[Zawgyi]

ဧၿပီလဖြားေတြ အခ်စ္ေရးနဲ႔ပတ္သက္ရင္ ဘယ္လိုသေဘာထားရွိၾကလဲ

လူတိုင္းမွာ ေမြးေန႔၊ ေမြးရက္၊ ေမြးလ အဲဒါအျပင္ ေမြးဂဏန္းအလိုက္ ကိုယ္ပိုင္ထူးျခားခ်က္၊ ပင္ကိုယ္စြမ္းရည္ေတြ ရွိၾကပါတယ္။ အထူးသျဖင့္ အခ်စ္ေရးနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြလည္း သိခ်င္ၾကမယ္ထင္တဲ့ ထူးထူးဆန္းဆန္းအေၾကာင္းအရာေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။ ဒီတစ္ခါမွာေတာ့ ဧၿပီလဖြားေတြကို ခ်စ္သူေတာ္ထားတဲ့သူေတြ၊ လက္တြဲေဖာ္အျဖစ္ ေရြးခ်ယ္ထားသူေတြရဲ႕ အခ်စ္ေရးနဲ႔ပတ္သက္ၿပီး ျဖစ္ေလ့ျဖစ္ထရွိတဲ့ ထူးျခားခ်က္ေတြနဲ႔ ဧၿပီလဖြားေတြရဲ႕ အခ်စ္ေရးအေပၚထားတဲ့ စိတ္ေနသေဘာထားခံယူခ်က္ေတြအေၾကာင္း ေဖာ္ျပေပးလုိက္ပါတယ္။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

စိတ္လႈပ္ရွားမႈကိုႀကိဳက္တယ္

ဧၿပီလဖြားေတြဟာ အခ်စ္ေရးနဲ႔ပတ္သက္ရင္ သမာရိုးက်ပ်င္းစရာေကာင္းတဲ့ ဆက္ဆံေရးမ်ိဳးကို မႀကိဳက္ၾကပါဘူး။ သူတို႔နဲ႔အတူရွိေနခ်ိန္ေတြဆိုရင္ အၿမဲတမ္းတစ္ခုမဟုတ္တစ္ခု စိတ္လႈပ္ရွားရင္ခုန္ေနရတာခ်ည္းပါပဲ။ သူတို႔ကို အဲဒီလိုထူးထူးဆန္းဆန္းျဖစ္ေစမယ့္ ခံစားမႈေတြ၊ အေျခအေနေတြ ဖန္တီးေပးရင္လည္း ႏွစ္သက္ၾကပါတယ္။ ဒါေၾကာင့္ ဧၿပီလဖြားေတြကို ခ်စ္သူေတာ္ထားသူေတြဟာ သူတို႔ရဲ႕ခ်စ္သူကို တစ္ေန႔တစ္မ်ိဳးမရိုးေအာင္ ရင္ခုန္စိတ္လႈပ္ရွားေအာင္ ဖန္တီးေပးရတတ္ပါတယ္။ ဒီလိုလုပ္ေပးရတာ နည္းနည္းပင္ပန္းရတယ္ထင္ရေပမယ့္ ဧၿပီလဖြားေတြက အခ်စ္ေရးကို ေကာင္းေကာင္းထိန္းသိမ္းထားႏုိင္သူေတြ ျဖစ္ပါတယ္။

