက္လုလုျဖစ္သြားပါၿပီ။ 

Full-Screen Phones

ဟုတ္ပါတယ္။ Screen ႀကီးႀကီး လိုခ်င္ၾကတာလည္း ကၽြန္ေတာ္တို႔ပဲ၊ ဖုန္းကို လက္ထဲမွာ ေလးေလးႀကီးမျဖစ္ခ်င္တာ၊ အႀကီးႀကီးျဖစ္မေနခ်င္တာလည္း ကၽြန္ေတာ္တိုပါပဲ။ အဲ့ဒီလိုျဖစ္ေနတဲ့အခ်ိန္မွာ Phone ကုမၸဏီေတြက အတတ္ႏိုင္ဆံုး ဖုန္းေတြကို Design ေျပာင္းေပးလာပါတယ္။ Screen To Body Ratio ကိုလည္း ပိုၿပီးမ်ားသထက္မ်ားလာေအာင္ လုပ္ေပးလာတာ အခုဆိုရင္ Notch ေတြ၊ Slider ေတြ၊ Pop Up Camera ေတြထည့္ၿပီး Display Design ေတြေျပာင္းတဲ့အထိေရာက္လာၿပီးပါၿပီ။ အဲ့ဒီအတြက္ Full Screen ဖုန္းေတြမွာ ေပးဆပ္လိုက္ရတာေတြရွိပါတယ္။ Galaxy S4 နဲ႔ iPhone 6 လို အရြယ္ရွိတဲ့ ဖုန္းေတြက လူတိုင္းရဲ႕လက္ထဲမွာ ကိုင္လို႔အေကာင္းဆံုးအရြယ္ေတြဆိုေပမယ့္ အခုအခ်ိန္မွာ ဘာလို႔ အဲ့ဒီအ႐ြယ္ဖုန္းေတြကို Screen အျပည့္နဲ႔မေတြ႕ရတာလဲဆိုတာ ေမးစရာျဖစ္လာပါတယ္။ 

iPhone X

Full-Screen Phones ေတြရဲ႕ အားနည္းခ်က္ေတြ

Full Screen Design ကိုသြားေတာ့မယ္ဆိုရင္ Camera ေတြအတြက္ ေနရာေပးရတာေၾကာင့္ Display ေပၚမွာ ေနရာတစ္ခုက Notch အျဖစ္နဲ႔ရွိေနဦးမွာပါ။ အဲ့ဒီအခ်က္အျပင္ေနာက္တစ္ခုကေတာ့ Full Screen ဖုန္းေတြက အခုထက္ ပိုႀကီးဖို႔ပဲ ျဖစ္ႏိုင္ပါတယ္။ ပိုေသးသြားဖို႔မေတာ့ မျဖစ္ႏိုင္သေလာက္ ခက္ခဲပါတယ္။ အေၾကာင္းကေတာ့ Full Screen Display ရဲ႕ေအာက္မွာ လိုအပ္တဲ့ Logic Board ၊ Battery ၊ Speaker နဲ႔ တျခား အစိတ္အပိုင္းေတြအတြက္ေနရာေပးထားရတာေၾကာင့္ Size ထပ္ေသးဖို႔ခက္ခဲေနတာပါ။ အဲ့ဒီအထဲက ေနရာအယူဆံုးလို႔ေျပာလို႔ရတာကေတာ့ Battery ပါ၊ အေပၚက ပိုႀကီးလာတဲ့ Display ကို ပိုၾကာၾကာသံုးႏိုင္ေအာင္ Battery ကို ေလွ်ာ့ပစ္လို႔မရတဲ့အခ်က္က ဖုန္းကုမၸဏီေတြအတြက္ စိန္ေခၚမႈတစ္ခုျဖစ္ေနတုန္းပါပဲ။ အဲ့ဒီအတြက္ေၾကာင့္ Apple ရဲ႕ iPhone အသစ္ေတြက အရင္က iPhone 6 ၊ 7 ၊ 8 တို႔ရဲ႕အ႐ြယ္ထက္ ပိုႀကီးလာတာပါ။ Display အတြက္ ဖုန္းရဲ႕ Body ကပါ လိုက္ၿပီး ႀကီးသြားတာပါ။ 