လြတ္လပ္မႈကိုႀကိဳက္တယ္

ဧၿပီလဖြားေတြဟာ တစ္ေယာက္ကိုတစ္ေယာက္ ခ်ည္ေႏွာင္တာမ်ိဳး လုပ္ေလ့မရွိပါဘူး။ သူတို႔ဟာ လြတ္လပ္မႈကို ခုန္မင္တယ္၊ တစ္ဖက္လူရဲ႕လြတ္လပ္ခြင့္ကိုလည္း အေလးထား ဆက္ဆံေလ့ရွိၾကပါတယ္။ ဘယ္ေလာက္ပဲခ်စ္ပါေစ သူတို႔ကိုခ်ဳပ္ခ်ယ္တာမ်ိဳးကိုေတာ့ လက္ခံမွာမဟုတ္ပါဘူး။ ဒီလိုကိုယ္ပိုင္လြတ္လပ္ခြင့္၊ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္ေတြနဲ႔ ရပ္တည္ေလ့ရွိတာေၾကာင့္ တစ္စံုတစ္ေယာက္ေပၚကို မွီခိုတာမ်ိဳးကိုလည္း ဧၿပီလဖြားေတြမွာ မေတြ႔ရတတ္ပါဘူး။ ဒါေၾကာင့္ ဒီေမြးလပိုင္ရွင္ေတြကို ခ်စ္သူေတာ္မယ္ဆိုရင္ ဒါမွမဟုတ္ ခ်စ္သူေတာ္ထားတယ္ဆိုရင္ ဒီအခ်က္ကိုေတာ့ သတိထားဆင္ျခင္ဖို႔လိုပါတယ္။

စိတ္မရွည္ဘူး

သူတို႔ဟာ တစ္ခုခုဆိုရင္ သိခ်င္စိတ္ျပင္းျပၿပီး ခုေရတြင္းတူး ခုေရၾကည္ေသာက္ခ်င္တဲ့သူေတြ ျဖစ္ပါတယ္။ တနည္းအားျဖင့္ တစ္ခုခုကို စိတ္ရွည္ရွည္နဲ႔ ေစာင့္ဆိုင္းသည္းခံေနရတာမ်ိဳးကို မႀကိဳက္ၾကပါဘူး။ သူတို႔လိုခ်င္တဲ့ အေျဖမရမခ်င္း သံသယေတြပြားေနတတ္ပါတယ္။ ဒါေၾကာင့္ တခါတေလ သူတို႔ရဲ႕လုပ္ရပ္ေၾကာင့္ အႀကီးအက်ယ္ စိတ္ရႈပ္ေစႏိုင္ပါတယ္။

စည္းရံုးသိမ္းသြင္းတဲ့ေနရာမွာ ေတာ္တယ္

သူတို႔ဟာ တစ္ဖက္သားကို အယံုသြင္းရာမွာ သိပ္ကိုကၽြမ္းက်င္ၾကတဲ့သူေတြေပါ့။ သူတို႔နဲ႔အခ်ိန္ၾကာၾကာမရွိေနေစနဲ႔၊ သူတို႔ကိုအခ်ိန္ေပးလိုက္တာနဲ႔ သူတို႔လိုခ်င္တာ၊ လုပ္ခ်င္တာ၊ ျဖစ္ခ်င္တာအတြက္ စည္းရံုးၿပီးသား ျဖစ္ေလ့ရွိပါတယ္။ ေနာက္ၿပီးေတာ့ သူတို႔ဟာ ဘယ္သူကို ဘယ္လိုခ်ဥ္းကပ္ရမလဲဆိုတာလည္း သိေသးတယ္။ ဒါေပမဲ့ စိတ္မပူပါနဲ႔ သူတို႔က တစ္ဖက္သား အၾကပ္အတည္းျဖစ္ေလာက္တဲ့အထိေတာ့ အႏိုင္မယူတတ္ၾကပါဘူး။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

စိတ္ကူးယဥ္ဆန္တယ္

ဧၿပီလဖြားေတြဟာ စိတ္ကူးယဥ္ဆန္တဲ့ေနရာမွာ ႏွစ္ေယာက္မရွိတဲ့သူေတြပါ။ သူတို႔ကိုယ္တိုင္ စိတ္ကူးယဥ္ဆန္ၾကသလို သူတို႔ကို ရိုမန္႔စ္ဆန္ဆန္ ႏုႏုရြရြေလးခ်စ္ေပးတာ၊ ဂရုစိုက္တာမ်ိဳး လုပ္ေပးႏိုင္မယ္ထင္တဲ့သူမ်ိဳးကိုပဲ ေရြးခ်ယ္ေလ့ရွိပါတယ္။ တခါတေလ Right Choice and Right Person မျဖစ္တဲ့အခါေတြလည္း ရွိတာေပါ့ေလ။ သူတို႔ရဲ႕ ေလာဂ်စ္ကေတာ့ ရွင္းပါတယ္၊ ခ်စ္ရင္အသားကုန္ခ်စ္ မခ်စ္ရင္လံုးဝလာမခ်စ္နဲ႔ဆိုတဲ့ လူအမ်ိဳးအစားေတြပါ။ သူတို႔ကိုယ္တိုင္လည္း အဲဒီေလာဂ်စ္အတိုင္း က်င့္သံုးတဲ့အတြက္ သူတို႔ခ်စ္သူျဖစ္ခြင့္ရတဲ့သူကေတာ့ ကံေကာင္းျခင္းေတြနဲ႔ျပည့္စံုေနမွာပါ။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဧပြီလဖွားတွေ အချစ်ရေးနဲ့ပတ်သက်ရင် ဘယ်လိုသဘောထားရှိကြလဲ