Google Pixel 3 with 5.5 Inch Display

New Compacts 

Compact Flagship ဖုန္းလို႔ေျပာလိုက္ရင္ အရင္က iPhone 6 ကေန iPhone 8 အျပင္ Galaxy S9 လိုဖုန္းအထိ Compact ျဖစ္တယ္လို႔ လက္ခံထားလို႔ ရခဲ့ပါေသးတယ္။ ဒီလိုလက္ခံလို႔ရတာကလည္း သူတို႔ရဲ႕ Phablet သာသာ Plus Size Model ေတြ ထပ္ထုတ္လာတာေၾကာင့္ Plus မဟုတ္တဲ့ ႐ိုး႐ိုးဟာေတြကို Compact စာရင္းထဲ ထည့္လို႔ရတာပါ။ အဲ့ဒီအခ်ိန္ေတြမွာပဲ တျခားဖုန္းျဖစ္တဲ့ Sony Xperia XZ2 Compact လို ဖုန္းေတြလည္း ရွိခဲ့ပါေသးတယ္။ ဒါေပမယ့္ Sony က Xperia XZ3 မွာ သူတို႔ရဲ႕ Compact Model ကို ျဖဳတ္ပစ္လိုက္ပါၿပီ။ အခုအခ်ိန္မွာေတာ့ Compact ဖုန္းဆိုတဲ့အခ်က္ကို ျပန္သတ္မွတ္ရေတာ့မလို ျဖစ္ေနပါၿပီ။ အရင္က 4.5 Inch ကေန 5 Inch Display ပါတဲ့ဖုန္းေတြက လက္ထဲမွာ ကိုင္ရတာအဆင္ေျပသလိုရွိခဲ့ေပမယ့္ တကယ္တမ္းမွာ အခုလက္ရွိ Full Screen ၊ Wide Ratio Display ပါတဲ့ ဖုန္းေတြနဲ႔ယွဥ္ရင္ လက္ထဲမွာႀကီးတယ္လို႔ေျပာရမလိုပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ကိုင္ထားရတဲ့ဟာက Display တင္မဟုတ္ဘဲ ဖုန္းရဲ႕အေပၚေအာက္ ပိုေနတဲ့ ေဘာင္ထူထူႀကီးေတြကိုပါ ကိုင္ထားရသလိုျဖစ္ေနတာေၾကာင့္ ျမင္ရတဲ့ Display Area ကလည္း နည္းေနပါတယ္။

Xperia XZ 2 Compact

အခုေနာက္ပိုင္းဖုန္းေတြမွာေတာ့ အရင္က Plus Size ျဖစ္ခဲ့တဲ့ဖုန္းေတြကို Compact စာရင္းထဲထည့္ဖို႔အခ်ိန္ေရာက္လာပါၿပီ။ အရင္က 5.5 Inch Display ပါတဲ့ဖုန္းေတြထက္ Body ပိုေသးတာေၾကာင့္ Compact ျဖစ္တယ္ဆိုတဲ့စကားလံုးက အဓိပၸါယ္ပိုရွိလာပါတယ္။ ၂၀၁၈ မွာ ထြက္ထားတဲ့ဖုန္းေတြထဲမွာဆိုရင္ သယ္သြားရလြယ္သလို Display ပုိႀကီးတဲ့ Flagship ဖုန္းေတြကေတာ့ Google Pixel 3 ၊ Samsung Galaxy S9 ၊ iPhone XS ေတြပါ။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Compact Flagship ဖုန္းဆိုတာ ၂၀၁၈ ကစၿပီး မရွိေတာ့ဘူးလား

ဖုန်းတစ်လုံး သေးတယ်ဆိုတာ ဘယ်လောက်သေးတာလဲ၊ ဘယ်အချက်ကို ကြည့်ပြီးသေးတယ်သတ်မှတ်မလဲ။ Flagship ဖုန်းတစ်လုံးကို ကြည့်မယ်ဆိုရင် Performance ၊ Display ၊ Camera ၊ Battery ၊ OS နဲ့ Feature တွေကို စဉ်းစားပြီး ရွေးဝယ်ကြတာများပါတယ်။ ဒီနေရာမှ စဉ်းစားဖို့ကျန်နေတာက နေရာတကာသယ်သွားဖို့အဆင်ပြေမလားဆိုတဲ့အချက်ပါ။ ဖုန်းတွေက Dispaly Size တွေကြီးလာတာနဲ့အမှျှ အခုနောက်ပိုင်းမှာ Design အပြောင်းအလဲ ပိုများလာပါပြီ။ 