လူတိုင်းမှာ မွေးနေ့၊ မွေးရက်၊ မွေးလ အဲဒါအပြင် မွေးဂဏန်းအလိုက် ကိုယ်ပိုင်ထူးခြားချက်၊ ပင်ကိုယ်စွမ်းရည်တွေ ရှိကြပါတယ်။ အထူးသဖြင့် အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေလည်း သိချင်ကြမယ်ထင်တဲ့ ထူးထူးဆန်းဆန်းအကြောင်းအရာလေးတွေကို ဖော်ပြပေးချင်ပါတယ်။ ဒီတစ်ခါမှာတော့ ဧပြီလဖွားတွေကို ချစ်သူတော်ထားတဲ့သူတွေ၊ လက်တွဲဖော်အဖြစ် ရွေးချယ်ထားသူတွေရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့ ထူးခြားချက်တွေနဲ့ ဧပြီလဖွားတွေရဲ့ အချစ်ရေးအပေါ်ထားတဲ့ စိတ်နေသဘောထားခံယူချက်တွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

စိတ်လှုပ်ရှားမှုကိုကြိုက်တယ်

ဧပြီလဖွားတွေဟာ အချစ်ရေးနဲ့ပတ်သက်ရင် သမာရိုးကျပျင်းစရာကောင်းတဲ့ ဆက်ဆံရေးမျိုးကို မကြိုက်ကြပါဘူး။ သူတို့နဲ့အတူရှိနေချိန်တွေဆိုရင် အမြဲတမ်းတစ်ခုမဟုတ်တစ်ခု စိတ်လှုပ်ရှားရင်ခုန်နေရတာချည်းပါပဲ။ သူတို့ကို အဲဒီလိုထူးထူးဆန်းဆန်းဖြစ်စေမယ့် ခံစားမှုတွေ၊ အခြေအနေတွေ ဖန်တီးပေးရင်လည်း နှစ်သက်ကြပါတယ်။ ဒါကြောင့် ဧပြီလဖွားတွေကို ချစ်သူတော်ထားသူတွေဟာ သူတို့ရဲ့ချစ်သူကို တစ်နေ့တစ်မျိုးမရိုးအောင် ရင်ခုန်စိတ်လှုပ်ရှားအောင် ဖန်တီးပေးရတတ်ပါတယ်။ ဒီလိုလုပ်ပေးရတာ နည်းနည်းပင်ပန်းရတယ်ထင်ရပေမယ့် ဧပြီလဖွားတွေက အချစ်ရေးကို ကောင်းကောင်းထိန်းသိမ်းထားနိုင်သူတွေ ဖြစ်ပါတယ်။