Galaxy S9 | S9 Plus

Design ပြောင်းသွားတာက လက်ထဲမှာ ကိုင်ရတဲ့အခါ၊ သယ်သွားရတဲ့အခါနဲ့ အခြေအနေအမျိုးမျိုးမှာ ဖုန်းကိုအသုံးပြုရတဲ့အချိန်တွေမှာ အဆင်ပြေတယ်၊ မပြေဘူးဆိုတာတွေ ဖြစ်လာ၊ သိလာတာပါ။ ကိုယ်တိုင် မသုံးကြည့်ခင်၊ မတွေ့ကြုံရသေးခင်အထိတော့ ဘာမှ သတိထားမိမှာမဟုတ်ပါဘူး။ အဲ့ဒီနောက်ပိုင်းမှာ Phablet တွေကိုပိုပြီး ဈေးကွက်မှာ တွေ့ရများလာတာကြောင့် Compact ဖုန်းဈေးကွက်က ပျောက်လုလုဖြစ်သွားပါပြီ။ 

Full-Screen Phones

ဟုတ်ပါတယ်။ Screen ကြီးကြီး လိုချင်ကြတာလည်း ကျွန်တော်တို့ပဲ၊ ဖုန်းကို လက်ထဲမှာ လေးလေးကြီးမဖြစ်ချင်တာ၊ အကြီးကြီးဖြစ်မနေချင်တာလည်း ကျွန်တော်တိုပါပဲ။ အဲ့ဒီလိုဖြစ်နေတဲ့အချိန်မှာ Phone ကုမ္ပဏီတွေက အတတ်နိုင်ဆုံး ဖုန်းတွေကို Design ပြောင်းပေးလာပါတယ်။ Screen To Body Ratio ကိုလည်း ပိုပြီးများသထက်များလာအောင် လုပ်ပေးလာတာ အခုဆိုရင် Notch တွေ၊ Slider တွေ၊ Pop Up Camera တွေထည့်ပြီး Display Design တွေပြောင်းတဲ့အထိရောက်လာပြီးပါပြီ။ အဲ့ဒီအတွက် Full Screen ဖုန်းတွေမှာ ပေးဆပ်လိုက်ရတာတွေရှိပါတယ်။ Galaxy S4 နဲ့ iPhone 6 လို အရွယ်ရှိတဲ့ ဖုန်းတွေက လူတိုင်းရဲ့လက်ထဲမှာ ကိုင်လို့အကောင်းဆုံးအရွယ်တွေဆိုပေမယ့် အခုအချိန်မှာ ဘာလို့ အဲ့ဒီအရွယ်ဖုန်းတွေကို Screen အပြည့်နဲ့မတွေ့ရတာလဲဆိုတာ မေးစရာဖြစ်လာပါတယ်။ 

iPhone X

Full-Screen Phones တွေရဲ့ အားနည်းချက်တွေ

Full Screen Design ကိုသွားတော့မယ်ဆိုရင် Camera တွေအတွက် နေရာပေးရတာကြောင့် Display ပေါ်မှာ နေရာတစ်ခုက Notch အဖြစ်နဲ့ရှိနေဦးမှာပါ။ အဲ့ဒီအချက်အပြင်နောက်တစ်ခုကတော့ Full Screen ဖုန်းတွေက အခုထက် ပိုကြီးဖို့ပဲ ဖြစ်နိုင်ပါတယ်။ ပိုသေးသွားဖို့မတော့ မဖြစ်နိုင်သလောက် ခက်ခဲပါတယ်။ အကြောင်းကတော့ Full Screen Display ရဲ့အောက်မှာ လိုအပ်တဲ့ Logic Board ၊ Battery ၊ Speaker နဲ့ တခြား အစိတ်အပိုင်းတွေအတွက်နေရာပေးထားရတာကြောင့် Size ထပ်သေးဖို့ခက်ခဲနေတာပါ။ အဲ့ဒီအထဲက နေရာအယူဆုံးလို့ပြောလို့ရတာကတော့ Battery ပါ၊ အပေါ်က ပိုကြီးလာတဲ့ Display ကို ပိုကြာကြာသုံးနိုင်အောင် Battery ကို လျှော့ပစ်လို့မရတဲ့အချက်က ဖုန်းကုမ္ပဏီတွေအတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေတုန်းပါပဲ။ အဲ့ဒီအတွက်ကြောင့် Apple ရဲ့ iPhone အသစ်တွေက အရင်က iPhone 6 ၊ 7 ၊ 8 တို့ရဲ့အရွယ်ထက် ပိုကြီးလာတာပါ။ Display အတွက် ဖုန်းရဲ့ Body ကပါ လိုက်ပြီး ကြီးသွားတာပါ။ 

Google Pixel 3 with 5.5 Inch Display

New Compacts 

Compact Flagship ဖုန်းလို့ပြောလိုက်ရင် အရင်က iPhone 6 ကနေ iPhone 8 အပြင် Galaxy S9 လိုဖုန်းအထိ Compact ဖြစ်တယ်လို့ လက်ခံထားလို့ ရခဲ့ပါသေးတယ်။ ဒီလိုလက်ခံလို့ရတာကလည်း သူတို့ရဲ့ Phablet သာသာ Plus Size Model တွေ ထပ်ထုတ်လာတာကြောင့် Plus မဟုတ်တဲ့ ရိုးရိုးဟာတွေကို Compact စာရင်းထဲ ထည့်လို့ရတာပါ။ အဲ့ဒီအချိန်တွေမှာပဲ တခြားဖုန်းဖြစ်တဲ့ Sony Xperia XZ2 Compact လို ဖုန်းတွေလည်း ရှိခဲ့ပါသေးတယ်။ ဒါပေမယ့် Sony က Xperia XZ3 မှာ သူတို့ရဲ့ Compact Model ကို ဖြုတ်ပစ်လိုက်ပါပြီ။ အခုအချိန်မှာတော့ Compact ဖုန်းဆိုတဲ့အချက်ကို ပြန်သတ်မှတ်ရတော့မလို ဖြစ်နေပါပြီ။ အရင်က 4.5 Inch ကနေ 5 Inch Display ပါတဲ့ဖုန်းတွေက လက်ထဲမှာ ကိုင်ရတာအဆင်ပြေသလိုရှိခဲ့ပေမယ့် တကယ်တမ်းမှာ အခုလက်ရှိ Full Screen ၊ Wide Ratio Display ပါတဲ့ ဖုန်းတွေနဲ့ယှဉ်ရင် လက်ထဲမှာကြီးတယ်လို့ပြောရမလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ ကိုင်ထားရတဲ့ဟာက Display တင်မဟုတ်ဘဲ ဖုန်းရဲ့အပေါ်အောက် ပိုနေတဲ့ ဘောင်ထူထူကြီးတွေကိုပါ ကိုင်ထားရသလိုဖြစ်နေတာကြောင့် မြင်ရတဲ့ Display Area ကလည်း နည်းနေပါတယ်။

Xperia XZ 2 Compact

အခုနောက်ပိုင်းဖုန်းတွေမှာတော့ အရင်က Plus Size ဖြစ်ခဲ့တဲ့ဖုန်းတွေကို Compact စာရင်းထဲထည့်ဖို့အချိန်ရောက်လာပါပြီ။ အရင်က 5.5 Inch Display ပါတဲ့ဖုန်းတွေထက် Body ပိုသေးတာကြောင့် Compact ဖြစ်တယ်ဆိုတဲ့စကားလုံးက အဓိပ္ပါယ်ပိုရှိလာပါတယ်။ ၂၀၁၈ မှာ ထွက်ထားတဲ့ဖုန်းတွေထဲမှာဆိုရင် သယ်သွားရလွယ်သလို Display ပိုကြီးတဲ့ Flagship ဖုန်းတွေကတော့ Google Pixel 3 ၊ Samsung Galaxy S9 ၊ iPhone XS တွေပါ။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။