လွတ်လပ်မှုကိုကြိုက်တယ်

ဧပြီလဖွားတွေဟာ တစ်ယောက်ကိုတစ်ယောက် ချည်နှောင်တာမျိုး လုပ်လေ့မရှိပါဘူး။ သူတို့ဟာ လွတ်လပ်မှုကို ခုန်မင်တယ်၊ တစ်ဖက်လူရဲ့လွတ်လပ်ခွင့်ကိုလည်း အလေးထား ဆက်ဆံလေ့ရှိကြပါတယ်။ ဘယ်လောက်ပဲချစ်ပါစေ သူတို့ကိုချုပ်ချယ်တာမျိုးကိုတော့ လက်ခံမှာမဟုတ်ပါဘူး။ ဒီလိုကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ ရပ်တည်လေ့ရှိတာကြောင့် တစ်စုံတစ်ယောက်ပေါ်ကို မှီခိုတာမျိုးကိုလည်း ဧပြီလဖွားတွေမှာ မတွေ့ရတတ်ပါဘူး။ ဒါကြောင့် ဒီမွေးလပိုင်ရှင်တွေကို ချစ်သူတော်မယ်ဆိုရင် ဒါမှမဟုတ် ချစ်သူတော်ထားတယ်ဆိုရင် ဒီအချက်ကိုတော့ သတိထားဆင်ခြင်ဖို့လိုပါတယ်။

စိတ်မရှည်ဘူး

သူတို့ဟာ တစ်ခုခုဆိုရင် သိချင်စိတ်ပြင်းပြပြီး ခုရေတွင်းတူး ခုရေကြည်သောက်ချင်တဲ့သူတွေ ဖြစ်ပါတယ်။ တနည်းအားဖြင့် တစ်ခုခုကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းသည်းခံနေရတာမျိုးကို မကြိုက်ကြပါဘူး။ သူတို့လိုချင်တဲ့ အဖြေမရမချင်း သံသယတွေပွားနေတတ်ပါတယ်။ ဒါကြောင့် တခါတလေ သူတို့ရဲ့လုပ်ရပ်ကြောင့် အကြီးအကျယ် စိတ်ရှုပ်စေနိုင်ပါတယ်။

စည်းရုံးသိမ်းသွင်းတဲ့နေရာမှာ တော်တယ်

သူတို့ဟာ တစ်ဖက်သားကို အယုံသွင်းရာမှာ သိပ်ကိုကျွမ်းကျင်ကြတဲ့သူတွေပေါ့။ သူတို့နဲ့အချိန်ကြာကြာမရှိနေစေနဲ့၊ သူတို့ကိုအချိန်ပေးလိုက်တာနဲ့ သူတို့လိုချင်တာ၊ လုပ်ချင်တာ၊ ဖြစ်ချင်တာအတွက် စည်းရုံးပြီးသား ဖြစ်လေ့ရှိပါတယ်။ နောက်ပြီးတော့ သူတို့ဟာ ဘယ်သူကို ဘယ်လိုချဉ်းကပ်ရမလဲဆိုတာလည်း သိသေးတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့ သူတို့က တစ်ဖက်သား အကြပ်အတည်းဖြစ်လောက်တဲ့အထိတော့ အနိုင်မယူတတ်ကြပါဘူး။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

စိတ်ကူးယဉ်ဆန်တယ်

ဧပြီလဖွားတွေဟာ စိတ်ကူးယဉ်ဆန်တဲ့နေရာမှာ နှစ်ယောက်မရှိတဲ့သူတွေပါ။ သူတို့ကိုယ်တိုင် စိတ်ကူးယဉ်ဆန်ကြသလို သူတို့ကို ရိုမန့်စ်ဆန်ဆန် နုနုရွရွလေးချစ်ပေးတာ၊ ဂရုစိုက်တာမျိုး လုပ်ပေးနိုင်မယ်ထင်တဲ့သူမျိုးကိုပဲ ရွေးချယ်လေ့ရှိပါတယ်။ တခါတလေ Right Choice and Right Person မဖြစ်တဲ့အခါတွေလည်း ရှိတာပေါ့လေ။ သူတို့ရဲ့ လောဂျစ်ကတော့ ရှင်းပါတယ်၊ ချစ်ရင်အသားကုန်ချစ် မချစ်ရင်လုံးဝလာမချစ်နဲ့ဆိုတဲ့ လူအမျိုးအစားတွေပါ။ သူတို့ကိုယ်တိုင်လည်း အဲဒီလောဂျစ်အတိုင်း ကျင့်သုံးတဲ့အတွက် သူတို့ချစ်သူဖြစ်ခွင့်ရတဲ့သူကတော့ ကံကောင်းခြင်းတွေနဲ့ပြည့်စုံနေမှာပါ။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။